“အမေရိကန်တွေ အထိတ်လန့်ဆုံး ထိပ်တန်းလျှို့ဝှက်သတင်း” (ဘာသာပြန်ဆောင်းပါး)

 738

မောင်ဌေးအောင် (NP News) – ဧပြီ ၁၇

အမေရိကန် တရားရေးနဲ့ ကာကွယ်ရေးဌာနတွေက အမေရိကန်ထောက်လှမ်းရေးစာရွက်စာတန်းတွေ ပေါက်ကြား လာမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေရာမှာ၊ ဧပြီလ ၁၄ ရက်က ဘီဘီစီသတင်းအရ အသက် ၂၁ နှစ်အရွယ် လေတပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Jack Teixeira ဂျက်တရှီရာကို ဧပြီလ ၁၃ ရက်၊ ကြသပတေးနေ့က သူ့မိသားစု နေအိမ်ရှိရာ မက်ဆာ ချူးဆက် ပြည်နယ်က ဒိုက်တန် မြို့မှာ ဖမ်းဆီးခဲ့ပါတယ်။ ဧပြီလ ၁၄ ရက်၊ သောကြာနေ့မှာ ဘော်စတွန်မြို့က တရားရုံးမှာ ရုံးတင် စစ်ဆေးခဲ့ပါတယ်။

ပေါက်ကြားလာတဲ့ ထိပ်တန်းလျှို့ဝှက် စာရွက်စာတန်းတွေထဲမှာ အမေရိကန်ပြည်မကြီးရဲ့ကာကွယ်ရေးစနစ်ကို ကျော်ဖြတ်နှိုင်ဖွယ်ရှိတဲ့ အသံထက်မြန် တာဝေးပစ်ဒုံးပျံသစ် တစ်မျိုးကို တရုတ်က စမ်းသပ်အောင်မြင်လို့၊ နေရာချ ထားပြီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒီလိုပေါက်ကြားတာကြောင့် အမေရိကန်ထောက်လှမ်းရေး အသိုင်း အဝိုင်းကသာ သိခွင့်ရှိတာတွေကို အများပြည်သူကပါ သိလာကြရပါပြီ။ မိုင်ထောင်ချီဝေးတဲ့ အမေရိကန်နိုင်ငံကို တိုက်ခိုက်နိုင်စွမ်းရှိတဲ့ဒုံးပျံတွေကို တရုတ်က လျှင်လျှင်မြန်မြန်တိုးတက်အောင် လုပ်ဆောင်နေပါတယ်။

ပေါက်ကြားလာတဲ့ စာရွက်စာတန်းတွေထဲမှာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်တဲ့ လျှို့ဝှက်သတင်းတွေက အဓိက နေရာယူထားပေမယ့် တရုတ်ပြည်က အမေရိကန်ရဲ့လုံခြုံရေးကို ခြိမ်းခြောက်တဲ့သတင်းအချက်အလက်တွေက လည်း အရေးပါတဲ့အနေအထားမှာ ရှိနေပါတယ်။ ဥပမာအားဖြင့် အသေးစိတ်ဖော်ပြမထားပေမယ့် တရုတ်က ရုရှား ကို စစ်လက်နက်ခဲယမ်းမီးကျောက်တွေ ဘယ်လိုပေးပို့ထောက်ပံ့ကူညီမလဲဆိုတဲ့ သတင်းမျိုးပါ။

ပေါက်ကြားခဲ့တဲ့ စာရွက်စာတန်းတွေထဲမှာ ယူကရိန်းက စစ်လက်နက်ပစ္စည်းတွေ ပြတ်လပ်နေတာ၊ အီဂျစ်နဲ့ ရုရှားတို့ကြား နောက်ဖေးပေါက်က လက်နက်အရောင်းအဝယ်လုပ်တာ၊ အစ္စရေးထောက်လှမ်းရေးတွေက ရွေးကောက်ခံနိုင်ငံ့ခေါင်းဆောင်တွေရဲ့ ဥပဒေပြဌာန်းမှုကိုဆန့်ကျင်တဲ့ဆန္ဒပြပွဲကို ထောက်ခံတာနဲ့ တောင်ကို ရီးယား ပြည်တွင်းလုံခြုံရေး ဆွေးနွေးမှုတွေ၊ ယူကရိန်းစစ်ပွဲအပေါ်သဘောထားကွဲလွဲမှု စတာတွေပါဝင်ပါတယ်။

(အီဂျစ်၊ အစ္စရေးနဲ့ တောင်ကိုရီးယားအစိုးရတွေက ဒီသတင်းအချက်အလက်တွေက မမှန်ပါဘူးလို့ ငြင်းဆိုထား ကြပါတယ်။) များပြားလှတဲ့ ဒီသတင်းအချက်အလက်တွေထဲမှာ မြုပ်နေတာက စစ်ရေးနည်းပညာမှာ တရုတ်က တိုးတက်လာနေတဲ့ အကြောင်းပါ။

ဝါရှင်တန်ပို့စ် သတင်းစာက တရုတ်ဟာ နောက်ဆုံးပေါ်နည်းပညာသုံး တိုက်ချင်းပစ်ဒုံးပျံ DF-27 ကို ၂ဝ၂၃ ခုနှစ် ဖေဖေါ်ဝါရီလ ၂၅ ရက်က စမ်းသပ်ပစ်ခတ်ခဲ့တယ်လို့ ရေးခဲ့ပါတယ်။
အမေရိကန်ထောက်လှမ်းရေးညွှန်ကြားမှု ပူးတွဲစစ်ဦးစီးအဖွဲ့ရဲ့ ဖေဖော်ဝါရီလ ၂၈ ရက် အစီရင်ခံစာအရ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဟာ လွန်ခဲ့တဲ့ ၃ ရက်ကဘဲ အသံထက်မြန် တာလတ်ပစ် ပဲ့ထိန်း ဒုံးပျံသစ် DF-27 ကိုအောင်မြင်စွာ ပစ်ခတ်စမ်းသပ်ခဲ့တယ်လို့ သိရပါတယ်။ (အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ဒီသတင်းအချက်အလက်မှန်-မမှန်ကို အတည်မပြုပါ)

DF-27 ကို ဒုတိယ ကျွန်းတန်းလိုင်းက ပစ်မှတ်တွေကို (ပထမ ကျွန်းတန်းလိုင်းနဲ့ ဒုတိယ ကျွန်းတန်းလိုင်းတွေကို သိရှိနားလည်နှိုင်ရန် ပုံနဲ့ဖော်ပြထားပါတယ်။) ထိမှန်အောင်ပစ်နှိုင်စွမ်းနဲ့ အမေရိကန်အထိ ရောက်အောင် ပစ်ခတ်နိုင်ခြေမြင့်မားတဲ့လက်နက်အဖြစ် ရည်ရွယ်ထားတာပါ လို့ တိုက်ချင်းပစ်ဒုံးပျံကာကွယ်ရေး၊ နေ့စဥ် ထောက်လှမ်းချက် မှာ အပ်ဒိတ်ရေးသားထားပါတယ်။ နောက်ပြီး လွန်ခဲ့တဲ့နှစ်မှာ ပြည်သူ့လွတ်မြောက်ရေးတပ် မတော်က ကုန်းမြေပေါ်ကပစ်မှတ်နဲ့ သင်္ဘောတွေကို ပစ်ခတ်တိုက်ခိုက်နှိုင်တဲ့ ဒုံးပျံအမျိုးအစားသစ်တွေကိုလည်း ဖြန့်ကျက်ချထားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပေါက်ကြားလာတဲ့ စာရွက်စာတန်းတွေအရ၊ ဒုံးပျံဟာ ၁၂ မိနစ်အတွင်းမှာ မိုင် ၁၃ဝဝ (၂၁ဝဝ ကီလိုမီတာ) ကျော် ပျံသန်းခဲ့ပြီး၊ အမေရိကန်ရဲ့တိုက်ချင်းပစ်ဒုံးပျံကာကွယ်ရေးစနစ်ကို ဖောက်ထွင်းနိုင်ခြေ မြင့်မြင့်မားမားရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပေါက်ကြားလာတဲ့ သတင်းတွေအရ၊ တရုတ်အနေနဲ့ အသံထက်မြန် ဒုံးပျံလက်နက် စနစ်တိုးတက်ရေးမှာ အများကြီးတိုး တက်နေပြီဆိုတာ ဖော်ပြနေပါတယ်။

၂ဝ၂၁ ခုနှစ်က ကာကွယ်ရေးဝန်ကြီးဌာနက သတင်းပို့ချက်တစ်ခုမှာ ဒီ ဒုံးပျံက ကီလိုမီတာ ၅ဝဝဝ ကနေ ၈ဝဝဝ အထိ ပစ်ခတ်နိုင်တယ်လို့ ဆိုပါတယ်။ ဆိုလိုတာက DF-27 ဒုံးပျံနဲ့ အရှေ့နဲ့ အရှေ့တောင်အာရှက မည်သည့် ပစ်မှတ်ကိုမဆို ပစ်ခတ်နိုင်ပြီး၊ ပစ္စဖိတ်သမုဒ္ဒရာထဲက အမေရိကန်စစ်အခြေစိုက်စခန်းရှိတဲ့ ဂူအမ်ကျွန်း အပါအဝင် အရေးပါတဲ့နေရာတွေကိုပါ ပစ်ခတ်နိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။

ဒုံးပျံသစ်ဟာ ပိုဝေးတဲ့အကွာအဝေးကို ပစ်နိုင်တဲ့အပြင် “အသံထက်မြန် လျှောတိုက်” စွမ်းရည်လည်းရှိတာ ကြောင့် သူ့အရင်က ဒုံးပျံအမျိုးအစားထက် ပိုမိုအစွမ်းထက်တဲ့ “လေယာဉ်တင် သင်္ဘောဖျက် ဒုံးပျံ” (Carrier Killer) ဖြစ်ပါတယ်။ ဒီစွမ်းရည်ရှိတာကြောင့် အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ကာကွယ်ရေးဒုံးပျံတွေရဲ့တားဆီးမှုကနေ လွတ်အောင်ပြေးနှိုင်စွမ်း ရှိပါတယ်။

နောက်ဆုံးပေါ် အသံထက်မြန်ဒုံးပျံအကြောင်း အသေးစိတ်အချက်အလက်တွေကို မသိရှိရသေးပေမယ့် ယခင် ကရရှိထားတဲ့သတင်းပေးပို့ချက်တွေအရ DF-27 ဒုံးပျံဟာ DF-41 လိုပဲ တရုတ်ရဲ့မဟာဗျူဟာမြောက် နျူကလီးယားလက်နက်များထဲက တတိယမျိုးဆက်ထဲမှာ ပါဝင်တယ်လို့ ဆိုပါတယ်။

သတင်းတွေရဲ့အဆိုအရ၊ ကီလိုမီတာ ၄၅ဝဝ-၇ဝဝဝ အကွာအဝေး ပစ်ခတ်နိုင်တဲ့ DF-27 ဒုံးပျံဟာ DF-4 (သို့မဟုတ်) DF-4A တွေနဲ့ ယှဥ်နိုင်တယ်လို့ သိရပါတယ်။ ဒီဒုံးပျံက အမေရိကန်ပြည်မကြီး ဒါမှမဟုတ် ဟာဝိုင်အီ အထိ ပစ်ခတ်နိုင်ဖို့ အသံထက်မြန်လက်နက်တွေနဲ့ ဒီဇိုင်းထုတ် တပ်ဆင်ထားတာလို့ ယူဆကြပါတယ်။

ဘာပဲဖြစ်ဖြစ်၊ ဒါဟာ အမေရိကန်တွေကို နေမထိထိုင်မသာဖြစ်စေတဲ့ တရုတ်ပြည်ရဲ့ ပထမဆုံး အသံထက်မြန် တဲ့ လက်နက်စမ်းသပ်မှုတစ်ခုတော့ မဟုတ်ပါဘူး။ ၂ဝ၂၁ ခုနှစ်တုန်းက တရုတ်ဟာ နျူကလီးယားထိပ်ဖူးသယ် ဆောင် နိုင်တဲ့ အသံထက်မြန် လျှောတိုက်ဒုံးပျံကို စမ်းသပ်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ရည်ရွယ်ထားတဲ့ပစ်မှတ်ကို အနီးကပ် ပြီး လွဲချော်ခဲ့ပါတယ်။ ဒုတိယ စမ်းသပ်ပစ်ခတ်မှုကို နောက်မကြာခင်မှာ ထပ်မံလုပ်ဆောင်ခဲ့တယ်လို့ သတင်းတွေ က ဆိုပါတယ်။

အမေရိကန်ပူးတွဲစစ်ဦးစီးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂျွန်ဟေတန် က တရုတ်အသံထက်မြန်လက်နက် စမ်းသပ်မှုတွေနဲ့ပတ်သက်ပြီး၊ စီဘီအက်စ်သတင်းဌာနကို ယခင်ကပြောခဲ့ဖူးတာက အမေရိကန်အနေနဲ့ ဒါကို“ အရေးတကြီး အဆောတလျင်” သဘောထားရမယ်လို့ ပြောကြားခဲ့ပါတယ်။

ပင်တဂွန်ဟာ အဲဒီအချိန်ကစလို့ တရုတ်ရဲ့အသံထက်မြန်လက်နက်ဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်ပြီး ဂရုတစိုက် စောင့်ကြည့်ခဲ့ပါတယ်။

လွန်ခဲ့တဲ့နှစ်က၊ ပင်တဂွန်ရဲ့အစီရင်ခံစာမှာ DF-17 ရဲ့ခြိမ်းခြောက်မှုကို ထပ်တလဲလဲပြောခဲ့ရာမှာ “DF-17 ကို အကြိမ်ပေါင်းများစွာ စမ်းသပ်အောင်မြင်ခဲ့ပြီး တိုက်ပွဲဝင်ဖြန့်ကျက်နေရာချထားပြီးဖြစ်ပါတယ်။ DF-17 ကို အခြေခံ အားဖြင့် သမရိုးကျလက်နက်ထုတ်လုပ်ရေးအခြေခံမှ တီထွင်ထုတ်လုပ်ခြင်းဖြစ်ပေမယ့်လည်း နျူကလီးယား ထိပ်ဖူးကိုလည်း တပ်ဆင်သယ်ဆောင်နိုင်ပေလိမ့်မယ်” လို့ ရေးသားထားပါတယ်။

တရုတ်စစ်ရေးကျွမ်းကျင်သူတစ်ယောက်ရဲ့အပြောကို ကိုးကားပြီး၊ ပင်တဂွန်က “ DF-17 ကို ထုတ်လုပ်ရခြင်းရဲ့ အခြေခံရည်ရွယ်ချက်က ပစိဖိတ်သမုဒ္ဒရာအနောက်ခြမ်းက ရေတပ်နဲ့ အခြေစိုက်စခန်းတွေကို တိုက်ခိုက်ဖို့ပဲဖြစ် တယ်လို့ ဆိုပါတယ်။

ဘာပဲဖြစ်ဖြစ်၊ တရုတ် အသံထက်မြန်ဒုံးပျံစွမ်းရည်တွေဟာ DF-17 မှာ တင်ရပ်မနေပါဘူး။ ဒါကို အမေရိကန် ဗိုလ်ချုပ်တွေ သတိထားမိကြပါတယ်။ ဒီနှစ် မတ်လ ၁ဝ ရက်‌က ကာကွယ်ရေးဌာနထောက်လှမ်းရေး အေဂျင်စီ သိပ္ပံနဲ့ နည်းပညာဌာနရဲ့တာဝန်ခံ သိပ္ပံပညာရှင်က အမေရိကန်လွှတ်တော်အမတ်တွေကို ပြောကြားရာမှာ၊ အသံထက်မြန်စွမ်းရည်တွေ ပိုင်ဆိုင်လာတဲ့အတွက် ထောက်ပံ့မှုပေးတဲ့အခြေခံအဆောက်အအုံနဲ့ စနစ်အရေ အတွက်အရ၊ လောလောဆယ်အားဖြင့် တရုတ်ဟာ ရုရှားကို ကျော်တက်သွားပြီလို့ ဆိုပါတယ်။

တရုတ်ဟာ လျှောတိုက် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးပျံ DF-41 ကိုလည်း ပိုင်ဆိုင်ထားပါပြီ။ DF-41 ဟာ အကွာအဝေး ကီလိုမီတာ ၁၄ဝဝဝ ကျော်အထိပစ်ခတ်နိုင်တာမို့၊ ဒီကမ္ဘာပေါ်က မည်သည့်နေရာက ပစ်မှတ်ကိုမဆို ပစ်ခတ်နိုင်ပါတယ်။ သူက မတူကွဲပြားတဲ့ ပစ်မှတ် ဆယ်ခုကို သီးခြားစီပစ်ခတ်နှိုင်တဲ့ နျူကလီးယားထိပ်ဖူးတွေကို လည်း သယ်ဆောင်နိုင်ပါတယ်။

ဒါ့အပြင် တရုတ်မှာ YJ-21 ဆိုတဲ့ သင်္ဘောဖျက် အသံထက်မြန်တဲ့ဒုံးပျံလည်း ဖြန့်ကျက်ထားပါတယ်။ ဒီဒုံးပျံက တစက္ကန့်ကို ၃၄ဝဝ မီတာ (တစ်စက္ကန့်ကို ၁၁,၁၅၅ ပေ) အလျင်နှုန်းနဲ့ ထိမှန်နိုင်ပါတယ်။ အသံထက် ၆ ဆ မြန်တဲ့ နှုန်း နဲ့ ထောင်တက်ပျံသန်းပြီးတဲ့နောက် အဆုံးသတ်အလျင်က အသံထက် ဆယ်ဆမြန်တဲ့နှုန်းနဲ့ ပစ်မှတ်ကို ထိမှန်မှာ ဖြစ်ပါတယ်။

အမေရိကန်ရေတပ်ဗိုလ်ချုပ်တွေက ရွေ့လျားနေတဲ့ပစ်မှတ်ကို ပစ်နိုင်တဲ့တရုတ်ရဲ့ သင်္ဘောဖျက် အသံထက်မြန် ဒုံးပျံတွေက ပိုအန္တရာယ်များတယ်လို့ ယုံကြည်ကြပါတယ်။

လောလောဆယ်မှာ အမေရိကန်ရော၊ သူ့မဟာမိတ်တွေမှာပါ တရုတ်ရဲ့အသံထက်မြန် ဒုံးပျံတွေကို စိတ်ချ လက်ချ ခုခံကာကွယ်နှိုင်တဲ့ လက်နက်မရှိသေးတာကြောင့် ပိုပြီးစိုးရိမ်ထိတ်လန့်နေပါတယ်။ ဒီ ဒုံးပျံတွေကို ကြားဖြတ် တိုက်ခိုက်ဖို့ ပိုခက်တာက၊ အရင်ဒုံးပျံတွေထက် အရှိန်ပိုမြန်မြန်ရွေ့လျားနိုင်တဲ့အပြင်၊ ပဲ့ကိုင်ထိန်းကျောင်းနိုင်တာ ကြောင့်လည်းဖြစ်ပါတယ်။

ဒါ့အပြင် တရုတ်နောက်ကိုလိုက်ပြီး အမေရိကန်က အသံထက်မြန်တဲ့ဒုံးပျံကို အောင်မြင်အောင် မလုပ်နိုင်ပါ။ အကြောင်းကတော့ စမ်းသပ်မှုပေါင်းများစွာလုပ်ပြီးနောက်မှာ ဝါရှင်တန်ဟာ သူ့ရဲ့ AGM-183 ARRW ဒုံးပျံအစီ အစဉ်ကိုဖျက်သိမ်းဖို့ မကြာသေးခင်ကပဲ ဆုံးဖြတ်လိုက်လို့ဖြစ်ပါတယ်။ ဒါမှသာ တခြား မအောင်မြင်သေးတဲ့ အသံ ထက်မြန်လက်နက်တွေကို အောင်မြင်အောင်လုပ်ဖို့ အာရုံစိုက်နိုင်မှာဖြစ်လို့ပါ။

ပြိုင်ဘက်အင်အားကြီးနှစ်ခုကြားမှာ အသံထက်မြန်အောင်သွားတဲ့ စွမ်းရည်ပြိုင်ဆိုင်မှုအကြား အကြီးအကျယ် ကွာလှမ်းနေတာကြောင့်၊ အမေရိကန်ဟာ ထိုင်ပြီးစောင့်ကြည့်နေရတဲ့ ဘဝရောက်နေပါတယ်။ နှစ်နိုင်ငံအကြား ထိုင်ဝမ်ကိစ္စနဲ့ပတ်သက်ပြီး တင်းမာမှုတွေဖြစ်လာတော့၊ ပီကင်းရဲ့ တာဝေးပစ် အသံထက်မြန်ဒုံးပျံတွေကြောင့် ပိုမိုစိတ်မသက်မသာဖြစ်လာရပါတယ်။ တရုတ်က မကြာသေးခင်ကပဲ ထိုင်ဝမ်ကျွန်းကို ပတ်ဝိုင်းပြီး စစ်ရေး လေ့ကျင့်ခန်းလုပ်ကာ ရန်စခဲ့ပါတယ်။

နောက်ဆုံးမှာ သူက “တိုက်ပွဲဝင်ဖို့ အဆင်သင့်ဘဲ” လို့ နိဂုံးချုပ် လိုက်ပါတယ်။
စစ်ရေးကျွမ်းကျင်သူတွေနဲ့ အမေရိကန်ပြည်ထောင်စုက လူပုဂ္ဂိုလ်တချို့က၊ စစ်အင်အားကြီးဒီနှစ်နိုင်ငံ အကြားက ပဋိပက္ခဟာ ပေါက်ကွဲထွက်လာနိုင်ချေရှိတယ် လို့ သတိပေးပါတယ်။

အခုလိုနောက်ခံ အကြောင်းအချက်တွေကြောင့်၊ DF-27 လို တရုတ်ရဲ့တာဝေးပစ် အသံထက်မြန်ဒုံးပျံတွေဟာ ပစိဖိတ်သမုဒ္ဒရာထဲက အမေရိကန်ရဲ့မဟာဗျူဟာ အခြေစိုက်စခန်းတွေကို ခြိမ်းခြောက်လာနိုင်ကြောင်းနဲ့ အမေရိ ကန်အနေနဲ့ အကြီးအကျယ်ဒုက္ခတွေ့နိုင်ကြောင်း ပြည်သူလူထုသိစေဖို့ ထိပ်တန်းလျှို့ဝှက်သတင်းတွေကို တမင် ပေါက်ကြားစေခဲ့လေသလားလို့ လူတချို့က တွေးဆနေကြောင်းပါ။
(မောင်ဌေးအောင်)
ကိုးကား- China Tested New DF-27 Hypersonic ICBM That Can Penetrate Mainland US Defense Systems — Leaked Info By Sakshi Tiwari - April 14, 2023
-The most shocking intel leak reveals new Chinese military advances By Josh Rogin

Zawgyi Version;

“အေမရိကန္ေတြ အထိတ္လန႔္ဆုံး ထိပ္တန္းလွ်ိဳ႕ဝွက္သတင္း” (ဘာသာျပန္ေဆာင္းပါး)
ေမာင္ေဌးေအာင္ (NP News) – ဧၿပီ ၁၇

အေမရိကန္ တရားေရးနဲ႔ ကာကြယ္ေရးဌာနေတြက အေမရိကန္ေထာက္လွမ္းေရးစာ႐ြက္စာတန္းေတြ ေပါက္ၾကား လာမႈနဲ႔ပတ္သက္ၿပီး စုံစမ္းစစ္ေဆးေနရာမွာ၊ ဧၿပီလ ၁၄ ရက္က ဘီဘီစီသတင္းအရ အသက္ ၂၁ ႏွစ္အ႐ြယ္ ေလတပ္ဖြဲ႕ဝင္တစ္ဦးျဖစ္တဲ့ Jack Teixeira ဂ်က္တရွီရာကို ဧၿပီလ ၁၃ ရက္၊ ၾကသပေတးေန႔က သူ႔မိသားစု ေနအိမ္ရွိရာ မက္ဆာ ခ်ဴးဆက္ ျပည္နယ္က ဒိုက္တန္ ၿမိဳ႕မွာ ဖမ္းဆီးခဲ့ပါတယ္။ ဧၿပီလ ၁၄ ရက္၊ ေသာၾကာေန႔မွာ ေဘာ္စတြန္ၿမိဳ႕က တရား႐ုံးမွာ ႐ုံးတင္ စစ္ေဆးခဲ့ပါတယ္။

ေပါက္ၾကားလာတဲ့ ထိပ္တန္းလွ်ိဳ႕ဝွက္ စာ႐ြက္စာတန္းေတြထဲမွာ အေမရိကန္ျပည္မႀကီးရဲ႕ကာကြယ္ေရးစနစ္ကို ေက်ာ္ျဖတ္ႏႈိင္ဖြယ္ရွိတဲ့ အသံထက္ျမန္ တာေဝးပစ္ဒုံးပ်ံသစ္ တစ္မ်ိဳးကို တ႐ုတ္က စမ္းသပ္ေအာင္ျမင္လို႔၊ ေနရာခ် ထားၿပီးျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။ ဒီလိုေပါက္ၾကားတာေၾကာင့္ အေမရိကန္ေထာက္လွမ္းေရး အသိုင္း အဝိုင္းကသာ သိခြင့္ရွိတာေတြကို အမ်ားျပည္သူကပါ သိလာၾကရပါၿပီ။ မိုင္ေထာင္ခ်ီေဝးတဲ့ အေမရိကန္ႏိုင္ငံကို တိုက္ခိုက္ႏိုင္စြမ္းရွိတဲ့ဒုံးပ်ံေတြကို တ႐ုတ္က လွ်င္လွ်င္ျမန္ျမန္တိုးတက္ေအာင္ လုပ္ေဆာင္ေနပါတယ္။

ေပါက္ၾကားလာတဲ့ စာ႐ြက္စာတန္းေတြထဲမွာ ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္တဲ့ လွ်ိဳ႕ဝွက္သတင္းေတြက အဓိက ေနရာယူထားေပမယ့္ တ႐ုတ္ျပည္က အေမရိကန္ရဲ႕လုံၿခဳံေရးကို ၿခိမ္းေျခာက္တဲ့သတင္းအခ်က္အလက္ေတြက လည္း အေရးပါတဲ့အေနအထားမွာ ရွိေနပါတယ္။ ဥပမာအားျဖင့္ အေသးစိတ္ေဖာ္ျပမထားေပမယ့္ တ႐ုတ္က ႐ုရွား ကို စစ္လက္နက္ခဲယမ္းမီးေက်ာက္ေတြ ဘယ္လိုေပးပို႔ေထာက္ပံ့ကူညီမလဲဆိုတဲ့ သတင္းမ်ိဳးပါ။

ေပါက္ၾကားခဲ့တဲ့ စာ႐ြက္စာတန္းေတြထဲမွာ ယူကရိန္းက စစ္လက္နက္ပစၥည္းေတြ ျပတ္လပ္ေနတာ၊ အီဂ်စ္နဲ႔ ႐ုရွားတို႔ၾကား ေနာက္ေဖးေပါက္က လက္နက္အေရာင္းအဝယ္လုပ္တာ၊ အစၥေရးေထာက္လွမ္းေရးေတြက ေ႐ြးေကာက္ခံႏိုင္ငံ့ေခါင္းေဆာင္ေတြရဲ႕ ဥပေဒျပဌာန္းမႈကိုဆန႔္က်င္တဲ့ဆႏၵျပပြဲကို ေထာက္ခံတာနဲ႔ ေတာင္ကို ရီးယား ျပည္တြင္းလုံၿခဳံေရး ေဆြးေႏြးမႈေတြ၊ ယူကရိန္းစစ္ပြဲအေပၚသေဘာထားကြဲလြဲမႈ စတာေတြပါဝင္ပါတယ္။

(အီဂ်စ္၊ အစၥေရးနဲ႔ ေတာင္ကိုရီးယားအစိုးရေတြက ဒီသတင္းအခ်က္အလက္ေတြက မမွန္ပါဘူးလို႔ ျငင္းဆိုထား ၾကပါတယ္။) မ်ားျပားလွတဲ့ ဒီသတင္းအခ်က္အလက္ေတြထဲမွာ ျမဳပ္ေနတာက စစ္ေရးနည္းပညာမွာ တ႐ုတ္က တိုးတက္လာေနတဲ့ အေၾကာင္းပါ။

ဝါရွင္တန္ပို႔စ္ သတင္းစာက တ႐ုတ္ဟာ ေနာက္ဆုံးေပၚနည္းပညာသုံး တိုက္ခ်င္းပစ္ဒုံးပ်ံ DF-27 ကို ၂ဝ၂၃ ခုႏွစ္ ေဖေဖၚဝါရီလ ၂၅ ရက္က စမ္းသပ္ပစ္ခတ္ခဲ့တယ္လို႔ ေရးခဲ့ပါတယ္။
အေမရိကန္ေထာက္လွမ္းေရးၫႊန္ၾကားမႈ ပူးတြဲစစ္ဦးစီးအဖြဲ႕ရဲ႕ ေဖေဖာ္ဝါရီလ ၂၈ ရက္ အစီရင္ခံစာအရ တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္ (PLA) ဟာ လြန္ခဲ့တဲ့ ၃ ရက္ကဘဲ အသံထက္ျမန္ တာလတ္ပစ္ ပဲ့ထိန္း ဒုံးပ်ံသစ္ DF-27 ကိုေအာင္ျမင္စြာ ပစ္ခတ္စမ္းသပ္ခဲ့တယ္လို႔ သိရပါတယ္။ (အေမရိကန္ကာကြယ္ေရး ဝန္ႀကီးဌာနကေတာ့ ဒီသတင္းအခ်က္အလက္မွန္-မမွန္ကို အတည္မျပဳပါ)

DF-27 ကို ဒုတိယ ကြၽန္းတန္းလိုင္းက ပစ္မွတ္ေတြကို (ပထမ ကြၽန္းတန္းလိုင္းနဲ႔ ဒုတိယ ကြၽန္းတန္းလိုင္းေတြကို သိရွိနားလည္ႏႈိင္ရန္ ပုံနဲ႔ေဖာ္ျပထားပါတယ္။) ထိမွန္ေအာင္ပစ္ႏႈိင္စြမ္းနဲ႔ အေမရိကန္အထိ ေရာက္ေအာင္ ပစ္ခတ္ႏိုင္ေျချမင့္မားတဲ့လက္နက္အျဖစ္ ရည္႐ြယ္ထားတာပါ လို႔ တိုက္ခ်င္းပစ္ဒုံးပ်ံကာကြယ္ေရး၊ ေန႔စဥ္ ေထာက္လွမ္းခ်က္ မွာ အပ္ဒိတ္ေရးသားထားပါတယ္။ ေနာက္ၿပီး လြန္ခဲ့တဲ့ႏွစ္မွာ ျပည္သူ႔လြတ္ေျမာက္ေရးတပ္ မေတာ္က ကုန္းေျမေပၚကပစ္မွတ္နဲ႔ သေဘၤာေတြကို ပစ္ခတ္တိုက္ခိုက္ႏႈိင္တဲ့ ဒုံးပ်ံအမ်ိဳးအစားသစ္ေတြကိုလည္း ျဖန႔္က်က္ခ်ထားခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။

ေပါက္ၾကားလာတဲ့ စာ႐ြက္စာတန္းေတြအရ၊ ဒုံးပ်ံဟာ ၁၂ မိနစ္အတြင္းမွာ မိုင္ ၁၃ဝဝ (၂၁ဝဝ ကီလိုမီတာ) ေက်ာ္ ပ်ံသန္းခဲ့ၿပီး၊ အေမရိကန္ရဲ႕တိုက္ခ်င္းပစ္ဒုံးပ်ံကာကြယ္ေရးစနစ္ကို ေဖာက္ထြင္းႏိုင္ေျခ ျမင့္ျမင့္မားမားရွိတယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ ေပါက္ၾကားလာတဲ့ သတင္းေတြအရ၊ တ႐ုတ္အေနနဲ႔ အသံထက္ျမန္ ဒုံးပ်ံလက္နက္ စနစ္တိုးတက္ေရးမွာ အမ်ားႀကီးတိုး တက္ေနၿပီဆိုတာ ေဖာ္ျပေနပါတယ္။

၂ဝ၂၁ ခုႏွစ္က ကာကြယ္ေရးဝန္ႀကီးဌာနက သတင္းပို႔ခ်က္တစ္ခုမွာ ဒီ ဒုံးပ်ံက ကီလိုမီတာ ၅ဝဝဝ ကေန ၈ဝဝဝ အထိ ပစ္ခတ္ႏိုင္တယ္လို႔ ဆိုပါတယ္။ ဆိုလိုတာက DF-27 ဒုံးပ်ံနဲ႔ အေရွ႕နဲ႔ အေရွ႕ေတာင္အာရွက မည္သည့္ ပစ္မွတ္ကိုမဆို ပစ္ခတ္ႏိုင္ၿပီး၊ ပစၥဖိတ္သမုဒၵရာထဲက အေမရိကန္စစ္အေျခစိုက္စခန္းရွိတဲ့ ဂူအမ္ကြၽန္း အပါအဝင္ အေရးပါတဲ့ေနရာေတြကိုပါ ပစ္ခတ္ႏိုင္တယ္ဆိုတဲ့ အဓိပၸာယ္ပါ။

ဒုံးပ်ံသစ္ဟာ ပိုေဝးတဲ့အကြာအေဝးကို ပစ္ႏိုင္တဲ့အျပင္ “အသံထက္ျမန္ ေလွ်ာတိုက္” စြမ္းရည္လည္းရွိတာ ေၾကာင့္ သူ႔အရင္က ဒုံးပ်ံအမ်ိဳးအစားထက္ ပိုမိုအစြမ္းထက္တဲ့ “ေလယာဥ္တင္ သေဘၤာဖ်က္ ဒုံးပ်ံ” (Carrier Killer) ျဖစ္ပါတယ္။ ဒီစြမ္းရည္ရွိတာေၾကာင့္ အေမရိကန္နဲ႔ မဟာမိတ္ေတြရဲ႕ကာကြယ္ေရးဒုံးပ်ံေတြရဲ႕တားဆီးမႈကေန လြတ္ေအာင္ေျပးႏႈိင္စြမ္း ရွိပါတယ္။

ေနာက္ဆုံးေပၚ အသံထက္ျမန္ဒုံးပ်ံအေၾကာင္း အေသးစိတ္အခ်က္အလက္ေတြကို မသိရွိရေသးေပမယ့္ ယခင္ ကရရွိထားတဲ့သတင္းေပးပို႔ခ်က္ေတြအရ DF-27 ဒုံးပ်ံဟာ DF-41 လိုပဲ တ႐ုတ္ရဲ႕မဟာဗ်ဴဟာေျမာက္ န်ဴကလီးယားလက္နက္မ်ားထဲက တတိယမ်ိဳးဆက္ထဲမွာ ပါဝင္တယ္လို႔ ဆိုပါတယ္။

သတင္းေတြရဲ႕အဆိုအရ၊ ကီလိုမီတာ ၄၅ဝဝ-၇ဝဝဝ အကြာအေဝး ပစ္ခတ္ႏိုင္တဲ့ DF-27 ဒုံးပ်ံဟာ DF-4 (သို႔မဟုတ္) DF-4A ေတြနဲ႔ ယွဥ္ႏိုင္တယ္လို႔ သိရပါတယ္။ ဒီဒုံးပ်ံက အေမရိကန္ျပည္မႀကီး ဒါမွမဟုတ္ ဟာဝိုင္အီ အထိ ပစ္ခတ္ႏိုင္ဖို႔ အသံထက္ျမန္လက္နက္ေတြနဲ႔ ဒီဇိုင္းထုတ္ တပ္ဆင္ထားတာလို႔ ယူဆၾကပါတယ္။

ဘာပဲျဖစ္ျဖစ္၊ ဒါဟာ အေမရိကန္ေတြကို ေနမထိထိုင္မသာျဖစ္ေစတဲ့ တ႐ုတ္ျပည္ရဲ႕ ပထမဆုံး အသံထက္ျမန္ တဲ့ လက္နက္စမ္းသပ္မႈတစ္ခုေတာ့ မဟုတ္ပါဘူး။ ၂ဝ၂၁ ခုႏွစ္တုန္းက တ႐ုတ္ဟာ န်ဴကလီးယားထိပ္ဖူးသယ္ ေဆာင္ ႏိုင္တဲ့ အသံထက္ျမန္ ေလွ်ာတိုက္ဒုံးပ်ံကို စမ္းသပ္ခဲ့ဖူးပါတယ္။ အဲဒီတုန္းက ရည္႐ြယ္ထားတဲ့ပစ္မွတ္ကို အနီးကပ္ ၿပီး လြဲေခ်ာ္ခဲ့ပါတယ္။ ဒုတိယ စမ္းသပ္ပစ္ခတ္မႈကို ေနာက္မၾကာခင္မွာ ထပ္မံလုပ္ေဆာင္ခဲ့တယ္လို႔ သတင္းေတြ က ဆိုပါတယ္။

အေမရိကန္ပူးတြဲစစ္ဦးစီးအဖြဲ႕ ဒုတိယဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး ဂြၽန္ေဟတန္ က တ႐ုတ္အသံထက္ျမန္လက္နက္ စမ္းသပ္မႈေတြနဲ႔ပတ္သက္ၿပီး၊ စီဘီအက္စ္သတင္းဌာနကို ယခင္ကေျပာခဲ့ဖူးတာက အေမရိကန္အေနနဲ႔ ဒါကို“ အေရးတႀကီး အေဆာတလ်င္” သေဘာထားရမယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ပင္တဂြန္ဟာ အဲဒီအခ်ိန္ကစလို႔ တ႐ုတ္ရဲ႕အသံထက္ျမန္လက္နက္ဖြံ႕ၿဖိဳးတိုးတက္မႈနဲ႔ပတ္သက္ၿပီး ဂ႐ုတစိုက္ ေစာင့္ၾကည့္ခဲ့ပါတယ္။

လြန္ခဲ့တဲ့ႏွစ္က၊ ပင္တဂြန္ရဲ႕အစီရင္ခံစာမွာ DF-17 ရဲ႕ၿခိမ္းေျခာက္မႈကို ထပ္တလဲလဲေျပာခဲ့ရာမွာ “DF-17 ကို အႀကိမ္ေပါင္းမ်ားစြာ စမ္းသပ္ေအာင္ျမင္ခဲ့ၿပီး တိုက္ပြဲဝင္ျဖန႔္က်က္ေနရာခ်ထားၿပီးျဖစ္ပါတယ္။ DF-17 ကို အေျခခံ အားျဖင့္ သမ႐ိုးက်လက္နက္ထုတ္လုပ္ေရးအေျခခံမွ တီထြင္ထုတ္လုပ္ျခင္းျဖစ္ေပမယ့္လည္း န်ဴကလီးယား ထိပ္ဖူးကိုလည္း တပ္ဆင္သယ္ေဆာင္ႏိုင္ေပလိမ့္မယ္” လို႔ ေရးသားထားပါတယ္။

တ႐ုတ္စစ္ေရးကြၽမ္းက်င္သူတစ္ေယာက္ရဲ႕အေျပာကို ကိုးကားၿပီး၊ ပင္တဂြန္က “ DF-17 ကို ထုတ္လုပ္ရျခင္းရဲ႕ အေျခခံရည္႐ြယ္ခ်က္က ပစိဖိတ္သမုဒၵရာအေနာက္ျခမ္းက ေရတပ္နဲ႔ အေျခစိုက္စခန္းေတြကို တိုက္ခိုက္ဖို႔ပဲျဖစ္ တယ္လို႔ ဆိုပါတယ္။

ဘာပဲျဖစ္ျဖစ္၊ တ႐ုတ္ အသံထက္ျမန္ဒုံးပ်ံစြမ္းရည္ေတြဟာ DF-17 မွာ တင္ရပ္မေနပါဘူး။ ဒါကို အေမရိကန္ ဗိုလ္ခ်ဳပ္ေတြ သတိထားမိၾကပါတယ္။ ဒီႏွစ္ မတ္လ ၁ဝ ရက္‌က ကာကြယ္ေရးဌာနေထာက္လွမ္းေရး ေအဂ်င္စီ သိပၸံနဲ႔ နည္းပညာဌာနရဲ႕တာဝန္ခံ သိပၸံပညာရွင္က အေမရိကန္လႊတ္ေတာ္အမတ္ေတြကို ေျပာၾကားရာမွာ၊ အသံထက္ျမန္စြမ္းရည္ေတြ ပိုင္ဆိုင္လာတဲ့အတြက္ ေထာက္ပံ့မႈေပးတဲ့အေျခခံအေဆာက္အအုံနဲ႔ စနစ္အေရ အတြက္အရ၊ ေလာေလာဆယ္အားျဖင့္ တ႐ုတ္ဟာ ႐ုရွားကို ေက်ာ္တက္သြားၿပီလို႔ ဆိုပါတယ္။

တ႐ုတ္ဟာ ေလွ်ာတိုက္ တိုက္ခ်င္းပစ္ပဲ့ထိန္းဒုံးပ်ံ DF-41 ကိုလည္း ပိုင္ဆိုင္ထားပါၿပီ။ DF-41 ဟာ အကြာအေဝး ကီလိုမီတာ ၁၄ဝဝဝ ေက်ာ္အထိပစ္ခတ္ႏိုင္တာမို႔၊ ဒီကမာၻေပၚက မည္သည့္ေနရာက ပစ္မွတ္ကိုမဆို ပစ္ခတ္ႏိုင္ပါတယ္။ သူက မတူကြဲျပားတဲ့ ပစ္မွတ္ ဆယ္ခုကို သီးျခားစီပစ္ခတ္ႏႈိင္တဲ့ န်ဴကလီးယားထိပ္ဖူးေတြကို လည္း သယ္ေဆာင္ႏိုင္ပါတယ္။

ဒါ့အျပင္ တ႐ုတ္မွာ YJ-21 ဆိုတဲ့ သေဘၤာဖ်က္ အသံထက္ျမန္တဲ့ဒုံးပ်ံလည္း ျဖန႔္က်က္ထားပါတယ္။ ဒီဒုံးပ်ံက တစကၠန႔္ကို ၃၄ဝဝ မီတာ (တစ္စကၠန႔္ကို ၁၁,၁၅၅ ေပ) အလ်င္ႏႈန္းနဲ႔ ထိမွန္ႏိုင္ပါတယ္။ အသံထက္ ၆ ဆ ျမန္တဲ့ ႏႈန္း နဲ႔ ေထာင္တက္ပ်ံသန္းၿပီးတဲ့ေနာက္ အဆုံးသတ္အလ်င္က အသံထက္ ဆယ္ဆျမန္တဲ့ႏႈန္းနဲ႔ ပစ္မွတ္ကို ထိမွန္မွာ ျဖစ္ပါတယ္။

အေမရိကန္ေရတပ္ဗိုလ္ခ်ဳပ္ေတြက ေ႐ြ႕လ်ားေနတဲ့ပစ္မွတ္ကို ပစ္ႏိုင္တဲ့တ႐ုတ္ရဲ႕ သေဘၤာဖ်က္ အသံထက္ျမန္ ဒုံးပ်ံေတြက ပိုအႏၲရာယ္မ်ားတယ္လို႔ ယုံၾကည္ၾကပါတယ္။

ေလာေလာဆယ္မွာ အေမရိကန္ေရာ၊ သူ႔မဟာမိတ္ေတြမွာပါ တ႐ုတ္ရဲ႕အသံထက္ျမန္ ဒုံးပ်ံေတြကို စိတ္ခ် လက္ခ် ခုခံကာကြယ္ႏႈိင္တဲ့ လက္နက္မရွိေသးတာေၾကာင့္ ပိုၿပီးစိုးရိမ္ထိတ္လန႔္ေနပါတယ္။ ဒီ ဒုံးပ်ံေတြကို ၾကားျဖတ္ တိုက္ခိုက္ဖို႔ ပိုခက္တာက၊ အရင္ဒုံးပ်ံေတြထက္ အရွိန္ပိုျမန္ျမန္ေ႐ြ႕လ်ားႏိုင္တဲ့အျပင္၊ ပဲ့ကိုင္ထိန္းေက်ာင္းႏိုင္တာ ေၾကာင့္လည္းျဖစ္ပါတယ္။

ဒါ့အျပင္ တ႐ုတ္ေနာက္ကိုလိုက္ၿပီး အေမရိကန္က အသံထက္ျမန္တဲ့ဒုံးပ်ံကို ေအာင္ျမင္ေအာင္ မလုပ္ႏိုင္ပါ။ အေၾကာင္းကေတာ့ စမ္းသပ္မႈေပါင္းမ်ားစြာလုပ္ၿပီးေနာက္မွာ ဝါရွင္တန္ဟာ သူ႔ရဲ႕ AGM-183 ARRW ဒုံးပ်ံအစီ အစဥ္ကိုဖ်က္သိမ္းဖို႔ မၾကာေသးခင္ကပဲ ဆုံးျဖတ္လိုက္လို႔ျဖစ္ပါတယ္။ ဒါမွသာ တျခား မေအာင္ျမင္ေသးတဲ့ အသံ ထက္ျမန္လက္နက္ေတြကို ေအာင္ျမင္ေအာင္လုပ္ဖို႔ အာ႐ုံစိုက္ႏိုင္မွာျဖစ္လို႔ပါ။

ၿပိဳင္ဘက္အင္အားႀကီးႏွစ္ခုၾကားမွာ အသံထက္ျမန္ေအာင္သြားတဲ့ စြမ္းရည္ၿပိဳင္ဆိုင္မႈအၾကား အႀကီးအက်ယ္ ကြာလွမ္းေနတာေၾကာင့္၊ အေမရိကန္ဟာ ထိုင္ၿပီးေစာင့္ၾကည့္ေနရတဲ့ ဘဝေရာက္ေနပါတယ္။ ႏွစ္ႏိုင္ငံအၾကား ထိုင္ဝမ္ကိစၥနဲ႔ပတ္သက္ၿပီး တင္းမာမႈေတြျဖစ္လာေတာ့၊ ပီကင္းရဲ႕ တာေဝးပစ္ အသံထက္ျမန္ဒုံးပ်ံေတြေၾကာင့္ ပိုမိုစိတ္မသက္မသာျဖစ္လာရပါတယ္။ တ႐ုတ္က မၾကာေသးခင္ကပဲ ထိုင္ဝမ္ကြၽန္းကို ပတ္ဝိုင္းၿပီး စစ္ေရး ေလ့က်င့္ခန္းလုပ္ကာ ရန္စခဲ့ပါတယ္။

ေနာက္ဆုံးမွာ သူက “တိုက္ပြဲဝင္ဖို႔ အဆင္သင့္ဘဲ” လို႔ နိဂုံးခ်ဳပ္ လိုက္ပါတယ္။
စစ္ေရးကြၽမ္းက်င္သူေတြနဲ႔ အေမရိကန္ျပည္ေထာင္စုက လူပုဂၢိဳလ္တခ်ိဳ႕က၊ စစ္အင္အားႀကီးဒီႏွစ္ႏိုင္ငံ အၾကားက ပဋိပကၡဟာ ေပါက္ကြဲထြက္လာႏိုင္ေခ်ရွိတယ္ လို႔ သတိေပးပါတယ္။

အခုလိုေနာက္ခံ အေၾကာင္းအခ်က္ေတြေၾကာင့္၊ DF-27 လို တ႐ုတ္ရဲ႕တာေဝးပစ္ အသံထက္ျမန္ဒုံးပ်ံေတြဟာ ပစိဖိတ္သမုဒၵရာထဲက အေမရိကန္ရဲ႕မဟာဗ်ဴဟာ အေျခစိုက္စခန္းေတြကို ၿခိမ္းေျခာက္လာႏိုင္ေၾကာင္းနဲ႔ အေမရိ ကန္အေနနဲ႔ အႀကီးအက်ယ္ဒုကၡေတြ႕ႏိုင္ေၾကာင္း ျပည္သူလူထုသိေစဖို႔ ထိပ္တန္းလွ်ိဳ႕ဝွက္သတင္းေတြကို တမင္ ေပါက္ၾကားေစခဲ့ေလသလားလို႔ လူတခ်ိဳ႕က ေတြးဆေနေၾကာင္းပါ။
(ေမာင္ေဌးေအာင္)
ကိုးကား- China Tested New DF-27 Hypersonic ICBM That Can Penetrate Mainland US Defense Systems — Leaked Info By Sakshi Tiwari - April 14, 2023
-The most shocking intel leak reveals new Chinese military advances By Josh Rogin

Related news

© 2021. All rights reserved.