“ရုရှား-ယူကရိန်း စစ်ပွဲ အမှန်တကယ် ဘယ်သူနိုင်နေသလဲ” (ဘာသာပြန်ဆောင်းပါး)

 4071

ပရမတ္တ ကိုမောင်ဘ (NP News) - ဧပြီ ၁၇

ရုရှား-ယူကရိန်းစစ်ပွဲမှာ အမှန်တကယ်အနိုင်ရနေသူက ရုရှားမဟုတ်ပါ။ ယူကရိန်းက ပိုပြီး မဟုတ်နိုင်ပါ။ အမှန် တကယ် အနိုင်ရနေသူတွေက အမေရိကန်ရေနံကုမ္ပဏီတွေပဲ ဖြစ်ပါတယ်။

စစ်မြေပြင်မှာ လူ့အသက်ထောင်ပေါင်းများစွာ စတေးနေရချိန်မှာ အမေရိကန်ရေနံကုမ္ပဏီတွေက ဒေါ်လာ ဘီလျံ ပေါင်းများစွာ သဲ့ယူနေတဲ့အကြောင်းကို ဒီမှာပြောပြသွားပါ့မယ်။ အမေရိကန်ရေနံကုမ္ပဏီတွေက အသားတင် အမြတ်မှာတင် ဒေါ်လာဘီလျံ ၂ဝဝ လောက် ခြစ်ကုတ်ယူနေကြပါတယ်။

ယူကရိန်းမှာ စစ်ဖြစ်တာကြောင့် အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုက ရုရှားရေနံနဲ့ သဘာဝဓါတ်ငွေ့ကို မဝယ်ဖို့ သပိတ်မှောက်ပါတယ်။ ဒီလိုလုပ်တော့ ဥရောပက အမေရိကန် ရေနံနဲ့ ဓါတ်ငွေ့တွေကို ဝယ်ကြရလို့ အမေရိကန်ရေနံ ကုမ္ပဏီတွေဟာ စစ်ပွဲကြောင့် အကျိုးခံစားရသူတွေဖြစ်လာတာရှင်းပါတယ်။
၂၀၂၂ ခုနှစ် နိုဝင်္ဘာလကရတဲ့ သတင်းအချက်အလက်တွေအရ အက္ကဇွန် မိုဘေလ် Exxon Mobil ဆိုတာ ကမ္ဘာ့ အကြီးဆုံး စွမ်းအင်ကုမ္ပဏီကြီးတွေထဲက တခုဖြစ်ပါတယ်။ ဒီကုမ္ပဏီရဲ့စီအီးအိုက ဒါရင်းဝုဒ်စ် Darren Woods ပါ။ သူက မကြာသေးခင်ကဘဲ လစာတိုးခဲ့ပါတယ်။ တိုးတာက မူလ လစာရဲ့ ၅၂ ရာခိုင်နှုန်း တိုးတာဖြစ်လို့ အခုရတဲ့ လစာက ဒေါ်လာ ၃၆ သန်းနီးပါးပါ။ မြန်မာငွေနဲ့ဆိုရင် လက်ရှိငွေလဲနှုန်း (တစ်ဒေါ်လာ ၂၁ဝဝ) နဲ့တွက်ရင် သိန်းပေါင်း ၇၅ သောင်း ကျော်ပါတယ်။ လစာအပြင် ဘောနပ်စ်တွေ ဆုကြေးတွေလည်း တိုးရဦးမှာပါ။ အဲဒါတွေက မူလကထက် ၈ဝ ရာခိုင်နှုန်း တိုးရပါတယ်။ ကုမ္ပဏီစီအီးအို အခုလို လစာနဲ့ အခြားခံစားခွင့်တွေ အမြောက်အများ တိုးရတာနဲ့ပတ်သက်ပြီး “ကုမ္ပဏီက စံချိန်တင် အမြတ်တွေရခဲ့တာကြောင့်နဲ့ စတော့ရှယ်ယာစျေးတက်” တာတွေ ကြောင့်ဖြစ်ပါတယ်လို့ ကုမ္ပဏီ က ပြောပါတယ်။

ဒါဆိုရင် ဒီကုမ္ပဏီ အမြတ်ငွေဘယ်လောက်ရခဲ့သလဲ ကြည့်ကြစို့။
၂ဝ၂၂ ခုနှစ်မှာ ကုမ္ပဏီက ဒေါ်လာ ၅၆ ဘီလျံ အသားတင်မြတ်ပါတယ်။ တစ်နာရီကို ‌ဒေါ်လာ ၆.၃ သန်းမြတ်တဲ့ သဘောပါ။ ကုမ္ပဏီရဲ့ရှယ်ယာတန်ဖိုးက လွန်ခဲ့တဲ့နှစ်က တန်ဖိုးထက် ၁၆ဝ ရာခိုင်နှုန်း ထိုးတက်သွားပါတယ်။ ဒီလိုဖြစ်တာက သိပ်ကိုထင်ရှားလွန်းလို့ သမ္မတဘိုင်ဒင်က “အက္ကဇွန် မိုဘေးလ်က ဘုရားသခင်ထက်တောင် ပိုပြီး ငွေရှာနိုင်တယ်” လို့ ပြောခဲ့ပါသေးတယ်။

အက္ကဇွန် မိုဘေးလ်ဟာ အမြတ်အစွန်းတွေ တထောကြီးရသွားတဲ့ တစ်ခုတည်းသော ကုမ္ပဏီ မဟုတ်ပါဘူး။ အက္ကဇွန်ရဲ့အဓိကပြိုင်ဘက်ဖြစ်တဲ့ ရှဲဗရွန်ဆိုတဲ့ ရေနံထုတ်လုပ်တဲ့ တခြားအမေရိကန်ကုမ္ပဏီတစ်ခုလည်း ရှိပါ သေးတယ်။ ရှဲဗရွန်က စံချိန်တင် ဒေါ်လာ ၃၆.၅ ဘီလျံ မြတ်စွန်းပါတယ်။ ရှဲလ် ကုမ္ပဏီလို ဥရောပက တခြား စွမ်းအင်ကုမ္ပဏီတွေလည်း အမြတ်အစွန်းတွေ ကြီးကြီးမားမားရကြပါတယ်။ ရှဲလ်ကုမ္ပဏီက ၁၁၅ နှစ်ကြာတဲ့ သူ့သမိုင်းတလျှောက် မနှစ်က အမြတ်အများဆုံးရခဲ့တယ်လို့ ဆိုပါတယ်။ အသားတင်အမြတ် ၃၉.၉ ဘီလျံ ဒေါ် လာရခဲ့တာပါ။ အလားတူဘဲ ဗြိတိသျှ ရေနံကုမ္ပဏီ ဘီပီ ကလည်း အသားတင်အမြတ် ၂၇.၇ ဘီလျံဒေါ်လာနဲ့ သူတို့ နောက်သိပ်မကျဘဲ နောက်ကလိုက်ပါတယ်။

ဒါတွေက ရေနံကုမ္ပဏီတွေအနေနဲ့ မတည်ငြိမ်မှုတွေနဲ့ နာကျင်မှုတွေပေါ်က ခေါင်းပုံဖြတ် အမြတ်ထုတ်မှု‌တွေပဲ ဖြစ်ပါတယ်။ အမေရိကန် စစ်ယန္တယားကြီးက ပဋိပက္ခထဲကို ဝင်ပါပြီဆိုရင် ဘယ်လို ကရမလဲဆိုတဲ့ကိစ္စမှာ အမေရိကန်ကုမ္ပဏီတွေကတော့ ဆရာကြီးတွေပါဘဲ။

အီရတ်စစ်ပွဲတိုက်ရတဲ့ အကြောင်းရင်း

အီရတ်စစ်ပွဲမှာ အမေရိကန်ဝင်တိုက်ခဲ့တဲ့ကိစ္စကို သတိရကြဦးမယ်ထင်ပါတယ်။ အဲဒီမှာ အမေရိကန်က မုသား တစ်ခွန်းကို ရောင်းစားပါတယ်။ သူတို့ပြောတာက အီရတ်အာဏာရှင် ဆဒမ်ဟူစိန်မှာ ဖျက်အားပြင်းလက်နက်( WMD) တွေရှိတယ်။ အဲဒါတွေက ကမ္ဘာကိုခြိမ်းခြောက်နေတယ်။

ဒါကြောင့် ကမ္ဘာကိုကယ်တင်ဖို့နဲ့ ဒီမိုကရေစီဖော်ဆောင်ဖို့ အီရတ်ကို ကျူးကျော်တိုက်ခိုက်ရတာပါလို့ အမေရိကန် က ပြောပါတယ်။ နောက်ဆုံးမှာတော့ အီရတ်က ဖွတ်ဖွတ်ညက်ညက်ကြေပြီး ဆဒမ်ဟူစိန်က အသတ်ခံရပါတယ်။ ဘာဖျက်အားပြင်းလက်နက်မှ ရှာမတွေ့ပါဘူး။ ဒါပေမဲ့ ရေနံတွေတော့ အမြောက်အများတွေ့ကြပါတယ်။

အဲဒီနောက်တော့ အက္ကဇွန် မိုဘေးလ်၊ ရှဲဗရွန်နဲ့ ဟောလီဘာတွန် စတဲ့ အမေရိကန်ရေနံကုမ္ပဏီတွေ တပြုံကြီး အီရတ်ကို အပြေးအလွှားသွားကြပြီး အီရတ်ရေနံတွေ ထုတ်ယူရောင်းချခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ အမေရိကန် အစိုးရအရာရှိတွေဟာ အီရတ်ကိုတိုက်ရတဲ့ စစ်ပွဲရဲ့အဓိကအကြောင်းက ရေနံကြောင့်ပါဆိုတာ ဝန်ခံလာကြပါ တယ်။

ဝန်ခံချက်တစ်ခုက ဗိုလ်ချုပ်ကြီး ဂျွန်အက်ဘီ ဆီကပါ။ သူက အီရတ်စစ်ဆင်ရေးတုံးက အမေရိကန် ဗဟိုစစ် ဦးစီးနဲ့ စစ်ဆင်ရေးဌာနရဲ့ အကြီးအကဲဟောင်း တယောက်ပါ။ သူက “ဒါက ရေနံကြောင့်ပါ။ တကယ်တန်းကျ ကျွန်တော်တို့ ဒါကိုမငြင်းနိုင်ပါဘူး” လို့ ပြောခဲ့ဖူးပါတယ်။

နောက်တစ်ယောက်က အလန် ဂရင်းစပန်- အမေရိကန် ပြည်ထောင်စုဗဟိုဘဏ် (the U.S federal reserve) ဥက္ကဋ္ဌဟောင်းပါ။ သူက သူရဲ့ “ကိုယ်တွေ့မှတ်တမ်းများ” စာအုပ်မှာ “ ဒါက နိုင်ငံရေးအရ လက်ခံအသိအမှတ်ပြုဖို့ အဆင်မပြေတာကို ကျွန်တော်ဝမ်းနည်းပါတယ်။ လူတိုင်းလိုလို သိကြတဲ့အတိုင်း အီရတ်စစ်ပွဲဟာ အဓိကအားဖြင့် ရေနံကြောင့်ပါ” လို့ ရေးခဲ့ပါတယ်။

နောက်တစ်ယောက်ကတော့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဟောင်း ချပ်ဟေဂယ်ပါ။ သူက ၂ဝဝ၇ ခုနှစ်တုန်းက “လူတွေက ပြောကြတယ်။ ကျနော်တို့ ရေနံအတွက် တိုက်နေတာမဟုတ်ပါဘူးလို့၊ အမှန်က ဟုတ်ပါတယ်” သူက ဒါကို တခြားစကားလုံးတွေနဲ့လည်းပြောဆိုရာမှာ အီရတ်တွေရဲ့အသက်တွေဟာ ပျက်စီးဆုံးရှုံးမှုတွေအတွက် အပေါင်ခံပစ္စည်း သက်သက်မျှသာဖြစ်တယ်လို့ ဆိုပါတယ်။
ဇာတ်လမ်းက မဆုံးသေးပါ။ ယူကရိန်းမှာ ထပ်တကျော့ပြန်ဖြစ်လာပါပြီ။ သူတို့ဟာ နောက်ထပ်စစ်ပွဲတစ်ခုကို မြှောက်ပင့်ပေးနေပြီး အမေရိကန် ရေနံကုမ္ပဏီတွေရဲ့ ဘဏ္ဍာတိုက်ကို ဖြည့်တင်းနေပြန်ပါပြီ။

ပရမတ္တ ကိုမောင်ဘ ရေးသည်။

ကိုးကား- Revealed: Real Winners of Russia Ukraine War - Vantage with Palki Sharma

Zawgyi Version;
“႐ုရွား-ယူကရိန္း စစ္ပြဲ အမွန္တကယ္ ဘယ္သူႏိုင္ေနသလဲ” (ဘာသာျပန္ေဆာင္းပါး)
ပရမတၱ ကိုေမာင္ဘ (NP News) - ဧၿပီ ၁၇

႐ုရွား-ယူကရိန္းစစ္ပြဲမွာ အမွန္တကယ္အႏိုင္ရေနသူက ႐ုရွားမဟုတ္ပါ။ ယူကရိန္းက ပိုၿပီး မဟုတ္ႏိုင္ပါ။ အမွန္ တကယ္ အႏိုင္ရေနသူေတြက အေမရိကန္ေရနံကုမၸဏီေတြပဲ ျဖစ္ပါတယ္။

စစ္ေျမျပင္မွာ လူ႔အသက္ေထာင္ေပါင္းမ်ားစြာ စေတးေနရခ်ိန္မွာ အေမရိကန္ေရနံကုမၸဏီေတြက ေဒၚလာ ဘီလ်ံ ေပါင္းမ်ားစြာ သဲ့ယူေနတဲ့အေၾကာင္းကို ဒီမွာေျပာျပသြားပါ့မယ္။ အေမရိကန္ေရနံကုမၸဏီေတြက အသားတင္ အျမတ္မွာတင္ ေဒၚလာဘီလ်ံ ၂ဝဝ ေလာက္ ျခစ္ကုတ္ယူေနၾကပါတယ္။

ယူကရိန္းမွာ စစ္ျဖစ္တာေၾကာင့္ အေမရိကန္ဦးေဆာင္တဲ့ အေနာက္အုပ္စုက ႐ုရွားေရနံနဲ႔ သဘာဝဓါတ္ေငြ႕ကို မဝယ္ဖို႔ သပိတ္ေမွာက္ပါတယ္။ ဒီလိုလုပ္ေတာ့ ဥေရာပက အေမရိကန္ ေရနံနဲ႔ ဓါတ္ေငြ႕ေတြကို ဝယ္ၾကရလို႔ အေမရိကန္ေရနံ ကုမၸဏီေတြဟာ စစ္ပြဲေၾကာင့္ အက်ိဳးခံစားရသူေတြျဖစ္လာတာရွင္းပါတယ္။
၂၀၂၂ ခုႏွစ္ ႏိုဝဘၤာလကရတဲ့ သတင္းအခ်က္အလက္ေတြအရ အကၠဇြန္ မိုေဘလ္ Exxon Mobil ဆိုတာ ကမာၻ႔ အႀကီးဆုံး စြမ္းအင္ကုမၸဏီႀကီးေတြထဲက တခုျဖစ္ပါတယ္။ ဒီကုမၸဏီရဲ႕စီအီးအိုက ဒါရင္းဝုဒ္စ္ Darren Woods ပါ။ သူက မၾကာေသးခင္ကဘဲ လစာတိုးခဲ့ပါတယ္။ တိုးတာက မူလ လစာရဲ႕ ၅၂ ရာခိုင္ႏႈန္း တိုးတာျဖစ္လို႔ အခုရတဲ့ လစာက ေဒၚလာ ၃၆ သန္းနီးပါးပါ။ ျမန္မာေငြနဲ႔ဆိုရင္ လက္ရွိေငြလဲႏႈန္း (တစ္ေဒၚလာ ၂၁ဝဝ) နဲ႔တြက္ရင္ သိန္းေပါင္း ၇၅ ေသာင္း ေက်ာ္ပါတယ္။ လစာအျပင္ ေဘာနပ္စ္ေတြ ဆုေၾကးေတြလည္း တိုးရဦးမွာပါ။ အဲဒါေတြက မူလကထက္ ၈ဝ ရာခိုင္ႏႈန္း တိုးရပါတယ္။ ကုမၸဏီစီအီးအို အခုလို လစာနဲ႔ အျခားခံစားခြင့္ေတြ အေျမာက္အမ်ား တိုးရတာနဲ႔ပတ္သက္ၿပီး “ကုမၸဏီက စံခ်ိန္တင္ အျမတ္ေတြရခဲ့တာေၾကာင့္နဲ႔ စေတာ့ရွယ္ယာေစ်းတက္” တာေတြ ေၾကာင့္ျဖစ္ပါတယ္လို႔ ကုမၸဏီ က ေျပာပါတယ္။

ဒါဆိုရင္ ဒီကုမၸဏီ အျမတ္ေငြဘယ္ေလာက္ရခဲ့သလဲ ၾကည့္ၾကစို႔။
၂ဝ၂၂ ခုႏွစ္မွာ ကုမၸဏီက ေဒၚလာ ၅၆ ဘီလ်ံ အသားတင္ျမတ္ပါတယ္။ တစ္နာရီကို ‌ေဒၚလာ ၆.၃ သန္းျမတ္တဲ့ သေဘာပါ။ ကုမၸဏီရဲ႕ရွယ္ယာတန္ဖိုးက လြန္ခဲ့တဲ့ႏွစ္က တန္ဖိုးထက္ ၁၆ဝ ရာခိုင္ႏႈန္း ထိုးတက္သြားပါတယ္။ ဒီလိုျဖစ္တာက သိပ္ကိုထင္ရွားလြန္းလို႔ သမၼတဘိုင္ဒင္က “အကၠဇြန္ မိုေဘးလ္က ဘုရားသခင္ထက္ေတာင္ ပိုၿပီး ေငြရွာႏိုင္တယ္” လို႔ ေျပာခဲ့ပါေသးတယ္။

အကၠဇြန္ မိုေဘးလ္ဟာ အျမတ္အစြန္းေတြ တေထာႀကီးရသြားတဲ့ တစ္ခုတည္းေသာ ကုမၸဏီ မဟုတ္ပါဘူး။ အကၠဇြန္ရဲ႕အဓိကၿပိဳင္ဘက္ျဖစ္တဲ့ ရွဲဗ႐ြန္ဆိုတဲ့ ေရနံထုတ္လုပ္တဲ့ တျခားအေမရိကန္ကုမၸဏီတစ္ခုလည္း ရွိပါ ေသးတယ္။ ရွဲဗ႐ြန္က စံခ်ိန္တင္ ေဒၚလာ ၃၆.၅ ဘီလ်ံ ျမတ္စြန္းပါတယ္။ ရွဲလ္ ကုမၸဏီလို ဥေရာပက တျခား စြမ္းအင္ကုမၸဏီေတြလည္း အျမတ္အစြန္းေတြ ႀကီးႀကီးမားမားရၾကပါတယ္။ ရွဲလ္ကုမၸဏီက ၁၁၅ ႏွစ္ၾကာတဲ့ သူ႔သမိုင္းတေလွ်ာက္ မႏွစ္က အျမတ္အမ်ားဆုံးရခဲ့တယ္လို႔ ဆိုပါတယ္။ အသားတင္အျမတ္ ၃၉.၉ ဘီလ်ံ ေဒၚ လာရခဲ့တာပါ။ အလားတူဘဲ ၿဗိတိသွ် ေရနံကုမၸဏီ ဘီပီ ကလည္း အသားတင္အျမတ္ ၂၇.၇ ဘီလ်ံေဒၚလာနဲ႔ သူတို႔ ေနာက္သိပ္မက်ဘဲ ေနာက္ကလိုက္ပါတယ္။

ဒါေတြက ေရနံကုမၸဏီေတြအေနနဲ႔ မတည္ၿငိမ္မႈေတြနဲ႔ နာက်င္မႈေတြေပၚက ေခါင္းပုံျဖတ္ အျမတ္ထုတ္မႈ‌ေတြပဲ ျဖစ္ပါတယ္။ အေမရိကန္ စစ္ယႏၲယားႀကီးက ပဋိပကၡထဲကို ဝင္ပါၿပီဆိုရင္ ဘယ္လို ကရမလဲဆိုတဲ့ကိစၥမွာ အေမရိကန္ကုမၸဏီေတြကေတာ့ ဆရာႀကီးေတြပါဘဲ။

အီရတ္စစ္ပြဲတိုက္ရတဲ့ အေၾကာင္းရင္း

အီရတ္စစ္ပြဲမွာ အေမရိကန္ဝင္တိုက္ခဲ့တဲ့ကိစၥကို သတိရၾကဦးမယ္ထင္ပါတယ္။ အဲဒီမွာ အေမရိကန္က မုသား တစ္ခြန္းကို ေရာင္းစားပါတယ္။ သူတို႔ေျပာတာက အီရတ္အာဏာရွင္ ဆဒမ္ဟူစိန္မွာ ဖ်က္အားျပင္းလက္နက္( WMD) ေတြရွိတယ္။ အဲဒါေတြက ကမာၻကိုၿခိမ္းေျခာက္ေနတယ္။

ဒါေၾကာင့္ ကမာၻကိုကယ္တင္ဖို႔နဲ႔ ဒီမိုကေရစီေဖာ္ေဆာင္ဖို႔ အီရတ္ကို က်ဴးေက်ာ္တိုက္ခိုက္ရတာပါလို႔ အေမရိကန္ က ေျပာပါတယ္။ ေနာက္ဆုံးမွာေတာ့ အီရတ္က ဖြတ္ဖြတ္ညက္ညက္ေၾကၿပီး ဆဒမ္ဟူစိန္က အသတ္ခံရပါတယ္။ ဘာဖ်က္အားျပင္းလက္နက္မွ ရွာမေတြ႕ပါဘူး။ ဒါေပမဲ့ ေရနံေတြေတာ့ အေျမာက္အမ်ားေတြ႕ၾကပါတယ္။

အဲဒီေနာက္ေတာ့ အကၠဇြန္ မိုေဘးလ္၊ ရွဲဗ႐ြန္နဲ႔ ေဟာလီဘာတြန္ စတဲ့ အေမရိကန္ေရနံကုမၸဏီေတြ တၿပဳံႀကီး အီရတ္ကို အေျပးအလႊားသြားၾကၿပီး အီရတ္ေရနံေတြ ထုတ္ယူေရာင္းခ်ခဲ့ပါတယ္။ အဲဒီေနာက္ပိုင္းမွာ အေမရိကန္ အစိုးရအရာရွိေတြဟာ အီရတ္ကိုတိုက္ရတဲ့ စစ္ပြဲရဲ႕အဓိကအေၾကာင္းက ေရနံေၾကာင့္ပါဆိုတာ ဝန္ခံလာၾကပါ တယ္။

ဝန္ခံခ်က္တစ္ခုက ဗိုလ္ခ်ဳပ္ႀကီး ဂြၽန္အက္ဘီ ဆီကပါ။ သူက အီရတ္စစ္ဆင္ေရးတုံးက အေမရိကန္ ဗဟိုစစ္ ဦးစီးနဲ႔ စစ္ဆင္ေရးဌာနရဲ႕ အႀကီးအကဲေဟာင္း တေယာက္ပါ။ သူက “ဒါက ေရနံေၾကာင့္ပါ။ တကယ္တန္းက် ကြၽန္ေတာ္တို႔ ဒါကိုမျငင္းႏိုင္ပါဘူး” လို႔ ေျပာခဲ့ဖူးပါတယ္။

ေနာက္တစ္ေယာက္က အလန္ ဂရင္းစပန္- အေမရိကန္ ျပည္ေထာင္စုဗဟိုဘဏ္ (the U.S federal reserve) ဥကၠ႒ေဟာင္းပါ။ သူက သူရဲ႕ “ကိုယ္ေတြ႕မွတ္တမ္းမ်ား” စာအုပ္မွာ “ ဒါက ႏိုင္ငံေရးအရ လက္ခံအသိအမွတ္ျပဳဖို႔ အဆင္မေျပတာကို ကြၽန္ေတာ္ဝမ္းနည္းပါတယ္။ လူတိုင္းလိုလို သိၾကတဲ့အတိုင္း အီရတ္စစ္ပြဲဟာ အဓိကအားျဖင့္ ေရနံေၾကာင့္ပါ” လို႔ ေရးခဲ့ပါတယ္။

ေနာက္တစ္ေယာက္ကေတာ့ အေမရိကန္ကာကြယ္ေရးဝန္ႀကီးေဟာင္း ခ်ပ္ေဟဂယ္ပါ။ သူက ၂ဝဝ၇ ခုႏွစ္တုန္းက “လူေတြက ေျပာၾကတယ္။ က်ေနာ္တို႔ ေရနံအတြက္ တိုက္ေနတာမဟုတ္ပါဘူးလို႔၊ အမွန္က ဟုတ္ပါတယ္” သူက ဒါကို တျခားစကားလုံးေတြနဲ႔လည္းေျပာဆိုရာမွာ အီရတ္ေတြရဲ႕အသက္ေတြဟာ ပ်က္စီးဆုံးရႈံးမႈေတြအတြက္ အေပါင္ခံပစၥည္း သက္သက္မွ်သာျဖစ္တယ္လို႔ ဆိုပါတယ္။
ဇာတ္လမ္းက မဆုံးေသးပါ။ ယူကရိန္းမွာ ထပ္တေက်ာ့ျပန္ျဖစ္လာပါၿပီ။ သူတို႔ဟာ ေနာက္ထပ္စစ္ပြဲတစ္ခုကို ေျမႇာက္ပင့္ေပးေနၿပီး အေမရိကန္ ေရနံကုမၸဏီေတြရဲ႕ ဘ႑ာတိုက္ကို ျဖည့္တင္းေနျပန္ပါၿပီ။

ပရမတၱ ကိုေမာင္ဘ ေရးသည္။

ကိုးကား- Revealed: Real Winners of Russia Ukraine War - Vantage with Palki Sharma

Picture

L Mone

17/04/2023 21:45

ရက်စက်တဲ့ကမ္ဘာကြီးက တဖြည်းဖြည်းနဲ့ ပိုလို့သာ ရက်စက်ပြလာနေကြတာပါ..ဝမ်းနည်းဖွယ် အညတရ ထက်ဆိုးတဲ့ ပညာမဲ့ သတိမေ့ ပုဂ္ဂိုလ်တို့ဘဝ

Picture

L Mone

17/04/2023 22:26

ပင်လယ်ပြင်ကို ရုရှားပြန်ယူတာပါ..

Picture

L Mone

17/04/2023 22:29

ရုရှားအတွက် မြေဧရိယာမလိုအပ်တော့ပါဘူး ပင်လယ်ပြင် စစ်ဆင်ရေးအတွက် နားလည်မှူ့မရှိ နားလည်မှူ့မသိသော ယူကရိန်းတို့ ခံလိုက်ရတာလို့မြင်ပါတယ်

Picture

L Mone

17/04/2023 22:29

ရုရှားအတွက် မြေဧရိယာမလိုအပ်တော့ပါဘူး ပင်လယ်ပြင် စစ်ဆင်ရေးအတွက် နားလည်မှူ့မရှိ နားလည်မှူ့မသိသော ယူကရိန်းတို့ ခလိုက်ရတာလို့မြင်ပါဆယ်

Related news

© 2021. All rights reserved.