Coachella မှာ ပထမဆုံး ဖျော်ဖြေခွင့်ရခဲ့တဲ့ K-pop အဖွဲ့အဖြစ် သမိုင်းတွင်ခဲ့တဲ့ Blackpink

 1378

ရောင်နီ (NP News) - ဧပြီ ၁၈

ကမ္ဘာကျော် အမျိုးသမီး K - pop အဖွဲ့ Blackpink ဟာ Coachella မှာ ပင်မစတိတ်စင်နဲ့ ဖျော်ဖြေခွင့်ရတဲ့ ပထမဆုံး K-pop အဖွဲ့အဖြစ် သမိုင်းတွင်ခဲ့ပါတယ်။

ဂျင်းနီ၊ လီဆာ၊ ဂျီဆိုးနဲ့ ရိုစ့်တို့ အဖွဲ့ဝင် ၄ ဦး ပါဝင်တဲ့ Blackpink အဖွဲ့ဟာ ၂ဝ၁၉ ခုနှစ်ကလည်း US music festival မှာ ဖျော်ဖြေခဲ့ဖူးသလို ယခု Coachella မှာလည်း Boombayah၊ Whistle၊ Kill This Love ၊How You Like That ၊ Flower ၊Gone စတဲ့ တစ်ကိုယ်တော် သီချင်းအသစ်များ ပါဝင်တဲ့ အမြင့်လိုင်း သီချင်း ၁၈ ပုဒ်နဲ့ ဖျော်ဖြေခဲ့ရာ ကြည့်ရှုသူတွေကို အံ့အားသင့်စေခဲ့ပါတယ်။

Coachella နဲ့ YG Entertainment က တရားဝင်ကြည့်ရှုသူအရေအတွက်ကို ထုတ်ပြန်ခြင်း မရှိသေးပေမယ့်လည်း၊ YouTube မှာ Blackpink ရဲ့ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုဟာ ကြည့်ရှုသူ သန်း ၂၅ဝ ထိ ရှိနေပြီဖြစ်တယ်လို့ Rolling Stone က ဖော်ပြခဲ့ပါတယ်။

ရှိုးပွဲရဲ့ မီးရူးမီးပန်းများနဲ့အတူ တောက်ပနေတဲ့ Blackpink အဖွဲ့ရဲ့ဖျော်ဖြေမှုဟာ The Guardian နဲ့ Billboard ကဲ့သို့သော ဆိုက်ဒ်များမှ အမိုက်စား သုံးသပ်မှုများ ရရှိခဲ့ပါတယ်။ Blackpink ဟာ ဧပြီလ ၂၂ ရက်နေ့မှာလည်း Coachella မှာ ထပ်မံဖျော်ဖြေဖို့ စီစဉ်ထားပြီး ၎င်းတို့ရဲ့စံချိန်တင် Born Pink ကမ္ဘာလှည့်ဖျော်ဖြေပွဲနဲ့ British Summer Time Hyde Park ဖျော်ဖြေပွဲတို့ကို ဆက်လက်လုပ်ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version;
Coachella မွာ ပထမဆုံး ေဖ်ာ္ေျဖခြင့္ရခဲ့တဲ့ K-pop အဖြဲ႕အျဖစ္ သမိုင္းတြင္ခဲ့တဲ့ Blackpink
ေရာင္နီ (NP News) - ဧၿပီ ၁၈

ကမာၻေက်ာ္ အမ်ိဳးသမီး K - pop အဖြဲ႕ Blackpink ဟာ Coachella မွာ ပင္မစတိတ္စင္နဲ႔ ေဖ်ာ္ေျဖခြင့္ရတဲ့ ပထမဆုံး K-pop အဖြဲ႕အျဖစ္ သမိုင္းတြင္ခဲ့ပါတယ္။

ဂ်င္းနီ၊ လီဆာ၊ ဂ်ီဆိုးနဲ႔ ႐ိုစ့္တို႔ အဖြဲ႕ဝင္ ၄ ဦး ပါဝင္တဲ့ Blackpink အဖြဲ႕ဟာ ၂ဝ၁၉ ခုႏွစ္ကလည္း US music festival မွာ ေဖ်ာ္ေျဖခဲ့ဖူးသလို ယခု Coachella မွာလည္း Boombayah၊ Whistle၊ Kill This Love ၊How You Like That ၊ Flower ၊Gone စတဲ့ တစ္ကိုယ္ေတာ္ သီခ်င္းအသစ္မ်ား ပါဝင္တဲ့ အျမင့္လိုင္း သီခ်င္း ၁၈ ပုဒ္နဲ႔ ေဖ်ာ္ေျဖခဲ့ရာ ၾကည့္ရႈသူေတြကို အံ့အားသင့္ေစခဲ့ပါတယ္။

Coachella နဲ႔ YG Entertainment က တရားဝင္ၾကည့္ရႈသူအေရအတြက္ကို ထုတ္ျပန္ျခင္း မရွိေသးေပမယ့္လည္း၊ YouTube မွာ Blackpink ရဲ႕ တိုက္႐ိုက္ထုတ္လႊင့္တင္ဆက္မႈဟာ ၾကည့္ရႈသူ သန္း ၂၅ဝ ထိ ရွိေနၿပီျဖစ္တယ္လို႔ Rolling Stone က ေဖာ္ျပခဲ့ပါတယ္။

ရႈိးပြဲရဲ႕ မီး႐ူးမီးပန္းမ်ားနဲ႔အတူ ေတာက္ပေနတဲ့ Blackpink အဖြဲ႕ရဲ႕ေဖ်ာ္ေျဖမႈဟာ The Guardian နဲ႔ Billboard ကဲ့သို႔ေသာ ဆိုက္ဒ္မ်ားမွ အမိုက္စား သုံးသပ္မႈမ်ား ရရွိခဲ့ပါတယ္။ Blackpink ဟာ ဧၿပီလ ၂၂ ရက္ေန႔မွာလည္း Coachella မွာ ထပ္မံေဖ်ာ္ေျဖဖို႔ စီစဥ္ထားၿပီး ၎တို႔ရဲ႕စံခ်ိန္တင္ Born Pink ကမာၻလွည့္ေဖ်ာ္ေျဖပြဲနဲ႔ British Summer Time Hyde Park ေဖ်ာ္ေျဖပြဲတို႔ကို ဆက္လက္လုပ္ေဆာင္မွာျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.