မန္တလေးကန်တော်ကြီးအတွင်း၌ သွေးသောက်အဖွဲ့ဟု ရေးထားသော စာရွက်နှင့်အတူ သေဆုံးနေသည့် အမျိုးသားတစ်ဦးအားတွေ့ရှိ

 2708

Pearl (NP News) - ဧပြီ ၁၈

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ ကန်တော်ကြီးအတွင်း သွေးသောက်အဖွဲ့ဟု ရေးထားသော စာရွက်နှင့်အတူ သေဆုံးနေသည့် အမျိုးသားတစ်ဦးအားတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

၎င်းရုပ်အလောင်းကို ယမန်နေ့ (ဧပြီလ ၁၇ ရက်)၊ ညနေ ၄ နာရီ၊ ၅မိနစ်အချိန်ခန့်တွင် ချမ်းမြသာစည်မြို့နယ်၊ သံလျှက်မော်တောင်ရပ်ကွက်၊ ကန်တော်ကြီးတောင်ဘက်ကမ်းစပ်ရှိ ဗေဒါပင်များကြားတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

"ကန်တော်ကြီး တောင်ဘက်ခြမ်း ကမ်းစပ်နားက ဗေဒါပင်တွေကြားမှာ။ အလောင်းက လည်ပင်းမှာလည်း ပုဆိုးစွပ်နေတယ်၊ ပြီးတော့ ပါးစပ်မှာလည်း ပုဆိုးကို ကိုက်ထားတယ်။ ပါးစပ်က ပုဆိုးကို ဆွဲထုတ်တာ ထုတ်မရဘူး၊ စို့ထားတာဆို ထုတ်လို့ရတယ်၊ ကိုက်ထားတာမို့ ထုတ်လို့မရဘူး။ ရင်ဘက်မှာလည်း သွေးသောက်အဖွဲ့ဆိုပြီး ရေးထားတဲ့ စာရွက်တွေ့တယ် " ဟု ဒေသခံလူမှုကယ်ဆယ်ရေးအသင်း၏ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

သေဆုံးသူသည် အသက် (၂ဝ)နှစ်ကျော် အရွယ်ခန့်ရှိ အမျိုးသားတစ်ဦး ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရုပ်အလောင်းအား လူမှုကယ်ဆယ်ရေးအသင်းကားဖြင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

zawgyi version
မႏၲေလးကန္ေတာ္ႀကီးအတြင္း၌ ေသြးေသာက္အဖြဲ႕ဟု ေရးထားေသာ စာ႐ြက္ႏွင့္အတူ ေသဆုံးေနသည့္ အမ်ိဳးသားတစ္ဦးအားေတြ႕ရွိ

Pearl (NP News) - ဧၿပီ ၁၈

မႏၲေလးတိုင္း၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္ရွိ ကန္ေတာ္ႀကီးအတြင္း ေသြးေသာက္အဖြဲ႕ဟု ေရးထားေသာ စာ႐ြက္ႏွင့္အတူ ေသဆုံးေနသည့္ အမ်ိဳးသားတစ္ဦးအားေတြ႕ရွိခဲ့ေၾကာင္း သတင္းရရွိသည္။

၎႐ုပ္အေလာင္းကို ယမန္ေန႔ (ဧၿပီလ ၁၇ ရက္)၊ ညေန ၄ နာရီ၊ ၅မိနစ္အခ်ိန္ခန႔္တြင္ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ သံလွ်က္ေမာ္ေတာင္ရပ္ကြက္၊ ကန္ေတာ္ႀကီးေတာင္ဘက္ကမ္းစပ္ရွိ ေဗဒါပင္မ်ားၾကားတြင္ ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။

"ကန္ေတာ္ႀကီး ေတာင္ဘက္ျခမ္း ကမ္းစပ္နားက ေဗဒါပင္ေတြၾကားမွာ။ အေလာင္းက လည္ပင္းမွာလည္း ပုဆိုးစြပ္ေနတယ္၊ ၿပီးေတာ့ ပါးစပ္မွာလည္း ပုဆိုးကို ကိုက္ထားတယ္။ ပါးစပ္က ပုဆိုးကို ဆြဲထုတ္တာ ထုတ္မရဘူး၊ စို႔ထားတာဆို ထုတ္လို႔ရတယ္၊ ကိုက္ထားတာမို႔ ထုတ္လို႔မရဘူး။ ရင္ဘက္မွာလည္း ေသြးေသာက္အဖြဲ႕ဆိုၿပီး ေရးထားတဲ့ စာ႐ြက္ေတြ႕တယ္ " ဟု ေဒသခံလူမႈကယ္ဆယ္ေရးအသင္း၏ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ေသဆုံးသူသည္ အသက္ (၂ဝ)ႏွစ္ေက်ာ္ အ႐ြယ္ခန႔္ရွိ အမ်ိဳးသားတစ္ဦး ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ႐ုပ္အေလာင္းအား လူမႈကယ္ဆယ္ေရးအသင္းကားျဖင့္ မႏၲေလးေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.