ကဆုန်လပြည့်နေ့၌ မန္တလေးမြို့တွင် သံဃာတော် အပါး(၁ဝဝဝဝ)ကျော်အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပမည်

995

ယွန်း (NP News) - ဧပြီ ၁၉
လာမည့် ကဆုန်လပြည့်နေ့၌ မန္တလေးမြို့ လေးပြင်လေးရပ်မှ သံဃာတော် အပါး(၁ဝဝဝဝ)ကျော်ကို ဆွမ်းဆန်စိမ်းလောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကျင်းပရေးနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ(၁၈)ရက်တွင် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး နှစ်ထပ်ဆောင် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
နှစ်သစ်ကူးကာလတွင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ အဆိုပါ အခမ်းအနားကို ကျင်းပရခြင်းဖြစ်ကြောင်း အစည်းအဝေးမှ သိရသည်။
အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကကြီးမှူး၍ လာမည့် ကဆုန်လပြည့်နေ(မေလ ၃ ရက်)၊ နံနက်ပိုင်းတွင် ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါနေ့ နံနက်ပိုင်းတွင် ကျုံးအရှေ့ဘက်(အရှေ့ပြင်) ၆၆ လမ်းအတိုင်း သံဃာတော်(၂၅၆၇)ပါး၊ ကျုံးတောင်ဘက်(တောင်ပြင်) ၂၆ လမ်းအတိုင်း သံဃာတော်(၂၅၆၇)ပါး၊ ကျုံးမြောက်ဘက်(မြောက်ပြင်) ၁၂ လမ်းအတိုင်း သံဃာတော် (၂၅၆၇)ပါးနှင့် ကျုံး အနောက်ဘက်(နောက်ပြင်) လမ်း ၈ဝ အတိုင်း သံဃာ တော်(၂၅၆၇)ပါး စုစုပေါင်း သံဃာတော်(၁ဝ၂၆၈)ပါးတို့ကို ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများ လောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်ရင်ပြင်တွင်လည်း မေလ(၂)ရက်နံနက်ပိုင်းတွင်သံဃာ (၁၁၁၁၁)ပါး ဆွမ်းဆန်စိမ်းလောင်း လှူပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနားကို ကျင်းပသွားမည်ဖြစ်သည်။

zawgyi version
ကဆုန္လျပည့္ေန႔၌ မႏၲေလးၿမိဳ႕တြင္ သံဃာေတာ္ အပါး(၁ဝဝဝဝ)ေက်ာ္အား ဆြမ္းဆန္စိမ္းေလာင္းလႉပြဲ က်င္းပမည္
ယြန္း (NP News) - ဧၿပီ ၁၉
လာမည့္ ကဆုန္လျပည့္ေန႔၌ မႏၲေလးၿမိဳ႕ ေလးျပင္ေလးရပ္မွ သံဃာေတာ္ အပါး(၁ဝဝဝဝ)ေက်ာ္ကို ဆြမ္းဆန္စိမ္းေလာင္းလႉသြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ အခမ္းအနားက်င္းပေရးႏွင့္ပတ္သက္၍ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးကို ဧၿပီလ(၁၈)ရက္တြင္ မႏၲေလးတိုင္း ေဒသႀကီးအစိုးရအဖြဲ႕႐ုံး ႏွစ္ထပ္ေဆာင္ အစည္းအေဝးခန္းမတြင္ က်င္းပခဲ့သည္။
ႏွစ္သစ္ကူးကာလတြင္ ျမန္မာႏိုင္ငံသူ၊ ႏိုင္ငံသားမ်ား ေဘးအႏၲရာယ္ကင္းရွင္းေစရန္ ရည္႐ြယ္၍ အဆိုပါ အခမ္းအနားကို က်င္းပရျခင္းျဖစ္ေၾကာင္း အစည္းအေဝးမွ သိရသည္။
အခမ္းအနားကို မႏၲေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႕ကႀကီးမႉး၍ လာမည့္ ကဆုန္လျပည့္ေန(ေမလ ၃ ရက္)၊ နံနက္ပိုင္းတြင္ က်င္းပသြားမည္ျဖစ္သည္။
အဆိုပါေန႔ နံနက္ပိုင္းတြင္ က်ဳံးအေရွ႕ဘက္(အေရွ႕ျပင္) ၆၆ လမ္းအတိုင္း သံဃာေတာ္(၂၅၆၇)ပါး၊ က်ဳံးေတာင္ဘက္(ေတာင္ျပင္) ၂၆ လမ္းအတိုင္း သံဃာေတာ္(၂၅၆၇)ပါး၊ က်ဳံးေျမာက္ဘက္(ေျမာက္ျပင္) ၁၂ လမ္းအတိုင္း သံဃာေတာ္ (၂၅၆၇)ပါးႏွင့္ က်ဳံး အေနာက္ဘက္(ေနာက္ျပင္) လမ္း ၈ဝ အတိုင္း သံဃာ ေတာ္(၂၅၆၇)ပါး စုစုေပါင္း သံဃာေတာ္(၁ဝ၂၆၈)ပါးတို႔ကို ဆြမ္း၊ ဆြမ္းဟင္း၊ လႉဖြယ္ပစၥည္းမ်ားႏွင့္ နဝကမၼဝတၳဳေငြမ်ား ေလာင္းလႉသြားမည္ျဖစ္ေၾကာင္း သိရသည္။
အလားတူ ရန္ကုန္ၿမိဳ႕ရွိ ေ႐ႊတိဂုံေစတီေတာ္ရင္ျပင္တြင္လည္း ေမလ(၂)ရက္နံနက္ပိုင္းတြင္သံဃာ (၁၁၁၁၁)ပါး ဆြမ္းဆန္စိမ္းေလာင္း လႉပြဲႏွင့္ ဗုဒၶါဘိေသကအေနကဇာတင္ မဂၤလာအခမ္းအနားကို က်င္းပသြားမည္ျဖစ္သည္။