ပြည်ကြီးတံခွန်မြို့နယ်ရှိ ထိပ်တန်းရွှေဆိုင်မှ ငွေကျပ်သိန်း (၃ဝဝဝ)နီးပါး တန်ဖိုးရှိ ရွှေလက်ဝတ်ရတနာမျိုးစုံ ဓါးပြတိုက်ခံရ

 1276

NP News - ဧပြီ ၁၉

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ထိပ်တန်းရွှေဆိုင်မှ ငွေကျပ်သိန်း(၃ဝဝဝ)နီးပါးတန်ဖိုးရှိ ရွှေထည်လက်ဝတ်ရတနာမျိုးစုံ ဓါးပြတိုက်လုယက်ခံခဲ့ရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့(ဧပြီလ ၁၉ ရက်)၊ နေ့လည် ၂ နာရီအချိန်ခန့်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ)ရပ်ကွက်၊ စက်မှု(၁) ဈေးရှေ့ရှိ ထိပ်တန်းအမည်ရ ရွှေဆိုင်တွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း အခင်းဖြစ်ပွားရာနေရာရှိ သတင်းအရင်းအမြစ်က NP News ကို ပြောသည်။

ဆိုင်ကယ်(၂)စီးဖြင့် အမျိုးသား(၄)ဦးသည် ရွှေဆိုင်ရှေ့သို့ ရောက်ရှိလာကာ ဆိုင်အတွင်းဝင်ရောက်ပြီးနောက် သေနတ်၊ ဓါးအရှည်များဖြင့် ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရသည်။

ထိုသို့ ခြိမ်းခြောက်ပြောဆိုခဲ့ပြီးနောက် ရွှေဆိုင်အတွင်းရှိ ကာလတန်ဖိုးငွေကျပ်သိန်း (၂၇ဝဝ)ကျော်တန်ဖိုးရှိ ရွှေထည် လက်ဝတ်ရတနာမျိုးစုံ (၁)ပိဿကျော်ခန့်ကို အထက်ပါအမျိုးသား(၄)ဦးက ဓါးပြတိုက်ယူဆောင်သွားခဲ့ကြောင်း သိရ သည်။

အဆိုပါဓါးပြတိုက်မှုဖြစ်ပွားခဲ့ပြီးနောက် သက်ဆိုင်ရာလုံခြုံရေးပူးပေါင်းအဖွဲ့က အခင်းဖြစ်ပွားရာနေရာတစ်ဝိုက်အား ပိတ်ဆို့ စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂ဝ၂၁ ခုနှစ် နောက်ပိုင်း မန္တလေးတိုင်းအတွင်းရှိ ရွှေဆိုင်များတွင် ဓါးပြတိုက်လုယက်ခံရသည့် ဖြစ်စဉ်အများအပြား ဖြစ်ပွားခဲ့သည်ကို တွေ့ရှိရပြီး လုယက်မှု၊ အကြမ်းဖက်သတ်ဖြတ်မှုဖြစ်စဉ်များလည်း ဖြစ်ပွားလျက်ရှိနေသည်ကို တွေ့ရသည်။

zawgyi version
ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ရွိ ထိပ္တန္းေ႐ႊဆိုင္မွ ေငြက်ပ္သိန္း (၃ဝဝဝ)နီးပါး တန္ဖိုးရွိ ေ႐ႊလက္ဝတ္ရတနာမ်ိဳးစုံ ဓါးျပတိုက္ခံရ

NP News - ဧၿပီ ၁၉

မႏၲေလးတိုင္း၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ရွိ ထိပ္တန္းေ႐ႊဆိုင္မွ ေငြက်ပ္သိန္း(၃ဝဝဝ)နီးပါးတန္ဖိုးရွိ ေ႐ႊထည္လက္ဝတ္ရတနာမ်ိဳးစုံ ဓါးျပတိုက္လုယက္ခံခဲ့ရေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔(ဧၿပီလ ၁၉ ရက္)၊ ေန႔လည္ ၂ နာရီအခ်ိန္ခန႔္တြင္ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ (ဇ)ရပ္ကြက္၊ စက္မႈ(၁) ေဈးေရွ႕ရွိ ထိပ္တန္းအမည္ရ ေ႐ႊဆိုင္တြင္ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ေၾကာင္း အခင္းျဖစ္ပြားရာေနရာရွိ သတင္းအရင္းအျမစ္က NP News ကို ေျပာသည္။

ဆိုင္ကယ္(၂)စီးျဖင့္ အမ်ိဳးသား(၄)ဦးသည္ ေ႐ႊဆိုင္ေရွ႕သို႔ ေရာက္ရွိလာကာ ဆိုင္အတြင္းဝင္ေရာက္ၿပီးေနာက္ ေသနတ္၊ ဓါးအရွည္မ်ားျဖင့္ ၿခိမ္းေျခာက္ေျပာဆိုခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ၿခိမ္းေျခာက္ေျပာဆိုခဲ့ၿပီးေနာက္ ေ႐ႊဆိုင္အတြင္းရွိ ကာလတန္ဖိုးေငြက်ပ္သိန္း (၂၇ဝဝ)ေက်ာ္တန္ဖိုးရွိ ေ႐ႊထည္ လက္ဝတ္ရတနာမ်ိဳးစုံ (၁)ပိႆေက်ာ္ခန႔္ကို အထက္ပါအမ်ိဳးသား(၄)ဦးက ဓါးျပတိုက္ယူေဆာင္သြားခဲ့ေၾကာင္း သိရ သည္။

အဆိုပါဓါးျပတိုက္မႈျဖစ္ပြားခဲ့ၿပီးေနာက္ သက္ဆိုင္ရာလုံၿခဳံေရးပူးေပါင္းအဖြဲ႕က အခင္းျဖစ္ပြားရာေနရာတစ္ဝိုက္အား ပိတ္ဆို႔ စစ္ေဆးမႈမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

၂ဝ၂၁ ခုႏွစ္ ေနာက္ပိုင္း မႏၲေလးတိုင္းအတြင္းရွိ ေ႐ႊဆိုင္မ်ားတြင္ ဓါးျပတိုက္လုယက္ခံရသည့္ ျဖစ္စဥ္အမ်ားအျပား ျဖစ္ပြားခဲ့သည္ကို ေတြ႕ရွိရၿပီး လုယက္မႈ၊ အၾကမ္းဖက္သတ္ျဖတ္မႈျဖစ္စဥ္မ်ားလည္း ျဖစ္ပြားလ်က္ရွိေနသည္ကို ေတြ႕ရသည္။

Related news

© 2021. All rights reserved.