“ဒေါ်လာအရေး အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဘာပြောသလဲ” (ဘာသာပြန်ဆောင်းပါး)

 871

ရဲထွန်း (သီပေါ) (NP News) - ဧပြီ ၂ဝ

နိုင်ငံခြားတိုင်းပြည်များအပေါ်၊ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်ခြင်းက ဒေါ်လာလွှမ်းမိုးမှုကို နိဂုံးချုပ်စေနိုင်သည်ဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဂျဲနက် ယဲလန်က ပြောကြားလိုက်ပါသည်။ အမေရိကန်အနေဖြင့် အခြားနိုင်ငံများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ဆက်လုပ်နေသည့်အတွက် သက်ဆိုင်ရာနိုင်ငံများအနေဖြင့် မလွှဲမရှောင်သာ အမေရိကန်ဒေါ်လာကို မသုံးတော့ဘဲ အခြားရွေးချယ်စရာများကို ရှာဖွေနေကြပါသည်။

ဒေါ်လာနှင့် ဆက်နွယ်သည့် ဘဏ္ဍာရေး ဒဏ်ခတ်ပိတ်ဆို့မှုများပြုလုပ်သည့်အခါ ဒေါ်လာသြဇာလွှမ်းမိုးမှုကို ပယ်ဖျက်ကြမည့် အန္တရာယ်ရှိသည်ဟု ယဲလန်က စီအန်အန် သတင်းဌာနကို ပြောကြားခဲ့ပါသည်။

“ဒါပေါ့ရှင်၊ တရုတ်တို့ ရုရှားတို့ အီရန်တို့က တခြားရွေးချယ်အစားထိုးစရာငွေကြေးကို တီထွင်ချင်စိတ်တွေ မုချရှိမှာပေါ့” ၊ “ ဒါပေမဲ့ ‌ဒေါ်လာဆိုတဲ့ ကမ္ဘာလုံးဆိုင်ရာအရန်ငွေကြေးတစ်ရပ်ဖြစ်ဖို့ အကြောင်းအချက်များစွာလိုတယ်လေ။ တခြားနိုင်ငံတွေအနေနဲ့ ဒီလိုအချက်အလက်တွေရှိတဲ့ အခြား ရွေးချယ်စရာငွေကြေးကို တွေ့ဖို့က မလွယ်ဘူးလေ”
အမေရိကန်ဒေါ်လာ၏ ကျန်းမာရေးအခြေအနေမကောင်းသည့် အပိုင်းများကို ပြောဆိုပြီး နောက်တွင်၊ ယဲလန်က “ တကယ်လို့ အမေရိကန်နဲ့ သူ့ရဲ့မဟာမိတ်တွေက “စီးပွားဖက်များအတူ ပူးပေါင်းဆောင်ရွက်” ကြမယ်ဆိုရင် ဒဏ်ခတ်ပိတ်ဆို့မှုတွေက သိပ်ကိုအရေးပါတဲ့ လက်နက်တွေပါ” ဟု ဖြည့်စွက်ပြောကြားပါသည်။

အမေရိကန်က အသစ်ချမှတ်သော ဒဏ်ခတ်ပိတ်ဆို့မှုများ
ယဲလန်၏ မှတ်ချက်စကားမှာ အမေရိကန် ဘဏ္ဍာရေးဌာနနှင့် နိုင်ငံခြားရေးဌာနတို့က တရုတ်၊ ယူအေအီး နှင့် တူရကီ ကုမ္ပဏီများအပါအဝင် ပစ်မှတ် ၁၂ဝ နီးပါးအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်အပြီး ရက်ပိုင်းအတွင်း ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ ဆန့်ရှင်ချမှတ်သည့် ရည်ရွယ်ချက်မှာ ယူကရိန်းနှင့် စစ်ဖြစ်နေသည့် ရုရှားကို ဝိုင်းပယ် ဖိအားပေးရန်ဖြစ်သည်။

ကျွမ်းကျင်သူများက၊ အမေရိကန်၏ မဟာမိတ်နိုင်ငံများဖြစ်သော တူရကီ နှင့် ယူအေအီး ကုမ္ပဏီများ အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများမှာ အဖျက်သဘော အနှုတ်လက္ခဏာ သက်ရောက်နိုင်သည်ဟုဆိုပါသည်။
ထိုသို့ အရေးယူလိုက်သည့်အတွက် အမေရိကန်၏ လုပ်ရပ်မှာ “တရားမဝင်” ကြောင်း၊ မကျေမနပ် ဖြစ်နေသော တရုတ်နိုင်ငံက ကြေညာပါသည်။

“ ဤသည်မှာ တဖက်သတ်ကျသော ဒဏ်ခတ်ပိတ်ဆို့အရေးယူမှု စစ်စစ်ဖြစ်ပြီး၊ လက်တံရှည်သည့် တရား စီရင်ရေးပုံစံတစ်မျိုးဖြစ်ကာ၊ စီးပွားရေးလုပ်ငန်းကြီးများ၏ တရားဝင်အခွင့်အရေးနှင့် အကျိုး စီးပွားကို ပြင်းထန်စွာ ထိခိုက်ဖျက်ဆီးခြင်းဖြစ်သည့်အပြင် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်၏ တည်ငြိမ်ရေးနှင့် လုံခြုံရေးကို ဆိုးဝါးစွာသက်ရောက်မှုဖြစ်ပေါ်စေသည်။ တရုတ်နိုင်ငံက ပြင်းထန်စွာကန့်ကွက်လိုက်ပါသည်။”ဟု တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေငြာခဲ့ ပါသည်။

ဒေါ်လာနယ်ပယ်က ထွက်ခွာဖို့ စတင်နေကြပြီလား
အမေရိကန်ဒေါ်လာသည် ၁၉၄၄ ခုနှစ်ကတည်းက ငွေကြေးဘုရင်ဖြစ်ခဲ့ရာ ကမ္ဘာ့တရားဝင် အရန်ငွေကြေးလည်းဖြစ်ခဲ့ပေသည်။ ထိုစဉ်ကပင် ပေါင်စတာလင်ကဲ့သို့ တချို့တလေသော ငွေကြေးများတွင်သာ ရရှိခဲ့ဘူးသည့် သြဇာကြီးမှုမျိုးကို ဒေါ်လာက ရရှိခဲ့သည်။ သို့ဖြစ်ခြင်းကြောင့် ဒေါ်လာငွေကြေးက အမေရိကန်နိုင်ငံကို တခြားသောစီးပွားရေး အင်အားများအပေါ် ထိပ်ဆုံးက လွှမ်းမိုးနိုင်အောင် ပို့ဆောင်ပေးခဲ့လေသည်။

မည်သို့ပင်ဆိုစေကာမူ ဒေါ်လာနယ်ပယ်မှ ထွက်ခွာရေးမှာ အထူးသဖြင့် ရုရှား-ယူကရိန်း စစ်ပွဲစတင်သည့်အခါတွင် စတင်လှုပ်ရှားလာပါသည်။ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ခံရသည့် နိုင်ငံများက ဗိုလ်ကျအနိုင်ကျင့်ခံရမှုမှလွတ်မြောက်ရန်အတွက် အမေရိကန်ဒေါ်လာကို မသုံးစွဲဘဲ အခြားငွေကြေး တစ်မျိုးမျိုးကို အသုံးပြုရန် ဖြစ်နိုင်၊ မဖြစ်နိုင်စတင်မေးခွန်းထုတ်လာကြသည်။

လွန်ခဲ့သောလက ကုန်သွယ်မှုပြုသည့်အခါ အိန္ဒိယရူပီးငွေကို အသုံးပြုရန်၊ အိန္ဒိယနှင့် တခြားနိုင်ငံ ၁၈ နိုင်ငံတို့ သဘောတူလက်မှတ်ရေးထိုးခဲ့ပါသည်။ ထို့ပြင် မကြာသေးမီက နယူးဒေလီသည် မလေးရှား နှင့် ကုန်သွယ်သည့်အခါ အိန္ဒိယရူပီးငွေကို အသုံးပြုရန် သဘောာတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ ကြောင်း ကြေငြာခဲ့သည်။

အီရန်သည်လည်း တရုတ်၊ ရုရှားတို့နှင့် ကုန်သွယ်သည့်အခါ အမေရိကန်ဒေါ်လာအသုံးပြုမှုကို လုံးဝပယ်ဖျက်ကြောင်းကြေငြာပါသည်။ အိုပက်အဖွဲ့ဝင်တစ်နိုင်ငံလည်းဖြစ်၊ အစ္စလာမ်မစ်ပါဝါ၏ ဗဟိုချက်မနိုင်ငံလည်းဖြစ်သော ဆော်ဒီအာရေဗျက ရေနံဒေါ်လာ (ပက်ထရို‌ဒေါ်လာ) ကိုပယ်ဖျက်ပြီး ရေနံယွမ် (ပက်ထရို ယွမ်) ကိုလက်ခံ မည်ဖြစ်ကြောင်း ပြောကြားလိုက်ပါသည်။

ပီကင်းအနေဖြင့် ၎င်း၏ယွမ်ငွေကြေးကို ‌‌ဒေါ်လာနေရာတွင် အစားထိုးဝင်ရောက်နိုင်ရန် အပြင်းအထန်ကြိုးပမ်းနေပါသည်။ တရုတ်အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ အဖွဲ့များများဖြစ်သည့် BRICS၊ SCO နှင့် OPEC ကဲ့သို့သော အဖွဲ့များမှတဆင့် ထိုကိစ္စကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် ကြိုးစားနေသည်။ ရုရှားကလည်း နိုင်ငံတကာကုန်သွယ်ရေးတွင် တရုတ်ယွမ်ငွေကို ပိုမိုသုံးစွဲလာနေသည်။ ပူးတွဲထုတ်ဝေမည့် BRICS ငွေကြေးပေါ်ပေါက်လာရေးကို အသေအချာစဥ်းစားသုံးသပ်နေကြပါသည်။

အိုင်အမ်အက်ဖ် (IMF) အစီရင်ခံစာတစ်ခုအရ၊ တစ်ကမ္ဘာလုံးတွင် အမေရိကန်ဒေါ်လာကို နိုင်ငံခြား အရန်ငွေကြေးအဖြစ်ထားရှိကြသည့် ပမာဏသည် လွန်ခဲ့သည့်နှစ် နောက်ဆုံးသုံးလပတ်တွင် ၅၉ ရာခိုင်နှုန်းအောက်သို့ ကျဆင်းသွားခဲ့ကြောင်းသိရပါသည်။ ဤတိမ်းညွတ်မှုမှာ ယခုနှစ်တွင်လည်း ဆက်လက်ဖြစ်ပွားနေလိမ့်မည်ဟု မျှော်လင့်ရကြောင်းနှင့် ယဲလန်၏ သတိပေးချက်မှာ ဒေါ်လာ၏ အခြေအနေသည် ဖရိုဖရဲပြိုလဲသွားနိုင်သည်ဟု ညွှန်းဆိုနေပါကြောင်း ဖော်ပြအပ်ပါသည်။

US dollar may lose its dominance if nations are sanctioned, warns Treasury Secretary Janet Yellen ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။

zawgyi version
“ေဒၚလာအေရး အေမရိကန္ဘ႑ာေရးဝန္ႀကီး ဘာေျပာသလဲ” (ဘာသာျပန္ေဆာင္းပါး)
ရဲထြန္း (သီေပါ) (NP News) - ဧၿပီ ၂ဝ

ႏိုင္ငံျခားတိုင္းျပည္မ်ားအေပၚ၊ စီးပြားေရးဒဏ္ခတ္ပိတ္ဆို႔မႈမ်ား လုပ္ေဆာင္ျခင္းက ေဒၚလာလႊမ္းမိုးမႈကို နိဂုံးခ်ဳပ္ေစႏိုင္သည္ဟု အေမရိကန္ ဘ႑ာေရးဝန္ႀကီး ဂ်ဲနက္ ယဲလန္က ေျပာၾကားလိုက္ပါသည္။ အေမရိကန္အေနျဖင့္ အျခားႏိုင္ငံမ်ားအေပၚ ဒဏ္ခတ္ပိတ္ဆို႔မႈမ်ား ဆက္လုပ္ေနသည့္အတြက္ သက္ဆိုင္ရာႏိုင္ငံမ်ားအေနျဖင့္ မလႊဲမေရွာင္သာ အေမရိကန္ေဒၚလာကို မသုံးေတာ့ဘဲ အျခားေ႐ြးခ်ယ္စရာမ်ားကို ရွာေဖြေနၾကပါသည္။

ေဒၚလာႏွင့္ ဆက္ႏြယ္သည့္ ဘ႑ာေရး ဒဏ္ခတ္ပိတ္ဆို႔မႈမ်ားျပဳလုပ္သည့္အခါ ေဒၚလာၾသဇာလႊမ္းမိုးမႈကို ပယ္ဖ်က္ၾကမည့္ အႏၲရာယ္ရွိသည္ဟု ယဲလန္က စီအန္အန္ သတင္းဌာနကို ေျပာၾကားခဲ့ပါသည္။

“ဒါေပါ့ရွင္၊ တ႐ုတ္တို႔ ႐ုရွားတို႔ အီရန္တို႔က တျခားေ႐ြးခ်ယ္အစားထိုးစရာေငြေၾကးကို တီထြင္ခ်င္စိတ္ေတြ မုခ်ရွိမွာေပါ့” ၊ “ ဒါေပမဲ့ ‌ေဒၚလာဆိုတဲ့ ကမာၻလုံးဆိုင္ရာအရန္ေငြေၾကးတစ္ရပ္ျဖစ္ဖို႔ အေၾကာင္းအခ်က္မ်ားစြာလိုတယ္ေလ။ တျခားႏိုင္ငံေတြအေနနဲ႔ ဒီလိုအခ်က္အလက္ေတြရွိတဲ့ အျခား ေ႐ြးခ်ယ္စရာေငြေၾကးကို ေတြ႕ဖို႔က မလြယ္ဘူးေလ”
အေမရိကန္ေဒၚလာ၏ က်န္းမာေရးအေျခအေနမေကာင္းသည့္ အပိုင္းမ်ားကို ေျပာဆိုၿပီး ေနာက္တြင္၊ ယဲလန္က “ တကယ္လို႔ အေမရိကန္နဲ႔ သူ႔ရဲ႕မဟာမိတ္ေတြက “စီးပြားဖက္မ်ားအတူ ပူးေပါင္းေဆာင္႐ြက္” ၾကမယ္ဆိုရင္ ဒဏ္ခတ္ပိတ္ဆို႔မႈေတြက သိပ္ကိုအေရးပါတဲ့ လက္နက္ေတြပါ” ဟု ျဖည့္စြက္ေျပာၾကားပါသည္။

အေမရိကန္က အသစ္ခ်မွတ္ေသာ ဒဏ္ခတ္ပိတ္ဆို႔မႈမ်ား
ယဲလန္၏ မွတ္ခ်က္စကားမွာ အေမရိကန္ ဘ႑ာေရးဌာနႏွင့္ ႏိုင္ငံျခားေရးဌာနတို႔က တ႐ုတ္၊ ယူေအအီး ႏွင့္ တူရကီ ကုမၸဏီမ်ားအပါအဝင္ ပစ္မွတ္ ၁၂ဝ နီးပါးအေပၚ ဒဏ္ခတ္ပိတ္ဆို႔မႈခ်မွတ္အၿပီး ရက္ပိုင္းအတြင္း ေပၚထြက္လာခဲ့ျခင္းျဖစ္သည္။ ဆန႔္ရွင္ခ်မွတ္သည့္ ရည္႐ြယ္ခ်က္မွာ ယူကရိန္းႏွင့္ စစ္ျဖစ္ေနသည့္ ႐ုရွားကို ဝိုင္းပယ္ ဖိအားေပးရန္ျဖစ္သည္။

ကြၽမ္းက်င္သူမ်ားက၊ အေမရိကန္၏ မဟာမိတ္ႏိုင္ငံမ်ားျဖစ္ေသာ တူရကီ ႏွင့္ ယူေအအီး ကုမၸဏီမ်ား အေပၚ ဒဏ္ခတ္ပိတ္ဆို႔မႈမ်ားမွာ အဖ်က္သေဘာ အႏႈတ္လကၡဏာ သက္ေရာက္ႏိုင္သည္ဟုဆိုပါသည္။
ထိုသို႔ အေရးယူလိုက္သည့္အတြက္ အေမရိကန္၏ လုပ္ရပ္မွာ “တရားမဝင္” ေၾကာင္း၊ မေက်မနပ္ ျဖစ္ေနေသာ တ႐ုတ္ႏိုင္ငံက ေၾကညာပါသည္။

“ ဤသည္မွာ တဖက္သတ္က်ေသာ ဒဏ္ခတ္ပိတ္ဆို႔အေရးယူမႈ စစ္စစ္ျဖစ္ၿပီး၊ လက္တံရွည္သည့္ တရား စီရင္ေရးပုံစံတစ္မ်ိဳးျဖစ္ကာ၊ စီးပြားေရးလုပ္ငန္းႀကီးမ်ား၏ တရားဝင္အခြင့္အေရးႏွင့္ အက်ိဳး စီးပြားကို ျပင္းထန္စြာ ထိခိုက္ဖ်က္ဆီးျခင္းျဖစ္သည့္အျပင္ ကမာၻလုံးဆိုင္ရာ ေထာက္ပံ့ပို႔ေဆာင္ေရး ကြင္းဆက္၏ တည္ၿငိမ္ေရးႏွင့္ လုံၿခဳံေရးကို ဆိုးဝါးစြာသက္ေရာက္မႈျဖစ္ေပၚေစသည္။ တ႐ုတ္ႏိုင္ငံက ျပင္းထန္စြာကန႔္ကြက္လိုက္ပါသည္။”ဟု တ႐ုတ္ကုန္သြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေၾကျငာခဲ့ ပါသည္။

ေဒၚလာနယ္ပယ္က ထြက္ခြာဖို႔ စတင္ေနၾကၿပီလား
အေမရိကန္ေဒၚလာသည္ ၁၉၄၄ ခုႏွစ္ကတည္းက ေငြေၾကးဘုရင္ျဖစ္ခဲ့ရာ ကမာၻ႔တရားဝင္ အရန္ေငြေၾကးလည္းျဖစ္ခဲ့ေပသည္။ ထိုစဥ္ကပင္ ေပါင္စတာလင္ကဲ့သို႔ တခ်ိဳ႕တေလေသာ ေငြေၾကးမ်ားတြင္သာ ရရွိခဲ့ဘူးသည့္ ၾသဇာႀကီးမႈမ်ိဳးကို ေဒၚလာက ရရွိခဲ့သည္။ သို႔ျဖစ္ျခင္းေၾကာင့္ ေဒၚလာေငြေၾကးက အေမရိကန္ႏိုင္ငံကို တျခားေသာစီးပြားေရး အင္အားမ်ားအေပၚ ထိပ္ဆုံးက လႊမ္းမိုးႏိုင္ေအာင္ ပို႔ေဆာင္ေပးခဲ့ေလသည္။

မည္သို႔ပင္ဆိုေစကာမူ ေဒၚလာနယ္ပယ္မွ ထြက္ခြာေရးမွာ အထူးသျဖင့္ ႐ုရွား-ယူကရိန္း စစ္ပြဲစတင္သည့္အခါတြင္ စတင္လႈပ္ရွားလာပါသည္။ စီးပြားေရးဒဏ္ခတ္ပိတ္ဆို႔ခံရသည့္ ႏိုင္ငံမ်ားက ဗိုလ္က်အႏိုင္က်င့္ခံရမႈမွလြတ္ေျမာက္ရန္အတြက္ အေမရိကန္ေဒၚလာကို မသုံးစြဲဘဲ အျခားေငြေၾကး တစ္မ်ိဳးမ်ိဳးကို အသုံးျပဳရန္ ျဖစ္ႏိုင္၊ မျဖစ္ႏိုင္စတင္ေမးခြန္းထုတ္လာၾကသည္။

လြန္ခဲ့ေသာလက ကုန္သြယ္မႈျပဳသည့္အခါ အိႏၵိယ႐ူပီးေငြကို အသုံးျပဳရန္၊ အိႏၵိယႏွင့္ တျခားႏိုင္ငံ ၁၈ ႏိုင္ငံတို႔ သေဘာတူလက္မွတ္ေရးထိုးခဲ့ပါသည္။ ထို႔ျပင္ မၾကာေသးမီက နယူးေဒလီသည္ မေလးရွား ႏွင့္ ကုန္သြယ္သည့္အခါ အိႏၵိယ႐ူပီးေငြကို အသုံးျပဳရန္ သေဘာာတူညီခ်က္တစ္ရပ္ကို လက္မွတ္ေရးထိုးခဲ့ ေၾကာင္း ေၾကျငာခဲ့သည္။

အီရန္သည္လည္း တ႐ုတ္၊ ႐ုရွားတို႔ႏွင့္ ကုန္သြယ္သည့္အခါ အေမရိကန္ေဒၚလာအသုံးျပဳမႈကို လုံးဝပယ္ဖ်က္ေၾကာင္းေၾကျငာပါသည္။ အိုပက္အဖြဲ႕ဝင္တစ္ႏိုင္ငံလည္းျဖစ္၊ အစၥလာမ္မစ္ပါဝါ၏ ဗဟိုခ်က္မႏိုင္ငံလည္းျဖစ္ေသာ ေဆာ္ဒီအာေရဗ်က ေရနံေဒၚလာ (ပက္ထ႐ို‌ေဒၚလာ) ကိုပယ္ဖ်က္ၿပီး ေရနံယြမ္ (ပက္ထ႐ို ယြမ္) ကိုလက္ခံ မည္ျဖစ္ေၾကာင္း ေျပာၾကားလိုက္ပါသည္။

ပီကင္းအေနျဖင့္ ၎၏ယြမ္ေငြေၾကးကို ‌‌ေဒၚလာေနရာတြင္ အစားထိုးဝင္ေရာက္ႏိုင္ရန္ အျပင္းအထန္ႀကိဳးပမ္းေနပါသည္။ တ႐ုတ္အေနျဖင့္ ကမာၻလုံးဆိုင္ရာ အဖြဲ႕မ်ားမ်ားျဖစ္သည့္ BRICS၊ SCO ႏွင့္ OPEC ကဲ့သို႔ေသာ အဖြဲ႕မ်ားမွတဆင့္ ထိုကိစၥကို ေအာင္ျမင္စြာ အေကာင္အထည္ေဖာ္ႏိုင္ရန္ ႀကိဳးစားေနသည္။ ႐ုရွားကလည္း ႏိုင္ငံတကာကုန္သြယ္ေရးတြင္ တ႐ုတ္ယြမ္ေငြကို ပိုမိုသုံးစြဲလာေနသည္။ ပူးတြဲထုတ္ေဝမည့္ BRICS ေငြေၾကးေပၚေပါက္လာေရးကို အေသအခ်ာစဥ္းစားသုံးသပ္ေနၾကပါသည္။

အိုင္အမ္အက္ဖ္ (IMF) အစီရင္ခံစာတစ္ခုအရ၊ တစ္ကမာၻလုံးတြင္ အေမရိကန္ေဒၚလာကို ႏိုင္ငံျခား အရန္ေငြေၾကးအျဖစ္ထားရွိၾကသည့္ ပမာဏသည္ လြန္ခဲ့သည့္ႏွစ္ ေနာက္ဆုံးသုံးလပတ္တြင္ ၅၉ ရာခိုင္ႏႈန္းေအာက္သို႔ က်ဆင္းသြားခဲ့ေၾကာင္းသိရပါသည္။ ဤတိမ္းၫြတ္မႈမွာ ယခုႏွစ္တြင္လည္း ဆက္လက္ျဖစ္ပြားေနလိမ့္မည္ဟု ေမွ်ာ္လင့္ရေၾကာင္းႏွင့္ ယဲလန္၏ သတိေပးခ်က္မွာ ေဒၚလာ၏ အေျခအေနသည္ ဖ႐ိုဖရဲၿပိဳလဲသြားႏိုင္သည္ဟု ၫႊန္းဆိုေနပါေၾကာင္း ေဖာ္ျပအပ္ပါသည္။

US dollar may lose its dominance if nations are sanctioned, warns Treasury Secretary Janet Yellen ကို ဆီေလ်ာ္ေအာင္ ဘာသာျပန္ဆိုပါသည္။

Related news

© 2021. All rights reserved.