မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို လာမည့် မေလ(၆)ရက်တွင် နေပြည်တော်၌ ကျင်းပမည်

 1346

ယွန်း (NP News) - ဧပြီ ၂ဝ

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို လာမည့် မေလ(၆)ရက်တွင် ‌ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို နေပြည်တော် မြို့တော်ခန်းမအနီးရှိ လဟာပြင်ကဇာတ်ရုံတွင် ကျင်းပသွားမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

ယခုကျင်းပမည့် အကယ်ဒမီပေးပွဲသည် (၃)နှစ်စာကျင်းပသော အခမ်းအနားဖြစ်ပြီး ရွှေစင်ရုပ်ထုများ အပါအဝင် ကုန်ကျစရိတ်များကို နိုင်ငံတော်မှ မတည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အခမ်းအနား၌ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများအပါအဝင် Fashion Award ဆုများကိုလည်း ပေးအပ်သွားမည်ဖြစ်သည်။

သုံးနှစ်စာကျင်းပမည့် အကယ်ဒမီပေးပွဲအတွက်လည်း ရွှေကြိုမောင်‌မယ်(၃၂)ဦးကို ရွေးချယ်ထားပြီးဖြစ်သည်။

အလားတူ ယခုနှစ်ကျင်းပမည့် အကယ်ဒမီဆုပေးပွဲကို ပြီးခဲ့သည့်နှစ်များက ကျင်းပခဲ့သည့် ပုံစံများနှင့်မတူညီဘဲ ခေတ်နှင့်လျော်ညီစွာ ကျင်းပနိုင်ရန် နည်းပညာပိုင်းများ၊ Lighting များ အပါအဝင် Program များဖြင့် စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုေပးပြဲကို လာမည့္ ေမလ(၆)ရက္တြင္ ေနျပည္ေတာ္၌ က်င္းပမည္

ယြန္း (NP News) - ဧၿပီ ၂ဝ

ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုေပးပြဲကို လာမည့္ ေမလ(၆)ရက္တြင္ ‌က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားကို ေနျပည္ေတာ္ ၿမိဳ႕ေတာ္ခန္းမအနီးရွိ လဟာျပင္ကဇာတ္႐ုံတြင္ က်င္းပသြားမည္ျဖစ္ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

ယခုက်င္းပမည့္ အကယ္ဒမီေပးပြဲသည္ (၃)ႏွစ္စာက်င္းပေသာ အခမ္းအနားျဖစ္ၿပီး ေ႐ႊစင္႐ုပ္ထုမ်ား အပါအဝင္ ကုန္က်စရိတ္မ်ားကို ႏိုင္ငံေတာ္မွ မတည္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ အခမ္းအနား၌ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုမ်ားအပါအဝင္ Fashion Award ဆုမ်ားကိုလည္း ေပးအပ္သြားမည္ျဖစ္သည္။

သုံးႏွစ္စာက်င္းပမည့္ အကယ္ဒမီေပးပြဲအတြက္လည္း ေ႐ႊႀကိဳေမာင္‌မယ္(၃၂)ဦးကို ေ႐ြးခ်ယ္ထားၿပီးျဖစ္သည္။

အလားတူ ယခုႏွစ္က်င္းပမည့္ အကယ္ဒမီဆုေပးပြဲကို ၿပီးခဲ့သည့္ႏွစ္မ်ားက က်င္းပခဲ့သည့္ ပုံစံမ်ားႏွင့္မတူညီဘဲ ေခတ္ႏွင့္ေလ်ာ္ညီစြာ က်င္းပႏိုင္ရန္ နည္းပညာပိုင္းမ်ား၊ Lighting မ်ား အပါအဝင္ Program မ်ားျဖင့္ စီမံေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.