သရုပ်ဆောင်မင်းရာဇာအား သက်ငယ်မုဒိမ်းမှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ်(၂ဝ)ချမှတ်

 1737

NP News - ဧပြီ ၂ဝ

သရုပ်ဆောင်မင်းရာဇာကို သက်ငယ်မုဒိမ်းမှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ်(၂ဝ) ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

၎င်းအား ယနေ့(ဧပြီလ ၂ဝ ရက်)တွင် သင်္ကန်းကျွန်းခရိုင်တရားရုံးက မုဒိမ်းမှုပုဒ်မ(၃၇၆)အရ အလုပ်နှင့် ထောင်ဒဏ် နှစ်(၂ဝ) ချမှတ်လိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်အတွင်း သရုပ်ဆောင်မင်းရာဇာ အပါအဝင် (၃)ဦးသည် အိမ်ဖော်အမျိုးသမီးငယ်တစ်ဦးကို ကိုယ်ထိလက်ရောက်အနိုင်ကျင့်မှုဖြင့် တရားစွဲဆိုခံခဲ့ရပြီး သရုပ်ဆောင်မင်းရာဇာအနေဖြင့်လည်း မုဒိမ်းမှုဖြင့်ပါ တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။

မုဒိမ်းမှုနှင့်ပတ်သက်၍ အိမ်ဖော်အမျိုးသမီးငယ်ဘက်မှ ကူညီဆောင်ရွက်ပေးနေသော ရှေ့နေဖြစ်သူ ဒေါ်နော်အုန်းလှက “ယနေ့ ၂ဝ-၄-၂ဝ၂၃ ရက်နေ့ သင်္ကန်းကျွန်းခရိုင်တရားရုံးက သရုပ်ဆောင်မင်းရာဇာရဲ့ မုဒိမ်းမှုပုဒ်မ (၃၇၆) ကို အလုပ်နှင့် ထောင်ဒဏ် (၂ဝ)နှစ် ချမှတ်လိုက်ပါတယ်” လို့ ရေးသားထားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ပြီးခဲ့သော မတ်လအတွင်းကလည်း သရုပ်ဆောင်မင်းရာဇာ အပါအဝင် ၎င်း၏ဇနီးဖြစ်သူ မဖူးပွင့်ငုံနှင့် ကိုအောင်လွင်စိုး(ခေါ်)ရခိုင်တို့ (၃)ဦးသည် အိမ်ဖော်အမျိုးသမီးငယ်အား ကိုယ်ထိလက်ရောက် အနိုင်ကျင့်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ(၃၂၆)အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၅)နှစ်စီ ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။

ထို့ကြောင့် သရုပ်ဆောင်မင်းရာဇာသည် ရာဇသတ်ကြီးဥပဒေပုဒ်မ(၃၂၆) အပါအဝင် မုဒိမ်းမှုပုဒ်မ(၃၇၆)အရ စုစုပေါင်း အလုပ်နှင့် ထောင်ဒဏ်(၂၅)နှစ်အထိ ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

zawgyi version
သ႐ုပ္ေဆာင္မင္းရာဇာအား သက္ငယ္မုဒိမ္းမႈျဖင့္ အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ ႏွစ္(၂ဝ)ခ်မွတ္

NP News - ဧၿပီ ၂ဝ

သ႐ုပ္ေဆာင္မင္းရာဇာကို သက္ငယ္မုဒိမ္းမႈျဖင့္ အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ ႏွစ္(၂ဝ) ခ်မွတ္လိုက္ေၾကာင္း သတင္းရရွိသည္။

၎အား ယေန႔(ဧၿပီလ ၂ဝ ရက္)တြင္ သကၤန္းကြၽန္းခ႐ိုင္တရား႐ုံးက မုဒိမ္းမႈပုဒ္မ(၃၇၆)အရ အလုပ္ႏွင့္ ေထာင္ဒဏ္ ႏွစ္(၂ဝ) ခ်မွတ္လိုက္ျခင္းျဖစ္သည္။

ၿပီးခဲ့သည့္ ၂ဝ၂ဝ ျပည့္ႏွစ္အတြင္း သ႐ုပ္ေဆာင္မင္းရာဇာ အပါအဝင္ (၃)ဦးသည္ အိမ္ေဖာ္အမ်ိဳးသမီးငယ္တစ္ဦးကို ကိုယ္ထိလက္ေရာက္အႏိုင္က်င့္မႈျဖင့္ တရားစြဲဆိုခံခဲ့ရၿပီး သ႐ုပ္ေဆာင္မင္းရာဇာအေနျဖင့္လည္း မုဒိမ္းမႈျဖင့္ပါ တရားစြဲဆိုခံခဲ့ရျခင္းျဖစ္သည္။

မုဒိမ္းမႈႏွင့္ပတ္သက္၍ အိမ္ေဖာ္အမ်ိဳးသမီးငယ္ဘက္မွ ကူညီေဆာင္႐ြက္ေပးေနေသာ ေရွ႕ေနျဖစ္သူ ေဒၚေနာ္အုန္းလွက “ယေန႔ ၂ဝ-၄-၂ဝ၂၃ ရက္ေန႔ သကၤန္းကြၽန္းခ႐ိုင္တရား႐ုံးက သ႐ုပ္ေဆာင္မင္းရာဇာရဲ႕ မုဒိမ္းမႈပုဒ္မ (၃၇၆) ကို အလုပ္ႏွင့္ ေထာင္ဒဏ္ (၂ဝ)ႏွစ္ ခ်မွတ္လိုက္ပါတယ္” လို႔ ေရးသားထားခဲ့ျခင္းျဖစ္သည္။

ထို႔ျပင္ ၿပီးခဲ့ေသာ မတ္လအတြင္းကလည္း သ႐ုပ္ေဆာင္မင္းရာဇာ အပါအဝင္ ၎၏ဇနီးျဖစ္သူ မဖူးပြင့္ငုံႏွင့္ ကိုေအာင္လြင္စိုး(ေခၚ)ရခိုင္တို႔ (၃)ဦးသည္ အိမ္ေဖာ္အမ်ိဳးသမီးငယ္အား ကိုယ္ထိလက္ေရာက္ အႏိုင္က်င့္မႈ ရာဇသတ္ႀကီး ဥပေဒပုဒ္မ(၃၂၆)အရ အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္(၅)ႏွစ္စီ ျပစ္ဒဏ္ခ်မွတ္ျခင္းခံခဲ့ရသည္။

ထို႔ေၾကာင့္ သ႐ုပ္ေဆာင္မင္းရာဇာသည္ ရာဇသတ္ႀကီးဥပေဒပုဒ္မ(၃၂၆) အပါအဝင္ မုဒိမ္းမႈပုဒ္မ(၃၇၆)အရ စုစုေပါင္း အလုပ္ႏွင့္ ေထာင္ဒဏ္(၂၅)ႏွစ္အထိ ခ်မွတ္ခံခဲ့ရျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.