သရုပ်ဆောင် မေပန်းချီ၊ အဆိုတော် ရွှေရည်သိန်းတန် နှင့် The Voice Journal အယ်ဒီတာချုပ်ဟောင်း ဦးကျော်မင်းဆွေတို့ ပုဒ်မ ၅ဝ၅(က)ဖြင့် ဖမ်းဆီး အမှုဖွင့်ခံရ

 2416

NP News - ဧပြီ ၂၁

သရုပ်ဆောင် မေပန်းချီ၊ အဆိုတော် ရွှေရည်သိန်းတန်နှင့် The Voice Journal အယ်ဒီတာချုပ်ဟောင်း ဦးကျော်မင်းဆွေတို့မှာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅ဝ၅(က)ဖြင့် အမှုဖွင့် ဖမ်းဆီးခံခဲ့ရကြောင်း လုံခြုံရေးအဖွဲ့ဝင်များနှင့်နီးစပ်သော သတင်းအရင်းအမြစ်က NP News ကို ပြောသည်။

လက်ရှိတွင် The Voice Journal အယ်ဒီတာချုပ်ဟောင်း ဦးကျော်မင်းဆွေ၊ မေပန်းချီ နှင့် ရွှေရည်သိန်းတန်တို့ကို ရန်ကုန်မြို့ သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ ရဲစခန်းများ၌ အမှုဖွင့် ဖမ်းဆီးထားကြောင်း သိရသည်။

သရုပ်ဆောင်မေပန်းချီ နှင့် အဆိုတော်ရွှေရည်သိန်းတန် တို့သည် ဒဂုံမြို့သစ်(မြောက်ပိုင်းမြို့နယ်)တွင် နေထိုင်သူများဖြစ်ပြီး ၎င်းတို့အား ဧပြီ ၂ဝ ရက်တွင် မြို့မရဲစခန်း၌ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅ဝ၅(က) ဖြင့် အမှုဖွင့်ခံခဲ့ရ ခြင်းဖြစ်ကြောင်း သိရသည်။

မေပန်းချီ နှင့် ရွှေရည်သိန်းတန်တို့သည် ပြီးခဲ့သော ဧပြီ ၁၁ ရက်နေ့တွင် ၎င်းတို့၏ နေအိမ်အသီးသီး၌ ဖမ်းဆီးခံခဲ့ရပြီးနောက် စစ်ဆေးမှုများပြုလုပ်ကာ ဧပြီ ၂ဝ ရက်တွင် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါသတင်းအရင်းအမြစ်က ဆိုသည်။

ပြီးခဲ့သော ဧပြီ ၁၁ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့၊ ပဇီကြီးကျေးရွာ ဖြစ်စဉ်နှင့်ပတ်သက်၍ ၎င်းတို့(၂)ဦး၏ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားဖြန့်ဝေခဲ့မှုများအပေါ် ပုဒ်မ ၅ဝ၅(က)ဖြင့် အမှုဖွင့်ခံရခြင်းဖြစ်နိုင်ကြောင်း ပြောဆိုမှုများလည်း ရှိနေသည်။

အလားတူ The Voice Journal အယ်ဒီတာချုပ်ဟောင်းဖြစ်သူ ဦးကျော်မင်းဆွေသည်လည်း ပြီးခဲ့သော ဧပြီ ၁၂ ရက်တွင် ဖမ်းဆီးခံခဲ့ရပြီး စစ်ကြောရေးစခန်း၌ ထိန်းသိမ်းစစ်ဆေးခံခဲ့ရကြောင်း သိရသည်။

ဦးကျော်မင်းဆွေသည် ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ၎င်းအား ထိန်းသိမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဧပြီ ၂ဝ ရက်တွင် စမ်းချောင်းမြို့မရဲစခန်း၌ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅ဝ၅(က)ဖြင့် အမှုဖွင့် ခံခဲ့ရကြောင်း သိရသည်။

အယ်ဒီတာချုပ်ဟောင်း ဦးကျော်မင်းဆွေ ဖမ်းဆီးအမှုဖွင့်ခံရခြင်းမှာလည်း ပဇီကြီးကျေးရွာဖြစ်စဉ်နှင့်ပတ်သက်၍ ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားဖြန့်ဝေခဲ့မှုများနှင့်ပတ်သက်မှုရှိနိုင်ကြောင်း သုံးသပ်ပြောဆိုမှုများလည်း ရှိနေသည်။

NP News အနေဖြင့် ယနေ့(ဧပြီ ၂၁ ရက်) တွင် ဦးကျော်မင်းဆွေ၊ မေပန်းချီ၊ ရွှေရည်သိန်းတန်တို့၏ Facebook အကောင့်များအား ကြည့်ရှုခဲ့သော်လည်း ပဇီကြီးကျေးရွာဖြစ်စဉ်နှင့်ပတ်သက်သော ရေးသားမှုများကို မတွေ့ခဲ့ရပေ။

Zawgyi Version;
သ႐ုပ္ေဆာင္ ေမပန္းခ်ီ၊ အဆိုေတာ္ ေ႐ႊရည္သိန္းတန္ ႏွင့္ The Voice Journal အယ္ဒီတာခ်ဳပ္ေဟာင္း ဦးေက်ာ္မင္းေဆြတို႔ ပုဒ္မ ၅ဝ၅(က)ျဖင့္ ဖမ္းဆီး အမႈဖြင့္ခံရ
NP News - ဧၿပီ ၂၁

သ႐ုပ္ေဆာင္ ေမပန္းခ်ီ၊ အဆိုေတာ္ ေ႐ႊရည္သိန္းတန္ႏွင့္ The Voice Journal အယ္ဒီတာခ်ဳပ္ေဟာင္း ဦးေက်ာ္မင္းေဆြတို႔မွာ ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၅ဝ၅(က)ျဖင့္ အမႈဖြင့္ ဖမ္းဆီးခံခဲ့ရေၾကာင္း လုံၿခဳံေရးအဖြဲ႕ဝင္မ်ားႏွင့္နီးစပ္ေသာ သတင္းအရင္းအျမစ္က NP News ကို ေျပာသည္။

လက္ရွိတြင္ The Voice Journal အယ္ဒီတာခ်ဳပ္ေဟာင္း ဦးေက်ာ္မင္းေဆြ၊ ေမပန္းခ်ီ ႏွင့္ ေ႐ႊရည္သိန္းတန္တို႔ကို ရန္ကုန္ၿမိဳ႕ သက္ဆိုင္ရာၿမိဳ႕နယ္အသီးသီးရွိ ရဲစခန္းမ်ား၌ အမႈဖြင့္ ဖမ္းဆီးထားေၾကာင္း သိရသည္။

သ႐ုပ္ေဆာင္ေမပန္းခ်ီ ႏွင့္ အဆိုေတာ္ေ႐ႊရည္သိန္းတန္ တို႔သည္ ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္းၿမိဳ႕နယ္)တြင္ ေနထိုင္သူမ်ားျဖစ္ၿပီး ၎တို႔အား ဧၿပီ ၂ဝ ရက္တြင္ ၿမိဳ႕မရဲစခန္း၌ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၅ဝ၅(က) ျဖင့္ အမႈဖြင့္ခံခဲ့ရ ျခင္းျဖစ္ေၾကာင္း သိရသည္။

ေမပန္းခ်ီ ႏွင့္ ေ႐ႊရည္သိန္းတန္တို႔သည္ ၿပီးခဲ့ေသာ ဧၿပီ ၁၁ ရက္ေန႔တြင္ ၎တို႔၏ ေနအိမ္အသီးသီး၌ ဖမ္းဆီးခံခဲ့ရၿပီးေနာက္ စစ္ေဆးမႈမ်ားျပဳလုပ္ကာ ဧၿပီ ၂ဝ ရက္တြင္ အမႈဖြင့္ခဲ့ျခင္းျဖစ္ေၾကာင္း အထက္ပါသတင္းအရင္းအျမစ္က ဆိုသည္။

ၿပီးခဲ့ေသာ ဧၿပီ ၁၁ ရက္ နံနက္ပိုင္းတြင္ စစ္ကိုင္းတိုင္း၊ ကန႔္ဘလူၿမိဳ႕၊ ပဇီႀကီးေက်း႐ြာ ျဖစ္စဥ္ႏွင့္ပတ္သက္၍ ၎တို႔(၂)ဦး၏ လူမႈကြန္ရက္စာမ်က္ႏွာမ်ား၌ ေရးသားျဖန႔္ေဝခဲ့မႈမ်ားအေပၚ ပုဒ္မ ၅ဝ၅(က)ျဖင့္ အမႈဖြင့္ခံရျခင္းျဖစ္ႏိုင္ေၾကာင္း ေျပာဆိုမႈမ်ားလည္း ရွိေနသည္။

အလားတူ The Voice Journal အယ္ဒီတာခ်ဳပ္ေဟာင္းျဖစ္သူ ဦးေက်ာ္မင္းေဆြသည္လည္း ၿပီးခဲ့ေသာ ဧၿပီ ၁၂ ရက္တြင္ ဖမ္းဆီးခံခဲ့ရၿပီး စစ္ေၾကာေရးစခန္း၌ ထိန္းသိမ္းစစ္ေဆးခံခဲ့ရေၾကာင္း သိရသည္။

ဦးေက်ာ္မင္းေဆြသည္ ရန္ကုန္တိုင္း၊ စမ္းေခ်ာင္းၿမိဳ႕နယ္တြင္ ေနထိုင္သူျဖစ္ၿပီး ၎အား ထိန္းသိမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ၿပီးေနာက္ ဧၿပီ ၂ဝ ရက္တြင္ စမ္းေခ်ာင္းၿမိဳ႕မရဲစခန္း၌ ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၅ဝ၅(က)ျဖင့္ အမႈဖြင့္ ခံခဲ့ရေၾကာင္း သိရသည္။

အယ္ဒီတာခ်ဳပ္ေဟာင္း ဦးေက်ာ္မင္းေဆြ ဖမ္းဆီးအမႈဖြင့္ခံရျခင္းမွာလည္း ပဇီႀကီးေက်း႐ြာျဖစ္စဥ္ႏွင့္ပတ္သက္၍ ၎၏ လူမႈကြန္ရက္စာမ်က္ႏွာ၌ ေရးသားျဖန႔္ေဝခဲ့မႈမ်ားႏွင့္ပတ္သက္မႈရွိႏိုင္ေၾကာင္း သုံးသပ္ေျပာဆိုမႈမ်ားလည္း ရွိေနသည္။

NP News အေနျဖင့္ ယေန႔(ဧၿပီ ၂၁ ရက္) တြင္ ဦးေက်ာ္မင္းေဆြ၊ ေမပန္းခ်ီ၊ ေ႐ႊရည္သိန္းတန္တို႔၏ Facebook အေကာင့္မ်ားအား ၾကည့္ရႈခဲ့ေသာ္လည္း ပဇီႀကီးေက်း႐ြာျဖစ္စဥ္ႏွင့္ပတ္သက္ေသာ ေရးသားမႈမ်ားကို မေတြ႕ခဲ့ရေပ။

Related news

© 2021. All rights reserved.