မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ တက်ရောက်လာမည့် အကယ်ဒမီရရှိထားသူများအား ရွှေရင်ထိုးများပေးအပ်မည်

 5359

Pearl (NP News) - ဧပြီ ၂၂

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်မည့် အကယ်ဒမီရရှိပြီးသူများအား အကယ်ဒမီပုံရွှေရင်ထိုးများ ပေးမည်ဖြစ်ကြောင်း ရုပ်ရှင်အစည်းအရုံးမှထုတ်ပြန်ထားသည်။

ယနေ့ (ဧပြီလ ၂၂ရက်)တွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။

၂ဝ၁၉-၂ဝ၂ဝ-၂ဝ၂၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားအား လာမည့် မတ်လ (၆)ရက်တွင် နေပြည်တော်၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ တက်ရောက်လာမည့် အကယ်ဒမီရရှိပြီးသော အနုပညာရှင်နှင့် အတတ်ပညာရှင်များအား ရွှေအစစ်ဖြင့် ပြုလုပ်ထားသော အကယ်ဒမီပုံရွှေရင်ထိုးများ ပေးအပ်မည်ဖြစ်ကြောင်း ရုပ်ရှင်အစည်းအရုံးမှ ဆိုသည်။

ထိုသို့ပေးအပ်မည်ဖြစ်ရာ ရင်ထိုးများအား အခမ်းအနားကျင်းပမည့် Red Carpet ရွှေရင်ထိုးအခန်းတွင် ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

"တတ်ရောက်လာတဲ့ အကယ်ဒမီရရှိပြီးတဲ့သူတွေကိုပေးမှာ၊ အကယ်ဒမီရပြီးတဲ့လူ (၁ဝဝ)ကျော်ရှိပါတယ်"ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက NP News ကိုပြောသည်။

ထိုသို့ပေးအပ်မည့် ရွှေရင်ထိုးများအတွက် ကုန်ကျစရိတ်အား မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ အကုန်ကျခံကာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

zawgyi version
ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးက ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုေပးပြဲ တက္ေရာက္လာမည့္ အကယ္ဒမီရရွိထားသူမ်ားအား ေ႐ႊရင္ထိုးမ်ားေပးအပ္မည္

Pearl (NP News) - ဧၿပီ ၂၂

ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုေပးပြဲအခမ္းအနားသို႔ တက္ေရာက္မည့္ အကယ္ဒမီရရွိၿပီးသူမ်ားအား အကယ္ဒမီပုံေ႐ႊရင္ထိုးမ်ား ေပးမည္ျဖစ္ေၾကာင္း ႐ုပ္ရွင္အစည္းအ႐ုံးမွထုတ္ျပန္ထားသည္။

ယေန႔ (ဧၿပီလ ၂၂ရက္)တြင္ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးမွ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။

၂ဝ၁၉-၂ဝ၂ဝ-၂ဝ၂၃ ခုႏွစ္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုေပးပြဲအခမ္းအနားအား လာမည့္ မတ္လ (၆)ရက္တြင္ ေနျပည္ေတာ္၌ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါအခမ္းအနားသို႔ တက္ေရာက္လာမည့္ အကယ္ဒမီရရွိၿပီးေသာ အႏုပညာရွင္ႏွင့္ အတတ္ပညာရွင္မ်ားအား ေ႐ႊအစစ္ျဖင့္ ျပဳလုပ္ထားေသာ အကယ္ဒမီပုံေ႐ႊရင္ထိုးမ်ား ေပးအပ္မည္ျဖစ္ေၾကာင္း ႐ုပ္ရွင္အစည္းအ႐ုံးမွ ဆိုသည္။

ထိုသို႔ေပးအပ္မည္ျဖစ္ရာ ရင္ထိုးမ်ားအား အခမ္းအနားက်င္းပမည့္ Red Carpet ေ႐ႊရင္ထိုးအခန္းတြင္ ေပးအပ္ခ်ီးျမႇင့္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။

"တတ္ေရာက္လာတဲ့ အကယ္ဒမီရရွိၿပီးတဲ့သူေတြကိုေပးမွာ၊ အကယ္ဒမီရၿပီးတဲ့လူ (၁ဝဝ)ေက်ာ္ရွိပါတယ္"ဟု ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးမွ ဒုတိယဥကၠ႒ ဦးေအးၾကဴေလးက NP News ကိုေျပာသည္။

ထိုသို႔ေပးအပ္မည့္ ေ႐ႊရင္ထိုးမ်ားအတြက္ ကုန္က်စရိတ္အား ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးမွ အကုန္က်ခံကာ ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.