YBS ယာဥ်နှင့် ဘေးတွဲဆိုင်ကယ် တိုက်မိရာ ကလေး (၃)ဦးအပါအဝင် (၆)ဦး ဒဏ်ရာရရှိ

2214
Pearl (NP News) - ဧပြီ ၂၂
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် YBS ယာဥ်နှင့် ဘေးတွဲဆိုင်ကယ်တိုက်မိရာ ကလေး (၃)ဦးအပါ အဝင် (၆)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သာကေတလူမှုကူညီရေးအဖွဲ့ထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ (ဧပြီလ ၂၂ရက်)၊ ညနေ (၃)နာရီခွဲအချိန်ခန့်တွင် သာကေတမြို့နယ် ၊ ၇ စျေးလမ်းမနှင့် ပတ္တမြားလမ်းထိပ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းထိပ်တွင် YBS ယာဥ်နှင့် ဘေးတွဲဆိုင်ကယ် တိုက်မိမှုဖြစ်ပွားခဲ့ပြီး သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့မှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် အမျိုးသား (၁)ဦး၊ အမျိုးသမီး (၂)ဦး နှင့် ကလေး(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းတို့အား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
zawgyi version
Pearl (NP News) - ဧပြီ ၂၂
ဖြစ်စဉ်မှာ ယနေ့ (ဧပြီလ ၂၂ရက်)၊ ညနေ (၃)နာရီခွဲအချိန်ခန့်တွင် သာကေတမြို့နယ် ၊ ၇ ဈေးလမ်းမနှင့် ပတ္တမြားလမ်းထိပ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။