မုဒုံမြို့တွင် ကားနှင့်ဘေးတွဲဆိုင်ကယ်တိုက်မိရာမှ (၈)ဦးထိခိုက်ဒဏ်ရာရရှိ

 918

စော (NP News) - ဧပြီ ၂၃

မွန်ပြည်နယ် ၊ မုဒုံမြို့တွင် နာရေးမှ ပြန်လာသည့် ကားနှင့်ဘေးတွဲဆိုင်ကယ်တိုက်မိရာမှ (၈)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုသည် ယနေ့(ဧပြီလ ၂၃ ရက်)၊ မွန်းလွဲ (၂)နာရီခွဲတွင် မုဒုံမြို့၊ ဘူတာလမ်းတွင် ဖြစ်ပွားခဲ့ကြောင်း မုဒုံမြို့နယ်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

“ကျွန်တော်တို့လည်း မသိလိုက်ပါဘူး ။ ရောက်တာနဲ့ လူနာတော်တော်များလို့ လူနာကိုင်တာပဲရှိပါတယ်။ လေးယောက်ကတော့ မော်လမြိုင်ဆေးရုံတင်ပြီးတော့ လေးယောက်ကိုတော့ မုဒုံမှာပဲဆေးကုသမှုခံယူနေပါတယ် “ဟု မုဒုံမြို့နယ်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြော သည်။

ဖြစ်စဥ်ကြောင့် သုံးဘီးမောင်းသူ အမျိုးသား အပါအဝင် အမျိုးသား(၃)ဦးနှင့် အမျိုးသမီး (၅)ဦး စုစုပေါင်း (၈)ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို မော်လမြိုင်ဆေးရုံနှင့် မုဒုံဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မုဒုံမြို့နယ်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ ဆိုသည်။

zawgyi version
မုဒုံၿမိဳ႕တြင္ ကားႏွင့္ေဘးတြဲဆိုင္ကယ္တိုက္မိရာမွ (၈)ဦးထိခိုက္ဒဏ္ရာရရွိ

ေစာ (NP News) - ဧၿပီ ၂၃

မြန္ျပည္နယ္ ၊ မုဒုံၿမိဳ႕တြင္ နာေရးမွ ျပန္လာသည့္ ကားႏွင့္ေဘးတြဲဆိုင္ကယ္တိုက္မိရာမွ (၈)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါယာဥ္တိုက္မႈသည္ ယေန႔(ဧၿပီလ ၂၃ ရက္)၊ မြန္းလြဲ (၂)နာရီခြဲတြင္ မုဒုံၿမိဳ႕၊ ဘူတာလမ္းတြင္ ျဖစ္ပြားခဲ့ေၾကာင္း မုဒုံၿမိဳ႕နယ္အေရးေပၚကယ္ဆယ္ေရးအဖြဲ႕မွ သိရသည္။

“ကြၽန္ေတာ္တို႔လည္း မသိလိုက္ပါဘူး ။ ေရာက္တာနဲ႔ လူနာေတာ္ေတာ္မ်ားလို႔ လူနာကိုင္တာပဲရွိပါတယ္။ ေလးေယာက္ကေတာ့ ေမာ္လၿမိဳင္ေဆး႐ုံတင္ၿပီးေတာ့ ေလးေယာက္ကိုေတာ့ မုဒုံမွာပဲေဆးကုသမႈခံယူေနပါတယ္ “ဟု မုဒုံၿမိဳ႕နယ္အေရးေပၚကယ္ဆယ္ေရးအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာ သည္။

ျဖစ္စဥ္ေၾကာင့္ သုံးဘီးေမာင္းသူ အမ်ိဳးသား အပါအဝင္ အမ်ိဳးသား(၃)ဦးႏွင့္ အမ်ိဳးသမီး (၅)ဦး စုစုေပါင္း (၈)ဦး ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သိရသည္။

ထိခိုက္ဒဏ္ရာရရွိခဲ့သူမ်ားကို ေမာ္လၿမိဳင္ေဆး႐ုံႏွင့္ မုဒုံေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း မုဒုံၿမိဳ႕နယ္အေရးေပၚကယ္ဆယ္ေရးအဖြဲ႕မွ ဆိုသည္။

Related news

© 2021. All rights reserved.