ထိုင်းနိုင်ငံရှိ အီလက်ထရောနစ်စက်ရုံမှ အလုပ်ထုတ်ခံခဲ့ရသော အလုပ်သမားများကို အလုပ်သစ်ရရှိရန် စီစဥ်နေ

674

ယွန်း (NP News) - ဧပြီ ၂၅
ထိုင်းနိုင်ငံ၊ စမုစခွန်ခရိုင်ရှိ Cal-Comp Electronics အီလက်ထရောနစ်စက်ရုံမှ အလုပ်ထုတ်ခံခဲ့ရသည့် မြန်မာ လုပ်သားများကို အလုပ်အကိုင်အသစ် အမြန်ရရှိအောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အခြေစိုက် မြန်မာအလုပ်သမားသံအရာရှိရုံးမှ ဧပြီ(၂၄)ရက်တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
အဆိုပါ Cal-Comp Electronics အီလက်ထရောနစ်စက်ရုံမှ မြန်မာလုပ်သား(၁ဝ၅၇)ဦးသည် ပြီးခဲ့သည့် ဧပြီ(၅) ရက်တွင် အလုပ်ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။
၎င်းတို့သည် အဆိုင်း(၃)ဆိုင်းဖြင့် အလုပ်လုပ်နေရခြင်းကို မကျေနပ်၍ အဆိုင်း(၂)ဆိုင်းဖြင့် လုပ်ကိုင်လိုကြောင်း ဆန္ဒပြမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့၏ ဆန္ဒသဘောထားများကို အလုပ်သမားသံအရာရှိရုံးမှ တာဝန်ရှိသူများက အဆိုင်းအလိုက် ကောက်ခံခဲ့ရာ (၂)ဆိုင်းဖြင့် လုပ်ကိုင်ရန် ရွေးချယ်မှုမှာ ရာခိုင်နှုန်းပိုများခဲ့သည်။
သို့ဖြစ်၍ (၂)ဆိုင်းဖြင့် လုပ်ကိုင်ရန် ရွေးချယ်ခဲ့သူများကို အလုပ်ထုတ်ပယ်ခဲ့ပြီး ဥပဒေနှင့်အညီ အနည်းဆုံး ဘတ် (၁၉၄၁၅) ဘတ်မှ အမြင့်ဆုံး (၉၆၇၆၉) ဘတ်အထိ လျော်ကြေးပေးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အလုပ်ထုတ်ခံခဲ့ရသူများတွင် အလုပ်အကိုင်ရရှိလိုသူများရှိနေခြင်းကြောင့် ၎င်းတို့အတွက် အလုပ်သစ်အမြန်ရရှိရေး အတွက် ရက်ပိုင်းအတွင်း ဆောင်ရွက်ရန် စီစဥ်နေကြောင်း အလုပ်သမားသံအရာရှိရုံးမှ ထုတ်ပြန်ထားသည်။

Zawgyi Version;
ထိုင္းႏိုင္ငံရွိ အီလက္ထေရာနစ္စက္႐ုံမွ အလုပ္ထုတ္ခံခဲ့ရေသာ အလုပ္သမားမ်ားကို အလုပ္သစ္ရရွိရန္ စီစဥ္ေန
ယြန္း (NP News) - ဧၿပီ ၂၅
ထိုင္းႏိုင္ငံ၊ စမုစခြန္ခ႐ိုင္ရွိ Cal-Comp Electronics အီလက္ထေရာနစ္စက္႐ုံမွ အလုပ္ထုတ္ခံခဲ့ရသည့္ ျမန္မာ လုပ္သားမ်ားကို အလုပ္အကိုင္အသစ္ အျမန္ရရွိေအာင္ ေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း သိရသည္။
ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕အေျခစိုက္ ျမန္မာအလုပ္သမားသံအရာရွိ႐ုံးမွ ဧၿပီ(၂၄)ရက္တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
အဆိုပါ Cal-Comp Electronics အီလက္ထေရာနစ္စက္႐ုံမွ ျမန္မာလုပ္သား(၁ဝ၅၇)ဦးသည္ ၿပီးခဲ့သည့္ ဧၿပီ(၅) ရက္တြင္ အလုပ္ထုတ္ပယ္ခံခဲ့ရျခင္းျဖစ္သည္။
၎တို႔သည္ အဆိုင္း(၃)ဆိုင္းျဖင့္ အလုပ္လုပ္ေနရျခင္းကို မေက်နပ္၍ အဆိုင္း(၂)ဆိုင္းျဖင့္ လုပ္ကိုင္လိုေၾကာင္း ဆႏၵျပမႈမ်ားျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ၎တို႔၏ ဆႏၵသေဘာထားမ်ားကို အလုပ္သမားသံအရာရွိ႐ုံးမွ တာဝန္ရွိသူမ်ားက အဆိုင္းအလိုက္ ေကာက္ခံခဲ့ရာ (၂)ဆိုင္းျဖင့္ လုပ္ကိုင္ရန္ ေ႐ြးခ်ယ္မႈမွာ ရာခိုင္ႏႈန္းပိုမ်ားခဲ့သည္။
သို႔ျဖစ္၍ (၂)ဆိုင္းျဖင့္ လုပ္ကိုင္ရန္ ေ႐ြးခ်ယ္ခဲ့သူမ်ားကို အလုပ္ထုတ္ပယ္ခဲ့ၿပီး ဥပေဒႏွင့္အညီ အနည္းဆုံး ဘတ္ (၁၉၄၁၅) ဘတ္မွ အျမင့္ဆုံး (၉၆၇၆၉) ဘတ္အထိ ေလ်ာ္ေၾကးေပးခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ အလုပ္ထုတ္ခံခဲ့ရသူမ်ားတြင္ အလုပ္အကိုင္ရရွိလိုသူမ်ားရွိေနျခင္းေၾကာင့္ ၎တို႔အတြက္ အလုပ္သစ္အျမန္ရရွိေရး အတြက္ ရက္ပိုင္းအတြင္း ေဆာင္႐ြက္ရန္ စီစဥ္ေနေၾကာင္း အလုပ္သမားသံအရာရွိ႐ုံးမွ ထုတ္ျပန္ထားသည္။