“ဖရီးဘားမား ရိန်းဂျား” က ကယ်တင်ရှင်လား ကြေးစားစစ်သားတွေလား (ဘာသာပြန်ဆောင်းပါး)

 3316

Htay Oung (NP News) - ဧပြီ ၂၆

မြန်မာနိုင်ငံရဲ့ဖြစ်ပွားနေဆဲ ပြည်တွင်းပဋိပက္ခမှာ သူပုန်များထံ လူသားချင်းစာနာမှုဆိုင်ရာအကူအညီများကို ယူ ဆောင်လာတယ်ဆိုသူ အမေရိကန်အထူးတပ်ဖွဲ့အရာရှိဟောင်း “ဒေ့ဗ်_အီးဘန့်” ဟာ ၂၅ နှစ်လုံးလုံး ကျည်ဆန်များ နဲ့မပတ်သက်အောင်နေခဲ့သူဖြစ်ပါတယ်။ ဝေဖန်သူတွေကတော့ သူဟာ တိုက်ပွဲနဲ့ ကယ်ဆယ်ရေးလုပ်ငန်းများ အကြား မျဉ်းကြောင်းများကို မှုန်ဝါးစေသူဖြစ်တယ်လို့ ဆိုကြပါတယ်။ အမှန်တရားကို သိရှိဖို့အတွက် သူနဲ့အတူ တောထဲမှာ သုံးပတ်ကြာအောင် နေထိုင်ခဲ့တယ်လို့ Rolling Stone က ဧပြီလ ၂၆ ရက်တုန်းက ရေးသားခဲ့ပါတယ်။

“ရိုလင်းစတုန်း” ဟာ အမေရိကန် နယူးယောက်အခြေစိုက် လစဉ်ထုတ် မဂ္ဂဇင်းဖြစ်ပါတယ်။ ၁၉၆၇ ခုနှစ် စတင် ထုတ်ဝေစဉ်ကတည်းက ရုပ်ရှင်-ဂီတ-ရုပ်သံနဲ့ ယဉ်ကျေးမှုရေးရာတို့ကို ငြိမ်းချမ်းရေးအသားပေးတဲ့ဘက်က ရပ်တည်ဖော်ပြလျက်ရှိပါတယ်။ ပထမဆုံးအနေနဲ့ ဗြိတိသျှ “ဘီးတဲလ်” အဖွဲ့မှ ဗီယက်နမ်စစ်ဆန့်ကျင်သူ ဂီတ ပညာရှင် “ဂျွန်လင်နွန်” ပုံကို မျက်နှာဖုံးအဖြစ် အသုံးပြုပြီး နှစ်ပတ်တစ်ကြိမ်ထုတ်ဝေခဲ့ပါတယ်။ ၂ဝဝဝ ပြည့်နှစ် နောက်ပိုင်း ထုတ်ဝေသူအပြောင်းအလဲနဲ့အတူ ရုပ်ရှင်-ဂီတ-ယဉ်ကျေးမှုရေးရာ၊ အမေရိကန်စစ်တပ်ရဲ့ “စစ်ယဉ် ကျေးမှု” နဲ့ အမေရိကန်နိုင်ငံရေးလောကရဲ့အကျင့်ပျက်ခြစားမှုများကို ဖွင့်ချဝေဖန်တဲ့ စစ်ဆန့်ကျင်ရေး-ငြိမ်းချမ်း ရေး မဂ္ဂဇင်းအဖြစ် အရောင်းရဆုံး မဂ္ဂဇင်းတစ်ခုဖြစ်လာပါတယ်။

၂ဝ၁ဝ ပြည့်နှစ် ဇွန်လ သမ္မတအိုဘားမားလက်ထက် ရိုလင်းစတုန်းရဲ့ “ထွက်ပြေးနေသော_ဗိုလ်ချုပ်ကြီး “ဆောင်းပါးတစ်ပုဒ်ဟာ အိမ်ဖြူတော်ကို အကြီးအကျယ် ခေါင်းကိုက်စေခဲ့ပါတယ်။ အဲဒီအချိန် ဒုတိယသမ္မတ-ယခု သမ္မတဖြစ်နေသူ ဂျိုးဘိုင်ဒင်အပါအ၀င် အစိုးရအဖွဲ့ဝင်များ၊ ပင်တာဂွန်ရဲ့ နိုင်ငံတကာလုံခြုံမှု အကူအညီပေးရေး တပ်မှူး နဲ့ အာဖဂန်နစ္စတန်ဆိုင်ရာ အမေရိကန်တပ်ဖွဲ့များရဲ့တပ်မှူး “စတန်လေ_မက်ခရစ်စ်တဲလ်” တို့ရဲ တစ်လွဲ တစ်ချော်လုပ်ရပ်များအကြောင်းကို ဖွင့်ချဖော်ပြခဲ့ပါတယ်။ လူသိရှင်ကြားဖြစ်လာပြီးနောက် မက်ခရစ်စ်တဲလ်လည်း ရာထူးမှနှုတ်ထွက်ပေးလိုက်ရတဲ့အထိ လက်သံပြောင်ခဲ့ပါတယ်။

၁၉၉ဝ ပြည့်လွန်နှစ်များမှာ ဖရီးဘားမားရိန်းဂျား FBR ကို အမေရိကန် အထူးတိုက်ခိုက်ရေး အရာရှိဟောင်းနဲ သိက္ခာ တော်ရ ခရစ်ယာန် ဘုန်းတော်ကြီးတစ်ပါးဖြစ်သူ ဒေ့ဗ်အီးဘန့်က စတင်ထူထောင်ခဲ့ပါတယ်။ သဘောထားကွဲလွဲသူ တိုင်းရင်းသား လူမျိုးစုလူနည်းစုများအပေါ် ရက်စက်စွာချေမှုန်းခြင်းဖြင့် ဆယ်စုနှစ် ခုနစ်ခုကြာ ကမ္ဘာ့အရှည်ကြာ ဆုံးပြည်တွင်းစစ်မှာ အာဏာရှင်စနစ်ကို တွန်းလှန်နေတဲ့ ဖိနှိပ်ခံတိုင်းရင်းသားများကို ဆေးဝါးကုသရေးနဲ့ စာနာမှု အကူအညီများပေးဆောင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

အခြားလူသားချင်းစာနာမှုဆိုင်ရာအဖွဲ့များ မသွားလိုတဲ့နေရာများကို အရောက်လှမ်းနိုင်ဖို့ မဆုတ်မနစ်တဲ့ ကတိ ကဝတ်များဖြင့် သူ့ရဲ့ဇနီး-သားသမီးများ၊ ရည်ရွယ်ချက်တူ ဗော်လံတီယာအနည်းငယ်နဲ့အတူ FBR က ဆောင်ရွက် ပေးနေတယ်လို့ ပြောပါတယ်။ သူ့ရဲ့ FBR အဖွဲ့ခွဲတွေကို မြန်မာနိုင်ငံရှေ့တန်းတစ်လျှောက်နဲ့ ဆီးရီးယား မြောက်ပိုင်းမှ ဆူဒန်အထိ လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ်ခြေရာခံတဲ့ လှုပ်ရှားမှုတစ်ခုအဖြစ် တည်ဆောက် ထားပါတယ်။ ဒါပေမဲ့ အီးဘန့်ဟာ သူ့မိသားစုနဲ့ ကြီးကြပ်မှုလစ်ဟာနေတဲ့ နောက်လိုက်များရဲ့အသက်အန္တရာယ်ကို လောင်းကြေးထပ်နေတဲ့ ဂျူးဒဿနလာ ပထမရာစု ရောမအင်ပါယာကို အံတုသူ “ဇီးလော့” လို ခရစ်ယာန်နိုင်ငံရေး သမားတစ်ဦးသာဖြစ်တယ်လို့ ဝေဖန်ခြင်းခံရပါတယ်။

လက်နက်ကိုင်များနဲ့အတူ တိုက်ပွဲ၀င်ခြင်း၊ စစ်ရေးလေ့ကျင့်ပေးခြင်းတို့ဟာ လူသားချင်းစာနာမှုဆိုင်ရာအလုပ်များနဲ့ တက်ကြွတဲ့အယူဝါဒဆိုင်ရာ သာသနာပြုလုပ်ငန်းများအကြား ခြားနားချက်ကို မှုန်ဝါးစေတယ်လို့ ထောက်ပြကြ ကြောင်း ရိုးလင်းစတုန်းက ရေးပါတယ်။

အထူးသဖြင့် သူ့ရဲ့အမေရိကန်စစ်ပြန်တစ်ဦးဖြစ်နေခြင်းဟာ ဒုတိယကမ္ဘာစစ်လွန် မြန်မာနိုင်ငံအတိတ်သမိုင်းမှာ တရုတ်ပြည်မကြီးမှဆုတ်ခွာလာတဲ့ စစ်ရှုံး ကူမင်တန် တရုတ်ဖြူတို့ကို အမေရိကန်စီအိုင်အေက စစ်ရေးနဲ့ အထွေ ထွေအကူအညီပေးခြင်း၊ အရှေ့တောင်အာရှဒေသအတွင်း သွေးချောင်းစီးစစ်ပွဲများ ဖြစ်ပွားစေခဲ့ခြင်းနဲ့ ရှုပ်ထွေးနေ မှာ မလွဲပါဘူး။
၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က မြန်မာနိုင်ငံမှာ အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပါတယ်။ အမျိုးသားလုံခြုံရေးအပေါ် ခြိမ်းခြောက်မှုပေါ်ပေါက်လာရင် တပ်မတော်က အာဏာရယူ ထိန်းကျောင်းခွင့် ရှိကြောင်း ၁၉၈၂ ခုနှစ် ဖွဲ့စည်းပုံမှာ အတိအလင်းထည့်သွင်းထားတဲ့နိုင်ငံမှာ “ရွေးကောက်ပွဲရလဒ်အငြင်းပွား” ဟာ အလွန်အကဲဆတ်ကြောင်း သိသာခဲ့ ပါတယ်။ မြန်မာစစ်တပ်က တောင်းဆိုတဲ့ မဲစာရင်းနဲ့ ရလဒ်များ ပြန်လည်စိစစ်ပေးရေးကို ခေါင်းမာစွာ ငြင်းပယ်ခဲ့ ရင် ဘာတွေဆက်ဖြစ်လာမလဲဆိုတာ လူတိုင်း ခန့်မှန်းလို့ရပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့မတိုင်မီ ၃ ရက်အလို NLD အစိုးရကိုယ်စားလှယ်များနဲ့ တပ်ခေါင်းဆောင်များအကြား အချေ အတင်ဖြစ်ကြပုံအကြောင်း “ရိုင်းပြ လူပါးဝခြင်း၊ ၀ရုန်းသုန်းကား ဆွေးနွေးပွဲများက အာဏာသိမ်းယူခြင်းသို့ ဦးတည်စေခဲ့” စော်ကားခံရတယ်ဆိုတဲ့ မြန်မာစစ်တပ်အကြောင်း Reuters (20 April 2023) အသေးစိတ် ရေးခဲ့ဖူး ပါတယ်။

ရွေးကောက်ပွဲကို လက်ပ်တော့ကွန်ပျူတာ အလုံးပေါင်း ၁၃ဝဝ၊ Printer ၃ဝ တို့နဲ့အကူအညီပေးခဲ့တာ အမေရိကန် ဖြစ်နေပြီး အရပ်သားအစိုးရလို့ ကမ္ဘာက သိထားတဲ့ NLD အစိုးရလက်ထက်ရွေးကောက်ပွဲမတိုင်မီ ၂ဝ၁၉ ခုနှစ် မြန်မာနိုင်ငံကို ရောက်ရှိလာသူ အဲရစ်_ ပရင့်ဖြစ်ဟာ အမေရိကန် “ဘလက်ဝါးတားပုဂ္ဂလိက စစ်တပ်” ကို တည်ထောင်သူ ဖြစ်နေပါတယ်။

အငြင်းပွားဖွယ်ရာ ပုဂ္ဂလိက လုံခြုံရေးစစ်ဘက်ဆိုင်ရာကုမ္ပဏီဟာ မြန်မာနိုင်ငံအတွင်း ပြောင်းရွှေ့လာခဲ့ကြောင်း ၁၉ ရက် မတ်လ၊ ၂ဝ၁၉ ခုနှစ်မှာ ဘာတီးလ်လင့်တနာက Asia Times မှာ ရေးသားခဲ့ပါတယ်။ တရုတ် နဲ့ အခြားနိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် လုံခြုံရေးဝန်ဆောင်မှုများပေးဖို့အတွက် မြန်မာနိုင်ငံသို့ ပြောင်းရွှေ့ လာတယ်ဆိုတဲ့ “ဖရန်တီးယား_ဆားဗစ်_ဂရု” ဟာ ယခင် အမေရိကန်ကြေးစားစစ်တပ် “ဘလက်ဝါးတား” ဖြစ် ကြောင်း၊ သတင်းထောက် နှစ်ဦးအပါအ၀င် အရပ်သား ၁၄ ဦးထက်မနည်း သေဆုံးခဲ့ရတဲ့ အီရန်နိုင်ငံ ဘဂ္ဂဒက် ပစ်ခတ်မှုအတွက် နိုင်ငံတကာရဲ့ဝိုင်းဝန်းရှုတ်ချခံရပြီးနောက် ကုမ္ပဏီအမည်ပြောင်းပြီး ဟောင်ကောင်မှာ မှတ်ပုံတင်ထားခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံမြောက်ပိုင်း အငြင်းပွားဖွယ်ရာ မြစ်ဆုံ ရေအားလျှပ်စစ်ရေအား လျှပ်စစ်ဆည်စီမံကိန်းတို့လို အကြီးစားအခြေခံအဆောက်အအုံ ပရောဂျက်များအတွက် လုံခြုံရေး ဆောင်ရွက်ပေး ဖွယ်ရှိပေမယ့် အသေးစိတ်မသိရှိရဘူးလို့ ဆိုပါတယ်။
အဲဒီကိစ္စနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးရန် မေတ္တာရပ်ခံချက်ကို ရန် ကုန်ရှိ တရုတ်သံရုံးက ငြင်းဆိုပါတယ်။ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ FSG ရဲ့သတင်းထုတ်ပြန်ချက်မှာတော့ ကုမ္ပဏီအနေနဲ့ တရုတ်ယူနန်ပြည်နယ်မှာ ရှေ့တန်း အခြေစိုက်စခန်းကို ဖွင့်လှစ်သွားမှာဖြစ်ကြောင်း၊ မွတ်စလင် ၅၈ ရာခိုင်နှုန်း ရှိနေတဲ့ ရှင်းကျန့်ပြည်နယ် အပါအ၀င် မြန်မာ၊ ထိုင်း၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့မှာ ကုမ္ပဏီများကို ဖွင့်လှစ်ပြီး ပိုမိုကောင်းမွန်တဲ့ဝန်ဆောင်မှုများ ပေးအပ်နိုင်ဖို့ ရည်ရွယ်ထားကြောင်း ဖော်ပြထားပါတယ်။

အဲဒီအချိန် တရုတ်ရဲ့ထိန်းချုပ်မှုအောက်မရှိတော့ကြောင်း သတင်းထွက်နေတဲ့ KIA တို့ ကြီးစိုးရာနယ်မြေမှာ အမေရိကန်အထူးတိုက်ခိုက်ရေး စနိုက်ဘာသမားများက ရောက်ရှိလေ့ကျင့်ပေးနေကြောင်း လူမှုကွန်ရက်မှာ ဓါတ် ပုံများပျံ့နှံံ့နေပါတယ်။ အဲဒီလိုအချိန် ပင်တာဂွန်ရဲ့စစ်ဘက်ဆိုင်ရာလှုပ်ရှားမှုများမှာ ပါဝင်တာဝန်ယူခဲ့ဖူးသူ CIA နဲ့ ပုလင်းတူ ဗူးဆို့တစ်ယောက်ကိုမှ ဘာသဘောနဲ့ လုံခြုံရေးအတွက် ငှားရမ်းရသလဲဆိုတာ စဉ်းစားစရာပါ။

ရိုးလင်းစတုန်းသတင်းထောက်များနဲ့ တွေ့ရှိချိန်မှာ ဒေ့ဗ်အီးဘန့်ဟာ သူလေ့ကျင့်ပေးထားတဲ့ ရိန်းဂျား ၂ဝ၅ ဦးကို ရန်သူ့နေရာများထံ ပို့ဆောင်ပေးဖို့ ပြင်ဆင်နေချိန်ဖြစ်ပါတယ်။ ကရင်ပြည်နယ် အရှေ့ပိုင်းမှာရှိတဲ့ အဲဒီနေရာဟာ မြန်မာ့တပ်မတော်ရဲ့အရေးကြီးအခြေစိုက်စခန်းနှစ်ခုကို ဆက်သွယ်ပေးရာ လမ်းကြောင်းပေါ်မှာ တည်ရှိနေပြီး အစိုးရတပ်များ မကြာခဏ ကင်းလှည့်လေ့ရှိတာကို တွေ့နေရပါတယ်။ ယခင်အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ဖူးပြီး ကိုယ်ရောင်ဖျောက်နိုင်စွမ်းနဲ့ ပြောက်ကျားနည်းဟာ အရေအတွက်နည်းနည်းနဲ့ လျင်မြန်မှုကို အလေးထားတယ်လို့ ဆိုပါတယ်။

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း ဒီမိုကရေစီပျောက်ဆုံးသွားတဲ့ မြန်မာနိုင်ငံမှာ “ပြည်သူ့ကာကွယ်ရေးတပ်” PDF လို့ခေါ်တဲ့ တော်လှန်ရေးပြည်သူ့စစ်တွေမှာ ဗမာအများစု ပါဝင်လာကြပြီး အီးဘန့် လေ့ကျင့်ပေးနေရသူများ ဟာလည်း ယခင်နှစ်များထက် သုံးဆပိုမိုများပြားလာကြောင်း၊ မြန်မာနိုုင်ငံအတွင်း လက်ရှိအကြမ်းဖက်မှုများဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အဆိုးရွားဆုံးဖြစ်ကြောင်း အီးဘန့်က ရှင်းပြပါတယ်။

ဒါပေမဲ့ အဲဒါတွေဟာ စစ်အုပ်ချုပ်ရေးပြဋ္ဌာန်းလိုက်လို့ ဒေါသတကြီးနဲ့ ကဖျက်ယဖျက်လုပ်တဲ့ အခြေခံအဆင့်သာ ရှိပါတယ်။ သူတို့ဘာဖြစ်ချင်လို့ ဘယ်လိုလုပ်တယ်ဆိုတာ ပြယုံလောက်မို့ ဝေးနေပါသေးတယ်လို့ ဘန်ကောက် အခြေစိုက် လုံခြုံရေးလေ့လာသုံးသပ်သူ အန်သိုနီဒေးဗစ်က ဆိုပါတယ်။

#ဖရီးဘားမားရိန်းဂျား ဘလက်ဝါးတား #ဖရန်တီးယား_ဆားဗစ်_ဂရု #ဒေ့ဗ်_အီးဘန့် #အဲရစ်_ပရင့်စ်
(Rolling Stone., 16 April 2023,” Zealot or Savior- This U.S. Minister Is Training Rebels in a Civil War” ကို #HtayOung, #OungMatine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
“ဖရီးဘားမား ရိန္းဂ်ား” က ကယ္တင္ရွင္လား ေၾကးစားစစ္သားေတြလား (ဘာသာျပန္ေဆာင္းပါး)
Htay Oung (NP News) - ဧၿပီ ၂၆

ျမန္မာႏိုင္ငံရဲ႕ျဖစ္ပြားေနဆဲ ျပည္တြင္းပဋိပကၡမွာ သူပုန္မ်ားထံ လူသားခ်င္းစာနာမႈဆိုင္ရာအကူအညီမ်ားကို ယူ ေဆာင္လာတယ္ဆိုသူ အေမရိကန္အထူးတပ္ဖြဲ႕အရာရွိေဟာင္း “ေဒ့ဗ္_အီးဘန္႔” ဟာ ၂၅ ႏွစ္လုံးလုံး က်ည္ဆန္မ်ား နဲ႔မပတ္သက္ေအာင္ေနခဲ့သူျဖစ္ပါတယ္။ ေဝဖန္သူေတြကေတာ့ သူဟာ တိုက္ပြဲနဲ႔ ကယ္ဆယ္ေရးလုပ္ငန္းမ်ား အၾကား မ်ဥ္းေၾကာင္းမ်ားကို မႈန္ဝါးေစသူျဖစ္တယ္လို႔ ဆိုၾကပါတယ္။ အမွန္တရားကို သိရွိဖို႔အတြက္ သူနဲ႔အတူ ေတာထဲမွာ သုံးပတ္ၾကာေအာင္ ေနထိုင္ခဲ့တယ္လို႔ Rolling Stone က ဧၿပီလ ၂၆ ရက္တုန္းက ေရးသားခဲ့ပါတယ္။

“႐ိုလင္းစတုန္း” ဟာ အေမရိကန္ နယူးေယာက္အေျခစိုက္ လစဥ္ထုတ္ မဂၢဇင္းျဖစ္ပါတယ္။ ၁၉၆၇ ခုႏွစ္ စတင္ ထုတ္ေဝစဥ္ကတည္းက ႐ုပ္ရွင္-ဂီတ-႐ုပ္သံနဲ႔ ယဥ္ေက်းမႈေရးရာတို႔ကို ၿငိမ္းခ်မ္းေရးအသားေပးတဲ့ဘက္က ရပ္တည္ေဖာ္ျပလ်က္ရွိပါတယ္။ ပထမဆုံးအေနနဲ႔ ၿဗိတိသွ် “ဘီးတဲလ္” အဖြဲ႕မွ ဗီယက္နမ္စစ္ဆန္႔က်င္သူ ဂီတ ပညာရွင္ “ဂြၽန္လင္ႏြန္” ပုံကို မ်က္ႏွာဖုံးအျဖစ္ အသုံးျပဳၿပီး ႏွစ္ပတ္တစ္ႀကိမ္ထုတ္ေဝခဲ့ပါတယ္။ ၂ဝဝဝ ျပည့္ႏွစ္ ေနာက္ပိုင္း ထုတ္ေဝသူအေျပာင္းအလဲနဲ႔အတူ ႐ုပ္ရွင္-ဂီတ-ယဥ္ေက်းမႈေရးရာ၊ အေမရိကန္စစ္တပ္ရဲ႕ “စစ္ယဥ္ ေက်းမႈ” နဲ႔ အေမရိကန္ႏိုင္ငံေရးေလာကရဲ႕အက်င့္ပ်က္ျခစားမႈမ်ားကို ဖြင့္ခ်ေဝဖန္တဲ့ စစ္ဆန္႔က်င္ေရး-ၿငိမ္းခ်မ္း ေရး မဂၢဇင္းအျဖစ္ အေရာင္းရဆုံး မဂၢဇင္းတစ္ခုျဖစ္လာပါတယ္။

၂ဝ၁ဝ ျပည့္ႏွစ္ ဇြန္လ သမၼတအိုဘားမားလက္ထက္ ႐ိုလင္းစတုန္းရဲ႕ “ထြက္ေျပးေနေသာ_ဗိုလ္ခ်ဳပ္ႀကီး “ေဆာင္းပါးတစ္ပုဒ္ဟာ အိမ္ျဖဴေတာ္ကို အႀကီးအက်ယ္ ေခါင္းကိုက္ေစခဲ့ပါတယ္။ အဲဒီအခ်ိန္ ဒုတိယသမၼတ-ယခု သမၼတျဖစ္ေနသူ ဂ်ိဳးဘိုင္ဒင္အပါအ၀င္ အစိုးရအဖြဲ႕ဝင္မ်ား၊ ပင္တာဂြန္ရဲ႕ ႏိုင္ငံတကာလုံၿခဳံမႈ အကူအညီေပးေရး တပ္မႉး နဲ႔ အာဖဂန္နစၥတန္ဆိုင္ရာ အေမရိကန္တပ္ဖြဲ႕မ်ားရဲ႕တပ္မႉး “စတန္ေလ_မက္ခရစ္စ္တဲလ္” တို႔ရဲ တစ္လြဲ တစ္ေခ်ာ္လုပ္ရပ္မ်ားအေၾကာင္းကို ဖြင့္ခ်ေဖာ္ျပခဲ့ပါတယ္။ လူသိရွင္ၾကားျဖစ္လာၿပီးေနာက္ မက္ခရစ္စ္တဲလ္လည္း ရာထူးမွႏႈတ္ထြက္ေပးလိုက္ရတဲ့အထိ လက္သံေျပာင္ခဲ့ပါတယ္။

၁၉၉ဝ ျပည့္လြန္ႏွစ္မ်ားမွာ ဖရီးဘားမားရိန္းဂ်ား FBR ကို အေမရိကန္ အထူးတိုက္ခိုက္ေရး အရာရွိေဟာင္းနဲ သိကၡာ ေတာ္ရ ခရစ္ယာန္ ဘုန္းေတာ္ႀကီးတစ္ပါးျဖစ္သူ ေဒ့ဗ္အီးဘန္႔က စတင္ထူေထာင္ခဲ့ပါတယ္။ သေဘာထားကြဲလြဲသူ တိုင္းရင္းသား လူမ်ိဳးစုလူနည္းစုမ်ားအေပၚ ရက္စက္စြာေခ်မႈန္းျခင္းျဖင့္ ဆယ္စုႏွစ္ ခုနစ္ခုၾကာ ကမာၻ႔အရွည္ၾကာ ဆုံးျပည္တြင္းစစ္မွာ အာဏာရွင္စနစ္ကို တြန္းလွန္ေနတဲ့ ဖိႏွိပ္ခံတိုင္းရင္းသားမ်ားကို ေဆးဝါးကုသေရးနဲ႔ စာနာမႈ အကူအညီမ်ားေပးေဆာင္ဖို႔ ရည္႐ြယ္တယ္လို႔ ဆိုပါတယ္။

အျခားလူသားခ်င္းစာနာမႈဆိုင္ရာအဖြဲ႕မ်ား မသြားလိုတဲ့ေနရာမ်ားကို အေရာက္လွမ္းႏိုင္ဖို႔ မဆုတ္မနစ္တဲ့ ကတိ ကဝတ္မ်ားျဖင့္ သူ႔ရဲ႕ဇနီး-သားသမီးမ်ား၊ ရည္႐ြယ္ခ်က္တူ ေဗာ္လံတီယာအနည္းငယ္နဲ႔အတူ FBR က ေဆာင္႐ြက္ ေပးေနတယ္လို႔ ေျပာပါတယ္။ သူ႔ရဲ႕ FBR အဖြဲ႕ခြဲေတြကို ျမန္မာႏိုင္ငံေရွ႕တန္းတစ္ေလွ်ာက္နဲ႔ ဆီးရီးယား ေျမာက္ပိုင္းမွ ဆူဒန္အထိ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားအေပၚေျခရာခံတဲ့ လႈပ္ရွားမႈတစ္ခုအျဖစ္ တည္ေဆာက္ ထားပါတယ္။ ဒါေပမဲ့ အီးဘန္႔ဟာ သူ႔မိသားစုနဲ႔ ႀကီးၾကပ္မႈလစ္ဟာေနတဲ့ ေနာက္လိုက္မ်ားရဲ႕အသက္အႏၲရာယ္ကို ေလာင္းေၾကးထပ္ေနတဲ့ ဂ်ဴးဒႆနလာ ပထမရာစု ေရာမအင္ပါယာကို အံတုသူ “ဇီးေလာ့” လို ခရစ္ယာန္ႏိုင္ငံေရး သမားတစ္ဦးသာျဖစ္တယ္လို႔ ေဝဖန္ျခင္းခံရပါတယ္။

လက္နက္ကိုင္မ်ားနဲ႔အတူ တိုက္ပြဲ၀င္ျခင္း၊ စစ္ေရးေလ့က်င့္ေပးျခင္းတို႔ဟာ လူသားခ်င္းစာနာမႈဆိုင္ရာအလုပ္မ်ားနဲ႔ တက္ႂကြတဲ့အယူဝါဒဆိုင္ရာ သာသနာျပဳလုပ္ငန္းမ်ားအၾကား ျခားနားခ်က္ကို မႈန္ဝါးေစတယ္လို႔ ေထာက္ျပၾက ေၾကာင္း ႐ိုးလင္းစတုန္းက ေရးပါတယ္။

အထူးသျဖင့္ သူ႔ရဲ႕အေမရိကန္စစ္ျပန္တစ္ဦးျဖစ္ေနျခင္းဟာ ဒုတိယကမာၻစစ္လြန္ ျမန္မာႏိုင္ငံအတိတ္သမိုင္းမွာ တ႐ုတ္ျပည္မႀကီးမွဆုတ္ခြာလာတဲ့ စစ္ရႈံး ကူမင္တန္ တ႐ုတ္ျဖဴတို႔ကို အေမရိကန္စီအိုင္ေအက စစ္ေရးနဲ႔ အေထြ ေထြအကူအညီေပးျခင္း၊ အေရွ႕ေတာင္အာရွေဒသအတြင္း ေသြးေခ်ာင္းစီးစစ္ပြဲမ်ား ျဖစ္ပြားေစခဲ့ျခင္းနဲ႔ ရႈပ္ေထြးေန မွာ မလြဲပါဘူး။
၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီ ၁ ရက္က ျမန္မာႏိုင္ငံမွာ အာဏာသိမ္းမႈ ျဖစ္ပြားခဲ့ပါတယ္။ အမ်ိဳးသားလုံၿခဳံေရးအေပၚ ၿခိမ္းေျခာက္မႈေပၚေပါက္လာရင္ တပ္မေတာ္က အာဏာရယူ ထိန္းေက်ာင္းခြင့္ ရွိေၾကာင္း ၁၉၈၂ ခုႏွစ္ ဖြဲ႕စည္းပုံမွာ အတိအလင္းထည့္သြင္းထားတဲ့ႏိုင္ငံမွာ “ေ႐ြးေကာက္ပြဲရလဒ္အျငင္းပြား” ဟာ အလြန္အကဲဆတ္ေၾကာင္း သိသာခဲ့ ပါတယ္။ ျမန္မာစစ္တပ္က ေတာင္းဆိုတဲ့ မဲစာရင္းနဲ႔ ရလဒ္မ်ား ျပန္လည္စိစစ္ေပးေရးကို ေခါင္းမာစြာ ျငင္းပယ္ခဲ့ ရင္ ဘာေတြဆက္ျဖစ္လာမလဲဆိုတာ လူတိုင္း ခန္႔မွန္းလို႔ရပါတယ္။

ေဖေဖာ္ဝါရီ ၁ ရက္ေန႔မတိုင္မီ ၃ ရက္အလို NLD အစိုးရကိုယ္စားလွယ္မ်ားနဲ႔ တပ္ေခါင္းေဆာင္မ်ားအၾကား အေခ် အတင္ျဖစ္ၾကပုံအေၾကာင္း “႐ိုင္းျပ လူပါးဝျခင္း၊ ၀႐ုန္းသုန္းကား ေဆြးေႏြးပြဲမ်ားက အာဏာသိမ္းယူျခင္းသို႔ ဦးတည္ေစခဲ့” ေစာ္ကားခံရတယ္ဆိုတဲ့ ျမန္မာစစ္တပ္အေၾကာင္း Reuters (20 April 2023) အေသးစိတ္ ေရးခဲ့ဖူး ပါတယ္။

ေ႐ြးေကာက္ပြဲကို လက္ပ္ေတာ့ကြန္ပ်ဴတာ အလုံးေပါင္း ၁၃ဝဝ၊ Printer ၃ဝ တို႔နဲ႔အကူအညီေပးခဲ့တာ အေမရိကန္ ျဖစ္ေနၿပီး အရပ္သားအစိုးရလို႔ ကမာၻက သိထားတဲ့ NLD အစိုးရလက္ထက္ေ႐ြးေကာက္ပြဲမတိုင္မီ ၂ဝ၁၉ ခုႏွစ္ ျမန္မာႏိုင္ငံကို ေရာက္ရွိလာသူ အဲရစ္_ ပရင့္ျဖစ္ဟာ အေမရိကန္ “ဘလက္ဝါးတားပုဂၢလိက စစ္တပ္” ကို တည္ေထာင္သူ ျဖစ္ေနပါတယ္။

အျငင္းပြားဖြယ္ရာ ပုဂၢလိက လုံၿခဳံေရးစစ္ဘက္ဆိုင္ရာကုမၸဏီဟာ ျမန္မာႏိုင္ငံအတြင္း ေျပာင္းေ႐ႊ႕လာခဲ့ေၾကာင္း ၁၉ ရက္ မတ္လ၊ ၂ဝ၁၉ ခုႏွစ္မွာ ဘာတီးလ္လင့္တနာက Asia Times မွာ ေရးသားခဲ့ပါတယ္။ တ႐ုတ္ နဲ႔ အျခားႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံသူမ်ားအတြက္ လုံၿခဳံေရးဝန္ေဆာင္မႈမ်ားေပးဖို႔အတြက္ ျမန္မာႏိုင္ငံသို႔ ေျပာင္းေ႐ႊ႕ လာတယ္ဆိုတဲ့ “ဖရန္တီးယား_ဆားဗစ္_ဂ႐ု” ဟာ ယခင္ အေမရိကန္ေၾကးစားစစ္တပ္ “ဘလက္ဝါးတား” ျဖစ္ ေၾကာင္း၊ သတင္းေထာက္ ႏွစ္ဦးအပါအ၀င္ အရပ္သား ၁၄ ဦးထက္မနည္း ေသဆုံးခဲ့ရတဲ့ အီရန္ႏိုင္ငံ ဘဂၢဒက္ ပစ္ခတ္မႈအတြက္ ႏိုင္ငံတကာရဲ႕ဝိုင္းဝန္းရႈတ္ခ်ခံရၿပီးေနာက္ ကုမၸဏီအမည္ေျပာင္းၿပီး ေဟာင္ေကာင္မွာ မွတ္ပုံတင္ထားျခင္းျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံေျမာက္ပိုင္း အျငင္းပြားဖြယ္ရာ ျမစ္ဆုံ ေရအားလွ်ပ္စစ္ေရအား လွ်ပ္စစ္ဆည္စီမံကိန္းတို႔လို အႀကီးစားအေျခခံအေဆာက္အအုံ ပေရာဂ်က္မ်ားအတြက္ လုံၿခဳံေရး ေဆာင္႐ြက္ေပး ဖြယ္ရွိေပမယ့္ အေသးစိတ္မသိရွိရဘူးလို႔ ဆိုပါတယ္။
အဲဒီကိစၥနဲ႔ ပတ္သက္ၿပီး မွတ္ခ်က္ေပးရန္ ေမတၱာရပ္ခံခ်က္ကို ရန္ ကုန္ရွိ တ႐ုတ္သံ႐ုံးက ျငင္းဆိုပါတယ္။ ၂ဝ၁၆ ခုႏွစ္ ဒီဇင္ဘာလ FSG ရဲ႕သတင္းထုတ္ျပန္ခ်က္မွာေတာ့ ကုမၸဏီအေနနဲ႔ တ႐ုတ္ယူနန္ျပည္နယ္မွာ ေရွ႕တန္း အေျခစိုက္စခန္းကို ဖြင့္လွစ္သြားမွာျဖစ္ေၾကာင္း၊ မြတ္စလင္ ၅၈ ရာခိုင္ႏႈန္း ရွိေနတဲ့ ရွင္းက်န္႔ျပည္နယ္ အပါအ၀င္ ျမန္မာ၊ ထိုင္း၊ လာအိုနဲ႔ ကေမာၻဒီးယားႏိုင္ငံတို႔မွာ ကုမၸဏီမ်ားကို ဖြင့္လွစ္ၿပီး ပိုမိုေကာင္းမြန္တဲ့ဝန္ေဆာင္မႈမ်ား ေပးအပ္ႏိုင္ဖို႔ ရည္႐ြယ္ထားေၾကာင္း ေဖာ္ျပထားပါတယ္။

အဲဒီအခ်ိန္ တ႐ုတ္ရဲ႕ထိန္းခ်ဳပ္မႈေအာက္မရွိေတာ့ေၾကာင္း သတင္းထြက္ေနတဲ့ KIA တို႔ ႀကီးစိုးရာနယ္ေျမမွာ အေမရိကန္အထူးတိုက္ခိုက္ေရး စႏိုက္ဘာသမားမ်ားက ေရာက္ရွိေလ့က်င့္ေပးေနေၾကာင္း လူမႈကြန္ရက္မွာ ဓါတ္ ပုံမ်ားပ်ံ႕ႏွံံ့ေနပါတယ္။ အဲဒီလိုအခ်ိန္ ပင္တာဂြန္ရဲ႕စစ္ဘက္ဆိုင္ရာလႈပ္ရွားမႈမ်ားမွာ ပါဝင္တာဝန္ယူခဲ့ဖူးသူ CIA နဲ႔ ပုလင္းတူ ဗူးဆို႔တစ္ေယာက္ကိုမွ ဘာသေဘာနဲ႔ လုံၿခဳံေရးအတြက္ ငွားရမ္းရသလဲဆိုတာ စဥ္းစားစရာပါ။

႐ိုးလင္းစတုန္းသတင္းေထာက္မ်ားနဲ႔ ေတြ႕ရွိခ်ိန္မွာ ေဒ့ဗ္အီးဘန္႔ဟာ သူေလ့က်င့္ေပးထားတဲ့ ရိန္းဂ်ား ၂ဝ၅ ဦးကို ရန္သူ႔ေနရာမ်ားထံ ပို႔ေဆာင္ေပးဖို႔ ျပင္ဆင္ေနခ်ိန္ျဖစ္ပါတယ္။ ကရင္ျပည္နယ္ အေရွ႕ပိုင္းမွာရွိတဲ့ အဲဒီေနရာဟာ ျမန္မာ့တပ္မေတာ္ရဲ႕အေရးႀကီးအေျခစိုက္စခန္းႏွစ္ခုကို ဆက္သြယ္ေပးရာ လမ္းေၾကာင္းေပၚမွာ တည္ရွိေနၿပီး အစိုးရတပ္မ်ား မၾကာခဏ ကင္းလွည့္ေလ့ရွိတာကို ေတြ႕ေနရပါတယ္။ ယခင္အႀကိမ္ေပါင္းမ်ားစြာ ျပဳလုပ္ခဲ့ဖူးၿပီး ကိုယ္ေရာင္ေဖ်ာက္ႏိုင္စြမ္းနဲ႔ ေျပာက္က်ားနည္းဟာ အေရအတြက္နည္းနည္းနဲ႔ လ်င္ျမန္မႈကို အေလးထားတယ္လို႔ ဆိုပါတယ္။

၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလေနာက္ပိုင္း ဒီမိုကေရစီေပ်ာက္ဆုံးသြားတဲ့ ျမန္မာႏိုင္ငံမွာ “ျပည္သူ႔ကာကြယ္ေရးတပ္” PDF လို႔ေခၚတဲ့ ေတာ္လွန္ေရးျပည္သူ႔စစ္ေတြမွာ ဗမာအမ်ားစု ပါဝင္လာၾကၿပီး အီးဘန္႔ ေလ့က်င့္ေပးေနရသူမ်ား ဟာလည္း ယခင္ႏွစ္မ်ားထက္ သုံးဆပိုမိုမ်ားျပားလာေၾကာင္း၊ ျမန္မာႏိုုင္ငံအတြင္း လက္ရွိအၾကမ္းဖက္မႈမ်ားဟာ ဒုတိယကမာၻစစ္ေနာက္ပိုင္း အဆိုး႐ြားဆုံးျဖစ္ေၾကာင္း အီးဘန္႔က ရွင္းျပပါတယ္။

ဒါေပမဲ့ အဲဒါေတြဟာ စစ္အုပ္ခ်ဳပ္ေရးျပ႒ာန္းလိုက္လို႔ ေဒါသတႀကီးနဲ႔ ကဖ်က္ယဖ်က္လုပ္တဲ့ အေျခခံအဆင့္သာ ရွိပါတယ္။ သူတို႔ဘာျဖစ္ခ်င္လို႔ ဘယ္လိုလုပ္တယ္ဆိုတာ ျပယုံေလာက္မို႔ ေဝးေနပါေသးတယ္လို႔ ဘန္ေကာက္ အေျခစိုက္ လုံၿခဳံေရးေလ့လာသုံးသပ္သူ အန္သိုနီေဒးဗစ္က ဆိုပါတယ္။

#ဖရီးဘားမားရိန္းဂ်ား ဘလက္ဝါးတား #ဖရန္တီးယား_ဆားဗစ္_ဂ႐ု #ေဒ့ဗ္_အီးဘန္႔ #အဲရစ္_ပရင့္စ္
(Rolling Stone., 16 April 2023,” Zealot or Savior- This U.S. Minister Is Training Rebels in a Civil War” ကို #HtayOung, #OungMatine ဆီေလ်ာ္ေအာင္ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.