မီတာခပေးဆောင်မှုများနဲ့ပတ်သက်ပြီး ဝင်ငွေနည်းပြည်သူများကို ထိုင်းဘတ် ၁၁ သန်းကျော် ထပ်မံကူညီထောက်ပံ့ပေးသွားမယ်

 799

ဂျန်ဇက် (NP News) - ဧပြီ ၂၆

ထိုင်းအစိုးရအနေနဲ့ မီတာခပေးဆောင်မှုများနဲ့ပတ်သက်ပြီး ဝင်ငွေနည်း ပြည်သူများကို ကူညီပေးနိုင်ဖို့ ထိုင်း ဘတ်ငွေ ၁၁ သန်းကျော် ထောက်ပံ့ကြေးပေးသွားမှာဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။

ထိုင်းအစိုးရဟာ မီတာခပေးဆောင်ရေးနဲ့ပတ်သက်ပြီး ဝင်ငွေနည်းပြည်သူများ၊ ဝင်ငွေနည်းအိမ်ထောင်စုများကို မေလမှ စတင်ပြီး ၄ လကြာ လျှပ်စစ်မီတာခလျော့ချပေးဖို့၊ ထောက်ပံ့ကြေးပေးဖို့ စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါ တယ်။

ထိုင်းဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာက အိမ်ထောင်စုများရဲ့မီတာခပေးဆောင်ရမှု ဈေးမြင့်နေခြင်းကို ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေပြီး၊ အဲဒီကိစ္စအတွက် အဖြေရှာနေကြောင်း ပြောပါတယ်။ ထိုင်းဝန်ကြီးချုပ်က နိုင်ငံရေးပါတီများဟာ အစိုးရဖြစ်လာမယ်ဆိုရင် မီတာခဈေးနှုန်းတွေကို လျော့ချပေးမယ်လို့ ကတိပေးနေခြင်း က အခက်အခဲအရှုပ်အထွေးတွေ ဖြစ်လာစေတယ်ဆိုတာကို သတိပြုသင့်ကြောင်း ပြောပါတယ်။

ထိုင်း ဝင်ငွေနည်းပြည်သူများရဲ့ မီတာခ မြင့်မားစွာပေးဆောင်နေရခြင်းကိုဖြေရှင်းနိုင်ဖို့ ထိုင်းဘတ် ၁၁ ဘီလျံကျော် ဘတ်ဂျက်ငွေ ကောက်ခံသွားရမှာဖြစ်ကြောင်း ဆိုပါတယ်။ ထိုင်းဝန်ကြီးချုပ်က "ကျေးဇူးပြုပြီး ပြည်သူတွေဟာ အစိုးရကို ယုံကြည်စေချင်ပါတယ်။ ကျွန်တော်တို့ဟာ လျှပ်စစ်မီတာခများ မြင့်မားစွာပေးဆောင်နေရတဲ့ ပြဿနာ ကိုဖြေရှင်းနိုင်ဖို့ အကောင်းဆုံးလုပ်ဆောင်သွားမှာပါ" လို့ပြောပါတယ်။

ထိုင်းအစိုးရဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှ ဧပြီလအတွင်း တစ်လကို လျှပ်စစ်မီတာ ၃ဝဝ ယူနစ်အောက် သုံးစွဲတဲ့ အိမ်ထောင်စုများ၊ ဝင်ငွေနည်းအိမ်ထောင်စုများ ကဲ့သို့သော နွမ်းပါးသူများကို ကူညီပေးနိုင်ဖို့ ထိုင်းဘတ် ၃ ဒသမ ၂ ဘီလျံ ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရပါတယ်။

ထိုင်းအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ Anucha Burapachaisri က ထိုင်းအစိုးရဟာ မေလက စတင်ပြီး နောက်ထပ် လေးလကြာ လျှပ်စစ်မီတာခနဲ့ပတ်သက်ပြီး ကူညီထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း တစ်လကို လျှပ်စစ်မီတာ ယူနစ် ၃ဝဝ အောက်သုံးစွဲတဲ့ အိမ်ထောင်စုများကို ထောက်ပံ့ ကြေးပေးသွားမှာဖြစ်ကြောင်း ဆိုပါတယ်။

ထိုင်းအစိုးရဟာ ယူနစ် ၃ဝဝ အောက်သုံးစွဲတဲ့ အိမ်ထောင်စုများကို ကူညီထောက်ပံ့ပေးမှုအဖြစ် လျှပ်စစ်မီတာ ပေးဆောင်ခဈေးနှုန်းများ လျော့ချပေးခြင်းနဲ့ ကူညီသွားမှာဖြစ်ရာ လျှပ်စစ်မီတာခ ၁ ယူနစ်ကနေ ယူနစ် ၁၅ဝ ကြား သုံးစွဲတဲ့အိမ်ထောင်စုများဟာ တစ်ယူနစ်အတွက် ၉၂ ဒသမ ဝ၄ ဆာတန် satang နှုန်းနဲ့ ပေးဆောင်ရမှာ ဖြစ်သလို ယူနစ် ၁၅၁ ကနေ ယူနစ် ၃ဝဝ ကြား သုံးစွဲတဲ့ အိမ်ထောင်စုများကို တစ်ယူနစ်အတွက် ၆၇ ဒသမ ဝ၄ ဆာတန်နှုန်းနဲ့ ပေးဆောင်ခွင့်ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။ ထိုင်းငွေကြေးစနစ်မှာ ထိုင်းဘတ် တစ်ဘတ်ဟာ ၁ဝဝ ဆာတန်နှုန်းနဲ့ (100 satang equals 1 baht) ညီမျှတယ်လို့ သိရပါတယ်။

Zawgyi Version;
မီတာခေပးေဆာင္မႈမ်ားနဲ႔ပတ္သက္ၿပီး ဝင္ေငြနည္းျပည္သူမ်ားကို ထိုင္းဘတ္ ၁၁ သန္းေက်ာ္ ထပ္မံကူညီေထာက္ပံ့ေပးသြားမယ္
ဂ်န္ဇက္ (NP News) - ဧၿပီ ၂၆

ထိုင္းအစိုးရအေနနဲ႔ မီတာခေပးေဆာင္မႈမ်ားနဲ႔ပတ္သက္ၿပီး ဝင္ေငြနည္း ျပည္သူမ်ားကို ကူညီေပးႏိုင္ဖို႔ ထိုင္း ဘတ္ေငြ ၁၁ သန္းေက်ာ္ ေထာက္ပံ့ေၾကးေပးသြားမွာျဖစ္ေၾကာင္း သတင္းထုတ္ျပန္လိုက္ပါတယ္။

ထိုင္းအစိုးရဟာ မီတာခေပးေဆာင္ေရးနဲ႔ပတ္သက္ၿပီး ဝင္ေငြနည္းျပည္သူမ်ား၊ ဝင္ေငြနည္းအိမ္ေထာင္စုမ်ားကို ေမလမွ စတင္ၿပီး ၄ လၾကာ လွ်ပ္စစ္မီတာခေလ်ာ့ခ်ေပးဖို႔၊ ေထာက္ပံ့ေၾကးေပးဖို႔ စီစဥ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရပါ တယ္။

ထိုင္းဝန္ႀကီးခ်ဳပ္ပရာယြတ္ခ်န္အိုခ်ာက အိမ္ေထာင္စုမ်ားရဲ႕မီတာခေပးေဆာင္ရမႈ ေဈးျမင့္ေနျခင္းကို ေျဖရွင္းႏိုင္ဖို႔ ႀကိဳးပမ္းေနၿပီး၊ အဲဒီကိစၥအတြက္ အေျဖရွာေနေၾကာင္း ေျပာပါတယ္။ ထိုင္းဝန္ႀကီးခ်ဳပ္က ႏိုင္ငံေရးပါတီမ်ားဟာ အစိုးရျဖစ္လာမယ္ဆိုရင္ မီတာခေဈးႏႈန္းေတြကို ေလ်ာ့ခ်ေပးမယ္လို႔ ကတိေပးေနျခင္း က အခက္အခဲအရႈပ္အေထြးေတြ ျဖစ္လာေစတယ္ဆိုတာကို သတိျပဳသင့္ေၾကာင္း ေျပာပါတယ္။

ထိုင္း ဝင္ေငြနည္းျပည္သူမ်ားရဲ႕ မီတာခ ျမင့္မားစြာေပးေဆာင္ေနရျခင္းကိုေျဖရွင္းႏိုင္ဖို႔ ထိုင္းဘတ္ ၁၁ ဘီလ်ံေက်ာ္ ဘတ္ဂ်က္ေငြ ေကာက္ခံသြားရမွာျဖစ္ေၾကာင္း ဆိုပါတယ္။ ထိုင္းဝန္ႀကီးခ်ဳပ္က "ေက်းဇူးျပဳၿပီး ျပည္သူေတြဟာ အစိုးရကို ယုံၾကည္ေစခ်င္ပါတယ္။ ကြၽန္ေတာ္တို႔ဟာ လွ်ပ္စစ္မီတာခမ်ား ျမင့္မားစြာေပးေဆာင္ေနရတဲ့ ျပႆနာ ကိုေျဖရွင္းႏိုင္ဖို႔ အေကာင္းဆုံးလုပ္ေဆာင္သြားမွာပါ" လို႔ေျပာပါတယ္။

ထိုင္းအစိုးရဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီလမွ ဧၿပီလအတြင္း တစ္လကို လွ်ပ္စစ္မီတာ ၃ဝဝ ယူနစ္ေအာက္ သုံးစြဲတဲ့ အိမ္ေထာင္စုမ်ား၊ ဝင္ေငြနည္းအိမ္ေထာင္စုမ်ား ကဲ့သို႔ေသာ ႏြမ္းပါးသူမ်ားကို ကူညီေပးႏိုင္ဖို႔ ထိုင္းဘတ္ ၃ ဒသမ ၂ ဘီလ်ံ ကူညီေထာက္ပံ့ေပးခဲ့ေၾကာင္း သိရပါတယ္။

ထိုင္းအစိုးရအဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ Anucha Burapachaisri က ထိုင္းအစိုးရဟာ ေမလက စတင္ၿပီး ေနာက္ထပ္ ေလးလၾကာ လွ်ပ္စစ္မီတာခနဲ႔ပတ္သက္ၿပီး ကူညီေထာက္ပံ့ေပးသြားမွာျဖစ္ေၾကာင္း တစ္လကို လွ်ပ္စစ္မီတာ ယူနစ္ ၃ဝဝ ေအာက္သုံးစြဲတဲ့ အိမ္ေထာင္စုမ်ားကို ေထာက္ပံ့ ေၾကးေပးသြားမွာျဖစ္ေၾကာင္း ဆိုပါတယ္။

ထိုင္းအစိုးရဟာ ယူနစ္ ၃ဝဝ ေအာက္သုံးစြဲတဲ့ အိမ္ေထာင္စုမ်ားကို ကူညီေထာက္ပံ့ေပးမႈအျဖစ္ လွ်ပ္စစ္မီတာ ေပးေဆာင္ခေဈးႏႈန္းမ်ား ေလ်ာ့ခ်ေပးျခင္းနဲ႔ ကူညီသြားမွာျဖစ္ရာ လွ်ပ္စစ္မီတာခ ၁ ယူနစ္ကေန ယူနစ္ ၁၅ဝ ၾကား သုံးစြဲတဲ့အိမ္ေထာင္စုမ်ားဟာ တစ္ယူနစ္အတြက္ ၉၂ ဒသမ ဝ၄ ဆာတန္ satang ႏႈန္းနဲ႔ ေပးေဆာင္ရမွာ ျဖစ္သလို ယူနစ္ ၁၅၁ ကေန ယူနစ္ ၃ဝဝ ၾကား သုံးစြဲတဲ့ အိမ္ေထာင္စုမ်ားကို တစ္ယူနစ္အတြက္ ၆၇ ဒသမ ဝ၄ ဆာတန္ႏႈန္းနဲ႔ ေပးေဆာင္ခြင့္ေပးသြားမွာျဖစ္ေၾကာင္း သိရပါတယ္။ ထိုင္းေငြေၾကးစနစ္မွာ ထိုင္းဘတ္ တစ္ဘတ္ဟာ ၁ဝဝ ဆာတန္ႏႈန္းနဲ႔ (100 satang equals 1 baht) ညီမွ်တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.