ပိတ်ဆို့မှုများ ရင်ဆိုင်နေရပေမယ့် အိမ်ယာတိုက်ခန်းတွေ တည်ဆောက်ပြီး ကမ္ဘာ့နိုင်ငံတွေကို အံအားသင့်စရာတွေလုပ်ပြခဲ့တဲ့ မြောက်ကိုရီးယား (ဘာသာပြန်ဆောင်းပါး)

 2865

ဂျန်ဇက် (NP News) - ဧပြီ ၂၈

မြောက်ကိုရီးယားအစိုးရဟာ ပြီးခဲ့တဲ့ သီတင်းပတ်က မြို့တော် ပြုံးယမ်းမြို့မှာ တိုက်ခန်းအသစ်ပေါင်း (၁ဝဝဝဝ)ကျော်ကို အောင်မြင်စွာတည်ဆောက်နိုင်မှုအပေါ် သတင်းထုတ်ပြန်ခဲ့ရာ ကမ္ဘာ့နိုင်ငံများက လူအများ အံအားသင့်ခဲ့ရပါတယ်။

မြောက်ကိုရီးယားဟာ နျူကလီးယား နဲ့ ဒုံးကျည်စမ်းသပ်မှုများကြောင့် အမေရိကန် ၊ ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအပြင် ကုလသမဂ္ဂအဖွဲ့အစည်းရဲ့ တစ်ဖတ်သတ် ပိတ်ဆို့မှု မျိုးစုံ ရင်ဆိုင်ခဲ့ရပေမယ့်လည်း ဧပြီလ ၁၆ ရက်မှာ တိုက်ခန်းအသစ်ပေါင်း (၁ဝဝဝဝ)ကျော်ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ငံခဲ့ရာ လူအများကို အံအားသင့်စေခဲ့တာလည်းဖြစ်ပါတယ်။ အဲဒီအခမ်းအနားကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်အပါအဝင် မြောက်ကိုရီးယား အစိုးရတာဝန်ရှိသူများတက် ရောက်ခဲ့ပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်ဟာ မြို့တော် ပြုံးယမ်းမှာ တိုက်ခန်းအသစ်ပေါင်း (၅ဝဝဝဝ)ကျော်တည်ဆောက်ဖို့ ညွှန်ကြားထားပြီး ပြည်သူတွေကို နေထိုင်မှုပုံစံကောင်းကောင်းနဲ့ နေထိုင်နိုင်ငံရေးက အစိုးရရဲ့အဓိက ဦးစားပေးဖြစ်တယ်လို့ ပြောပါတယ်။

မြောက်ကိုရီးယားအစိုးရဟာ အဲဒီအိမ်ယာအသစ်များတည်ဆောက်မယ့် စီမံကိန်း ပထမအဆင့်ကို ၂ဝ၂၁ ခုနှစ် မတ်လမှာ စတင်ခဲ့ပြီး ၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလမှာ အပြီးသတ်တည်ဆောက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ မြောက်ကိုရီးယားအစိုးရဟာ ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်တုန်းကလည်း Sadong ပြည်နယ် Songsin မြို့မှာ လူနေအိမ်ယာ တိုက်ခန်းများပါဝင်မယ့် အိမ်ယာစီမံကိန်းနဲ့ Songhwa မြို့မှာ အထပ်ပေါင်း (၈ဝ) ပါဝင်တဲ့ မိုးမျှော်တိုက်အိမ်ယာ စီမံကိန်းကို အောင်မြင်စွာတည်ဆောက်နိုင်ခဲ့ဖူးပါတယ်။ အစိုးရဟာ လာမယ့် ၂ဝ၂၅ ခုနှစ်အကုန်မှာ နိုင်ငံအတွင်းမှာ လူနေအိမ်ယာတိုက်ခန်းပေါင်း အနည်းဆုံး (၅ဝဝဝဝ) ခန့်ပြီးစီးအောင်တည်ဆောက်ဖို့ စီစဉ်ထားပါတယ်။ မြောက်ကိုရီးယား အစိုးရဟာ ၂ဝ၂၁ ခုနှစ်ကစတင်ပြီး ၂ဝ၂၅ ခုနှစ်ကုန်အထိ တစ်နှစ်ကိုအနည်းဆုံး လူနေအိမ်ယာ တိုက်ခန်းပေါင်း (၁ဝဝဝဝ)ခန့်အပြီး တည်ဆောက်နိုင်ဖို့ ပစ်မှတ်ထားနေတာလည်းဖြစ်ပါတယ်။ အမေရိကန် အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းရဲ့ ပိတ်ဆို့မှုများကြောင့် အိမ်ယာစီမံကိန်း တည်ဆောက်မှုတွေ နှောင့်နေးခဲ့ရပေမယ့်လည်း လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိအောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။

အိမ်ယာစီမံကိန်း ဥပဒေတွေဟာ မြောက်ကိုရီးယား ပြည်သူတွေ ပျော်ရွှင်တဲ့ ဘဝပိုင်ဆိုင်ရရှိရေးအတွက် အစိတ်အပိုင်းတစ်ခုအဖြစ်ပါဝင်လျက်ရှိနေခဲ့ပါတယ်။ မြောက်ကိုရီးယားအစိုးရဟာ နိုင်ငံအတွင်း ပြည်သူတွေအတွက် အိမ်ယာအခက်ခဲပြဿနာများကို တာဝန်ယူဆောင်ရွက်ခဲ့ပြီး၂ဝဝ၉ ခုနှစ်မှာ အိမ်ယာ စီမံကိန်းဥပဒေကို မရှိမဖြစ်လိုအပ်ချက်တစ်ခုအဖြစ် မှတ်ယူဆောင်ရွက်ခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံ တဝှမ်းလုံးရှိ ပြည်သူများအတွက် အိမ်ဆောက်ပေးဖို့ မြောက်ကိုရီးယားအစိုးရဟာ ကြီးမားတဲ့ ဝန်ထုတ်ဝန်ပိုးကို အပြည့်ထမ်းထားရတာက အံအားသင့်စရာတစ်ခုဖြစ်စေခဲ့ပါတယ်။

မြောက်ကိုရီးယားအစိုးရဟာ ပြီးခဲ့တဲ့နှစ်များအတွင်း ခေတ်မီအိမ်ယာများကို နိုင်ငံအတွင်းစတင် တည်ဆောက်ခဲ့ပါတယ်။ မြောက်ကိုရီးယားအစိုးရရဲ့ အိမ်ယာစီမံကိန်းဥပဒေထဲမှာ ကျေးလက်နဲ့ မြို့ပြဒေသတွေမှာ အိမ်ယာအဆောက်အဦးများတည်ဆောက်ပြီး ပြည်သူတွေကို အခမဲ့ ပြန်လည် ပေးသွားမယ်ဆိုတဲ့အချက်ကို သတ်မှတ်ပြဋ္ဌာန်းထားပါတယ်။ မြောက်ကိုရီးယားရဲ့ အိမ်ယာစီမံကိန်း ဥပဒေတွေထဲမှာ မြောက်ကိုရီးယားရဲ့သူရဲကောင်းများ၊ မြောက်ကိုရီးယားနိုင်ငံအတွက် တိုက်ပွဲဝင်ခဲ့တဲ့ စစ်ပြန်များ၊ မသန်စွမ်းဖြစ်ရတဲ့ စစ်သားများ၊ ကျောင်းဆရာ၊ ဆရာများ၊ သိပ္ပံပညာရှင်များ၊ နည်းပညာရှင်များ၊ နိုင်ငံအတွက် စွန့်လွှတ်စွန့်စားရဲရင့်သူများ၊ အလုပ်သမားများ၊ ကလေးအရေအတွက် များတဲ့ မိသားစုများ၊ သုံးမြွှာပူးမွေးထားတဲ့ မိသားစုများကို အိမ်ယာတိုက်ခန်းများ၊ ဦးစားပေးပေးသွား မယ်လို့ သတ်မှတ်ထားပါတယ်။

အိမ်ယာစီမံကိန်း ဥပဒေတွေထဲမှာသဘာဝဘေးကြုံရသူများကိုအိမ်ယာများ ကူညီထောက်ပံ့ပေးဖို့၊ စိန်ခေါ်မှုရှိတဲ့လုပ်ငန်းများမှာ လုပ်ကိုင်နေရသူများ၊ အလုပ်ကြိုးစားလုပ်ကိုင်သူများကိုလည်းပေးဝေသွားဖို့ စီစဉ်ထားပါတယ်။ မြောက်ကိုရီးယားအစိုးရဟာ ပြည်သူတွေရဲ့ရှင်သန်နေထိုင်မှု ပိုမိုကောင်းမွန်စွာနဲ့ နေထိုင်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ အိမ်ယာစီမံကိန်းများကိုတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အမြတ်စွန်းများစွာရဖို့ ရည်ရွယ်ချက်နဲ့ တည်ဆောက်ခဲ့ခြင်းမျိုးမဟုတ်ဘဲ နိုင်ငံတော်ပိုင်ဆိုင်မှု နဲ့ လုပ်သားများရဲ့ တီတွင် ဖန်တီးမှုအသီးအပွင့်များကို ပြည်သူများချမ်းသာသုခခံစားရစေဖို့ ရည်ရွယ်တာမျိုး ဖြစ်ပါတယ်။ အဆိုပါ ဥပဒေထဲမှာ သတ်မှတ်ထားတဲ့စံနှုန်းများနဲ့ မညီဘဲ အဆင်ပြေစေမယ့် အိမ်ပုံစံ ဒီဇိုင်များကို ခွင့်ပြုချက် မပေးဘဲ ဘေးကင်းမှု၊ တစ်ကိုယ်ရေသန့်ရှင်းမှုဆိုင်ရာ ကျန်းမာရေးသတ်မှတ်ချက်များ၊ ပြည်သူတွေရဲ့ ကျန်းမာရေးသတ်မှတ်ချက်များ၊ ယဉ်ကျေးမှုစံနှုန်းများနဲ့ ကိုက်ညီအောင်တည်ဆောက်ရမယ်လို့ သတ်မှတ်ထားပါတယ်။

တည်ဆောက်ပြသခဲ့တဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ အိမ်ယာအသစ်တွေဟာ ပုံစံအမျိုးမျိုးနဲ့ တည်ဆောက် ထားတဲ့တစ်ထပ်တိုက်များဖြစ်သလို အမိုးပုံသဏ္ဍန်အမျိုးမျိုးနဲ့တည်ဆောက်ထားတာတွေကို တွေ့ခဲ့ရပါ တယ်။ ကျေးရွာများ၊ လမ်းအသစ်များကိုအောင်မြင်စွာတည်ဆောက်ခြင်း၊ ခေတ်ရဲ့ယာဉ်ကျေးမှု၊ အဆင့်တန်း နဲ့ လိုက်လျော့ညီထွေဖြစ်စေဖို့ ၊ ပြည်သူတွေရဲ့တောင်းဆိုချက်များနဲ့ တိုးတက်လာတဲ့ ယာဉ်ကျေးမှုကို နှစ်သက်ကျေနပ်စေဖို့ မြောက်ကိုရီးယားအလုပ်သမား ပါတီရဲ့မူဝါဒတွေက တစ်သတ်တည်းရှိနေပါတယ်။

zawgyi version
ပိတ္ဆို႔မႈမ်ား ရင္ဆိုင္ေနရေပမယ့္ အိမ္ယာတိုက္ခန္းေတြ တည္ေဆာက္ၿပီး ကမာၻ႔ႏိုင္ငံေတြကို အံအားသင့္ စရာေတြ လုပ္ျပခဲ့တဲ့ ေျမာက္ကိုရီးယား (ဘာသာျပန္ေဆာင္းပါး)
ဂ်န္ဇက္ (NP News) - ဧၿပီ ၂၈

ေျမာက္ကိုရီးယားအစိုးရဟာ ၿပီးခဲ့တဲ့ သီတင္းပတ္က ၿမိဳ႕ေတာ္ ၿပဳံးယမ္းၿမိဳ႕မွာ တိုက္ခန္းအသစ္ေပါင္း (၁ဝဝဝဝ)ေက်ာ္ကို ေအာင္ျမင္စြာတည္ေဆာက္ႏိုင္မႈအေပၚ သတင္းထုတ္ျပန္ခဲ့ရာ ကမာၻ႔ႏိုင္ငံမ်ားက လူအမ်ား အံအားသင့္ခဲ့ရပါတယ္။

ေျမာက္ကိုရီးယားဟာ န်ဴကလီးယား နဲ႔ ဒုံးက်ည္စမ္းသပ္မႈမ်ားေၾကာင့္ အေမရိကန္ ၊ ဥေရာပသမဂၢ အပါအဝင္ ႏိုင္ငံတကာအသိုင္းအဝိုင္းအျပင္ ကုလသမဂၢအဖြဲ႕အစည္းရဲ႕ တစ္ဖတ္သတ္ ပိတ္ဆို႔မႈ မ်ိဳးစုံ ရင္ဆိုင္ခဲ့ရေပမယ့္လည္း ဧၿပီလ ၁၆ ရက္မွာ တိုက္ခန္းအသစ္ေပါင္း (၁ဝဝဝဝ)ေက်ာ္ကို ေအာင္ျမင္စြာ ဖြင့္လွစ္ႏိုင္ငံခဲ့ရာ လူအမ်ားကို အံအားသင့္ေစခဲ့တာလည္းျဖစ္ပါတယ္။ အဲဒီအခမ္းအနားကို ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအမ္အပါအဝင္ ေျမာက္ကိုရီးယား အစိုးရတာဝန္ရွိသူမ်ားတက္ ေရာက္ခဲ့ပါတယ္။ ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္ဂ်ဳံအမ္ဟာ ၿမိဳ႕ေတာ္ ၿပဳံးယမ္းမွာ တိုက္ခန္းအသစ္ေပါင္း (၅ဝဝဝဝ)ေက်ာ္တည္ေဆာက္ဖို႔ ၫႊန္ၾကားထားၿပီး ျပည္သူေတြကို ေနထိုင္မႈပုံစံေကာင္းေကာင္းနဲ႔ ေနထိုင္ႏိုင္ငံေရးက အစိုးရရဲ႕အဓိက ဦးစားေပးျဖစ္တယ္လို႔ ေျပာပါတယ္။

ေျမာက္ကိုရီးယားအစိုးရဟာ အဲဒီအိမ္ယာအသစ္မ်ားတည္ေဆာက္မယ့္ စီမံကိန္း ပထမအဆင့္ကို ၂ဝ၂၁ ခုႏွစ္ မတ္လမွာ စတင္ခဲ့ၿပီး ၂ဝ၂၃ ခုႏွစ္ ေဖေဖာ္ဝါရီလမွာ အၿပီးသတ္တည္ေဆာက္ႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။ ေျမာက္ကိုရီးယားအစိုးရဟာ ၿပီးခဲ့တဲ့ ၂ဝ၂၂ ခုႏွစ္တုန္းကလည္း Sadong ျပည္နယ္ Songsin ၿမိဳ႕မွာ လူေနအိမ္ယာ တိုက္ခန္းမ်ားပါဝင္မယ့္ အိမ္ယာစီမံကိန္းနဲ႔ Songhwa ၿမိဳ႕မွာ အထပ္ေပါင္း (၈ဝ) ပါဝင္တဲ့ မိုးေမွ်ာ္တိုက္အိမ္ယာ စီမံကိန္းကို ေအာင္ျမင္စြာတည္ေဆာက္ႏိုင္ခဲ့ဖူးပါတယ္။ အစိုးရဟာ လာမယ့္ ၂ဝ၂၅ ခုႏွစ္အကုန္မွာ ႏိုင္ငံအတြင္းမွာ လူေနအိမ္ယာတိုက္ခန္းေပါင္း အနည္းဆုံး (၅ဝဝဝဝ) ခန႔္ၿပီးစီးေအာင္တည္ေဆာက္ဖို႔ စီစဥ္ထားပါတယ္။ ေျမာက္ကိုရီးယား အစိုးရဟာ ၂ဝ၂၁ ခုႏွစ္ကစတင္ၿပီး ၂ဝ၂၅ ခုႏွစ္ကုန္အထိ တစ္ႏွစ္ကိုအနည္းဆုံး လူေနအိမ္ယာ တိုက္ခန္းေပါင္း (၁ဝဝဝဝ)ခန႔္အၿပီး တည္ေဆာက္ႏိုင္ဖို႔ ပစ္မွတ္ထားေနတာလည္းျဖစ္ပါတယ္။ အေမရိကန္ အပါအဝင္ ႏိုင္ငံတကာ အဖြဲ႕အစည္းရဲ႕ ပိတ္ဆို႔မႈမ်ားေၾကာင့္ အိမ္ယာစီမံကိန္း တည္ေဆာက္မႈေတြ ေႏွာင့္ေနးခဲ့ရေပမယ့္လည္း လမ္းေၾကာင္းမွန္ေပၚ ျပန္လည္ေရာက္ရွိေအာင္လုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။

အိမ္ယာစီမံကိန္း ဥပေဒေတြဟာ ေျမာက္ကိုရီးယား ျပည္သူေတြ ေပ်ာ္႐ႊင္တဲ့ ဘဝပိုင္ဆိုင္ရရွိေရးအတြက္ အစိတ္အပိုင္းတစ္ခုအျဖစ္ပါဝင္လ်က္ရွိေနခဲ့ပါတယ္။ ေျမာက္ကိုရီးယားအစိုးရဟာ ႏိုင္ငံအတြင္း ျပည္သူေတြအတြက္ အိမ္ယာအခက္ခဲျပႆနာမ်ားကို တာဝန္ယူေဆာင္႐ြက္ခဲ့ၿပီး၂ဝဝ၉ ခုႏွစ္မွာ အိမ္ယာ စီမံကိန္းဥပေဒကို မရွိမျဖစ္လိုအပ္ခ်က္တစ္ခုအျဖစ္ မွတ္ယူေဆာင္႐ြက္ခဲ့ပါတယ္။ ေျမာက္ကိုရီးယားႏိုင္ငံ တဝွမ္းလုံးရွိ ျပည္သူမ်ားအတြက္ အိမ္ေဆာက္ေပးဖို႔ ေျမာက္ကိုရီးယားအစိုးရဟာ ႀကီးမားတဲ့ ဝန္ထုတ္ဝန္ပိုးကို အျပည့္ထမ္းထားရတာက အံအားသင့္စရာတစ္ခုျဖစ္ေစခဲ့ပါတယ္။

ေျမာက္ကိုရီးယားအစိုးရဟာ ၿပီးခဲ့တဲ့ႏွစ္မ်ားအတြင္း ေခတ္မီအိမ္ယာမ်ားကို ႏိုင္ငံအတြင္းစတင္ တည္ေဆာက္ခဲ့ပါတယ္။ ေျမာက္ကိုရီးယားအစိုးရရဲ႕ အိမ္ယာစီမံကိန္းဥပေဒထဲမွာ ေက်းလက္နဲ႔ ၿမိဳ႕ျပေဒသေတြမွာ အိမ္ယာအေဆာက္အဦးမ်ားတည္ေဆာက္ၿပီး ျပည္သူေတြကို အခမဲ့ ျပန္လည္ ေပးသြားမယ္ဆိုတဲ့အခ်က္ကို သတ္မွတ္ျပ႒ာန္းထားပါတယ္။ ေျမာက္ကိုရီးယားရဲ႕ အိမ္ယာစီမံကိန္း ဥပေဒေတြထဲမွာ ေျမာက္ကိုရီးယားရဲ႕သူရဲေကာင္းမ်ား၊ ေျမာက္ကိုရီးယားႏိုင္ငံအတြက္ တိုက္ပြဲဝင္ခဲ့တဲ့ စစ္ျပန္မ်ား၊ မသန္စြမ္းျဖစ္ရတဲ့ စစ္သားမ်ား၊ ေက်ာင္းဆရာ၊ ဆရာမ်ား၊ သိပၸံပညာရွင္မ်ား၊ နည္းပညာရွင္မ်ား၊ ႏိုင္ငံအတြက္ စြန႔္လႊတ္စြန႔္စားရဲရင့္သူမ်ား၊ အလုပ္သမားမ်ား၊ ကေလးအေရအတြက္ မ်ားတဲ့ မိသားစုမ်ား၊ သုံးႁမႊာပူးေမြးထားတဲ့ မိသားစုမ်ားကို အိမ္ယာတိုက္ခန္းမ်ား၊ ဦးစားေပးေပးသြား မယ္လို႔ သတ္မွတ္ထားပါတယ္။

အိမ္ယာစီမံကိန္း ဥပေဒေတြထဲမွာသဘာဝေဘးႀကဳံရသူမ်ားကိုအိမ္ယာမ်ား ကူညီေထာက္ပံ့ေပးဖို႔၊ စိန္ေခၚမႈရွိတဲ့လုပ္ငန္းမ်ားမွာ လုပ္ကိုင္ေနရသူမ်ား၊ အလုပ္ႀကိဳးစားလုပ္ကိုင္သူမ်ားကိုလည္းေပးေဝသြားဖို႔ စီစဥ္ထားပါတယ္။ ေျမာက္ကိုရီးယားအစိုးရဟာ ျပည္သူေတြရဲ႕ရွင္သန္ေနထိုင္မႈ ပိုမိုေကာင္းမြန္စြာနဲ႔ ေနထိုင္ႏိုင္ဖို႔ ရည္႐ြယ္ခ်က္နဲ႔ အိမ္ယာစီမံကိန္းမ်ားကိုတည္ေဆာက္ခဲ့ျခင္းျဖစ္ၿပီး အျမတ္စြန္းမ်ားစြာရဖို႔ ရည္႐ြယ္ခ်က္နဲ႔ တည္ေဆာက္ခဲ့ျခင္းမ်ိဳးမဟုတ္ဘဲ ႏိုင္ငံေတာ္ပိုင္ဆိုင္မႈ နဲ႔ လုပ္သားမ်ားရဲ႕ တီတြင္ ဖန္တီးမႈအသီးအပြင့္မ်ားကို ျပည္သူမ်ားခ်မ္းသာသုခခံစားရေစဖို႔ ရည္႐ြယ္တာမ်ိဳး ျဖစ္ပါတယ္။ အဆိုပါ ဥပေဒထဲမွာ သတ္မွတ္ထားတဲ့စံႏႈန္းမ်ားနဲ႔ မညီဘဲ အဆင္ေျပေစမယ့္ အိမ္ပုံစံ ဒီဇိုင္မ်ားကို ခြင့္ျပဳခ်က္ မေပးဘဲ ေဘးကင္းမႈ၊ တစ္ကိုယ္ေရသန႔္ရွင္းမႈဆိုင္ရာ က်န္းမာေရးသတ္မွတ္ခ်က္မ်ား၊ ျပည္သူေတြရဲ႕ က်န္းမာေရးသတ္မွတ္ခ်က္မ်ား၊ ယဥ္ေက်းမႈစံႏႈန္းမ်ားနဲ႔ ကိုက္ညီေအာင္တည္ေဆာက္ရမယ္လို႔ သတ္မွတ္ထားပါတယ္။

တည္ေဆာက္ျပသခဲ့တဲ့ ေျမာက္ကိုရီးယားႏိုင္ငံရဲ႕ အိမ္ယာအသစ္ေတြဟာ ပုံစံအမ်ိဳးမ်ိဳးနဲ႔ တည္ေဆာက္ ထားတဲ့တစ္ထပ္တိုက္မ်ားျဖစ္သလို အမိုးပုံသ႑န္အမ်ိဳးမ်ိဳးနဲ႔တည္ေဆာက္ထားတာေတြကို ေတြ႕ခဲ့ရပါ တယ္။ ေက်း႐ြာမ်ား၊ လမ္းအသစ္မ်ားကိုေအာင္ျမင္စြာတည္ေဆာက္ျခင္း၊ ေခတ္ရဲ႕ယာဥ္ေက်းမႈ၊ အဆင့္တန္း နဲ႔ လိုက္ေလ်ာ့ညီေထြျဖစ္ေစဖို႔ ၊ ျပည္သူေတြရဲ႕ေတာင္းဆိုခ်က္မ်ားနဲ႔ တိုးတက္လာတဲ့ ယာဥ္ေက်းမႈကို ႏွစ္သက္ေက်နပ္ေစဖို႔ ေျမာက္ကိုရီးယားအလုပ္သမား ပါတီရဲ႕မူဝါဒေတြက တစ္သတ္တည္းရွိေနပါတယ္။

Picture

L Mone

28/04/2023 18:33

စာတတ်ပါနဲ့ စာဖတ်ပါ စာဖတ်ပါနဲ့ စာတတ်ပါ ဆိုတာ အမြဲချိတ်ဆက်နေပါတယ်ဗျာ....

Related news

© 2021. All rights reserved.