ရုပ်ရှင်နှင့် ဗွီဒီယိုသရုပ်ဆောင် ဦးဝင်းနိုင်(အနုပညာ) ကွယ်လွန်

1322

Pearl (NP News) - ဧပြီ ၂၉
ရုပ်ရှင်နှင့် ဗီဒီယိုဝါရင့်ဟာသသရုပ်ဆောင် ဦးဝင်းနိုင် (အနုပညာ) ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့ (ဧပြီလ ၂၉)ရက်၊ နံနက် (၆)နာရီခွဲအချိန်ခန့်တွင် ပုလဲမြို့ ဆည်းဆာရိပ်ဘိုးဘွားရိပ်သာတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဦးဝင်းနိုင် (အနုပညာ) သည် ကွယ်လွန်ချိန်တွင် အသက် (၇၄)နှစ်ရှိပြီ ဖြစ်ပြီး လေဖြတ်ဝေဒနာခံစားနေရသူဖြစ်ကြောင်းလည်း သိရသည်။
ရုပ်ရှင်အစည်းအရုံးဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးမှ "ကျွန်တော်နဲ့ အတူတွဲလုပ်ဖူးတယ် စာစောင်။ နှစ်ပေါင်းများစွာ။ နောက်ပိုင်းကျမှ ကျွန်တော်နဲ့ တွဲပြီးတော့ ရုပ်ရှင်ထဲဝင်တာ။ အခုလိုကွယ်လွန်သွားတဲ့အတွက်တော့ စိတ်မကောင်းဖြစ်ရတာပေါ့။ သူက ဇာတ်သဘင်က လာတဲ့ လူတစ်ယောက် လေ။ ဇာတ်သဘင်ကနေ ရုပ်ရှင်။ ရုပ်ရှင်ကျတော့လည်း သူက အောင်မြင်တယ်။ အဲဒီတုန်းက ဝင်းနိုင်တွေ များနေတာ။ နင်္ဂါးလေးဝင်းနိုင်တို့ဘာတို့ အဲဒါတွေ ရှိတယ်၊ အဲဒီတော့ ကျွန်တော်တောင်ပြောသေးတယ် ဝင်းနိုင်တွေ များနေတယ်လို့။ ဆိုတော့ မဟုတ်ဘူး ကျွန်တော် ကျွန်တော့်နာမည် အရင်းနဲ့ပဲလုပ်မယ်ဆိုပြီးတော့ ဝင်းနိုင်(အနုပညာ)နဲ့လုပ်တာ။ ဒါပေမယ့် သူက ပေါက်ရောက်သွားတယ်။ အခုချိန်ကျတော့ အတူလုပ်ခဲ့တဲ့ လူတစ်ယောက်အတွက် အထူးစိတ်မကောင်းဖြစ်ရတာပေါ့။ ရင်ထဲ မကောင်းပါဘူး" ဟု NP News ကို အမှတ်တရစကားပြောထားသည်။
ဦးဝင်းနိုင်(အနုပညာ) သည် ရုပ်ရှင်နှင့်ဗီဒီယိုဇာတ်ကားပေါင်းများစွာတွင် ပါဝင်သရုပ်ဆောင်ရိုက်ကူးခဲ့ပြီး ဇာတ်သဘင်တွင်လည်း လူရွှင်တော်အဖြစ် လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်သည်။

Zawgyi Version;
႐ုပ္ရွင္ႏွင့္ ဗြီဒီယိုသ႐ုပ္ေဆာင္ ဦးဝင္းႏိုင္(အႏုပညာ) ကြယ္လြန္
Pearl (NP News) - ဧၿပီ ၂၉
႐ုပ္ရွင္ႏွင့္ ဗီဒီယိုဝါရင့္ဟာသသ႐ုပ္ေဆာင္ ဦးဝင္းႏိုင္ (အႏုပညာ) ကြယ္လြန္သြားခဲ့ေၾကာင္း သတင္းရရွိသည္။
ယေန႔ (ဧၿပီလ ၂၉)ရက္၊ နံနက္ (၆)နာရီခြဲအခ်ိန္ခန႔္တြင္ ပုလဲၿမိဳ႕ ဆည္းဆာရိပ္ဘိုးဘြားရိပ္သာတြင္ ကြယ္လြန္သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ဦးဝင္းႏိုင္ (အႏုပညာ) သည္ ကြယ္လြန္ခ်ိန္တြင္ အသက္ (၇၄)ႏွစ္ရွိၿပီ ျဖစ္ၿပီး ေလျဖတ္ေဝဒနာခံစားေနရသူျဖစ္ေၾကာင္းလည္း သိရသည္။
႐ုပ္ရွင္အစည္းအ႐ုံးဒုတိယဥကၠ႒ ဦးေအးၾကဴေလးမွ "ကြၽန္ေတာ္နဲ႔ အတူတြဲလုပ္ဖူးတယ္ စာေစာင္။ ႏွစ္ေပါင္းမ်ားစြာ။ ေနာက္ပိုင္းက်မွ ကြၽန္ေတာ္နဲ႔ တြဲၿပီးေတာ့ ႐ုပ္ရွင္ထဲဝင္တာ။ အခုလိုကြယ္လြန္သြားတဲ့အတြက္ေတာ့ စိတ္မေကာင္းျဖစ္ရတာေပါ့။ သူက ဇာတ္သဘင္က လာတဲ့ လူတစ္ေယာက္ ေလ။ ဇာတ္သဘင္ကေန ႐ုပ္ရွင္။ ႐ုပ္ရွင္က်ေတာ့လည္း သူက ေအာင္ျမင္တယ္။ အဲဒီတုန္းက ဝင္းႏိုင္ေတြ မ်ားေနတာ။ နဂၤါးေလးဝင္းႏိုင္တို႔ဘာတို႔ အဲဒါေတြ ရွိတယ္၊ အဲဒီေတာ့ ကြၽန္ေတာ္ေတာင္ေျပာေသးတယ္ ဝင္းႏိုင္ေတြ မ်ားေနတယ္လို႔။ ဆိုေတာ့ မဟုတ္ဘူး ကြၽန္ေတာ္ ကြၽန္ေတာ့္နာမည္ အရင္းနဲ႔ပဲလုပ္မယ္ဆိုၿပီးေတာ့ ဝင္းႏိုင္(အႏုပညာ)နဲ႔လုပ္တာ။ ဒါေပမယ့္ သူက ေပါက္ေရာက္သြားတယ္။ အခုခ်ိန္က်ေတာ့ အတူလုပ္ခဲ့တဲ့ လူတစ္ေယာက္အတြက္ အထူးစိတ္မေကာင္းျဖစ္ရတာေပါ့။ ရင္ထဲ မေကာင္းပါဘူး" ဟု NP News ကို အမွတ္တရစကားေျပာထားသည္။
ဦးဝင္းႏိုင္(အႏုပညာ) သည္ ႐ုပ္ရွင္ႏွင့္ဗီဒီယိုဇာတ္ကားေပါင္းမ်ားစြာတြင္ ပါဝင္သ႐ုပ္ေဆာင္႐ိုက္ကူးခဲ့ၿပီး ဇာတ္သဘင္တြင္လည္း လူ႐ႊင္ေတာ္အျဖစ္ လုပ္ကိုင္ခဲ့သူတစ္ဦးျဖစ္သည္။