KNU ညီလာခံကျင်းပနေစဉ် တပ်မဟာ (၅)နှင့် တပ်မဟာ(၂)တို့မှ ရုတ်တရက် ထွက်ခွာသွားသည့်အတွက် ညီလာခံအား ယာယီရပ်ဆိုင်းခဲ့ရ

 12072

NP News - ဧပြီ ၂၉

ကရင်အမျိုးသားအစည်းအရုံး(KNU) ညီလာခံ ကျင်းပနေစဉ် တပ်မဟာ(၅)နှင့် တပ်မဟာ(၂) ဦးဆောင်သူများက ရုတ်တ ရက် ထွက်ခွာခဲ့သည့်အတွက် ညီလာခံအား ယာယီရပ်ဆိုင်းခဲ့ရကြောင်း သတင်းရရှိသည်။

(၁၇)ကြိမ်မြောက် KNU ညီလာခံကို ဧပြီ ၂၄ ရက်မှစတင်ကာ တပ်မဟာ(၇)နယ်မြေ၌ ကျင်းပနေခြင်းဖြစ်ပြီး ဥက္ကဋ္ဌဗိုလ်ချုပ် ကြီးစောမူတူးစေးဖိုး ကိုယ်တိုင် တက်ရောက်လျက်ရှိကာ တပ်မဟာခေါင်းဆောင်အချို့မှာလည်း အွန်လိုင်းမှတစ်ဆင့် တက် ရောက်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် KNU ညီလာခံအတွင်း၌ ငြိမ်းချမ်းစွာဖြင့် NCA လမ်းကြောင်းအတိုင်း နိုင်ငံရေးဆွေးနွေးလိုသည့်အဖွဲ့နှင့် တပ်မ တော်အား အမြစ်ပြတ်ချေမှုန်းလိုသည့်အဖွဲ့ဟူ၍ နှစ်ဖွဲ့ကွဲနေလျက်ရှိကြောင်း KNU ၏ ထိပ်ပိုင်းခေါင်းဆောင်များနှင့်နီးစပ် သော သတင်းအရင်းအမြစ်က NP News ကို ပြောသည်။

ထိုသို့ညီလာခံ ကျင်းပနေစဉ်အချိန် ဧပြီ ၂၈ ရက်တွင် KNU တပ်မဟာ(၅)နှင့် တပ်မဟာ(၂)တို့အား ဦးဆောင်သူများက ညီ လာခံအစည်းအဝေးအတွင်းမှ လုံခြုံရေးအပါအဝင် အကြောင်းပြချက်များဖြင့် ရုတ်တရက် ထွက်ခွာသွားခဲ့ကြောင်း အထက် ပါ သတင်းအရင်းအမြစ်က ဆိုသည်။

“မနေ့က ညနေ နောက်ဆုံးပိတ် ရလာဒ်က တပ်မဟာ(၅)က NCA သမားတွေနဲ့ ဆက်ဆွေးနွေးစရာအကြောင်းမရှိတော့ဘူး ဆိုပြီးတော့မှ အွန်လိုင်းပေါ်ကနေ ထွက်သွားလိုက်တာ။ သူနဲ့အတူတူ တပ်မဟာ(၂)ကပါ ပါသွားတယ်။ လောလောဆယ် တော့ Congress က ယာယီရပ်ဆိုင်းသွားတယ်ပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။

KNU ဥက္ကဋ္ဌစောမူတူးစေးဖိုးအပါအဝင် တပ်မဟာ (၇) တို့သည် နိုင်ငံရေးပြဿနာများကို ငြိမ်းချမ်းစွာဖြင့် NCA လမ်းကြောင်းအတိုင်း ဖြေရှင်းဆောင်ရွက်လိုကြောင်း သိရသည်။

ထို့ပြင် KNU ၏ လက်အောက်ခံအဖွဲ့များဖြစ်သော တပ်မဟာ(၁)၊ တပ်မဟာ(၃)၊ တပ်မဟာ(၄)နှင့် တပ်မဟာ(၆)တို့၏ ဦး ဆောင်သူများထဲတွင်လည်း နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းစွာဖြင့် NCA လမ်းကြောင်းအတိုင်း ဖြေရှင်းဆောင်ရွက်လိုသူများ ရှိကြောင်း အထက်ပါသတင်းအရင်းအမြစ်က ဆက်လက်ပြောဆိုထားသည်။

“တပ်မဟာ(၇)ကတော့ မတိုက်ဘူး။ NCA အတိုင်းပဲ သွားမယ်။ ကျန်တဲ့ တပ်မဟာ(၄) ခုမှာလည်း NCA သမားတွေ အများ ကြီးရှိတယ်။ ညီလာခံအစည်းအဝေးအတွင်းမှာ တပ်မဟာ ၁၊ ၃၊ ၄၊ ၆ က NCA သမားတွေ ထွက်လာတယ်။ (၇)ကတော့ ပြတ်ပြတ်သားသားပဲ သူက NCA ပဲလေ” ဟု ၎င်းက ဆက်လက်ပြောဆိုထားသည်။

လက်ရှိတွင် (၁၇)ကြိမ်မြောက် KNU ညီလာခံကို ယနေ့(ဧပြီ ၂၉ ရက်) နှင့် ဧပြီ ၃ဝ ရက်တို့တွင် ယာယီရပ်နားထားကြောင်း သိရပြီး မေလ ၁ ရက်တွင် ညီလာခံကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

“အဲဒီတော့ တပ်မဟာ(၅)နဲ့ တပ်မဟာ(၂)တို့က အချိန် (၂)ရက် ရထားတယ်။ ဒီနေ့ စနေနဲ့ တနင်္ဂနွေ နှစ်ရက်ရထားတယ်။ တနင်္လာနေ့မှာ ပြန်တက်မလာတော့ဘူးဆိုရင် ဒီဘက်ကတော့ ပြတ်ပြတ်သားသား ကြေညာတော့မယ့် သဘောရှိတယ်” ဟု KNU ထိပ်ပိုင်းခေါင်းဆောင်များနှင့်နီးစပ်သူက ဆိုသည်။

ထို့ကြောင့် (၁၇)ကြိမ်မြောက် KNU ညီလာခံကို လာမည့် မေလ ၁ ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကာ KNU ၌ ဆက်လက်တာဝန်ထမ်းဆောင်မည့် ထိပ်ပိုင်းခေါင်းဆောင်များစာရင်းကိုလည်း ထုတ်ပြန်ကြေညာသွားဖွယ်ရှိကြောင်း သိရသည်။

Zawgyi Version;
KNU ညီလာခံက်င္းပေနစဥ္ တပ္မဟာ (၅)ႏွင့္ တပ္မဟာ(၂)တို႔မွ ႐ုတ္တရက္ ထြက္ခြာသြားသည့္အတြက္ ညီလာခံအား ယာယီရပ္ဆိုင္းခဲ့ရ
NP News - ဧၿပီ ၂၉

ကရင္အမ်ိဳးသားအစည္းအ႐ုံး(KNU) ညီလာခံ က်င္းပေနစဥ္ တပ္မဟာ(၅)ႏွင့္ တပ္မဟာ(၂) ဦးေဆာင္သူမ်ားက ႐ုတ္တ ရက္ ထြက္ခြာခဲ့သည့္အတြက္ ညီလာခံအား ယာယီရပ္ဆိုင္းခဲ့ရေၾကာင္း သတင္းရရွိသည္။

(၁၇)ႀကိမ္ေျမာက္ KNU ညီလာခံကို ဧၿပီ ၂၄ ရက္မွစတင္ကာ တပ္မဟာ(၇)နယ္ေျမ၌ က်င္းပေနျခင္းျဖစ္ၿပီး ဥကၠ႒ဗိုလ္ခ်ဳပ္ ႀကီးေစာမူတူးေစးဖိုး ကိုယ္တိုင္ တက္ေရာက္လ်က္ရွိကာ တပ္မဟာေခါင္းေဆာင္အခ်ိဳ႕မွာလည္း အြန္လိုင္းမွတစ္ဆင့္ တက္ ေရာက္လ်က္ရွိေၾကာင္း သိရသည္။

လက္ရွိတြင္ KNU ညီလာခံအတြင္း၌ ၿငိမ္းခ်မ္းစြာျဖင့္ NCA လမ္းေၾကာင္းအတိုင္း ႏိုင္ငံေရးေဆြးေႏြးလိုသည့္အဖြဲ႕ႏွင့္ တပ္မ ေတာ္အား အျမစ္ျပတ္ေခ်မႈန္းလိုသည့္အဖြဲ႕ဟူ၍ ႏွစ္ဖြဲ႕ကြဲေနလ်က္ရွိေၾကာင္း KNU ၏ ထိပ္ပိုင္းေခါင္းေဆာင္မ်ားႏွင့္နီးစပ္ ေသာ သတင္းအရင္းအျမစ္က NP News ကို ေျပာသည္။

ထိုသို႔ညီလာခံ က်င္းပေနစဥ္အခ်ိန္ ဧၿပီ ၂၈ ရက္တြင္ KNU တပ္မဟာ(၅)ႏွင့္ တပ္မဟာ(၂)တို႔အား ဦးေဆာင္သူမ်ားက ညီ လာခံအစည္းအေဝးအတြင္းမွ လုံၿခဳံေရးအပါအဝင္ အေၾကာင္းျပခ်က္မ်ားျဖင့္ ႐ုတ္တရက္ ထြက္ခြာသြားခဲ့ေၾကာင္း အထက္ ပါ သတင္းအရင္းအျမစ္က ဆိုသည္။

“မေန႔က ညေန ေနာက္ဆုံးပိတ္ ရလာဒ္က တပ္မဟာ(၅)က NCA သမားေတြနဲ႔ ဆက္ေဆြးေႏြးစရာအေၾကာင္းမရွိေတာ့ဘူး ဆိုၿပီးေတာ့မွ အြန္လိုင္းေပၚကေန ထြက္သြားလိုက္တာ။ သူနဲ႔အတူတူ တပ္မဟာ(၂)ကပါ ပါသြားတယ္။ ေလာေလာဆယ္ ေတာ့ Congress က ယာယီရပ္ဆိုင္းသြားတယ္ေပါ့” ဟု ၎က ဆက္လက္ေျပာသည္။

KNU ဥကၠ႒ေစာမူတူးေစးဖိုးအပါအဝင္ တပ္မဟာ (၇) တို႔သည္ ႏိုင္ငံေရးျပႆနာမ်ားကို ၿငိမ္းခ်မ္းစြာျဖင့္ NCA လမ္းေၾကာင္းအတိုင္း ေျဖရွင္းေဆာင္႐ြက္လိုေၾကာင္း သိရသည္။

ထို႔ျပင္ KNU ၏ လက္ေအာက္ခံအဖြဲ႕မ်ားျဖစ္ေသာ တပ္မဟာ(၁)၊ တပ္မဟာ(၃)၊ တပ္မဟာ(၄)ႏွင့္ တပ္မဟာ(၆)တို႔၏ ဦး ေဆာင္သူမ်ားထဲတြင္လည္း ႏိုင္ငံေရးျပႆနာကို ၿငိမ္းခ်မ္းစြာျဖင့္ NCA လမ္းေၾကာင္းအတိုင္း ေျဖရွင္းေဆာင္႐ြက္လိုသူမ်ား ရွိေၾကာင္း အထက္ပါသတင္းအရင္းအျမစ္က ဆက္လက္ေျပာဆိုထားသည္။

“တပ္မဟာ(၇)ကေတာ့ မတိုက္ဘူး။ NCA အတိုင္းပဲ သြားမယ္။ က်န္တဲ့ တပ္မဟာ(၄) ခုမွာလည္း NCA သမားေတြ အမ်ား ႀကီးရွိတယ္။ ညီလာခံအစည္းအေဝးအတြင္းမွာ တပ္မဟာ ၁၊ ၃၊ ၄၊ ၆ က NCA သမားေတြ ထြက္လာတယ္။ (၇)ကေတာ့ ျပတ္ျပတ္သားသားပဲ သူက NCA ပဲေလ” ဟု ၎က ဆက္လက္ေျပာဆိုထားသည္။

လက္ရွိတြင္ (၁၇)ႀကိမ္ေျမာက္ KNU ညီလာခံကို ယေန႔(ဧၿပီ ၂၉ ရက္) ႏွင့္ ဧၿပီ ၃ဝ ရက္တို႔တြင္ ယာယီရပ္နားထားေၾကာင္း သိရၿပီး ေမလ ၁ ရက္တြင္ ညီလာခံကို ဆက္လက္က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

“အဲဒီေတာ့ တပ္မဟာ(၅)နဲ႔ တပ္မဟာ(၂)တို႔က အခ်ိန္ (၂)ရက္ ရထားတယ္။ ဒီေန႔ စေနနဲ႔ တနဂၤေႏြ ႏွစ္ရက္ရထားတယ္။ တနလၤာေန႔မွာ ျပန္တက္မလာေတာ့ဘူးဆိုရင္ ဒီဘက္ကေတာ့ ျပတ္ျပတ္သားသား ေၾကညာေတာ့မယ့္ သေဘာရွိတယ္” ဟု KNU ထိပ္ပိုင္းေခါင္းေဆာင္မ်ားႏွင့္နီးစပ္သူက ဆိုသည္။

ထို႔ေၾကာင့္ (၁၇)ႀကိမ္ေျမာက္ KNU ညီလာခံကို လာမည့္ ေမလ ၁ ရက္ေန႔တြင္ ဆက္လက္က်င္းပသြားမည္ျဖစ္ကာ KNU ၌ ဆက္လက္တာဝန္ထမ္းေဆာင္မည့္ ထိပ္ပိုင္းေခါင္းေဆာင္မ်ားစာရင္းကိုလည္း ထုတ္ျပန္ေၾကညာသြားဖြယ္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.