ဂျပန်မှာ ကိုယ်ဝန်ဖျက်ချဆေး အသုံးပြုခြင်းကို ပထမဆုံးအကြိမ် ခွင့်ပြုလိုက်ပြီ

 4482

ရောင်နီ (NP News) - ဧပြီ ၃ဝ

ဂျပန်နိုင်ငံမှာ အစောပိုင်းအဆင့် ကိုယ်ဝန်တားဆေးကို ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုပြီးနောက် ကိုယ်ဝန်ဖျက်ချဆေးကိုလည်း ပထမဆုံးအကြိမ်အဖြစ် ရရှိနိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။

ကိုယ်ဝန်ဖျက်ချခြင်းကို ဂျပန်နိုင်ငံမှာ ကိုယ်ဝန် ၂၂ ပတ်အရွယ်အထိ တရားဝင်ခွင့်ပြုထားပေမယ့် များသောအားဖြင့် ဖျက်ချမယ်ဆိုရင်တော့ အိမ်ထောင်ဖက် (သို့မဟုတ်) လက်တွဲဖော်ထံမှ ခွင့်ပြုချက်ရရှိဖို့ လိုအပ်တယ်လို့ သိရပါတယ်။

ဗြိတိန်ဆေးဝါးကုမ္ပဏီ Linepharma မှ ထုတ်လုပ်တဲ့ အဆိုပါကိုယ်ဝန်ဖျက်ချဆေးဝါးကို အသုံးပြုခွင့် အတည်ပြုခဲ့ကြောင်း ကျန်းမာရေးစောင့်ရှောက်မှုတာဝန်ရှိသူများထံမှ ဧပြီလ ၂၈ ရက်၊ သောကြာနေ့က အကြောင်းကြားစာ ရရှိခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

ဆေးထုတ်လုပ်သူဟာ ၎င်းရဲ့ကိုယ်ဝန်ဖျက်ချဆေး ထုတ်ကုန်ဖြစ်တဲ့ mifepristone နဲ့ misoprostol ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဂျပန်နိုင်ငံမှာ ခွင့်ပြုချက် ရယူခဲ့ပါတယ်။ အလားတူဆေးကို ၁၉၈၈ ခုနှစ်က ပထမဆုံး ကိုယ်ဝန်ဖျက်ဆေး အတည်ပြုခဲ့တဲ့ ပြင်သစ်နဲ့ ၂ဝဝဝ ခုနှစ်က ပထမဆုံးအတည်ပြုတဲ့ အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံအများ အပြားမှာ ရရှိနေပြီဖြစ်ပါတယ်။

အမျိုးသားရုပ်သံလွှင့်ဌာန NHK က ကိုယ်ဝန်ဖျက်ဆေးနဲ့ ဆေးဘက်ဆိုင်ရာ ညှိနှိုင်းမှု စုစုပေါင်းကုန်ကျစရိတ်မှာ ယန်း ၁ဝဝဝဝဝ (S$980) ဝန်းကျင်ရှိမယ်လို့ ဆိုပါတယ်။ ကိုယ်ဝန်ဖျက်ချခြင်းဟာ ပြည်သူ့ကျန်းမာရေးအာမခံမှာတော့ အကျုံး မဝင်ပါဘူး။ ခွဲစိတ်ဖျက်ချမယ်ဆိုရင်တော့ ယန်း ၁ဝဝဝဝဝ မှ ၂ဝဝဝဝဝ ခန့် ကုန်ကျနိုင်တယ်လို့ သိရပါတယ်။

Zawgyi Version;
ဂ်ပန္မွာ ကိုယ္ဝန္ဖ်က္ခ်ေဆး အသုံးျပဳျခင္းကို ပထမဆုံးအႀကိမ္ ခြင့္ျပဳလိုက္ၿပီ
ေရာင္နီ (NP News) - ဧၿပီ ၃ဝ

ဂ်ပန္ႏိုင္ငံမွာ အေစာပိုင္းအဆင့္ ကိုယ္ဝန္တားေဆးကို က်န္းမာေရးဝန္ႀကီးဌာနက အတည္ျပဳၿပီးေနာက္ ကိုယ္ဝန္ဖ်က္ခ်ေဆးကိုလည္း ပထမဆုံးအႀကိမ္အျဖစ္ ရရွိႏိုင္ေတာ့မွာျဖစ္တယ္လို႔ သိရပါတယ္။

ကိုယ္ဝန္ဖ်က္ခ်ျခင္းကို ဂ်ပန္ႏိုင္ငံမွာ ကိုယ္ဝန္ ၂၂ ပတ္အ႐ြယ္အထိ တရားဝင္ခြင့္ျပဳထားေပမယ့္ မ်ားေသာအားျဖင့္ ဖ်က္ခ်မယ္ဆိုရင္ေတာ့ အိမ္ေထာင္ဖက္ (သို႔မဟုတ္) လက္တြဲေဖာ္ထံမွ ခြင့္ျပဳခ်က္ရရွိဖို႔ လိုအပ္တယ္လို႔ သိရပါတယ္။

ၿဗိတိန္ေဆးဝါးကုမၸဏီ Linepharma မွ ထုတ္လုပ္တဲ့ အဆိုပါကိုယ္ဝန္ဖ်က္ခ်ေဆးဝါးကို အသုံးျပဳခြင့္ အတည္ျပဳခဲ့ေၾကာင္း က်န္းမာေရးေစာင့္ေရွာက္မႈတာဝန္ရွိသူမ်ားထံမွ ဧၿပီလ ၂၈ ရက္၊ ေသာၾကာေန႔က အေၾကာင္းၾကားစာ ရရွိခဲ့ေၾကာင္း ဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။

ေဆးထုတ္လုပ္သူဟာ ၎ရဲ႕ကိုယ္ဝန္ဖ်က္ခ်ေဆး ထုတ္ကုန္ျဖစ္တဲ့ mifepristone နဲ႔ misoprostol ကို ၿပီးခဲ့တဲ့ ဒီဇင္ဘာလက ဂ်ပန္ႏိုင္ငံမွာ ခြင့္ျပဳခ်က္ ရယူခဲ့ပါတယ္။ အလားတူေဆးကို ၁၉၈၈ ခုႏွစ္က ပထမဆုံး ကိုယ္ဝန္ဖ်က္ေဆး အတည္ျပဳခဲ့တဲ့ ျပင္သစ္နဲ႔ ၂ဝဝဝ ခုႏွစ္က ပထမဆုံးအတည္ျပဳတဲ့ အေမရိကန္ျပည္ေထာင္စု အပါအဝင္ ႏိုင္ငံအမ်ား အျပားမွာ ရရွိေနၿပီျဖစ္ပါတယ္။

အမ်ိဳးသား႐ုပ္သံလႊင့္ဌာန NHK က ကိုယ္ဝန္ဖ်က္ေဆးနဲ႔ ေဆးဘက္ဆိုင္ရာ ညႇိႏႈိင္းမႈ စုစုေပါင္းကုန္က်စရိတ္မွာ ယန္း ၁ဝဝဝဝဝ (S$980) ဝန္းက်င္ရွိမယ္လို႔ ဆိုပါတယ္။ ကိုယ္ဝန္ဖ်က္ခ်ျခင္းဟာ ျပည္သူ႔က်န္းမာေရးအာမခံမွာေတာ့ အက်ဳံး မဝင္ပါဘူး။ ခြဲစိတ္ဖ်က္ခ်မယ္ဆိုရင္ေတာ့ ယန္း ၁ဝဝဝဝဝ မွ ၂ဝဝဝဝဝ ခန႔္ ကုန္က်ႏိုင္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.