ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်ဖို့ ကြိုးပမ်းတဲ့ မြန်မာနိုင်ငံသား ၃ဝ ကို ဖမ်းဆီးရမိခဲ့လို့ ထိုင်းရဲတပ်ဖွဲ့ပြော

832

ဂျန်ဇက် (NP News) - မေ ၄
ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ဟာ ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့တဲ့ မြန်မာနိုင်ငံ ရှမ်းပြည်နယ်မှ လူပေါင်း ၃ဝ ကို ချင်းရိုင်ခရိုင်မှာ မေလ ၄ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း မယ်ဆိုင်သတင်းဌာနက ဆိုပါတယ်။ ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်ထဲ ဝင်ရောက်လာတဲ့ အနက်ရောင်ကား ၂ စီးကို ရပ်တန့်ဆေးရာကနေ ကားပေါ်လိုက်ပါလာတဲ့ မြန်မာနိုင်ငံ သား ၃ဝ ဦးကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က ပြောပါတယ်။
အဆိုပါဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ အချို့က နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်များ ရရှိထားပေမယ့်လည်း သတ်မှတ်နယ်မြေကို ကျော်လွန်လာသူများဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံ သား ၃ဝ ဦးထဲမှာ အသက် ၂၄ နှစ်ကနေ ၄၅ နှစ်ကြား အမျိုးသား ၉ ဦးအပြင် အသက် ၁၈ နှစ်ကနေ ၄ဝ နှစ်ကြား အမျိုးသမီး ၁ဝ ဦးနဲ့ အသက် ၅ နှစ်ကနေ ၁၅ နှစ်ကြား ကလေးငယ် ၁၁ ဦး ပါဝင်ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
၎င်းတို့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းကနေ ထိုင်းနိုင်ငံကိုလာရောက်ပြီး အလုပ်လုပ်ဖို့ စီစဉ်ထားသူများဖြစ်ကြောင်း သိရပါတယ်။ ထိုင်းအာဏာပိုင်တွေဟာ မြန်မာနိုင်ငံသားတွေကို ထိုင်းနိုင်ငံအတွင်း ကားမောင်းပို့ဆောင်ပေးခဲ့တဲ့ အသက် ၄၄ နှစ်အရွယ်နဲ့ အသက် ၂၂ နှစ်အရွယ်ရှိ ထိုင်းနိုင်ငံသား ၂ ဦးတို့ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း ဆိုပါတယ်။
ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ရည်ရွယ်ချက်နဲ့ နယ်စပ်ဒေသကို ဖြတ်ကျော်ဝင်ရောက်လာသူများဖြစ်ကြောင်း သိရပါတယ်။

Zawgyi Version;
ထိုင္းႏိုင္ငံထဲကို တရားမဝင္ ဝင္ေရာက္ဖို႔ ႀကိဳးပမ္းတဲ့ ျမန္မာႏိုင္ငံသား ၃ဝ ကို ဖမ္းဆီးရမိခဲ့လို႔ ထိုင္းရဲတပ္ဖြဲ႕ေျပာ
ဂ်န္ဇက္ (NP News) - ေမ ၄
ထိုင္းနယ္ျခားေစာင့္တပ္ဖြဲ႕ဟာ ထိုင္းႏိုင္ငံထဲကို တရားမဝင္ ဝင္ေရာက္ဖို႔ ႀကိဳးပမ္းခဲ့တဲ့ ျမန္မာႏိုင္ငံ ရွမ္းျပည္နယ္မွ လူေပါင္း ၃ဝ ကို ခ်င္း႐ိုင္ခ႐ိုင္မွာ ေမလ ၄ ရက္က ဖမ္းဆီးရမိခဲ့ေၾကာင္း မယ္ဆိုင္သတင္းဌာနက ဆိုပါတယ္။ ထိုင္းႏိုင္ငံ ခ်င္း႐ိုင္ခ႐ိုင္ထဲ ဝင္ေရာက္လာတဲ့ အနက္ေရာင္ကား ၂ စီးကို ရပ္တန႔္ေဆးရာကေန ကားေပၚလိုက္ပါလာတဲ့ ျမန္မာႏိုင္ငံ သား ၃ဝ ဦးကို ဖမ္းမိခဲ့ျခင္းျဖစ္ေၾကာင္း ထိုင္းနယ္ျခားေစာင့္တပ္ဖြဲ႕က ေျပာပါတယ္။
အဆိုပါဖမ္းဆီးရမိတဲ့ ျမန္မာႏိုင္ငံသားေတြထဲမွာ အခ်ိဳ႕က နယ္စပ္ျဖတ္ေက်ာ္ခြင့္လက္မွတ္မ်ား ရရွိထားေပမယ့္လည္း သတ္မွတ္နယ္ေျမကို ေက်ာ္လြန္လာသူမ်ားျဖစ္ေၾကာင္း ထိုင္းအာဏာပိုင္မ်ားက ေျပာပါတယ္။ ဖမ္းဆီးခံရတဲ့ ျမန္မာႏိုင္ငံ သား ၃ဝ ဦးထဲမွာ အသက္ ၂၄ ႏွစ္ကေန ၄၅ ႏွစ္ၾကား အမ်ိဳးသား ၉ ဦးအျပင္ အသက္ ၁၈ ႏွစ္ကေန ၄ဝ ႏွစ္ၾကား အမ်ိဳးသမီး ၁ဝ ဦးနဲ႔ အသက္ ၅ ႏွစ္ကေန ၁၅ ႏွစ္ၾကား ကေလးငယ္ ၁၁ ဦး ပါဝင္ေၾကာင္း ထိုင္းအာဏာပိုင္ေတြက ေျပာပါတယ္။
၎တို႔ဟာ ရွမ္းျပည္နယ္ေျမာက္ပိုင္းကေန ထိုင္းႏိုင္ငံကိုလာေရာက္ၿပီး အလုပ္လုပ္ဖို႔ စီစဥ္ထားသူမ်ားျဖစ္ေၾကာင္း သိရပါတယ္။ ထိုင္းအာဏာပိုင္ေတြဟာ ျမန္မာႏိုင္ငံသားေတြကို ထိုင္းႏိုင္ငံအတြင္း ကားေမာင္းပို႔ေဆာင္ေပးခဲ့တဲ့ အသက္ ၄၄ ႏွစ္အ႐ြယ္နဲ႔ အသက္ ၂၂ ႏွစ္အ႐ြယ္ရွိ ထိုင္းႏိုင္ငံသား ၂ ဦးတို႔ကိုလည္း ဖမ္းဆီးရမိခဲ့ေၾကာင္း ဆိုပါတယ္။
ဖမ္းဆီးခံရတဲ့ ျမန္မာႏိုင္ငံသားေတြဟာ ထိုင္းႏိုင္ငံမွာ အလုပ္လုပ္ဖို႔ရည္႐ြယ္ခ်က္နဲ႔ နယ္စပ္ေဒသကို ျဖတ္ေက်ာ္ဝင္ေရာက္လာသူမ်ားျဖစ္ေၾကာင္း သိရပါတယ္။