ရုရှားတွေ အရူးလုပ်တာခံရတဲ့ အနောက်တိုင်းခေါင်းဆောင်များ (ဘာသာပြန်ဆောင်းပါး)

 2512

မောင်သံလွင် (NP News) - မေ ၅

ရုရှားတွေဟာ ယူကရိန်းပိုင်နက်နယ်မြေထဲမှာသာမကဘဲ အမေရိကန်ကိုလည်း တိုက်ခိုက်ခဲ့ပါတယ်။ ဒါပေမဲ့ ဒုံးကျည်တွေ၊ တင့်ကားတွေနဲ့တော့ မဟုတ်ပါ။ အတည်ပေါက်နောက်ပြောင်ဖုန်းခေါ်ဆိုမှုနဲ့ တိုက်ခိုက်တာပါ။ တကယ်တော့ ဒီလိုကမ္ဘာ့ခေါင်းဆောင်တွေကို နောက်ပြောင်တာဟာ ရယ်စရာမဟုတ်ပါဘူး။

ယခင် ဗြိတိသျှဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်၊ အဆိုတော်ကြီး အယ်လ်တန်ဂျွန်၊ ပိုလန်ဝန်ကြီးချုပ် အန်ဒရေ ဒူဒါ၊ ယခင် ဂျာမန် ဝန်ကြီးချုပ် အန်ဂျလာ မာကယ်နဲ့ ကနေဒါ ဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒိုးတို့တောင် အရူးလုပ်ခံခဲ့ရပါတယ်။ သူတို့ကို အရူးလုပ်နောက်ပြောင်ခဲ့တဲ့သူတွေက ရုရှား လူရွှင်တော်တွေပါ။
အခုနောက်ဆုံး အရူးလုပ်ခံရသူက အမေရိကန် ဗဟိုဘဏ် ဥက္ကဋ္ဌ ဂျရုမ်းပါဝယ် Jerome Powell ပါဘဲ။ သူဟာ ယူကရိန်းသမ္မတ ဇီလန်းစကီးလို့ ဟန်ဆောင်ထားသူတစ်ယောက်ဆီက ဖုန်းခေါ်လာတာကို လက်ခံစကား ပြောခဲ့ပါတယ်။ ဒါက အခုလောလောဆယ်ဖြစ်သွားတာမဟုတ်ဘဲ လွန်ခဲ့တဲ့ ဇန်နဝါရီလကဖြစ်ခဲ့တာပါ။ အခုမှ အဲဒီ အဖြစ်အပျက်ရဲ့ အသေးစိတ်အချက်အလက်တွေကို သိလာရတာဖြစ်ပါတယ်။
အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌကို ခေါ်လာတာက ဗီဒီယိုကောနဲ့ဖြစ်ပါတယ်။ ပြောဖြစ်တဲ့ အကြောင်းအရာတွေက ငွေကြေးဖောင်းပွမှုအပေါ် အမြင်တွေကနေ ရုရှားဗဟိုဘဏ်ကိစ္စတွေအထိ ပါဝင်ပါတယ်။

ငွေကြေးဖောင်းပွမှုနဲ့ပတ်သက်ပြီး ပါဝဲလ်ပြောခဲ့တာက “ စီးပွားရေးကျဆင်းမှုဟာ ဖွံ့ဖြိုးတိုးတက်မှု အလွန် နှေးကွေးတဲ့ သဘောလောက်ပဲဖြစ်မှာပါ” ကျွန်တော်ထင်တာတော့ ဒါက ကျွန်တော်တို့ အတိုးနှုန်းတွေမြှင့်တင်လိုက်တာကြောင့်လည်း တစ်ကြောင်းဖြစ်ပါတယ်။ ဒီလိုလုပ်ရတာက ငွေကြေးဖောင်းပွမှုကို ဆွဲချဖို့ပါ”

ဒါက အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌ ပါဝဲလ်က ယူကရိန်းသမ္မတ ဟန်ဆောင်ထားသူကိုပြောခဲ့တဲ့ စကားပါ။ ဒါဟာ အစိုးရအောက်ခြေအရာရှိတစ်ယောက်ကို ဆက်သွယ်ပြောဆိုခဲ့တာမဟုတ်ပါဘူး။ အလွယ်တကူ ဆက်သွယ်လို့မရနိုင်တဲ့ အမေရိကန်အစိုးရရဲ့ ထိပ်တန်းအရာရှိတွေထဲမှာ တစ်ယောက်အပါ အဝင်ဖြစ်တဲ့ ဗဟိုဘဏ် ဥက္ကဋ္ဌကို ဆက်သွယ်ပြောဆိုခဲ့တာပါ။ သူတို့ဟာ ရုရှား လူရွှင်တော်တွေဖြစ်ကြတဲ့ ဗလာဒီမီယာ ကရာစ်နော့ဗ် Vladimir krasnov နဲ့ အဲလက်စ် စတိုလီယာရော့ဗ် Alex a stoliarov တို့နှစ်ယောက်ဖြစ်ပါတယ်။ အများက ဗိုဗန် နဲ့ လက်ဆပ်စ်လို့ သိကြသူတွေပါ။ သူတို့ကိုယ်သူတို့ ပူတင်ကို ထောက်ခံသူတွေလို့ ပြောထားကြပါတယ်။ သူတို့က အများအာရုံစိုက်ခံရအောင် စတန့်ထွင်ကြတာလို့ ပြောပါတယ်။
အမေရိကန် FED ကလည်း ဒီလို အရူးလုပ်ခံရတဲ့အကြောင်း ဝန်ခံကြေငြာချက်ထုတ်ပါတယ်။ ဗီဒီယို ကောအတွင်းမှာ ပြောခဲ့တာတွေနဲ့ ပတ်သက်ပြီး “ ကျွန်တော်တို့အနေနဲ့ ဒီလိုအခက်အခဲကြုံနေရချိန်မှာ ယူကရိန်း ပြည်သူတွေကို ထောက်ခံကြောင်း ရင်းရင်းနှီးနှီး ပြောကြဆိုကြတာပါ။ ဘာလျှို့ဝှက် သတင်းအချက်အလက်ကိုမှ ဆွေးနွေးခဲ့ကြတာမရှိပါဘူး။ ဒီကိစ္စကိုလည်း သက်ဆိုင်ရာဥပဒေ ထိန်းသိမ်း ရေးအဖွဲ့ကို သတင်းပို့လိုက်ပြီးပါပြီ။”

“သူတို့ရဲ့ ကြိုးပမ်းအားထုတ်မှုကိုတော့ လေးစားတဲ့အနေဲ့ ဘာမှဝေဖန်မှတ်ချက်ပေးမှာမဟုတ်ဘူး” လို့ ဗဟိုဘဏ်က ကြေငြာချက်ထုတ်ပြန်ပါတယ်။

ဗဟိုဘဏ်ရဲ့အဆိုအရ ဘာမှထိခိုက်နစ်နာသွားတာမရှိဘူးလို့ဆိုပါတယ်။ ဒီရုရှား လူရွှင်‌တော် နှစ်ယောက်ဟာ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင် နိုင်ငံခြားရေးဝန်ကြီးဘဝမှာတုန်းကလည်း အရူးလုပ်ခဲ့ဖူးပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ယူကေအစိုးရက ကရင်မလင်ကို အပြစ်တင်ခဲ့ပါတယ်။

ဒီနှစ်အစောပိုင်းတုန်းကလည်း အီးယူဗဟိုဘဏ်ဥက္ကဋ္ဌဖြစ်သူ ခရစ်စတင်းလဂတ် Christine Lagarde ဟာ သူတို့ရဲ့သားကောင်ဖြစ်ခဲ့ရဖူးပါတယ်။ အဲဒီတုန်းကလည်း သူတို့က သမ္မတ ဇီလန်စကီး ဟန်ဆောင်ပြီး လဂတ်ကို အရူးလုပ်ခဲ့တာပါ။ ဒီလိုလုပ်ခဲ့တိုင်းမှာ အရေးကြီးတဲ့ လျှို့ဝှက်သတင်းတွေ ပေါက်ကြားတာ၊ မျှဝေတာ မရှိခဲ့ဘူးလို့ဆိုပေမဲ့ အရူးလုပ်ခံရသူအားလုံးဟာ အရေးကြီးတဲ့ ကမ္ဘာ့နိုင်ငံရေး စီးပွားရေးခေါင်းဆောင်တွေပါ။ သူတို့ဟာ ရုရှားကို ဆန့်ရှင်တွေချမှတ်ပိတ်ဆို့အရေးယူမှုတွေ လုပ်နေကြ ပြီး တိုက်ခိုက်နေကြပေမဲ့ တစ်ဖက်မှာ ရုရှားလူရွှင်တော်တွေရဲ့အရူးလုပ်တာကို ခံနေရပါတယ်။

သမ္မတ ဇီလန်စကီးဆိုရင် ဒီဒဏ်ကိုတော်တော် ခံရပါတယ်။ စစ်ပွဲ စဖြစ်လာပြီးကတည်းက သူ့ ဗီဒီယို ဘယ်လောက်ထွက်လာပြီလဲမသိပါ။ ဗို့ဂ် Vogue ဖက်ရှင်မဂ္ဂဇင်းမှာ ဖေါ်ပြလိုက်တဲ့ ဓါတ်ပုံတွေကြောင့် လည်း ပူညံပူညံ ဝေဖန်သံတွေထွက်ခဲ့ပါသေးတယ်။ အဲဒီပုံက သမ္မတဇီလန်စကီး နဲ့ သူ့ဇနီးတို့ရဲ့ပုံတွေပါ။ စစ်ဖြစ်ပြီး ယူကရိန်းပြည်သူတွေ ဒီလောက် ဒုက္ခရောက် နေချိန်၊ ဖက်ရှင်မဂ္ဂဇင်းတစ်ခုမှာ ဒီလိုပုံမထည့်သင့်ဘူးဆိုပြီး ဝေဖန်ခဲ့ကြတာပါ။ ဒီဓါတ်ပုံကို အနောက်တိုင်းက သူ့မိတ်ဆွေတွေက အတုလား အစစ်လားမခွဲခြားနိုင်ခဲ့ပါဘူး။

ဘာဘဲဖြစ်ဖြစ် အနောက်တိုင်းအနေနဲ့ ရုရှားလူရွှင်တော်တွေ နောက်ထပ် ကြီးကြီးမားမား လှုပ်ရှားမှုတစ်ခုခု လုပ်မလာခင်မှာ ဒီလိုအမှားမျိုးထပ်မဖြစ်ဖို့ သတိကြီးကြီးထားပြီး အချက်အလက်မှန် ၊ မမှန်စစ်ဆေးပေးတဲ့သူတွေ ထားရှိဖို့လို‌နေပြီဖြစ်ကြောင်း သတိပေးသံချောင်းခေါက်နေပြီဖြစ်ပါကြောင်း။

ရည်ညွှန်း - How US Fed Chief Fell For "Zelensky's" Prank Call Vantage with Palki Sharma

zawgyi version
႐ုရွားေတြ အ႐ူးလုပ္တာခံရတဲ့ အေနာက္တိုင္းေခါင္းေဆာင္မ်ား (ဘာသာျပန္ေဆာင္းပါး)
ေမာင္သံလြင္ (NP News) - ေမ ၅

႐ုရွားေတြဟာ ယူကရိန္းပိုင္နက္နယ္ေျမထဲမွာသာမကဘဲ အေမရိကန္ကိုလည္း တိုက္ခိုက္ခဲ့ပါတယ္။ ဒါေပမဲ့ ဒုံးက်ည္ေတြ၊ တင့္ကားေတြနဲ႔ေတာ့ မဟုတ္ပါ။ အတည္ေပါက္ေနာက္ေျပာင္ဖုန္းေခၚဆိုမႈနဲ႔ တိုက္ခိုက္တာပါ။ တကယ္ေတာ့ ဒီလိုကမာၻ႔ေခါင္းေဆာင္ေတြကို ေနာက္ေျပာင္တာဟာ ရယ္စရာမဟုတ္ပါဘူး။

ယခင္ ၿဗိတိသွ်ဝန္ႀကီးခ်ဳပ္ေဟာင္း ေဘာရစ္ဂြၽန္ဆင္၊ အဆိုေတာ္ႀကီး အယ္လ္တန္ဂြၽန္၊ ပိုလန္ဝန္ႀကီးခ်ဳပ္ အန္ဒေရ ဒူဒါ၊ ယခင္ ဂ်ာမန္ ဝန္ႀကီးခ်ဳပ္ အန္ဂ်လာ မာကယ္နဲ႔ ကေနဒါ ဝန္ႀကီးခ်ဳပ္ ဂ်ပ္စတင္ထ႐ူးဒိုးတို႔ေတာင္ အ႐ူးလုပ္ခံခဲ့ရပါတယ္။ သူတို႔ကို အ႐ူးလုပ္ေနာက္ေျပာင္ခဲ့တဲ့သူေတြက ႐ုရွား လူ႐ႊင္ေတာ္ေတြပါ။
အခုေနာက္ဆုံး အ႐ူးလုပ္ခံရသူက အေမရိကန္ ဗဟိုဘဏ္ ဥကၠ႒ ဂ်႐ုမ္းပါဝယ္ Jerome Powell ပါဘဲ။ သူဟာ ယူကရိန္းသမၼတ ဇီလန္းစကီးလို႔ ဟန္ေဆာင္ထားသူတစ္ေယာက္ဆီက ဖုန္းေခၚလာတာကို လက္ခံစကား ေျပာခဲ့ပါတယ္။ ဒါက အခုေလာေလာဆယ္ျဖစ္သြားတာမဟုတ္ဘဲ လြန္ခဲ့တဲ့ ဇန္နဝါရီလကျဖစ္ခဲ့တာပါ။ အခုမွ အဲဒီ အျဖစ္အပ်က္ရဲ႕ အေသးစိတ္အခ်က္အလက္ေတြကို သိလာရတာျဖစ္ပါတယ္။
အေမရိကန္ဗဟိုဘဏ္ဥကၠ႒ကို ေခၚလာတာက ဗီဒီယိုေကာနဲ႔ျဖစ္ပါတယ္။ ေျပာျဖစ္တဲ့ အေၾကာင္းအရာေတြက ေငြေၾကးေဖာင္းပြမႈအေပၚ အျမင္ေတြကေန ႐ုရွားဗဟိုဘဏ္ကိစၥေတြအထိ ပါဝင္ပါတယ္။

ေငြေၾကးေဖာင္းပြမႈနဲ႔ပတ္သက္ၿပီး ပါဝဲလ္ေျပာခဲ့တာက “ စီးပြားေရးက်ဆင္းမႈဟာ ဖြံ႕ၿဖိဳးတိုးတက္မႈ အလြန္ ေႏွးေကြးတဲ့ သေဘာေလာက္ပဲျဖစ္မွာပါ” ကြၽန္ေတာ္ထင္တာေတာ့ ဒါက ကြၽန္ေတာ္တို႔ အတိုးႏႈန္းေတြျမႇင့္တင္လိုက္တာေၾကာင့္လည္း တစ္ေၾကာင္းျဖစ္ပါတယ္။ ဒီလိုလုပ္ရတာက ေငြေၾကးေဖာင္းပြမႈကို ဆြဲခ်ဖို႔ပါ”

ဒါက အေမရိကန္ဗဟိုဘဏ္ဥကၠ႒ ပါဝဲလ္က ယူကရိန္းသမၼတ ဟန္ေဆာင္ထားသူကိုေျပာခဲ့တဲ့ စကားပါ။ ဒါဟာ အစိုးရေအာက္ေျခအရာရွိတစ္ေယာက္ကို ဆက္သြယ္ေျပာဆိုခဲ့တာမဟုတ္ပါဘူး။ အလြယ္တကူ ဆက္သြယ္လို႔မရႏိုင္တဲ့ အေမရိကန္အစိုးရရဲ႕ ထိပ္တန္းအရာရွိေတြထဲမွာ တစ္ေယာက္အပါ အဝင္ျဖစ္တဲ့ ဗဟိုဘဏ္ ဥကၠ႒ကို ဆက္သြယ္ေျပာဆိုခဲ့တာပါ။ သူတို႔ဟာ ႐ုရွား လူ႐ႊင္ေတာ္ေတြျဖစ္ၾကတဲ့ ဗလာဒီမီယာ ကရာစ္ေနာ့ဗ္ Vladimir krasnov နဲ႔ အဲလက္စ္ စတိုလီယာေရာ့ဗ္ Alex a stoliarov တို႔ႏွစ္ေယာက္ျဖစ္ပါတယ္။ အမ်ားက ဗိုဗန္ နဲ႔ လက္ဆပ္စ္လို႔ သိၾကသူေတြပါ။ သူတို႔ကိုယ္သူတို႔ ပူတင္ကို ေထာက္ခံသူေတြလို႔ ေျပာထားၾကပါတယ္။ သူတို႔က အမ်ားအာ႐ုံစိုက္ခံရေအာင္ စတန႔္ထြင္ၾကတာလို႔ ေျပာပါတယ္။
အေမရိကန္ FED ကလည္း ဒီလို အ႐ူးလုပ္ခံရတဲ့အေၾကာင္း ဝန္ခံေၾကျငာခ်က္ထုတ္ပါတယ္။ ဗီဒီယို ေကာအတြင္းမွာ ေျပာခဲ့တာေတြနဲ႔ ပတ္သက္ၿပီး “ ကြၽန္ေတာ္တို႔အေနနဲ႔ ဒီလိုအခက္အခဲႀကဳံေနရခ်ိန္မွာ ယူကရိန္း ျပည္သူေတြကို ေထာက္ခံေၾကာင္း ရင္းရင္းႏွီးႏွီး ေျပာၾကဆိုၾကတာပါ။ ဘာလွ်ိဳ႕ဝွက္ သတင္းအခ်က္အလက္ကိုမွ ေဆြးေႏြးခဲ့ၾကတာမရွိပါဘူး။ ဒီကိစၥကိုလည္း သက္ဆိုင္ရာဥပေဒ ထိန္းသိမ္း ေရးအဖြဲ႕ကို သတင္းပို႔လိုက္ၿပီးပါၿပီ။”

“သူတို႔ရဲ႕ ႀကိဳးပမ္းအားထုတ္မႈကိုေတာ့ ေလးစားတဲ့အေနဲ႔ ဘာမွေဝဖန္မွတ္ခ်က္ေပးမွာမဟုတ္ဘူး” လို႔ ဗဟိုဘဏ္က ေၾကျငာခ်က္ထုတ္ျပန္ပါတယ္။

ဗဟိုဘဏ္ရဲ႕အဆိုအရ ဘာမွထိခိုက္နစ္နာသြားတာမရွိဘူးလို႔ဆိုပါတယ္။ ဒီ႐ုရွား လူ႐ႊင္‌ေတာ္ ႏွစ္ေယာက္ဟာ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ေဟာင္း ေဘာရစ္ဂြၽန္ဆင္ ႏိုင္ငံျခားေရးဝန္ႀကီးဘဝမွာတုန္းကလည္း အ႐ူးလုပ္ခဲ့ဖူးပါတယ္။ အဲဒီကိစၥနဲ႔ပတ္သက္ၿပီး ယူေကအစိုးရက ကရင္မလင္ကို အျပစ္တင္ခဲ့ပါတယ္။

ဒီႏွစ္အေစာပိုင္းတုန္းကလည္း အီးယူဗဟိုဘဏ္ဥကၠ႒ျဖစ္သူ ခရစ္စတင္းလဂတ္ Christine Lagarde ဟာ သူတို႔ရဲ႕သားေကာင္ျဖစ္ခဲ့ရဖူးပါတယ္။ အဲဒီတုန္းကလည္း သူတို႔က သမၼတ ဇီလန္စကီး ဟန္ေဆာင္ၿပီး လဂတ္ကို အ႐ူးလုပ္ခဲ့တာပါ။ ဒီလိုလုပ္ခဲ့တိုင္းမွာ အေရးႀကီးတဲ့ လွ်ိဳ႕ဝွက္သတင္းေတြ ေပါက္ၾကားတာ၊ မွ်ေဝတာ မရွိခဲ့ဘူးလို႔ဆိုေပမဲ့ အ႐ူးလုပ္ခံရသူအားလုံးဟာ အေရးႀကီးတဲ့ ကမာၻ႔ႏိုင္ငံေရး စီးပြားေရးေခါင္းေဆာင္ေတြပါ။ သူတို႔ဟာ ႐ုရွားကို ဆန႔္ရွင္ေတြခ်မွတ္ပိတ္ဆို႔အေရးယူမႈေတြ လုပ္ေနၾက ၿပီး တိုက္ခိုက္ေနၾကေပမဲ့ တစ္ဖက္မွာ ႐ုရွားလူ႐ႊင္ေတာ္ေတြရဲ႕အ႐ူးလုပ္တာကို ခံေနရပါတယ္။

သမၼတ ဇီလန္စကီးဆိုရင္ ဒီဒဏ္ကိုေတာ္ေတာ္ ခံရပါတယ္။ စစ္ပြဲ စျဖစ္လာၿပီးကတည္းက သူ႔ ဗီဒီယို ဘယ္ေလာက္ထြက္လာၿပီလဲမသိပါ။ ဗို႔ဂ္ Vogue ဖက္ရွင္မဂၢဇင္းမွာ ေဖၚျပလိုက္တဲ့ ဓါတ္ပုံေတြေၾကာင့္ လည္း ပူညံပူညံ ေဝဖန္သံေတြထြက္ခဲ့ပါေသးတယ္။ အဲဒီပုံက သမၼတဇီလန္စကီး နဲ႔ သူ႔ဇနီးတို႔ရဲ႕ပုံေတြပါ။ စစ္ျဖစ္ၿပီး ယူကရိန္းျပည္သူေတြ ဒီေလာက္ ဒုကၡေရာက္ ေနခ်ိန္၊ ဖက္ရွင္မဂၢဇင္းတစ္ခုမွာ ဒီလိုပုံမထည့္သင့္ဘူးဆိုၿပီး ေဝဖန္ခဲ့ၾကတာပါ။ ဒီဓါတ္ပုံကို အေနာက္တိုင္းက သူ႔မိတ္ေဆြေတြက အတုလား အစစ္လားမခြဲျခားႏိုင္ခဲ့ပါဘူး။

ဘာဘဲျဖစ္ျဖစ္ အေနာက္တိုင္းအေနနဲ႔ ႐ုရွားလူ႐ႊင္ေတာ္ေတြ ေနာက္ထပ္ ႀကီးႀကီးမားမား လႈပ္ရွားမႈတစ္ခုခု လုပ္မလာခင္မွာ ဒီလိုအမွားမ်ိဳးထပ္မျဖစ္ဖို႔ သတိႀကီးႀကီးထားၿပီး အခ်က္အလက္မွန္ ၊ မမွန္စစ္ေဆးေပးတဲ့သူေတြ ထားရွိဖို႔လို‌ေနၿပီျဖစ္ေၾကာင္း သတိေပးသံေခ်ာင္းေခါက္ေနၿပီျဖစ္ပါေၾကာင္း။

ရည္ၫႊန္း - How US Fed Chief Fell For "Zelensky's" Prank Call Vantage with Palki Sharma

Picture

09450649007

13/05/2023 00:41

.

Related news

© 2021. All rights reserved.