ဘိလိယက်ဘောကို (၄၇ ဒသမ ၁၃) စက္ကန့်ကြာ လည်အောင်ထိုးပြနိုင်ခဲ့ပြီး ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့တဲ့ အမျိုးသား

448

Pika (NP News) - မေ ၅
ဟန်ဂေရီနိုင်ငံမှ ဘိလိယက်ကစားသမားတစ်ဦးသည် အဖြူရောင်ဘိလိယက်သီး (cue ball) ကို (၄၇ ဒသမ ၁၃) စက္ကန့် လည်အောင် ထိုးပြနိုင်ခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်တင်နိုင်ခဲ့ကြောင်း သိရသည်။
အသက်(၂၉)နှစ်အရွယ် Bence Kővári သည် ၎င်း၏ ကျူတံကို အသုံးပြုကာ အဖြူရောင်ဘိလိယက်သီး (cue ball) ကို အခြားတစ်လုံးနှင့်တိုက်မိပြီးနောက် လည်စေရန်အတွက် ထိုးပြနိုင်ခဲ့ကြောင်း ကမ္ဘာ့ဂင်းနစ်စံချိန် မှတ်တမ်းတင်သည့်အဖွဲ့ များက ပြောကြားခဲ့သည်။
ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ရန် အရည်အချင်းပြည့်မှီရန်အတွက် အဖြူရောင်ဘိလိယက်သီး (cue ball) သည် ဘိလိယက် ခုံဘေးဘောင်ကို မထိဘဲ လည်နေရန် လိုအပ်ကြောင်း သိရသည်။ အဖြူရောင်ဘိလိယက်သီး (cue ball) သည် (၄၇ ဒသမ ၁၃) စက္ကန့်ကြာအောင်လည်ခဲ့ပြီး (၂ဝ၂၁) ခုနှစ်တွင် ပြင်သစ်ဘိလိယက်ပညာရှင် Florian "Venom " Kohler ထိုးပြနိုင်ခဲ့ သော ယခင်စံချိန် (၄၂ ဒသမ ၂ဝ) စက္ကန့်ကို ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ကမ္ဘာ့ဂင်းနစ်စံချိန် မှတ်တမ်းတင်သည့်အဖွဲ့က ပြောကြားခဲ့သည်။
Bence Kővári က "ကျွန်တော့်သူငယ်ချင်းတစ်ယောက်က Florian "Venom" Kohler ထိုးပြထားတဲ့ အံ့ဩဖွယ်ကောင်းတဲ့ ထိုးချက်ကို ပြသခဲ့ပါတယ်။ သူကိုယ်တိုင်ကလည်း ကျွန်တော် ဘိလိယက်သီးကို ဘယ်လောက်ကြာကြာ လည်နိုင်အောင် ထိုးနိုင်မလဲဆိုတာ သိချင်နေပြီး စက္ကန့် (၃ဝ) ကျော်တိုင်းတာခဲ့ပါတယ်။ ဒါကြောင့် ဒီလိုဂင်းနစ်စံချိန်တင်နိုင်ဖို့အတွက် လေ့ကျင့်ဖို့ ဆုံးဖြတ်ခဲ့တာပါပဲ" ဟု ပြောဆိုခဲ့သည်။

Zawgyi Version;
ဘိလိယက္ေဘာကို (၄၇ ဒသမ ၁၃) စကၠန႔္ၾကာ လည္ေအာင္ထိုးျပႏိုင္ခဲ့ၿပီး ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့တဲ့ အမ်ိဳးသား
Pika (NP News) - ေမ ၅
ဟန္ေဂရီႏိုင္ငံမွ ဘိလိယက္ကစားသမားတစ္ဦးသည္ အျဖဴေရာင္ဘိလိယက္သီး (cue ball) ကို (၄၇ ဒသမ ၁၃) စကၠန႔္ လည္ေအာင္ ထိုးျပႏိုင္ခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္တင္ႏိုင္ခဲ့ေၾကာင္း သိရသည္။
အသက္(၂၉)ႏွစ္အ႐ြယ္ Bence Kővári သည္ ၎၏ က်ဴတံကို အသုံးျပဳကာ အျဖဴေရာင္ဘိလိယက္သီး (cue ball) ကို အျခားတစ္လုံးႏွင့္တိုက္မိၿပီးေနာက္ လည္ေစရန္အတြက္ ထိုးျပႏိုင္ခဲ့ေၾကာင္း ကမာၻ႔ဂင္းနစ္စံခ်ိန္ မွတ္တမ္းတင္သည့္အဖြဲ႕ မ်ားက ေျပာၾကားခဲ့သည္။
ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ရန္ အရည္အခ်င္းျပည့္မွီရန္အတြက္ အျဖဴေရာင္ဘိလိယက္သီး (cue ball) သည္ ဘိလိယက္ ခုံေဘးေဘာင္ကို မထိဘဲ လည္ေနရန္ လိုအပ္ေၾကာင္း သိရသည္။ အျဖဴေရာင္ဘိလိယက္သီး (cue ball) သည္ (၄၇ ဒသမ ၁၃) စကၠန႔္ၾကာေအာင္လည္ခဲ့ၿပီး (၂ဝ၂၁) ခုႏွစ္တြင္ ျပင္သစ္ဘိလိယက္ပညာရွင္ Florian "Venom " Kohler ထိုးျပႏိုင္ခဲ့ ေသာ ယခင္စံခ်ိန္ (၄၂ ဒသမ ၂ဝ) စကၠန႔္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း ကမာၻ႔ဂင္းနစ္စံခ်ိန္ မွတ္တမ္းတင္သည့္အဖြဲ႕က ေျပာၾကားခဲ့သည္။
Bence Kővári က "ကြၽန္ေတာ့္သူငယ္ခ်င္းတစ္ေယာက္က Florian "Venom" Kohler ထိုးျပထားတဲ့ အံ့ဩဖြယ္ေကာင္းတဲ့ ထိုးခ်က္ကို ျပသခဲ့ပါတယ္။ သူကိုယ္တိုင္ကလည္း ကြၽန္ေတာ္ ဘိလိယက္သီးကို ဘယ္ေလာက္ၾကာၾကာ လည္ႏိုင္ေအာင္ ထိုးႏိုင္မလဲဆိုတာ သိခ်င္ေနၿပီး စကၠန႔္ (၃ဝ) ေက်ာ္တိုင္းတာခဲ့ပါတယ္။ ဒါေၾကာင့္ ဒီလိုဂင္းနစ္စံခ်ိန္တင္ႏိုင္ဖို႔အတြက္ ေလ့က်င့္ဖို႔ ဆုံးျဖတ္ခဲ့တာပါပဲ" ဟု ေျပာဆိုခဲ့သည္။