၂ဝ၁၉၊ ၂ဝ၂ဝ နှင့် ၂ဝ၂၂ ခုနှစ်အတွက် မြန်မာရုပ်ရှင်ထူးချွန်ဆုချီးမြင့်ပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီး

2928

NP News - မေ ၇
၂ဝ၁၉ ခုနှစ်၊ ၂ဝ၂ဝ ပြည့်နှစ် နှင့် ၂ဝ၂၂ ခုနှစ်များအတွက် မြန်မာရုပ်ရှင်ထူးချွန်ဆုချီးမြင့်ပွဲအခမ်းအနားကြီးကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။
မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြင့်ပွဲအခမ်းအနားကို ၂ဝ၂၃ ခုနှစ်၊ မေလ ၆ ရက်၊ စနေနေ့၊ ညနေ ၆ နာရီ ၃ဝ မိနစ် အချိန်မှစတင်၍ ကျင်းပခဲ့ခြင်းဖြစ်သည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဦးစိုးဝင်း နှင့်တကွ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ရုပ်ရှင်အနုပညာရှင် အတတ်ပညာရှင်များနှင့်တကွ အနုပညာလောကသားများမှ တက်ရောက်ခဲ့ကြသည်။
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများ ရရှိခဲ့ကြသူများမှာ ၂ဝ၁၉ ခုနှစ် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို အကယ်ဒမီ မြင့်မြတ် မှ ရိုးမပေါ်ကျတဲ့မျက်ရည် ရုပ်ရှင်ဇာတ်ကားဖြင့် ရရှိခဲ့ပြီး၊ ၂ဝ၂ဝ ပြည့်နှစ် အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆုကို စိုင်းစိုင်းခမ်းလှိုင်မှ ပိတောက်ကတဲ့ဂီတဖြင့် ဆွတ်ခူးရရှိခဲ့သည်။ ၂ဝ၂၂ ခုနှစ် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ထပ်ဆင့်အကယ်ဒမီ ပြေတီဦး မှ လိပ်ပြာထောင်ချောက်ဖြင့် ဆွတ်ခူးရရှိခဲ့သည်။
၂ဝ၁၉ ခုနှစ် အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ထပ်ဆင့်အကယ်ဒမီ အိန္ဒြာကျော်ဇင် မှ ဟစ်တိုင်ရုပ်ရှင် ဇာတ်ကားဖြင့် ရရှိခဲ့ပြီး၊ ၂ဝ၂ဝ ပြည့်နှစ် အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို အကယ်ဒမီ စိုးပြည့်သဇင် မှ ရွှေမင်းသမီး ရုပ်ရှင်ဇာတ်ကားဖြင့် ရရှိခဲ့သည်။ ၂ဝ၂၂ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ရွှေမှုံရတီ မှ ဝေးမနေချင်ဘူး ရုပ်ရှင်ဇာတ်ကားဖြင့် အကယ်ဒမီဆုကို အသီးသီးရရှိခဲ့ကြသည်။
၂ဝ၁၉ ခုနှစ် အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို ဒဏ္ဍာရီမိုး ဇာတ်ကားဖြင့် ရွှေထူး၊ ၂ဝ၂ဝ ပြည့်နှစ် အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို သောင်းတိုက်ကကြားစေသား ဇာတ်ကားဖြင့် အုန်းသီး က ဆွတ်ခူးရရှိခဲ့သည်။
၂ဝ၁၉ ခုနှစ် အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကို ခင်ဝင့်ဝါမှ လှပ်၍လွင့်သောဇာတ်ကား နှင့် ၂ဝ၂ဝ ပြည့်နှစ် အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကို ရွှေမင်းသမီး ဇာတ်ကားဖြင့် အကယ်ဒမီ မေသဥ္ဇာဦး က ဆွတ်ခူးရရှိခဲ့သည်။
၂ဝ၂ဝ ပြည့်နှစ်အတွက် အကောင်းဆုံးရုပ်ရှင်ဒါရိုက်တာဆုကို ထပ်ဆင့်အကယ်ဒမီ ဒါရိုက်တာမီးပွားမှ ပိတောက် ကတဲ့ဂီတ ဖြင့် ရရှိခဲ့သည်။
၂ဝ၂ဝ ပြည့်နှစ်အတွက် ရုပ်ရှင်အထူးဆုကို ကမ္မဖလ ရုပ်ရှင်ဇာတ်ကားကြီးမှ ရရှိခဲ့သည်။
အကယ်ဒမီ ပွဲတက်ဖက်ရှင်ဆုကို အမျိုးသားလူကြီးပိုင်းတွင် ထပ်ဆင့်အကယ်ဒမီများရှင် ရန်အောင်၊ အမျိုးသား လူငယ်ပိုင်းတွင် အောင်ရဲလင်း၊ အမျိုးသမီးလူကြီးပိုင်းတွင် စိုးမြတ်သူဇာ နှင့် အမျိူးသမီးလူငယ်ပိုင်းတွင် မိုးဟေကို တို့မှ ရရှိခဲ့သည်။
၂ဝ၁၉ ခုနှစ်အတွက် အကောင်းဆုံးဇာတ်ညွှန်းဆု ကို မောင်မြတ်ဆွေမှ နိုင်ငံကြီးသားဇာတ်ကားဖြင့် ရရှိခဲ့သည်။
၂ဝ၁၉ ခုနှစ်အတွက် အကောင်းဆုံးရုပ်ရှင်တည်းဖြတ်ဆုကို ၁ဝ၁၄ ရုပ်ရှင်ဇာတ်ကားဖြင့် ဂျီသရီး၊ ကျော်ခိုင်စိုး တို့မှ ရရှိခဲ့ပြီး၊ ၂ဝ၂၂ ခုနှစ်အတွက် လိပ်ပြာထောင်ချောက် ဇာတ်ကားဖြင့် ကြည်သာ မှ ရရှိခဲ့သည်။
၂ဝ၂ဝ ပြည့်နှစ်အတွက် အကောင်းဆုံးဇာတ်ကားဆု ပိတောက်ကတဲ့ဂီတကို ရိုက်ကူးထုတ်လုပ်ခဲ့တဲ့ Frenzon မှ ရရှိခဲ့ပြီး၊ ၂ဝ၂၂ ခုနှစ် အကောင်းဆုံးဇာတ်ကားဆုကို ဝေးမနေချင်ဘူး ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးထုတ်လုပ်ခဲ့သည့် Triple-6 မှ ရရှိခဲ့သည်။
၂ဝ၁၉ ခုနှစ်အတွက် အကောင်းဆုံးရုပ်ရှင်အသံဆုကို ၁ဝ၁၄ ဇာတ်ကားဖြင့် ဦးကြည်မင်းသိန်း က ရရှိခဲ့သည်။
၂ဝ၁၉ ခုနှစ်အတွက် အကောင်းဆုံးရုပ်ရှင်တေးဂီတဆုကို နို့ဘီလူး ဇာတ်ကားဖြင့် ကျော်ကျော်ထွန်း၊ ၂ဝ၂ဝ ပြည့်နှစ်အတွက် ဂန္ဓဗ္ဗ ဇာတ်ကားဖြင့် အောင်ကိုလတ် တို့မှ ရရှိခဲ့သည်။
၂ဝ၁၉ ခုနှစ်အတွက် ရုပ်ရှင်ဓါတ်ပုံထူးချွန်ဆုကို ဒဏ္ဏာရီမိုး ဇာတ်ကားဖြင့် အာကာတိုး၊ ၂ဝ၂ဝ ပြည့်နှစ်အတွက် ပိတောက်ကတဲ့ဂီတ ဖြင့် ဖြိုးကျော် တို့မှ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများကို ထိုက်တန်စွာရရှိခဲ့ကြသည်။

Zawgyi Version;
၂ဝ၁၉၊ ၂ဝ၂ဝ ႏွင့္ ၂ဝ၂၂ ခုႏွစ္အတြက္ ျမန္မာ႐ုပ္ရွင္ထူးခြၽန္ဆုခ်ီးျမင့္ပြဲအခမ္းအနားကို ေအာင္ျမင္စြာ က်င္းပၿပီးစီး
NP News - ေမ ၆
၂ဝ၁၉ ခုႏွစ္၊ ၂ဝ၂ဝ ျပည့္ႏွစ္ ႏွင့္ ၂ဝ၂၂ ခုႏွစ္မ်ားအတြက္ ျမန္မာ႐ုပ္ရွင္ထူးခြၽန္ဆုခ်ီးျမင့္ပြဲအခမ္းအနားႀကီးကို ေအာင္ျမင္စြာ က်င္းပၿပီးစီးခဲ့သည္။
ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆု ခ်ီးျမင့္ပြဲအခမ္းအနားကို ၂ဝ၂၃ ခုႏွစ္၊ ေမလ ၆ ရက္၊ စေနေန႔၊ ညေန ၆ နာရီ ၃ဝ မိနစ္ အခ်ိန္မွစတင္၍ က်င္းပခဲ့ျခင္းျဖစ္သည္။
အခမ္းအနားသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဒုတိယဥကၠ႒ ဦးစိုးဝင္း ႏွင့္တကြ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆု ခ်ီးျမႇင့္ပြဲအခမ္းအနားက်င္းပေရးဦးစီးေကာ္မတီဥကၠ႒ ျပန္ၾကားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေမာင္ေမာင္အုန္းႏွင့္ ႐ုပ္ရွင္အႏုပညာရွင္ အတတ္ပညာရွင္မ်ားႏွင့္တကြ အႏုပညာေလာကသားမ်ားမွ တက္ေရာက္ခဲ့ၾကသည္။
ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုမ်ား ရရွိခဲ့ၾကသူမ်ားမွာ ၂ဝ၁၉ ခုႏွစ္ အေကာင္းဆုံးအမ်ိဳးသားဇာတ္ေဆာင္ဆုကို အကယ္ဒမီ ျမင့္ျမတ္ မွ ႐ိုးမေပၚက်တဲ့မ်က္ရည္ ႐ုပ္ရွင္ဇာတ္ကားျဖင့္ ရရွိခဲ့ၿပီး၊ ၂ဝ၂ဝ ျပည့္ႏွစ္ အေကာင္းဆုံးအမ်ိဳးသား ဇာတ္ေဆာင္ဆုကို စိုင္းစိုင္းခမ္းလႈိင္မွ ပိေတာက္ကတဲ့ဂီတျဖင့္ ဆြတ္ခူးရရွိခဲ့သည္။ ၂ဝ၂၂ ခုႏွစ္ အေကာင္းဆုံး အမ်ိဳးသားဇာတ္ေဆာင္ဆုကို ထပ္ဆင့္အကယ္ဒမီ ေျပတီဦး မွ လိပ္ျပာေထာင္ေခ်ာက္ျဖင့္ ဆြတ္ခူးရရွိခဲ့သည္။
၂ဝ၁၉ ခုႏွစ္ အေကာင္းဆုံးအမ်ိဳးသမီးဇာတ္ေဆာင္ဆုကို ထပ္ဆင့္အကယ္ဒမီ အိျႏၵာေက်ာ္ဇင္ မွ ဟစ္တိုင္႐ုပ္ရွင္ ဇာတ္ကားျဖင့္ ရရွိခဲ့ၿပီး၊ ၂ဝ၂ဝ ျပည့္ႏွစ္ အေကာင္းဆုံးအမ်ိဳးသမီးဇာတ္ေဆာင္ဆုကို အကယ္ဒမီ စိုးျပည့္သဇင္ မွ ေ႐ႊမင္းသမီး ႐ုပ္ရွင္ဇာတ္ကားျဖင့္ ရရွိခဲ့သည္။ ၂ဝ၂၂ ခုႏွစ္အတြက္ အေကာင္းဆုံးအမ်ိဳးသမီးဇာတ္ေဆာင္ဆုကို ေ႐ႊမႈံရတီ မွ ေဝးမေနခ်င္ဘူး ႐ုပ္ရွင္ဇာတ္ကားျဖင့္ အကယ္ဒမီဆုကို အသီးသီးရရွိခဲ့ၾကသည္။
၂ဝ၁၉ ခုႏွစ္ အေကာင္းဆုံးအမ်ိဳးသားဇာတ္ပို႔ဆုကို ဒ႑ာရီမိုး ဇာတ္ကားျဖင့္ ေ႐ႊထူး၊ ၂ဝ၂ဝ ျပည့္ႏွစ္ အေကာင္းဆုံး အမ်ိဳးသားဇာတ္ပို႔ဆုကို ေသာင္းတိုက္ကၾကားေစသား ဇာတ္ကားျဖင့္ အုန္းသီး က ဆြတ္ခူးရရွိခဲ့သည္။
၂ဝ၁၉ ခုႏွစ္ အေကာင္းဆုံးအမ်ိဳးသမီးဇာတ္ပို႔ဆုကို ခင္ဝင့္ဝါမွ လွပ္၍လြင့္ေသာဇာတ္ကား ႏွင့္ ၂ဝ၂ဝ ျပည့္ႏွစ္ အေကာင္းဆုံးအမ်ိဳးသမီးဇာတ္ပို႔ဆုကို ေ႐ႊမင္းသမီး ဇာတ္ကားျဖင့္ အကယ္ဒမီ ေမသၪၨာဦး က ဆြတ္ခူးရရွိခဲ့သည္။
၂ဝ၂ဝ ျပည့္ႏွစ္အတြက္ အေကာင္းဆုံး႐ုပ္ရွင္ဒါ႐ိုက္တာဆုကို ထပ္ဆင့္အကယ္ဒမီ ဒါ႐ိုက္တာမီးပြားမွ ပိေတာက္ ကတဲ့ဂီတ ျဖင့္ ရရွိခဲ့သည္။
၂ဝ၂ဝ ျပည့္ႏွစ္အတြက္ ႐ုပ္ရွင္အထူးဆုကို ကမၼဖလ ႐ုပ္ရွင္ဇာတ္ကားႀကီးမွ ရရွိခဲ့သည္။
အကယ္ဒမီ ပြဲတက္ဖက္ရွင္ဆုကို အမ်ိဳးသားလူႀကီးပိုင္းတြင္ ထပ္ဆင့္အကယ္ဒမီမ်ားရွင္ ရန္ေအာင္၊ အမ်ိဳးသား လူငယ္ပိုင္းတြင္ ေအာင္ရဲလင္း၊ အမ်ိဳးသမီးလူႀကီးပိုင္းတြင္ စိုးျမတ္သူဇာ ႏွင့္ အမ်ိဴးသမီးလူငယ္ပိုင္းတြင္ မိုးေဟကို တို႔မွ ရရွိခဲ့သည္။
၂ဝ၁၉ ခုႏွစ္အတြက္ အေကာင္းဆုံးဇာတ္ၫႊန္းဆု ကို ေမာင္ျမတ္ေဆြမွ ႏိုင္ငံႀကီးသားဇာတ္ကားျဖင့္ ရရွိခဲ့သည္။
၂ဝ၁၉ ခုႏွစ္အတြက္ အေကာင္းဆုံး႐ုပ္ရွင္တည္းျဖတ္ဆုကို ၁ဝ၁၄ ႐ုပ္ရွင္ဇာတ္ကားျဖင့္ ဂ်ီသရီး၊ ေက်ာ္ခိုင္စိုး တို႔မွ ရရွိခဲ့ၿပီး၊ ၂ဝ၂၂ ခုႏွစ္အတြက္ လိပ္ျပာေထာင္ေခ်ာက္ ဇာတ္ကားျဖင့္ ၾကည္သာ မွ ရရွိခဲ့သည္။
၂ဝ၂ဝ ျပည့္ႏွစ္အတြက္ အေကာင္းဆုံးဇာတ္ကားဆု ပိေတာက္ကတဲ့ဂီတကို ႐ိုက္ကူးထုတ္လုပ္ခဲ့တဲ့ Frenzon မွ ရရွိခဲ့ၿပီး၊ ၂ဝ၂၂ ခုႏွစ္ အေကာင္းဆုံးဇာတ္ကားဆုကို ေဝးမေနခ်င္ဘူး ႐ုပ္ရွင္ဇာတ္ကားကို ႐ိုက္ကူးထုတ္လုပ္ခဲ့သည့္ Triple-6 မွ ရရွိခဲ့သည္။
၂ဝ၁၉ ခုႏွစ္အတြက္ အေကာင္းဆုံး႐ုပ္ရွင္အသံဆုကို ၁ဝ၁၄ ဇာတ္ကားျဖင့္ ဦးၾကည္မင္းသိန္း က ရရွိခဲ့သည္။
၂ဝ၁၉ ခုႏွစ္အတြက္ အေကာင္းဆုံး႐ုပ္ရွင္ေတးဂီတဆုကို ႏို႔ဘီလူး ဇာတ္ကားျဖင့္ ေက်ာ္ေက်ာ္ထြန္း၊ ၂ဝ၂ဝ ျပည့္ႏွစ္အတြက္ ဂႏၶဗၺ ဇာတ္ကားျဖင့္ ေအာင္ကိုလတ္ တို႔မွ ရရွိခဲ့သည္။
၂ဝ၁၉ ခုႏွစ္အတြက္ ႐ုပ္ရွင္ဓါတ္ပုံထူးခြၽန္ဆုကို ဒဏၰာရီမိုး ဇာတ္ကားျဖင့္ အာကာတိုး၊ ၂ဝ၂ဝ ျပည့္ႏွစ္အတြက္ ပိေတာက္ကတဲ့ဂီတ ျဖင့္ ၿဖိဳးေက်ာ္ တို႔မွ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုမ်ားကို ထိုက္တန္စြာရရွိခဲ့ၾကသည္။