ပြင်ဦးလွင်ရှိ ဓာတ်တော်ချိုင့်ရေတံခွန်တွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံး

934
Pearl (NP News) - မေ ၈
ဓာတ်တော်ချိုင့်ရေတံခွန်တွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံးသွားခဲ့ကြောင်း တုသိတာ လူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (မေလ ၇ ရက်)၊ ညနေ (၃)နာရီအချိန်ခန့်တွင် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ဓာတ်တော် ချိုင့်ရေတံခွန်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်း၊ တံခွန်တိုင်မြို့တွင် နေထိုင်သူ အသက် (၁၈)နှစ်အရွယ် အမျိုးသားတစ်ဦးသည် ဓာတ်တော်ချိုင့် ရေတံခွန်တွင် ရေနစ်သွားခဲ့ကြောင်း သိရသည်။
"အဲဒီနားက ပြောတာတော့ (၃)နာရီခွဲလောက်က နစ်တာ။ ကျွန်တော်တို့ သိတာတော့ (၅)နာရီလောက်မှ သိတာ။ နာရီက တော်တော်ကြာသွားတော့ ပြန်တွေ့တော့ Dead Body ဖြစ်နေပြီ။ ဆယ်တာ၊ ဆေးရုံပို့တာကတော့ ကျွန်တော်တို့အသင်းက မဟုတ်ဘူး" ဟု တုသိတာ လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးမှ NP News ကို ပြောသည်။
ဖြစ်စဉ်ကြောင့် ၎င်းမှာ သေဆုံးသွားခဲ့ပြီး လက်ရှိတွင် ၎င်းအား ဒေသခံလူမှုကူညီရေးအသင်းကားဖြင့် ပြင်ဦးလွင် ဆေးရုံ၊ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
Zawgyi Version;
ျပင္ဦးလြင္ရွိ ဓာတ္ေတာ္ခ်ိဳင့္ေရတံခြန္တြင္ အမ်ိဳးသားတစ္ဦး ေရနစ္ေသဆုံး
Pearl (NP News) - ေမ ၈
ဓာတ္ေတာ္ခ်ိဳင့္ေရတံခြန္တြင္ အမ်ိဳးသားတစ္ဦး ေရနစ္ေသဆုံးသြားခဲ့ေၾကာင္း တုသိတာ လူမႈကူညီေရးအသင္းထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (ေမလ ၇ ရက္)၊ ညေန (၃)နာရီအခ်ိန္ခန႔္တြင္ မႏၲေလးတိုင္း၊ ျပင္ဦးလြင္ၿမိဳ႕နယ္၊ ဓာတ္ေတာ္ ခ်ိဳင့္ေရတံခြန္တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
မႏၲေလးတိုင္း၊ တံခြန္တိုင္ၿမိဳ႕တြင္ ေနထိုင္သူ အသက္ (၁၈)ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးသည္ ဓာတ္ေတာ္ခ်ိဳင့္ ေရတံခြန္တြင္ ေရနစ္သြားခဲ့ေၾကာင္း သိရသည္။
"အဲဒီနားက ေျပာတာေတာ့ (၃)နာရီခြဲေလာက္က နစ္တာ။ ကြၽန္ေတာ္တို႔ သိတာေတာ့ (၅)နာရီေလာက္မွ သိတာ။ နာရီက ေတာ္ေတာ္ၾကာသြားေတာ့ ျပန္ေတြ႕ေတာ့ Dead Body ျဖစ္ေနၿပီ။ ဆယ္တာ၊ ေဆး႐ုံပို႔တာကေတာ့ ကြၽန္ေတာ္တို႔အသင္းက မဟုတ္ဘူး" ဟု တုသိတာ လူမႈကူညီေရးအသင္း၏ တာဝန္ရွိသူတစ္ဦးမွ NP News ကို ေျပာသည္။
ျဖစ္စဥ္ေၾကာင့္ ၎မွာ ေသဆုံးသြားခဲ့ၿပီး လက္ရွိတြင္ ၎အား ေဒသခံလူမႈကူညီေရးအသင္းကားျဖင့္ ျပင္ဦးလြင္ ေဆး႐ုံ၊ ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။