ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသားယူ ၂၂ အသင်း ဖိလစ်ပိုင်ကိုအနိုင်ယူပြီး ဆီးမီးဖိုင်နယ် တက်ရောက်

1919

ရဲပြည့် (NP News) မေ - ၁ဝ
၃၂ ကြိမ်မြောက် ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(A) ပွဲစဉ်များ အပြီးတွင် မြန်မာ ယူ -၂၂ ဘောလုံးအသင်းသည် ဖိလစ်ပိုင်အသင်းကို (၁ - ဝ) ဂိုးဖြင့်အနိုင်ယူပြီး ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်သည်။
မြန်မာအသင်းဟာ အုပ်စု ပထမနေရာရသည့် အင်ဒိုနီးရှားအသင်းနှင့် ၃ မှတ်အကွာ အုပ်စုဒုတိယနေရာဖြင့် တက်ရောက်သွားနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
မြန်မာအသင်းအတွက် အနိုင်ဂိုးကို သက်ဟိန်းစိုးက ပွဲချိန် ၅၄ မိနှစ်တွင် သွင်းယူပေးခဲ့ခြင်းဖြစ်ပြီး ယင်းအနိုင်နှင့်အတူ ဆီးမီးဖိုင်နယ်ကို အမှားအယွင်းမရှိ တက်ရောက်ထားနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
ပြိုင်ပွဲတလျှောက် ဗဟိုခံစစ်မှူး သက်ဟိန်းစိုးသည် အသင်းအတွက် လိုအပ်သည့် အနိုင်ဂိုးများကို သွင်းယူပေးခဲ့ပြီး အိမ်ရှင် ကမ္ဘောဒီးယားနှင့် ယှဉ်ပြိုင်သည့်ပွဲတွင် သက်ဟိန်းစိုး သွင်းယူခဲ့သော ဂိုးမှာ အလှအပဆုံး ဂိုးဖြစ်ခဲ့သည်။
ယင်းအပြင်း ဖိလစ်ပိုင်နှင့် ယှဉ်ပြိုင်ကစားသည့် ပွဲတွင် နည်းပြချုပ် အနီကတ်ပြခံခဲ့ရပြီး ကစားသမား တစ်ဦးကိုလည်း အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။
ဆီမီးဖိုင်နယ်ပွဲစဉ်များကို လာမည့် မေ ၁၃ ရက်တွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

Zawgyi Version;
ဆီးဂိမ်းစ်ပြိုင်ပွဲဝင် မြန်မာအမျိုးသားယူ ၂၂ အသင်း ဖိလစ်ပိုင်ကိုအနိုင်ယူပြီး ဆီးမီးဖိုင်နယ် တက်ရောက်
ရဲပြည့် (NP News) မေ - ၁ဝ
မြန်အသင်းဟာ အုပ်စု ပထမနေရာရသည့် အင်ဒိုနီးရှားအသင်းနှင့် ၃ မှတ်အကွာ အုပ်စုဒုတိယနေရာဖြင့် တက်ရောက်သွားနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
မြန်မာအသင်းအတွက် အနိုင်ဂိုးကို သက်ဟိန်းစိုးက ပွဲချိန် ၅၄ မိနှစ်တွင် သွင်းယူပေးခဲ့ခြင်းဖြစ်ပြီး ယင်းနိုင်နှင့်အတူ ဆီးမီးဖိုင်နယ်ကို အမှားအယွင်းမရှိ တက်ရောက်ထားနိုင်ခဲ့ခြင်းလည်းဖြစ်သည်။