ရီးရဲလ်မက်ဒရစ်အသင်းနှင့်ကစားမည့် ချန်ပီယံလိဂ်ဒုတိယအကျော့ပွဲစဥ်က ဗိုလ်လုပွဲတစ်ပွဲကဲ့သို့ ဖြစ်လာမည်ဟု မန်စီးတီးနည်းပြ ပြော

429

Pika (NP News) - မေ ၁ဝ
မန်စီးတီးအသင်းသည် မတ်လ(၉)ရက်၊ ညက ရီးရဲလ်မက်ဒရစ်အသင်းနှင့်ကစားခဲ့သည့် ချန်ပီယံလိဂ် ပထမ အကျော့ပွဲတွင် သရေကျခဲ့ပြီးနောက် ဒုတိယအကျော့ပွဲသည် ဗိုလ်လုပွဲတစ်ပွဲကဲ့သို့ ဖြစ်လာမည်ဖြစ်ကြောင်း မန်စီးတီးနည်းပြဂွါဒီယိုလာ က ထုတ်ဖော်ပြောဆိုခဲ့သည်။
ပထမပိုင်းတွင် မန်စီးတီးအသင်းသည် ဘောလုံးပိုင်ဆိုင်မှုအသာစီးရရှိကာ ဖိအားပေးကစားနိုင်ခဲ့သော်လည်း ရီးရဲလ် မက်ဒရစ် အသင်းတောင်ပံကစားသမား Vinicius Jnr သည် ပွဲချိန်(၃၇)မိနစ်တွင် ၎င်း၏ အသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးနိုင်ခဲ့ကြောင်း သိရသည်။ သို့သော်လည်း မန်စီးတီးကွင်းလယ်လူဒီဘရိုင်း သည် ပွဲချိန် (၆၇) မိနစ်တွင် မန်စီးတီးအသင်းအတွက် ချေပဂိုးကို ပြန်လည်သွင်းယူပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပွဲနှင့်ပတ်သက်ပြီး ထွက်ပေါ်လာသော ရလဒ်သည် မျှတသောရလဒ်တစ်ခုဖြစ်ကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာ က ပြောဆိုခဲ့သည်။ ဂွါဒီယိုလာ က "ကျွန်တော်တို့ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိကစားနိုင်ချိန်မှာ ရီးရဲလ်မက်ဒရစ်အသင်း က ဂိုးသွင်းနိုင်ခဲ့တယ်။ ရီးရဲလ်မက်ဒရစ်အသင်း ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိကစားနိုင်ချိန် မှာ ကျွန်တော်တို့ ဂိုးပြန်သွင်းနိုင်ခဲ့တယ်။ တကယ်ကို မျှတတဲ့ ကစားပွဲတစ်ခုပါပဲ။ ရီးရဲလ်မက်ဒရစ်အသင်းက အရမ်းကောင်းပါတယ်။ အတွေ့အကြုံလည်းရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ နှစ်သင်းလုံးက တူတူပါပဲ" ဟု ပြောဆိုခဲ့သည်။
ထို့အပြင် မေလ(၁၈)ရက်တွင် ရီးရဲလ်မက်ဒရစ်အသင်းနှင့်ကစားမည့် ဒုတိယအကျော့ပွဲကို လာရောက်ကြည့်ရှု အားပေးကြရန် မန်စီးတီးနည်းပြဂွါဒီယိုလာ က တောင်းဆိုခဲ့ကြောင်း သိရသည်။ နည်းပြဂွါဒီယိုလာ က "ကျွန်တော်တို့မှာ ကောင်းမွန်တဲ့အခိုက်အတန့်တွေရှိပေမယ့်လည်း တခါတလေကြ ခက်ခဲတဲ့အခိုက်အတန့်တွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် တစ်ဂိုးစီသရေကျခဲ့ပါတယ်။ (၁၈)ရက်က ကျွန်တော်တို့ အိမ်ကွင်းပွဲစဥ်ပါ။ အဲဒီပွဲမှာ ကျွန်တော်တို့ ခံစစ်လည်းကောင်းသလို တိုက်စစ်လည်းပိုကောင်းအောာင်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်" ဟု ပြောဆိုခဲ့သည်။

Zawgyi Version;
ရီးရဲလ္မက္ဒရစ္အသင္းႏွင့္ကစားမည့္ ခ်န္ပီယံလိဂ္ဒုတိယအေက်ာ့ပြဲစဥ္က ဗိုလ္လုပြဲတစ္ပြဲကဲ့သို႔ ျဖစ္လာမည္ဟု မန္စီးတီးနည္းျပ ေျပာ
Pika (NP News) - ေမ ၁ဝ
မန္စီးတီးအသင္းသည္ မတ္လ(၉)ရက္၊ ညက ရီးရဲလ္မက္ဒရစ္အသင္းႏွင့္ကစားခဲ့သည့္ ခ်န္ပီယံလိဂ္ ပထမ အေက်ာ့ပြဲတြင္ သေရက်ခဲ့ၿပီးေနာက္ ဒုတိယအေက်ာ့ပြဲသည္ ဗိုလ္လုပြဲတစ္ပြဲကဲ့သို႔ ျဖစ္လာမည္ျဖစ္ေၾကာင္း မန္စီးတီးနည္းျပဂြါဒီယိုလာ က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
ပထမပိုင္းတြင္ မန္စီးတီးအသင္းသည္ ေဘာလုံးပိုင္ဆိုင္မႈအသာစီးရရွိကာ ဖိအားေပးကစားႏိုင္ခဲ့ေသာ္လည္း ရီးရဲလ္ မက္ဒရစ္ အသင္းေတာင္ပံကစားသမား Vinicius Jnr သည္ ပြဲခ်ိန္(၃၇)မိနစ္တြင္ ၎၏ အသင္းအတြက္ အဖြင့္ဂိုးသြင္းယူေပးႏိုင္ခဲ့ေၾကာင္း သိရသည္။ သို႔ေသာ္လည္း မန္စီးတီးကြင္းလယ္လူဒီဘ႐ိုင္း သည္ ပြဲခ်ိန္ (၆၇) မိနစ္တြင္ မန္စီးတီးအသင္းအတြက္ ေခ်ပဂိုးကို ျပန္လည္သြင္းယူေပးႏိုင္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ ပြဲႏွင့္ပတ္သက္ၿပီး ထြက္ေပၚလာေသာ ရလဒ္သည္ မွ်တေသာရလဒ္တစ္ခုျဖစ္ေၾကာင္း မန္စီးတီးနည္းျပ ဂြါဒီယိုလာ က ေျပာဆိုခဲ့သည္။ ဂြါဒီယိုလာ က "ကြၽန္ေတာ္တို႔ ေဘာလုံးပိုင္ဆိုင္မႈအသာနဲ႔ ဖိကစားႏိုင္ခ်ိန္မွာ ရီးရဲလ္မက္ဒရစ္အသင္း က ဂိုးသြင္းႏိုင္ခဲ့တယ္။ ရီးရဲလ္မက္ဒရစ္အသင္း ေဘာလုံးပိုင္ဆိုင္မႈအသာနဲ႔ ဖိကစားႏိုင္ခ်ိန္ မွာ ကြၽန္ေတာ္တို႔ ဂိုးျပန္သြင္းႏိုင္ခဲ့တယ္။ တကယ္ကို မွ်တတဲ့ ကစားပြဲတစ္ခုပါပဲ။ ရီးရဲလ္မက္ဒရစ္အသင္းက အရမ္းေကာင္းပါတယ္။ အေတြ႕အႀကဳံလည္းရွိတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ႏွစ္သင္းလုံးက တူတူပါပဲ" ဟု ေျပာဆိုခဲ့သည္။
ထို႔အျပင္ ေမလ(၁၈)ရက္တြင္ ရီးရဲလ္မက္ဒရစ္အသင္းႏွင့္ကစားမည့္ ဒုတိယအေက်ာ့ပြဲကို လာေရာက္ၾကည့္ရႈ အားေပးၾကရန္ မန္စီးတီးနည္းျပဂြါဒီယိုလာ က ေတာင္းဆိုခဲ့ေၾကာင္း သိရသည္။ နည္းျပဂြါဒီယိုလာ က "ကြၽန္ေတာ္တို႔မွာ ေကာင္းမြန္တဲ့အခိုက္အတန႔္ေတြရွိေပမယ့္လည္း တခါတေလၾက ခက္ခဲတဲ့အခိုက္အတန႔္ေတြ ရွိခဲ့ပါတယ္။ ဒါေပမယ့္ တစ္ဂိုးစီသေရက်ခဲ့ပါတယ္။ (၁၈)ရက္က ကြၽန္ေတာ္တို႔ အိမ္ကြင္းပြဲစဥ္ပါ။ အဲဒီပြဲမွာ ကြၽန္ေတာ္တို႔ ခံစစ္လည္းေကာင္းသလို တိုက္စစ္လည္းပိုေကာင္းေအာာင္လာႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္" ဟု ေျပာဆိုခဲ့သည္။