ဘားအံ့မြို့တွင် မိုးကြိုးစက်ကွင်းမိပြီး အိမ်သုံးလျှပ်စစ်မီးခလုတ်များ ပေါက်ကွဲမှုကြောင့် အမျိုးသမီး(၂)ဦးထိခိုက်ဒဏ်ရာရရှိ

1163
စော (NP News) - မေ ၁၁
ကရင်ပြည်နယ်၊ ဘားအံ့မြို့တွင် မိုးကြိုးစက်ကွင်းမိပြီး အိမ်သုံးလျှပ်စစ်မီးခလုတ်များ ပေါက်ကွဲမှုကြောင့် အမျိုးသမီး (၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ယမန်နေ့ (မေလ ၁ဝ ရက်)၊ ည (၇)နာရီခွဲအချိန်တွင် ဘားအံ့မြို့ ဆယ်အိမ်စုအနောက်ကိုင်းရှိ နေအိမ်အတွင်းဖြစ်ပွားခဲ့ကြောင်း မာဃလူမှုကူညီရေးအသင်းမှ သိရသည်။
“မနေ့ညနေက မိုးရွာတော့ လျှပ်စီးတွေလပ်တယ်။ သူတို့အိမ်က မိုးကြိုးပစ်တော့ မိုးကြိုးစက်ကွင်းထဲဝင်သွားတယ်။ ဝင်သွားတော့ အိမ်မှာရှိတဲ့လျှပ်စစ်မီးခလုတ်တွေကပွင့်ပြီး အဲဒီအမျိုးသမီးငယ်နှစ်ယောက်ကို ထိခိုက်သွားတာ။ ဒဏ်ရာကမပြင်းထန်ပါဘူး။ ဆေးရုံခေါ်သွားတယ်ဆိုတာက မျက်နှာဒဏ်ရာနည်းနည်းကြောင့် ဆေးသွားယူတာပါ။ ယူပြီး အိမ်ကိုပြန်ပို့ပေးလိုက်ပါတယ်။ အခြားထိခိုက်ဒဏ်ရာရရှိတဲ့လူမရှိပါဘူး”ဟု မာဃလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ဖြစ်စဥ်ကြောင့် အမျိုးသမီး(၂)ဦးတွင် ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး စိုးရိမ်စရာအခြေအနေမရှိကြောင်း သိရသည်။
zawgyi version
ဘားအံ့ၿမိဳ႕တြင္ မိုးႀကိဳးစက္ကြင္းမိၿပီး အိမ္သုံးလွ်ပ္စစ္မီးခလုတ္မ်ား ေပါက္ကြဲမႈေၾကာင့္ အမ်ိဳးသမီး(၂)ဦးထိခိုက္ဒဏ္ရာရရွိ
ေစာ (NP News) - ေမ ၁၁
ကရင္ျပည္နယ္၊ ဘားအံ့ၿမိဳ႕တြင္ မိုးႀကိဳးစက္ကြင္းမိၿပီး အိမ္သုံးလွ်ပ္စစ္မီးခလုတ္မ်ား ေပါက္ကြဲမႈေၾကာင့္ အမ်ိဳးသမီး (၂)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (ေမလ ၁ဝ ရက္)၊ ည (၇)နာရီခြဲအခ်ိန္တြင္ ဘားအံ့ၿမိဳ႕ ဆယ္အိမ္စုအေနာက္ကိုင္းရွိ ေနအိမ္အတြင္းျဖစ္ပြားခဲ့ေၾကာင္း မာဃလူမႈကူညီေရးအသင္းမွ သိရသည္။
“မေန႔ညေနက မိုး႐ြာေတာ့ လွ်ပ္စီးေတြလပ္တယ္။ သူတို႔အိမ္က မိုးႀကိဳးပစ္ေတာ့ မိုးႀကိဳးစက္ကြင္းထဲဝင္သြားတယ္။ ဝင္သြားေတာ့ အိမ္မွာရွိတဲ့လွ်ပ္စစ္မီးခလုတ္ေတြကပြင့္ၿပီး အဲဒီအမ်ိဳးသမီးငယ္ႏွစ္ေယာက္ကို ထိခိုက္သြားတာ။ ဒဏ္ရာကမျပင္းထန္ပါဘူး။ ေဆး႐ုံေခၚသြားတယ္ဆိုတာက မ်က္ႏွာဒဏ္ရာနည္းနည္းေၾကာင့္ ေဆးသြားယူတာပါ။ ယူၿပီး အိမ္ကိုျပန္ပို႔ေပးလိုက္ပါတယ္။ အျခားထိခိုက္ဒဏ္ရာရရွိတဲ့လူမရွိပါဘူး”ဟု မာဃလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ျဖစ္စဥ္ေၾကာင့္ အမ်ိဳးသမီး(၂)ဦးတြင္ ထိခိုက္ဒဏ္ရာအနည္းငယ္ရရွိခဲ့ၿပီး စိုးရိမ္စရာအေျခအေနမရွိေၾကာင္း သိရသည္။