ကျိုင်းတုံလေဆိပ်ကို လာအို အပါအဝင် နိုင်ငံပေါင်း(၃)နိုင်ငံမှ လေယာဥ်များ တိုက်ရိုက်ဆင်းသက်နိုင်သည်အထိ အဆင့်မြှင့်တင်မည်

 909

ယွန်း (NP News) - မေ ၁၂

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်ရှိ ကျိုင်းတုံလေဆိပ်ကို လာအို အပါအဝင် နိုင်ငံပေါင်း(၃)နိုင်ငံမှ လေယာဥ်များ တိုက်ရိုက်ပျံသန်း‌ဆင်းသက် နိုင်သည်အထိ အဆင့်မြှင့်တင် ‌ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နစကဥက္ကဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေလ(၁၁)ရက်တွင် ကျိုင်းတုံလေဆိပ် အဆင့်မြှင့်တင်နိုင်မည့် အခြေအနေများကို သွားရောက်ကြည့်ရှုစဥ် အထက်ပါကဲ့သို့ ဆိုခဲ့ခြင်းဖြစ်သည်။

ကျိုင်းတုံမြို့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၏ မြို့တော်ဖြစ်ပြီး လမ်းပန်းဆက်သွယ်မှု ဝေးကွာသည့်နေရာလည်း ဖြစ်‌သည်။

လက်ရှိတွင် မြန်မာနိုင်ငံရှိ ပြည်တွင်းခရီးစဥ်များတွင် ဝေးကွာသည့်နေရာများသို့ ဂျက်လေယာဥ်များ အသုံးပြု၍ သွားလာနေကြပြီဖြစ်ကြောင်း နစကဥက္ကဋ္ဌ မှ ပြောဆိုခဲ့သည်။

ထို့ကြောင့် ကျိုင်းတုံလေဆိပ်အား ပြည်တွင်းတွင် အသုံးပြုနေသည့် လေယာဥ်ကြီးများ ဆင်းသက်နိုင်သည်အထိ အဆင့်မြှင့်တင် ဆောင်ရွက်ရန် ၎င်းမှ တိုက်တွန်းပြောဆိုထားသည်။

အလားတူ အိမ်နီးနားချင်းနိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင်လည်း လာအိုနိုင်ငံ အပါအဝင် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့မှ လေယာဥ်များ ကျိုင်းတုံလေဆိပ်သို့ တိုက်ရိုက်ပျံသန်းဆင်းသက်နိုင်ရေးကို ဆောင်ရွက်ရန်လိုအပ် ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဆက်လက်ပြောဆိုခဲ့သည်။

ထိုကဲ့သို့ အဆင့်မြှင့်တင်ဆောင်ရွက်ရခြင်းမှာ ကျိုင်းတုံမြို့အား ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ‌ဒေသခံများ၏ လူမှုစီးပွားဘဝ တိုးတက်စေရေးကို အထောက်အကူပြုစေရန်အတွက်ဖြစ်ကြောင်း သိရသည်။

အလားတူ တာချီလိတ်လေဆိပ်ကိုလည်း လေယာဥ်ကြီးများ ဆင်းသက်နိုင်သည်အထိ အဆင့်မြှင့်တိုးချဲ့သွားရန် နစကဥက္ကဋ္ဌ က ပြီးခဲ့သည့် ဧပြီလက အသိပေးပြောဆိုထားခဲ့သည်။

ထို့ပြင် ပြည်တွင်း၊ ပြည်ပခရီးသွားများ ဝင်ရောက်မှု များပြားသည့် ရခိုင်ပြည်နယ်ရှိ သံတွဲလေယာဥ်ကွင်းကိုလည်း ဂျက်လေယာဥ်များ ဆင်းသက်နိုင်သည်အထိ အဆင့်မြှင့်တင်ရန် တိုက်တွန်းပြောဆိုထားသည်။

Zawgyi Version;
က်ိဳင္းတုံေလဆိပ္ကို လာအို အပါအဝင္ ႏိုင္ငံေပါင္း(၃)ႏိုင္ငံမွ ေလယာဥ္မ်ား တိုက္႐ိုက္ဆင္းသက္ႏိုင္သည္အထိ အဆင့္ျမႇင့္တင္မည္
ယြန္း (NP News) - ေမ ၁၂

ရွမ္းျပည္နယ္၊ က်ိဳင္းတုံၿမိဳ႕နယ္ရွိ က်ိဳင္းတုံေလဆိပ္ကို လာအို အပါအဝင္ ႏိုင္ငံေပါင္း(၃)ႏိုင္ငံမွ ေလယာဥ္မ်ား တိုက္႐ိုက္ပ်ံသန္း‌ဆင္းသက္ ႏိုင္သည္အထိ အဆင့္ျမႇင့္တင္ ‌ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

နစကဥကၠဌ၊ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေမလ(၁၁)ရက္တြင္ က်ိဳင္းတုံေလဆိပ္ အဆင့္ျမႇင့္တင္ႏိုင္မည့္ အေျခအေနမ်ားကို သြားေရာက္ၾကည့္ရႈစဥ္ အထက္ပါကဲ့သို႔ ဆိုခဲ့ျခင္းျဖစ္သည္။

က်ိဳင္းတုံၿမိဳ႕သည္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) ၏ ၿမိဳ႕ေတာ္ျဖစ္ၿပီး လမ္းပန္းဆက္သြယ္မႈ ေဝးကြာသည့္ေနရာလည္း ျဖစ္‌သည္။

လက္ရွိတြင္ ျမန္မာႏိုင္ငံရွိ ျပည္တြင္းခရီးစဥ္မ်ားတြင္ ေဝးကြာသည့္ေနရာမ်ားသို႔ ဂ်က္ေလယာဥ္မ်ား အသုံးျပဳ၍ သြားလာေနၾကၿပီျဖစ္ေၾကာင္း နစကဥကၠ႒ မွ ေျပာဆိုခဲ့သည္။

ထို႔ေၾကာင့္ က်ိဳင္းတုံေလဆိပ္အား ျပည္တြင္းတြင္ အသုံးျပဳေနသည့္ ေလယာဥ္ႀကီးမ်ား ဆင္းသက္ႏိုင္သည္အထိ အဆင့္ျမႇင့္တင္ ေဆာင္႐ြက္ရန္ ၎မွ တိုက္တြန္းေျပာဆိုထားသည္။

အလားတူ အိမ္နီးနားခ်င္းႏိုင္ငံမ်ားႏွင့္ ခ်ိတ္ဆက္ေဆာင္႐ြက္ရာတြင္လည္း လာအိုႏိုင္ငံ အပါအဝင္ တ႐ုတ္ႏိုင္ငံ၊ ထိုင္းႏိုင္ငံတို႔မွ ေလယာဥ္မ်ား က်ိဳင္းတုံေလဆိပ္သို႔ တိုက္႐ိုက္ပ်ံသန္းဆင္းသက္ႏိုင္ေရးကို ေဆာင္႐ြက္ရန္လိုအပ္ ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္မွ ဆက္လက္ေျပာဆိုခဲ့သည္။

ထိုကဲ့သို႔ အဆင့္ျမႇင့္တင္ေဆာင္႐ြက္ရျခင္းမွာ က်ိဳင္းတုံၿမိဳ႕အား ခရီးသြားလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေစရန္ႏွင့္ ‌ေဒသခံမ်ား၏ လူမႈစီးပြားဘဝ တိုးတက္ေစေရးကို အေထာက္အကူျပဳေစရန္အတြက္ျဖစ္ေၾကာင္း သိရသည္။

အလားတူ တာခ်ီလိတ္ေလဆိပ္ကိုလည္း ေလယာဥ္ႀကီးမ်ား ဆင္းသက္ႏိုင္သည္အထိ အဆင့္ျမႇင့္တိုးခ်ဲ႕သြားရန္ နစကဥကၠ႒ က ၿပီးခဲ့သည့္ ဧၿပီလက အသိေပးေျပာဆိုထားခဲ့သည္။

ထို႔ျပင္ ျပည္တြင္း၊ ျပည္ပခရီးသြားမ်ား ဝင္ေရာက္မႈ မ်ားျပားသည့္ ရခိုင္ျပည္နယ္ရွိ သံတြဲေလယာဥ္ကြင္းကိုလည္း ဂ်က္ေလယာဥ္မ်ား ဆင္းသက္ႏိုင္သည္အထိ အဆင့္ျမႇင့္တင္ရန္ တိုက္တြန္းေျပာဆိုထားသည္။

Related news

© 2021. All rights reserved.