မြန်မာ့တိုင်းရင်းဆေးများကို အာဆီယံဒေသတွင်းနိုင်ငံများ၌သာမက ကမ္ဘာ့အဆင့်မီ ရင်ပေါင်တန်းနိုင်ရေး ဆောင်ရွက်နေ

 838

ယွန်း (NP News) - မေ ၁၃

မြန်မာ့တိုင်းရင်းဆေးဝါးများကို အာဆီယံဒေသတွင်းနိုင်ငံများတွင် သာမက ကမ္ဘာ့အဆင့်မီ ရင်ပေါင်တန်းနိုင်ရေးကို ရှေးရူဆောင်ရွက်နေကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက မေလ(၁၁)ရက်တွင် နေပြည်တော်ရှိ ဝန်ကြီးဌာန၏ အစည်းအ‌ဝေး ခန်းမ၌ ကျင်းပခဲ့သော အာဆီယံတိုင်းရင်းဆေးဝါးနှင့် ကျန်းမာရေးဖြည့်စွက်စာဆိုင်ရာအတွက် ထုတ်လုပ်မှု သင်တန်းဖွင့်ပွဲတွင် အထက်ပါကဲ့သို့ပြောခဲ့ခြင်းဖြစ်သည်။

လက်ရှိကာလတွင် တိုင်းရင်းဆေးများ ထုတ်လုပ်ဖြန့်ဖြူးမှုနှင့် တိုင်းရင်းဆေးများကို အများပြည်သူများ၏ အားထား မှုသည် ပိုမိုတိုးတက်လာသည်ကို တွေ့ရကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

အဆိုပါတွေ့ရှိမှုမှာ မြန်မာနိုင်ငံတွင် သာမက ကမ္ဘာ့နိုင်ငံများတွင်လည်း တွေ့မြင်နေရကြောင်း သိရသည်။

ထို့ကြောင့် တိုင်းရင်းဆေးပညာဦးစီးဌာနအနေဖြင့် မြန်မာ့တိုင်းရင်းဆေးဝါးများ အရည်အသွေး မြင့်မားလာစေရန် နှင့် အာဆီယံဒေသတွင်း နိုင်ငံများတွင် သာမက ကမ္ဘာ့အဆင့်မီ ရင်ပေါင်တန်းနိုင်ရေးကို ရှေးရှုဆောင်ရွက်နေ ကြောင်း သိရသည်။

ထိုသို့‌ဆောင်ရွက်ရာတွင် ကောင်းမွန်သော ထုတ်လုပ်မှုများ အပါအဝင် စည်းမျဥ်း၊ စည်းကမ်းများနှင့် ညွှန်ကြား ချက်များ ထုတ်ပြန်ခြင်း၊ သင်တန်းများ ပို့ချခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုထား သည်။

ထို့ပြင် တစ်နိုင်တစ်ပိုင် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းများအနေဖြင့်လည်း ကုန်ကြမ်းမှစပြီး ကုန်ချော ထုတ်လုပ်သည့်အထိ ဘေးအန္တရာယ်ကင်းရှင်းပြီး စစ်မှန်သော အရည်အသွေးကို အာမခံနိုင်ကာ ထုတ်လုပ်နိုင်ရန် ၎င်းက အကြံပြုခဲ့သည်။

တိုင်းရင်းဆေးများကို ကောင်းမွန်သောထုတ်လုပ်မှုလုပ်ငန်းစဥ်များနှင့်အညီ ထုတ်လုပ်ပြီး ‌ဒေသတွင်းသာမက နိုင်ငံတကာအထိ တင်ပို့နိုင် အောင် ဦးတည်ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောဆိုထားသည်။

Zawgyi Version;
ျမန္မာ့တိုင္းရင္းေဆးမ်ားကို အာဆီယံေဒသတြင္းႏိုင္ငံမ်ား၌သာမက ကမာၻ႔အဆင့္မီ ရင္ေပါင္တန္းႏိုင္ေရး ေဆာင္႐ြက္ေန
ယြန္း (NP News) - ေမ ၁၃

ျမန္မာ့တိုင္းရင္းေဆးဝါးမ်ားကို အာဆီယံေဒသတြင္းႏိုင္ငံမ်ားတြင္ သာမက ကမာၻ႔အဆင့္မီ ရင္ေပါင္တန္းႏိုင္ေရးကို ေရွး႐ူေဆာင္႐ြက္ေနေၾကာင္း သိရသည္။

က်န္းမာေရးဝန္ႀကီး ေဒါက္တာသက္ခိုင္ဝင္းက ေမလ(၁၁)ရက္တြင္ ေနျပည္ေတာ္ရွိ ဝန္ႀကီးဌာန၏ အစည္းအ‌ေဝး ခန္းမ၌ က်င္းပခဲ့ေသာ အာဆီယံတိုင္းရင္းေဆးဝါးႏွင့္ က်န္းမာေရးျဖည့္စြက္စာဆိုင္ရာအတြက္ ထုတ္လုပ္မႈ သင္တန္းဖြင့္ပြဲတြင္ အထက္ပါကဲ့သို႔ေျပာခဲ့ျခင္းျဖစ္သည္။

လက္ရွိကာလတြင္ တိုင္းရင္းေဆးမ်ား ထုတ္လုပ္ျဖန႔္ျဖဴးမႈႏွင့္ တိုင္းရင္းေဆးမ်ားကို အမ်ားျပည္သူမ်ား၏ အားထား မႈသည္ ပိုမိုတိုးတက္လာသည္ကို ေတြ႕ရေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။

အဆိုပါေတြ႕ရွိမႈမွာ ျမန္မာႏိုင္ငံတြင္ သာမက ကမာၻ႔ႏိုင္ငံမ်ားတြင္လည္း ေတြ႕ျမင္ေနရေၾကာင္း သိရသည္။

ထို႔ေၾကာင့္ တိုင္းရင္းေဆးပညာဦးစီးဌာနအေနျဖင့္ ျမန္မာ့တိုင္းရင္းေဆးဝါးမ်ား အရည္အေသြး ျမင့္မားလာေစရန္ ႏွင့္ အာဆီယံေဒသတြင္း ႏိုင္ငံမ်ားတြင္ သာမက ကမာၻ႔အဆင့္မီ ရင္ေပါင္တန္းႏိုင္ေရးကို ေရွးရႈေဆာင္႐ြက္ေန ေၾကာင္း သိရသည္။

ထိုသို႔‌ေဆာင္႐ြက္ရာတြင္ ေကာင္းမြန္ေသာ ထုတ္လုပ္မႈမ်ား အပါအဝင္ စည္းမ်ဥ္း၊ စည္းကမ္းမ်ားႏွင့္ ၫႊန္ၾကား ခ်က္မ်ား ထုတ္ျပန္ျခင္း၊ သင္တန္းမ်ား ပို႔ခ်ျခင္းတို႔ကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုထား သည္။

ထို႔ျပင္ တစ္ႏိုင္တစ္ပိုင္ တိုင္းရင္းေဆးဝါးထုတ္လုပ္ေရး လုပ္ငန္းမ်ားအေနျဖင့္လည္း ကုန္ၾကမ္းမွစၿပီး ကုန္ေခ်ာ ထုတ္လုပ္သည့္အထိ ေဘးအႏၲရာယ္ကင္းရွင္းၿပီး စစ္မွန္ေသာ အရည္အေသြးကို အာမခံႏိုင္ကာ ထုတ္လုပ္ႏိုင္ရန္ ၎က အႀကံျပဳခဲ့သည္။

တိုင္းရင္းေဆးမ်ားကို ေကာင္းမြန္ေသာထုတ္လုပ္မႈလုပ္ငန္းစဥ္မ်ားႏွင့္အညီ ထုတ္လုပ္ၿပီး ‌ေဒသတြင္းသာမက ႏိုင္ငံတကာအထိ တင္ပို႔ႏိုင္ ေအာင္ ဦးတည္ေဆာင္႐ြက္ရန္ ျပည္ေထာင္စုဝန္ႀကီးက တိုက္တြန္းေျပာဆိုထားသည္။

Picture

L Mone

13/05/2023 09:35

ဆေးဘူး ပါကင်တွေ သိပ်ညံ့နေသေးတယ် မြန်မာတွေက ရချင်တာပဲ သိနေတာ

Related news

© 2021. All rights reserved.