မြန်မာအမျိုးသမီးအသင်း အုပ်စုပွဲစဉ်အတွင်း အနိုင်ရယူနိုင်မှုကို မေ့ပျောက်ထားရမှာဖြစ်ပေမယ့် လျော့တွက်လို့မရကြောင်း ဗီယက်နမ်နည်းပြက အသင်းသားများကို သတိပေးမှာကြား

1841

ဂျန်ဇက် (NP News) - မေ ၁၃
ဗီယက်နမ်အမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်းအနေနဲ့ ဆီးဂိမ်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် မြန်မာအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ရာ မြန်မာအသင်းကို အုပ်စုပွဲစဉ်အတွင်း အနိုင်ရယူနိုင်မှုကို မေ့ပျောက်ထားရမှာဖြစ်ပြီး၊ လျော့မတွက်စေလိုကြောင်း ဗီယက်နမ်နည်းပြ က ပြောပါတယ်။
ဗီယက်နမ်အသင်းဟာ ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲမှာ အိမ်ရှင်ကမ္ဘောဒီးယား အမျိုးသမီး ဘောလုံးအသင်းကို ၄ ဂိုးပြတ်နဲ့အနိုင်ရခဲ့သလို မြန်မာအမျိုးသမီးကလည်း ထိုင်းအသင်းကို ၄ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရကာ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။
ဗီယက်နမ်အမျိုးသမီးဘောလုံးအသင်းနဲ့ မြန်မာအမျိုးသမီးဘောလုံးအသင်းတို့ဟာ ဆီးဂိမ်းဘောလုံးပြိုင်ပွဲ အုပ်စု ပွဲစဉ်မှာ တွေ့ဆုံယှဉ်ပြိုင်ခဲ့ဖူးပြီး ဗီယက်နမ်အသင်းက ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့ဖူးပါတယ်။ ဗီယက်နမ် အမျိုးသမီး ဘောလုံးအသင်းနည်းပြ Mai Duc Chung က "ဗိုလ်လုပွဲမှာ မြန်မာအသင်းနဲ့ကစားရချိန်အတွင်း အခွင့်အရေးရယူ နိုင်မှု ရှိ/မရှိဆိုတာဟာ အာရုံစိုက်နိုင်မှုအပေါ်မူတည်နေပါတယ်။ ကျွန်တော်တို့ ဗီယက်နမ်ဘောလုံးအသင်းဟာ ဗိုလ်လုပွဲအတွက် ပြင်ဆင်နေချိန်မှာ အုပ်စုပွဲစဉ်တုန်းက မြန်မာအမျိုးသမီးဘောလုံးအသင်းကို အနိုင်ရယူနိုင်ခဲ့မှု တွေကို မေ့ပျောက်ထားရမှာဖြစ်တယ်။ နှစ်သင်းစလုံးဟာ ဗိုလ်လုပွဲကစားရချိန်မှာ နိုင်ချေ ၅ဝ ရာခိုင်နှုန်းစီ ရှိနေပါ တယ်" လို့ ပြောပါတယ်။
မြန်မာအမျိုးသမီးဘောလုံးအသင်း နဲ့ ဗီယက်နမ်အမျိုးသမီးဘောလုံးအသင်းတို့ဟာ မေလ ၁၅ ရက်မှာ ၃၂ ကြိမ် မြောက် ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကိုကစားရမှာဖြစ်ကြောင်း သိရပါတယ်။ မြန်မာအမျိုးသမီး ဘောလုံးအသင်းဟာ အုပ်စုပွဲစဉ်များကနေ အကြိုဗိုလ်လုပွဲစဉ်အထိ ပွဲစဉ်အထိ ပွဲပေါင်း ၄ ပွဲကစားခဲ့ရာ ဂိုးပေါင်း ၁၁ ဂိုးသွင်းယူနိုင်ခဲ့ကြောင်း သိရပါတယ်။
ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာလက်ရွေးစင်အမျိုးသမီးအတွက် ဂိုးများကို စန်းသော်သော်၊ ဇူလိုင်ကျော်၊ ဝင်းသိင်္ဂီထွန်း၊ ခင်မာလာထွန်း၊ မြတ်နိုးခင်တို့က အဓိကထား သွင်းယူပေးထားကြောင်း သိရသည်။ ဗီယက်နမ်အသင်းဟာ ဆီးဂိမ်းအမျိုးသမီး ဘောလုံးပြိုင်ပွဲမှာ အအောင်မြင်ဆုံးအသင်းဖြစ်ရပ်တည်နေပြီး ချန်ပီယံဆု ၇ ကြိမ်ရယူထားကာ လက်ရှိ ချန်ပီယံအသင်းလည်းဖြစ်ပါတယ်။
ဗီယက်နမ်အသင်းဟာ မေလ ၁၅ ရက်မှာကျင်းပမယ့် ဆီးဂိမ်းအမျိုးသမီး ဘောလုံးပြိုင်ပွဲမှာ မြန်မာအမျိုးသမီး အသင်းနဲ့ပွဲကို အနိုင်ရယူနိုင်ခဲ့ပါက ချန်ပီယံဆုကို ၈ ကြိမ်မြောက် ရယူနိုင်မှာဖြစ်ပြီး ရှုံးနိမ့်ခဲ့ပါက မြန်မာ အမျိုးသမီးဘောလုံးအသင်းက ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲမှာ ပထမဆုံး ချန်ပီယံဆု ရယူနိုင်မှာဖြစ်ပါတယ်။

Zawgyi Version;
ျမန္မာအမ်ိဳးသမီးအသင္း အုပ္စုပြဲစဥ္အတြင္း အႏိုင္ရယူႏိုင္မႈကို ေမ့ေပ်ာက္ထားရမွာျဖစ္ေပမယ့္ ေလ်ာ့တြက္လို႔မရေၾကာင္း ဗီယက္နမ္နည္းျပက အသင္းသားမ်ားကို သတိေပးမွာၾကား
ဂ်န္ဇက္ (NP News) - ေမ ၁၃
ဗီယက္နမ္အမ်ိဳးသမီးလက္ေ႐ြးစင္ေဘာလုံးအသင္းအေနနဲ႔ ဆီးဂိမ္းေဘာလုံးၿပိဳင္ပြဲ ဗိုလ္လုပြဲအျဖစ္ ျမန္မာအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရမွာျဖစ္ရာ ျမန္မာအသင္းကို အုပ္စုပြဲစဥ္အတြင္း အႏိုင္ရယူႏိုင္မႈကို ေမ့ေပ်ာက္ထားရမွာျဖစ္ၿပီး၊ ေလ်ာ့မတြက္ေစလိုေၾကာင္း ဗီယက္နမ္နည္းျပ က ေျပာပါတယ္။
ဗီယက္နမ္အသင္းဟာ ဆီးဂိမ္းအမ်ိဳးသမီးေဘာလုံးၿပိဳင္ပြဲ အႀကိဳဗိုလ္လုပြဲမွာ အိမ္ရွင္ကေမာၻဒီးယား အမ်ိဳးသမီး ေဘာလုံးအသင္းကို ၄ ဂိုးျပတ္နဲ႔အႏိုင္ရခဲ့သလို ျမန္မာအမ်ိဳးသမီးကလည္း ထိုင္းအသင္းကို ၄ ဂိုး- ၂ ဂိုးနဲ႔ အႏိုင္ရကာ ဗိုလ္လုပြဲကို တက္ေရာက္ႏိုင္ခဲ့ပါတယ္။
ဗီယက္နမ္အမ်ိဳးသမီးေဘာလုံးအသင္းနဲ႔ ျမန္မာအမ်ိဳးသမီးေဘာလုံးအသင္းတို႔ဟာ ဆီးဂိမ္းေဘာလုံးၿပိဳင္ပြဲ အုပ္စု ပြဲစဥ္မွာ ေတြ႕ဆုံယွဥ္ၿပိဳင္ခဲ့ဖူးၿပီး ဗီယက္နမ္အသင္းက ၃ ဂိုး- ၁ ဂိုးနဲ႔ အႏိုင္ရခဲ့ဖူးပါတယ္။ ဗီယက္နမ္ အမ်ိဳးသမီး ေဘာလုံးအသင္းနည္းျပ Mai Duc Chung က "ဗိုလ္လုပြဲမွာ ျမန္မာအသင္းနဲ႔ကစားရခ်ိန္အတြင္း အခြင့္အေရးရယူ ႏိုင္မႈ ရွိ/မရွိဆိုတာဟာ အာ႐ုံစိုက္ႏိုင္မႈအေပၚမူတည္ေနပါတယ္။ ကြၽန္ေတာ္တို႔ ဗီယက္နမ္ေဘာလုံးအသင္းဟာ ဗိုလ္လုပြဲအတြက္ ျပင္ဆင္ေနခ်ိန္မွာ အုပ္စုပြဲစဥ္တုန္းက ျမန္မာအမ်ိဳးသမီးေဘာလုံးအသင္းကို အႏိုင္ရယူႏိုင္ခဲ့မႈ ေတြကို ေမ့ေပ်ာက္ထားရမွာျဖစ္တယ္။ ႏွစ္သင္းစလုံးဟာ ဗိုလ္လုပြဲကစားရခ်ိန္မွာ ႏိုင္ေခ် ၅ဝ ရာခိုင္ႏႈန္းစီ ရွိေနပါ တယ္" လို႔ ေျပာပါတယ္။
ျမန္မာအမ်ိဳးသမီးေဘာလုံးအသင္း နဲ႔ ဗီယက္နမ္အမ်ိဳးသမီးေဘာလုံးအသင္းတို႔ဟာ ေမလ ၁၅ ရက္မွာ ၃၂ ႀကိမ္ ေျမာက္ ဆီးဂိမ္းအမ်ိဳးသမီးေဘာလုံးၿပိဳင္ပြဲ ဗိုလ္လုပြဲကိုကစားရမွာျဖစ္ေၾကာင္း သိရပါတယ္။ ျမန္မာအမ်ိဳးသမီး ေဘာလုံးအသင္းဟာ အုပ္စုပြဲစဥ္မ်ားကေန အႀကိဳဗိုလ္လုပြဲစဥ္အထိ ပြဲစဥ္အထိ ပြဲေပါင္း ၄ ပြဲကစားခဲ့ရာ ဂိုးေပါင္း ၁၁ ဂိုးသြင္းယူႏိုင္ခဲ့ေၾကာင္း သိရပါတယ္။
ဆီးဂိမ္းၿပိဳင္ပြဲမွာ ျမန္မာလက္ေ႐ြးစင္အမ်ိဳးသမီးအတြက္ ဂိုးမ်ားကို စန္းေသာ္ေသာ္၊ ဇူလိုင္ေက်ာ္၊ ဝင္းသိဂႌထြန္း၊ ခင္မာလာထြန္း၊ ျမတ္ႏိုးခင္တို႔က အဓိကထား သြင္းယူေပးထားေၾကာင္း သိရသည္။ ဗီယက္နမ္အသင္းဟာ ဆီးဂိမ္းအမ်ိဳးသမီး ေဘာလုံးၿပိဳင္ပြဲမွာ အေအာင္ျမင္ဆုံးအသင္းျဖစ္ရပ္တည္ေနၿပီး ခ်န္ပီယံဆု ၇ ႀကိမ္ရယူထားကာ လက္ရွိ ခ်န္ပီယံအသင္းလည္းျဖစ္ပါတယ္။
ဗီယက္နမ္အသင္းဟာ ေမလ ၁၅ ရက္မွာက်င္းပမယ့္ ဆီးဂိမ္းအမ်ိဳးသမီး ေဘာလုံးၿပိဳင္ပြဲမွာ ျမန္မာအမ်ိဳးသမီး အသင္းနဲ႔ပြဲကို အႏိုင္ရယူႏိုင္ခဲ့ပါက ခ်န္ပီယံဆုကို ၈ ႀကိမ္ေျမာက္ ရယူႏိုင္မွာျဖစ္ၿပီး ရႈံးနိမ့္ခဲ့ပါက ျမန္မာ အမ်ိဳးသမီးေဘာလုံးအသင္းက ဆီးဂိမ္းအမ်ိဳးသမီးေဘာလုံးၿပိဳင္ပြဲမွာ ပထမဆုံး ခ်န္ပီယံဆု ရယူႏိုင္မွာျဖစ္ပါတယ္။