အကြွေးဆပ်ဖို့ ကတိပျက်မယ့် အန္တရာယ်နဲ့ ခြိမ်းခြောက်ခံနေရတဲ့ ဘိုင်ဒန်အစိုးရ (ဘာသာပြန်ဆောင်းပါး)

 983

မောင်သံလွင် (NP News) - မေ ၁၃

ကမ္ဘာ့စီးပွား‌ရေး အင်အားအကြီးဆုံး အမေရိကန်နိုင်ငံ အစိုးရဟာ အကြွေးဆပ်ဖို့ ကတိတွေပျက်တော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါပြီ။ အမေရိကန်အစိုးရအနေနဲ့ သူ့ရဲ့အကြွေးတွေကို ဆပ်ဖို့ပျက်ကွက်မယ့် အလားအလာ ရှိနေတဲ့အတွက်၊ သမ္မတ ဂျိုးဘိုင်ဒန်ဟာ အစိုးရအကြွေးယူခွင့်ကိုကန့်သတ်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကြပ်အတည်းကို သတိပေးနေရပါပြီ။ နောက်ဆုံးအချိန် သတ်မှတ်ချက်က ဇွန်လ (၁) ရက်ဆိုတော့ အလွန်နီး ကပ်နေပြီလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ဥပဒေပြုလွှတ်တော်အမတ်တွေက မတက်မကြွနဲ့ ဖင့်နွဲ့လေးကန်နေကြဆဲ ဖြစ်ပါတယ်။

ဘိုင်ဒန်ရဲ့ ဘဏ္ဍာရေးဝန်ကြီး ဂျဲနက်ယဲလင်က သတိပေးချက်ထုတ်ပြန်ကြေညာရာမှာ အမေရိကန်စီးပွားရေး ရဲ့တည်ငြိမ်မှုဟာ အန္တရာယ်နဲ့ရင်ဆိုင်နေရပါပြီလို့ ပြောသွားပါတယ်။ “ဒါက ကွန်ဂရက်ရဲ့အလုပ်ပါ။ သူတို့ ဒါကို မလုပ်ဘူးဆိုရင် ကျွန်မတို့ဟာ ကိုယ့်ဖာသာဖန်တီးတဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေး ဘေးဆိုးကြီးကို ချက်ခြင်းရင်ဆိုင်ရပါ တော့မယ်။ သမ္မတဘိုင်ဒန်နဲ့ အမေရိကန်ဘဏ္ဍာရေးဌာနက ရုတ်တရက်ကျရောက်လာမဲ့ ဒီဘေးဆိုးကြီးကို ကာ ကွယ်ဖို့ ဘာမှဆောင်ရွက်နိုင်မှာ မဟုတ်ပါဘူး” လို့ပြောလိုက်ပါတယ်။

ဒါဟာ အမေရိကန်ပြည်ထောင်စုအဖို့ ပြဿနာအသစ်တော့မဟုတ်ပါဘူး။ အ‌မေရိကန်နိုင်ငံရေးမှာ အမြဲလို လို သဘောထားကွဲလွဲမှုဖြစ်စေတဲ့ အများဆုံးအကြွေးယူနိုင်ခွင့် (အစိုးရအနေနဲ့ အများဆုံးအကြွေးယူနိုင်သော ပမာဏ- Debt ceiling ) ပြဿနာပါ။ ဒီပြဿနာကို အမေရိကန်အစိုးရတွေဟာ နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရဘူးပါတယ်။ ဒါကို ပြေလည်အောင် ဖြေရှင်းပေးနှိုင်တဲ့ အဖြေလည်း မရှိသေးပါဘူး။ ပြဿနာက ဒီလိုပါ။

ဒီမိုကရက်တစ်ပါတီသမ္မတဖြစ်ဖြစ်၊ ရီပတ်ဘလီကင်ပါတီသမ္မတဖြစ်ဖြစ် အစိုးရတိုင်းက ငွေလိုပါတယ်။ အစိုးရရဲ့ အစီအစဉ်တွေကို အကောင်အထည်ဖော်ဖို့၊ အစိုးရဝန်ထမ်းတွေကို လစာငွေပေးဖို့၊ အစိုးရက ပေးရန်ရှိ တဲ့အချိန်စေ့ ငွေချေးစာချုပ်တွေကို ပေးချေဖို့ စသဖြင့် အသုံးစားရိတ်မျိုးစုံအတွက် ငွေလိုပါတယ်။ ဒီလိုအပ်တဲ့ငွေ တွေကို အစိုးရအဆက်ဆက်က ဗဟိုဘဏ်ကနေချေးငွေအဖြစ်နဲ့ ရယူခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ အဲဒီလို အကြွေးယူနိုင်တဲ့ ပမာဏကို သတ်မှတ်ထားပါတယ်။ Debt Ceiling လို့ခေါ်ပါတယ်။ အခုလောလောဆယ် သတ်မှတ်ထားတဲ့ ပမာဏက ၃၁ ဒသမ ၄ ထရီလျံဒေါ်လာပါ။ ဒါကြောင့် သမ္မတဘိုင်ဒန်ရဲ့အစိုးရက အဲဒီပမာဏထက်ပိုပြီး အကြွေးယူလို့မရပါဘူး။ ၃၁ ဒသမ ၄ ထရီလျံဆိုတာ နည်းတဲ့ပမာဏ မဟုတ်ပေမဲ့ ဘိုင်ဒန်အစိုးရအတွက်တော့ ဒီပမာဏက မလုံလောက်ပါဘူး။ သူတို့အနေနဲ့ မကြာခင်မှာ ဒီသတ်မှတ်ထားတဲ့ ပမာဏကို ရောက်တော့မှာပါ။ အဓိပ္ပာယ်က အစိုးရအနေနဲ့ ချေးယူသုံးစွဲနေတာက ၃၁ ဒသမ ၄ ထရီလျံဒေါ်လာထိ မကြာခင်ရောက်ပါတော့မယ်။ ဒီထက်လည်းပိုပြီး သူတို့ချေးယူလို့မရပါဘူး။ ဒါဆိုရင် အစိုးရအနေနဲ့ တိုင်းပြည်ကို ဘယ်လို စီမံခန့်ခွဲမှုတွေ လုပ်မလဲ။ ဒါက အစိုးရအတွက် ချက်ခြင်းအကြပ်အတည်းဆိုက်မယ့် ဘေးအန္တရာယ်ဆိုးပါ။ ဖြစ်နေတဲ့ ပြဿနာက အကြွေးဝယ်ခွင့်ကဒ်နဲ့ ငွေသုံးစွဲရပုံနဲ့ နည်းနည်းတူပါတယ်။ ခင်ဗျား တခုခုဝယ်ချင်တဲ့ အခါတိုင်း အဲဒီအကြွေးဝယ်ကဒ်ကို သုံးလို့ရပါတယ်။ ဒါပေမဲ့ အဲဒီကဒ်မှာ ပမာဏသတ်မှတ်ချက်ရှိပါတယ်။ အဲဒီ သတ်မှတ်ထားတဲ့ ပမာဏထက်ပိုပြီး သုံးလို့မရပါဘူး။ အဲဒီ အကြွေးပမာဏ ကန့်သတ်ချက်ထက်ကျော်ပြီး သုံးစွဲချင်ရင် ခင်ဗျားက ဘဏ်ကိုသွားပြီး အကြွေးဝယ်ယူခွင့်ပမာဏကို တိုးမြှင့်ပေးဖို့ ညှိနှိုင်းပြောဆိုရပါလိမ့်မယ်။ အခု ဘိုင်ဒန် အစိုးရကြုံတွေ့နေရတာက အဲဒီလို အခက်အခဲပါ။ သူတို့ကိုအကြွေးယူနိုင်တဲ့ ပမာဏတိုးမြှင့်ပေးနိုင် တာက အမေရိကန် ကွန်ဂရက်လွှတ်တော်ပါ။ ဘဏ်ကတာဝန်ခံအရာရှိတွေနေရာမှာရှိနေတာက လွှတ်တော်ထဲက အတိုက်အခံ ရီပတ်ဘလီကင်အမတ်တွေပေါ့။ သမ္မတ ဘိုင်ဒန်အနေနဲ့ လက်ရှိသတ်မှတ်ချက်ထက် ငွေပိုချေးချင် တယ်ဆိုရင် အဲဒီအတိုက်အခံ ရီပတ်ဘလီကင်အမတ်တွေ လက်ခံသဘောတူလာအောင် ညှိနှိုင်းပြောဆိုရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီမိုကရက်တစ်သမ္မတတစ်ယောက်အနေနဲ့ ရီပတ်ဘလီကင်ကြီးစိုးနေတဲ့ ကွန်ဂရက်လွှတ်တော် ကာလမှာ အများဆုံးအကြွေးယူနိုင်တဲ့ပမာဏ Debt ceiling ကိုတိုးမြှင့်ချင်တယ်ဆိုရင် အဲဒါ တကယ့်အကြီးဆုံး အတားအဆီးကြီးတစ်ခုပါဘဲ။ ဘာဖြစ်လို့လည်းဆိုတော့ အမေရိကန်နိုင်ငံရေးကို အားလုံးသိကြတဲ့အတိုင်းဘဲ၊ ဒီမို ကရက်တွေနဲ့ ရီပတ်ဘလီကင်တွေဟာ အရေးကိစ္စအများအပြားမှာ တစ်ဖက်နဲ့တစ်ဖက် ဆန့်ကျင်ဘက်ပြိုင်နေ ကြတာဖြစ်တော့ အခုကိစ္စဟာလည်း အဲဒီလိုအထဲက ပြဿနာကြီးတစ်ခုပဲဖြစ်ပါတယ်။ ဒီကိစ္စမှာ ရီပတ်ဘလီကင် တွေဟာ အများဆုံး အကြွေးယူနိုင်တဲ့ပမာဏ Debt ceiling ကိုတိုးမြှင့်ပေးဖို့ အဆင်သင့်မရှိကြပါဘူး။ ဒါကြောင့် သမ္မတ ဂျိုးဘိုင်ဒန်က သူတို့ဟာ(ရီပတ်ဘလီကင်တွေ) အမေရိကန်နိုင်ငံကို အကြွေးဆပ်ဖို့ကတိပျက်အောင်လုပ် နေကြတယ်လို့ပြောပြီး ‌ဒေါသဖြစ်နေပါတယ်။ “ကွန်ဂရက်လွှတ်တော်ထဲက ပူညံပူညံရီပတ်ဘလီကင်အမတ် တွေ ဟာ၊ ကျွန်တော်တို့အကြွေးဆပ်ဖို့ ကတိပျက်ကွက်အောင်လုပ်ဖို့ခြိမ်းခြောက်ပြီး သူတို့တောင်းဆိုတာတွေကို သဘောတူလာအောင်လုပ်နေကြပါတယ်။ သူတို့က ကျွန်တော်တို့ကို အလွန်ကြမ်းတမ်းခက်ခဲတဲ့ ဘေးကြပ်နံကြပ် အကြောင်းအရာတစ်ချို့ကို သဘောတူလာအောင် အကြွေးဓားစားခံတွေအဖြစ်နဲ့ ချုပ်ကိုင်ဖို့ကြိုးစားနေကြပါတယ်။ ကျွန်တော်တို့ဟာ အကြွေးပိနေတဲ့ နိုင်ငံတစ်နိုင်ငံမဟုတ်ပါဘူး။ ကျွန်တော်တို့က ပေးစရာရှိတာတွေ ပေးဆပ်မှာပါ” လို့ မေလ ၅ ရက်က ပြောသွားပါတယ်။

ရီပတ်ဘလီကင်အမတ်တွေက ဘာဖြစ်လို့ ဘိုင်ဒန်အစိုးရရဲ့ အများဆုံးအကြွေးယူခွင့်ကို တိုးမပေးချင်ကြ တာလဲ။ သူတို့က ဒီအခွင့်အရေးကိုအသုံးချပြီး နိုင်ငံရေးအရ အမှတ်လိုချင်ကြပြီး၊ အဲဒီအမှတ်တွေကို ဒီမိုက ရက်တွေက ပေးဆပ်စေချင်တာပါ။ ဒါကြောင့် ဘိုင်ဒန်အစိုးရရဲ့ ဘတ်ဂျက်ကို ဖြတ်တောက်ဖို့ ပြင်းပြင်းထန်ထန် ဖိအားပေးနေကြပါတယ်။ ဒီအတွက် ဂျိုးဘိုင်ဒန်ကို အနစ်နာခံမှုတွေလုပ်စေချင်တာပါ။ လွန်ခဲ့တဲ့လက ရီပတ်ဘ လီကင်အမတ်တွေက သမ္မတနဲ့ တွေ့ဆုံဆွေးနွေးဖို့တောင်းဆိုခဲ့ကြပါတယ်။
“သူက (သမ္မတကိုဆိုလိုသည်) ညံ့ဖျင်းတဲ့လုပ်ဆောင်ချက်တွေနဲ့ အမေရိကန်စီးပွားရေးကို အန္တရာယ်တွေ ကြားထဲကို တွန်းပို့နေပါတယ်။ အခုသူကျွန်တော်တို့နဲ့ ထိုင်ပြီးဆွေးနွေးညှိနှိုင်းသင့်ပါပြီ” လို့ အောက်လွှတ်တော် ဥက္ကဋ္ဌ ကီဗင် မက္ကာသီက ပြောခဲ့ပါတယ်။

အခု သူတို့ဆန္ဒပြည့်ပါပြီ။ သမ္မတ ဘိုင်ဒန်က သူတို့နဲ့ ၂ဝ၂၃ ခုနှစ် မေလ ၉ ရက်မှာတွေ့မှာဖြစ်ပါတယ်။ ရည်ရွယ်ချက်က မဆုတ်သာ မတိုးသာဖြစ်နေတဲ့ အခြေအနေကို ဖြေရှင်းဖို့ဖြစ်ပါတယ်။ ဒါပေမဲ့ သမ္မတက တွေ့ဆုံဆွေးနွေးမှုမတိုင်ခင်မှာ စည်းမျဥ်းတစ်ချို့ကိုချလိုက်ပါတယ်။

“အကြွေးတွေအပေါ်၊ အများဆုံးအကြွေးယူနိုင်တဲ့ ပမာဏအပေါ် အပေးအယူညှိနှိုင်းမှုလုပ်မှာမဟုတ်ပါဘူး။ သူတို့ ပုံမှန်လုပ်လေ့ရှိတဲ့ အစီအစဉ်အတိုင်းဘဲ လုပ်သင့်ပါတယ်။ အောက်လွှတ်တော်ရီပတ်ဘလီကင်တွေ ဖန်တီး လိုက်တဲ့ အကြပ်အတည်းမျိုး မဖြစ်သင့်ပါဘူး။ ဒီလိုအကြွေးယူခွင့်တိုးမြှင့်ပေးမှုမျိုးကို ၁၉၆ဝ ခုနှစ်ကစလို့ ၇၈ ကြိမ်လောက်တွေ့ကြုံကျော်ဖြတ်ခဲ့ပြီးပါပြီ။ ဒါက အခြေခံဥပဒေကအရ ပေးအပ်ထားတဲ့ကွန်ဂရက်ရဲ့တာဝန်ပါ။ ဒါကြောင့် မနက်ဖန် ခေါင်းဆောင်တွေနဲ့တွေ့တဲ့အခါ သမ္မတက ရှင်းလင်းစွာပြောပြပါလိမ့်မယ်” လို့ အိမ်ဖြူတော် သတင်း ထုတ်ပြန်‌ရေးမှုး Karine Jean-Pierre ကရင်း ဂျိန်င်း ပီယာကသတင်းထုတ်ပြန်ပါတယ်။

အဓိပ္ပာယ်က သမ္မတဘိုင်ဒန်ဟာ ဘာနှောင်ကြိုးမှအတည်းမခံဘဲ အကြွေးတွေပိုယူချင်နေတာပါ။ ဒါကြောင့် သူ့ရဲ့ နိုင်ငံရေးပြိုင်ဘက်တွေနဲ့ ကီးမကိုက်ပါဘူး။ သူတို့က အစိုးရအနေနဲ့ အကန့်အသတ်မရှိ ချေးယူသုံးစွဲလို့ မရပါ အကန့်အသတ်ရှိရပါလိမ့်မယ်လို့တောင်းဆိုနေပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အမေရိကန်အစိုးရဟာ ကမ္ဘာပေါ်မှာ အကြွေးအထူဆုံးအစိုးရဖြစ်နေလို့ပါတဲ့။ စုစုပေါင်း ၃၁ ထရီလျံဒေါ်လာ ကျော်ခါနီးပါပြီ။ ရီပတ် ဘလီကင်တွေက ဘိုင်ဒန်အနေနဲ့ ဒီအကြွေးတွေကို နိုင်နိုင်နင်းနင်းထိန်းချုပ်စေချင်တာပါ။ ဒါကြောင့်သူတို့က အစိုးရ ဘတ်ဂျက်ကိုဖြတ်တောက်ဖို့ ဖိအားပေးနေပါတယ်။
တကယ်လို့ ဒီလို ရှေ့မတိုးနောက်မဆုတ် အခြေအနေကို မဖြေရှင်းနိုင်လို့၊ အများဆုံးအကြွေးယူခွင့်ပမာဏကို မတိုးမြှင့်နှိုင်ဘူးဆိုရင် ဘာတွေဖြစ်လာမှာလဲ။

ဒါဆိုရင် အမေရိကန်အစိုးရရဲ့ အလုပ်တွေအကုန်ရပ်ဆိုင်းကုန်ပါလိမ့်မယ်။ နောက်ပြီး အမေရိကန် စီးပွားရေး ကိုဆိုးဆိုးရွားရွားထိခိုက်စေမှာဖြစ်ပါတယ်။ နိုင်ငံဟာ ဘေးကြပ်နံကြပ်အခြေအနေကို တွန်းပို့ခြင်းခံရလိမ့်မယ်လို့ ဘဏ္ဍာရေးဝန်ကြီးကလည်း သတိပေးလိုက်ပါတယ်။

“ကျွန်မတို့ရဲ့ ဘဏ္ဍာရေးစနစ်ကိုကာကွယ်ဖို့ကိစ္စမှာ ကွန်ဂရက်က သူ့အလုပ်သူလုပ်ပြီး အများဆုံးအကြွေးယူ နိုင်တဲ့ ပမာဏကိုတိုးမြှင့်ပေးဖို့ကလွဲပြီး တခြားနည်းလမ်းမှမရှိပါဘူး။ ဒါမှသာ ကျမတို့အစိုးရက ပေးစရာရှိတာ တွေ ပေးဆပ်နိုင်မှာဖြစ်ပါတယ်။ သမ္မတအနေနဲ့ အကြွေးတွေဆက်ယူနိုင်မှာလား၊ မယူနိုင်ဘူးလားဆိုတာ စဉ်းစား ချင့်ချိန်ရတဲ့အခြေအနေထိရောက်ဖို့ မသင့်ပါဘူး။ ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကြပ်အတည်း ဖြစ်လာပါ လိမ့်မယ်”လို့ ဂျဲနက်ယဲလင်က ပြောသွားပါတယ်။

သမ္မတဘိုင်ဒန်အတွက် သတိပေးနာရီသံ တစ်ချက်ချက်မည်နေပါပြီ။ သူ့အနေနဲ့ အများဆုံးအကြွေးယူနိုင်ခွင့် ပမာဏတိုးမြှင့်ဖို့ ရီပတ်ဘလီကင်တွေကိုဖိအားပေးနိုင်မလား ဒါမှမဟုတ် သူတို့နဲ့ အပေးအယူလုပ်ပြီး စေ့စပ် ညှိနှိုင်းနိုင်မလား စောင့်ကြည့်ကြရပါလိမ့်မယ်။

Ref; US to Default on Its Debt? | Biden Faces an Economic Crisis | Vantage with Palki Sharma

zawgyi version
အေႂကြးဆပ္ဖို႔ ကတိပ်က္မယ့္ အႏၲရာယ္နဲ႔ ၿခိမ္းေျခာက္ခံေနရတဲ့ ဘိုင္ဒန္အစိုးရ (ဘာသာျပန္ေဆာင္းပါး)
ေမာင္သံလြင္ (NP News) - ေမ ၁၃

ကမာၻ႔စီးပြား‌ေရး အင္အားအႀကီးဆုံး အေမရိကန္ႏိုင္ငံ အစိုးရဟာ အေႂကြးဆပ္ဖို႔ ကတိေတြပ်က္ေတာ့မယ့္ အႏၲရာယ္နဲ႔ ရင္ဆိုင္ေနရပါၿပီ။ အေမရိကန္အစိုးရအေနနဲ႔ သူ႔ရဲ႕အေႂကြးေတြကို ဆပ္ဖို႔ပ်က္ကြက္မယ့္ အလားအလာ ရွိေနတဲ့အတြက္၊ သမၼတ ဂ်ိဳးဘိုင္ဒန္ဟာ အစိုးရအေႂကြးယူခြင့္ကိုကန႔္သတ္ထားတဲ့ ဖြဲ႕စည္းပုံအေျခခံဥပေဒဆိုင္ရာ အၾကပ္အတည္းကို သတိေပးေနရပါၿပီ။ ေနာက္ဆုံးအခ်ိန္ သတ္မွတ္ခ်က္က ဇြန္လ (၁) ရက္ဆိုေတာ့ အလြန္နီး ကပ္ေနၿပီလို႔ ဆိုႏိုင္ပါတယ္။ ဒါေပမဲ့ ဥပေဒျပဳလႊတ္ေတာ္အမတ္ေတြက မတက္မႂကြနဲ႔ ဖင့္ႏြဲ႕ေလးကန္ေနၾကဆဲ ျဖစ္ပါတယ္။

ဘိုင္ဒန္ရဲ႕ ဘ႑ာေရးဝန္ႀကီး ဂ်ဲနက္ယဲလင္က သတိေပးခ်က္ထုတ္ျပန္ေၾကညာရာမွာ အေမရိကန္စီးပြားေရး ရဲ႕တည္ၿငိမ္မႈဟာ အႏၲရာယ္နဲ႔ရင္ဆိုင္ေနရပါၿပီလို႔ ေျပာသြားပါတယ္။ “ဒါက ကြန္ဂရက္ရဲ႕အလုပ္ပါ။ သူတို႔ ဒါကို မလုပ္ဘူးဆိုရင္ ကြၽန္မတို႔ဟာ ကိုယ့္ဖာသာဖန္တီးတဲ့ စီးပြားေရးနဲ႔ ဘ႑ာေရး ေဘးဆိုးႀကီးကို ခ်က္ျခင္းရင္ဆိုင္ရပါ ေတာ့မယ္။ သမၼတဘိုင္ဒန္နဲ႔ အေမရိကန္ဘ႑ာေရးဌာနက ႐ုတ္တရက္က်ေရာက္လာမဲ့ ဒီေဘးဆိုးႀကီးကို ကာ ကြယ္ဖို႔ ဘာမွေဆာင္႐ြက္ႏိုင္မွာ မဟုတ္ပါဘူး” လို႔ေျပာလိုက္ပါတယ္။

ဒါဟာ အေမရိကန္ျပည္ေထာင္စုအဖို႔ ျပႆနာအသစ္ေတာ့မဟုတ္ပါဘူး။ အ‌ေမရိကန္ႏိုင္ငံေရးမွာ အၿမဲလို လို သေဘာထားကြဲလြဲမႈျဖစ္ေစတဲ့ အမ်ားဆုံးအေႂကြးယူႏိုင္ခြင့္ (အစိုးရအေနနဲ႔ အမ်ားဆုံးအေႂကြးယူႏိုင္ေသာ ပမာဏ- Debt ceiling ) ျပႆနာပါ။ ဒီျပႆနာကို အေမရိကန္အစိုးရေတြဟာ ႏွစ္ေပါင္းမ်ားစြာ ႀကဳံေတြ႕ခဲ့ရဘူးပါတယ္။ ဒါကို ေျပလည္ေအာင္ ေျဖရွင္းေပးႏႈိင္တဲ့ အေျဖလည္း မရွိေသးပါဘူး။ ျပႆနာက ဒီလိုပါ။

ဒီမိုကရက္တစ္ပါတီသမၼတျဖစ္ျဖစ္၊ ရီပတ္ဘလီကင္ပါတီသမၼတျဖစ္ျဖစ္ အစိုးရတိုင္းက ေငြလိုပါတယ္။ အစိုးရရဲ႕ အစီအစဥ္ေတြကို အေကာင္အထည္ေဖာ္ဖို႔၊ အစိုးရဝန္ထမ္းေတြကို လစာေငြေပးဖို႔၊ အစိုးရက ေပးရန္ရွိ တဲ့အခ်ိန္ေစ့ ေငြေခ်းစာခ်ဳပ္ေတြကို ေပးေခ်ဖို႔ စသျဖင့္ အသုံးစားရိတ္မ်ိဳးစုံအတြက္ ေငြလိုပါတယ္။ ဒီလိုအပ္တဲ့ေငြ ေတြကို အစိုးရအဆက္ဆက္က ဗဟိုဘဏ္ကေနေခ်းေငြအျဖစ္နဲ႔ ရယူခဲ့ၾကပါတယ္။ အေမရိကန္ျပည္ေထာင္စုမွာ အဲဒီလို အေႂကြးယူႏိုင္တဲ့ ပမာဏကို သတ္မွတ္ထားပါတယ္။ Debt Ceiling လို႔ေခၚပါတယ္။ အခုေလာေလာဆယ္ သတ္မွတ္ထားတဲ့ ပမာဏက ၃၁ ဒသမ ၄ ထရီလ်ံေဒၚလာပါ။ ဒါေၾကာင့္ သမၼတဘိုင္ဒန္ရဲ႕အစိုးရက အဲဒီပမာဏထက္ပိုၿပီး အေႂကြးယူလို႔မရပါဘူး။ ၃၁ ဒသမ ၄ ထရီလ်ံဆိုတာ နည္းတဲ့ပမာဏ မဟုတ္ေပမဲ့ ဘိုင္ဒန္အစိုးရအတြက္ေတာ့ ဒီပမာဏက မလုံေလာက္ပါဘူး။ သူတို႔အေနနဲ႔ မၾကာခင္မွာ ဒီသတ္မွတ္ထားတဲ့ ပမာဏကို ေရာက္ေတာ့မွာပါ။ အဓိပၸာယ္က အစိုးရအေနနဲ႔ ေခ်းယူသုံးစြဲေနတာက ၃၁ ဒသမ ၄ ထရီလ်ံေဒၚလာထိ မၾကာခင္ေရာက္ပါေတာ့မယ္။ ဒီထက္လည္းပိုၿပီး သူတို႔ေခ်းယူလို႔မရပါဘူး။ ဒါဆိုရင္ အစိုးရအေနနဲ႔ တိုင္းျပည္ကို ဘယ္လို စီမံခန႔္ခြဲမႈေတြ လုပ္မလဲ။ ဒါက အစိုးရအတြက္ ခ်က္ျခင္းအၾကပ္အတည္းဆိုက္မယ့္ ေဘးအႏၲရာယ္ဆိုးပါ။ ျဖစ္ေနတဲ့ ျပႆနာက အေႂကြးဝယ္ခြင့္ကဒ္နဲ႔ ေငြသုံးစြဲရပုံနဲ႔ နည္းနည္းတူပါတယ္။ ခင္ဗ်ား တခုခုဝယ္ခ်င္တဲ့ အခါတိုင္း အဲဒီအေႂကြးဝယ္ကဒ္ကို သုံးလို႔ရပါတယ္။ ဒါေပမဲ့ အဲဒီကဒ္မွာ ပမာဏသတ္မွတ္ခ်က္ရွိပါတယ္။ အဲဒီ သတ္မွတ္ထားတဲ့ ပမာဏထက္ပိုၿပီး သုံးလို႔မရပါဘူး။ အဲဒီ အေႂကြးပမာဏ ကန႔္သတ္ခ်က္ထက္ေက်ာ္ၿပီး သုံးစြဲခ်င္ရင္ ခင္ဗ်ားက ဘဏ္ကိုသြားၿပီး အေႂကြးဝယ္ယူခြင့္ပမာဏကို တိုးျမႇင့္ေပးဖို႔ ညႇိႏႈိင္းေျပာဆိုရပါလိမ့္မယ္။ အခု ဘိုင္ဒန္ အစိုးရႀကဳံေတြ႕ေနရတာက အဲဒီလို အခက္အခဲပါ။ သူတို႔ကိုအေႂကြးယူႏိုင္တဲ့ ပမာဏတိုးျမႇင့္ေပးႏိုင္ တာက အေမရိကန္ ကြန္ဂရက္လႊတ္ေတာ္ပါ။ ဘဏ္ကတာဝန္ခံအရာရွိေတြေနရာမွာရွိေနတာက လႊတ္ေတာ္ထဲက အတိုက္အခံ ရီပတ္ဘလီကင္အမတ္ေတြေပါ့။ သမၼတ ဘိုင္ဒန္အေနနဲ႔ လက္ရွိသတ္မွတ္ခ်က္ထက္ ေငြပိုေခ်းခ်င္ တယ္ဆိုရင္ အဲဒီအတိုက္အခံ ရီပတ္ဘလီကင္အမတ္ေတြ လက္ခံသေဘာတူလာေအာင္ ညႇိႏႈိင္းေျပာဆိုရမွာ ျဖစ္ပါတယ္။

ဒါေၾကာင့္ ဒီမိုကရက္တစ္သမၼတတစ္ေယာက္အေနနဲ႔ ရီပတ္ဘလီကင္ႀကီးစိုးေနတဲ့ ကြန္ဂရက္လႊတ္ေတာ္ ကာလမွာ အမ်ားဆုံးအေႂကြးယူႏိုင္တဲ့ပမာဏ Debt ceiling ကိုတိုးျမႇင့္ခ်င္တယ္ဆိုရင္ အဲဒါ တကယ့္အႀကီးဆုံး အတားအဆီးႀကီးတစ္ခုပါဘဲ။ ဘာျဖစ္လို႔လည္းဆိုေတာ့ အေမရိကန္ႏိုင္ငံေရးကို အားလုံးသိၾကတဲ့အတိုင္းဘဲ၊ ဒီမို ကရက္ေတြနဲ႔ ရီပတ္ဘလီကင္ေတြဟာ အေရးကိစၥအမ်ားအျပားမွာ တစ္ဖက္နဲ႔တစ္ဖက္ ဆန႔္က်င္ဘက္ၿပိဳင္ေန ၾကတာျဖစ္ေတာ့ အခုကိစၥဟာလည္း အဲဒီလိုအထဲက ျပႆနာႀကီးတစ္ခုပဲျဖစ္ပါတယ္။ ဒီကိစၥမွာ ရီပတ္ဘလီကင္ ေတြဟာ အမ်ားဆုံး အေႂကြးယူႏိုင္တဲ့ပမာဏ Debt ceiling ကိုတိုးျမႇင့္ေပးဖို႔ အဆင္သင့္မရွိၾကပါဘူး။ ဒါေၾကာင့္ သမၼတ ဂ်ိဳးဘိုင္ဒန္က သူတို႔ဟာ(ရီပတ္ဘလီကင္ေတြ) အေမရိကန္ႏိုင္ငံကို အေႂကြးဆပ္ဖို႔ကတိပ်က္ေအာင္လုပ္ ေနၾကတယ္လို႔ေျပာၿပီး ‌ေဒါသျဖစ္ေနပါတယ္။ “ကြန္ဂရက္လႊတ္ေတာ္ထဲက ပူညံပူညံရီပတ္ဘလီကင္အမတ္ ေတြ ဟာ၊ ကြၽန္ေတာ္တို႔အေႂကြးဆပ္ဖို႔ ကတိပ်က္ကြက္ေအာင္လုပ္ဖို႔ၿခိမ္းေျခာက္ၿပီး သူတို႔ေတာင္းဆိုတာေတြကို သေဘာတူလာေအာင္လုပ္ေနၾကပါတယ္။ သူတို႔က ကြၽန္ေတာ္တို႔ကို အလြန္ၾကမ္းတမ္းခက္ခဲတဲ့ ေဘးၾကပ္နံၾကပ္ အေၾကာင္းအရာတစ္ခ်ိဳ႕ကို သေဘာတူလာေအာင္ အေႂကြးဓားစားခံေတြအျဖစ္နဲ႔ ခ်ဳပ္ကိုင္ဖို႔ႀကိဳးစားေနၾကပါတယ္။ ကြၽန္ေတာ္တို႔ဟာ အေႂကြးပိေနတဲ့ ႏိုင္ငံတစ္ႏိုင္ငံမဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔က ေပးစရာရွိတာေတြ ေပးဆပ္မွာပါ” လို႔ ေမလ ၅ ရက္က ေျပာသြားပါတယ္။

ရီပတ္ဘလီကင္အမတ္ေတြက ဘာျဖစ္လို႔ ဘိုင္ဒန္အစိုးရရဲ႕ အမ်ားဆုံးအေႂကြးယူခြင့္ကို တိုးမေပးခ်င္ၾက တာလဲ။ သူတို႔က ဒီအခြင့္အေရးကိုအသုံးခ်ၿပီး ႏိုင္ငံေရးအရ အမွတ္လိုခ်င္ၾကၿပီး၊ အဲဒီအမွတ္ေတြကို ဒီမိုက ရက္ေတြက ေပးဆပ္ေစခ်င္တာပါ။ ဒါေၾကာင့္ ဘိုင္ဒန္အစိုးရရဲ႕ ဘတ္ဂ်က္ကို ျဖတ္ေတာက္ဖို႔ ျပင္းျပင္းထန္ထန္ ဖိအားေပးေနၾကပါတယ္။ ဒီအတြက္ ဂ်ိဳးဘိုင္ဒန္ကို အနစ္နာခံမႈေတြလုပ္ေစခ်င္တာပါ။ လြန္ခဲ့တဲ့လက ရီပတ္ဘ လီကင္အမတ္ေတြက သမၼတနဲ႔ ေတြ႕ဆုံေဆြးေႏြးဖို႔ေတာင္းဆိုခဲ့ၾကပါတယ္။
“သူက (သမၼတကိုဆိုလိုသည္) ညံ့ဖ်င္းတဲ့လုပ္ေဆာင္ခ်က္ေတြနဲ႔ အေမရိကန္စီးပြားေရးကို အႏၲရာယ္ေတြ ၾကားထဲကို တြန္းပို႔ေနပါတယ္။ အခုသူကြၽန္ေတာ္တို႔နဲ႔ ထိုင္ၿပီးေဆြးေႏြးညႇိႏႈိင္းသင့္ပါၿပီ” လို႔ ေအာက္လႊတ္ေတာ္ ဥကၠ႒ ကီဗင္ မကၠာသီက ေျပာခဲ့ပါတယ္။

အခု သူတို႔ဆႏၵျပည့္ပါၿပီ။ သမၼတ ဘိုင္ဒန္က သူတို႔နဲ႔ ၂ဝ၂၃ ခုႏွစ္ ေမလ ၉ ရက္မွာေတြ႕မွာျဖစ္ပါတယ္။ ရည္႐ြယ္ခ်က္က မဆုတ္သာ မတိုးသာျဖစ္ေနတဲ့ အေျခအေနကို ေျဖရွင္းဖို႔ျဖစ္ပါတယ္။ ဒါေပမဲ့ သမၼတက ေတြ႕ဆုံေဆြးေႏြးမႈမတိုင္ခင္မွာ စည္းမ်ဥ္းတစ္ခ်ိဳ႕ကိုခ်လိုက္ပါတယ္။

“အေႂကြးေတြအေပၚ၊ အမ်ားဆုံးအေႂကြးယူႏိုင္တဲ့ ပမာဏအေပၚ အေပးအယူညႇိႏႈိင္းမႈလုပ္မွာမဟုတ္ပါဘူး။ သူတို႔ ပုံမွန္လုပ္ေလ့ရွိတဲ့ အစီအစဥ္အတိုင္းဘဲ လုပ္သင့္ပါတယ္။ ေအာက္လႊတ္ေတာ္ရီပတ္ဘလီကင္ေတြ ဖန္တီး လိုက္တဲ့ အၾကပ္အတည္းမ်ိဳး မျဖစ္သင့္ပါဘူး။ ဒီလိုအေႂကြးယူခြင့္တိုးျမႇင့္ေပးမႈမ်ိဳးကို ၁၉၆ဝ ခုႏွစ္ကစလို႔ ၇၈ ႀကိမ္ေလာက္ေတြ႕ႀကဳံေက်ာ္ျဖတ္ခဲ့ၿပီးပါၿပီ။ ဒါက အေျခခံဥပေဒကအရ ေပးအပ္ထားတဲ့ကြန္ဂရက္ရဲ႕တာဝန္ပါ။ ဒါေၾကာင့္ မနက္ဖန္ ေခါင္းေဆာင္ေတြနဲ႔ေတြ႕တဲ့အခါ သမၼတက ရွင္းလင္းစြာေျပာျပပါလိမ့္မယ္” လို႔ အိမ္ျဖဴေတာ္ သတင္း ထုတ္ျပန္‌ေရးမႈး Karine Jean-Pierre ကရင္း ဂ်ိန္င္း ပီယာကသတင္းထုတ္ျပန္ပါတယ္။

အဓိပၸာယ္က သမၼတဘိုင္ဒန္ဟာ ဘာေႏွာင္ႀကိဳးမွအတည္းမခံဘဲ အေႂကြးေတြပိုယူခ်င္ေနတာပါ။ ဒါေၾကာင့္ သူ႔ရဲ႕ ႏိုင္ငံေရးၿပိဳင္ဘက္ေတြနဲ႔ ကီးမကိုက္ပါဘူး။ သူတို႔က အစိုးရအေနနဲ႔ အကန႔္အသတ္မရွိ ေခ်းယူသုံးစြဲလို႔ မရပါ အကန႔္အသတ္ရွိရပါလိမ့္မယ္လို႔ေတာင္းဆိုေနပါတယ္။ ဘာျဖစ္လို႔လည္းဆိုေတာ့ အေမရိကန္အစိုးရဟာ ကမာၻေပၚမွာ အေႂကြးအထူဆုံးအစိုးရျဖစ္ေနလို႔ပါတဲ့။ စုစုေပါင္း ၃၁ ထရီလ်ံေဒၚလာ ေက်ာ္ခါနီးပါၿပီ။ ရီပတ္ ဘလီကင္ေတြက ဘိုင္ဒန္အေနနဲ႔ ဒီအေႂကြးေတြကို ႏိုင္ႏိုင္နင္းနင္းထိန္းခ်ဳပ္ေစခ်င္တာပါ။ ဒါေၾကာင့္သူတို႔က အစိုးရ ဘတ္ဂ်က္ကိုျဖတ္ေတာက္ဖို႔ ဖိအားေပးေနပါတယ္။
တကယ္လို႔ ဒီလို ေရွ႕မတိုးေနာက္မဆုတ္ အေျခအေနကို မေျဖရွင္းႏိုင္လို႔၊ အမ်ားဆုံးအေႂကြးယူခြင့္ပမာဏကို မတိုးျမႇင့္ႏႈိင္ဘူးဆိုရင္ ဘာေတြျဖစ္လာမွာလဲ။

ဒါဆိုရင္ အေမရိကန္အစိုးရရဲ႕ အလုပ္ေတြအကုန္ရပ္ဆိုင္းကုန္ပါလိမ့္မယ္။ ေနာက္ၿပီး အေမရိကန္ စီးပြားေရး ကိုဆိုးဆိုး႐ြား႐ြားထိခိုက္ေစမွာျဖစ္ပါတယ္။ ႏိုင္ငံဟာ ေဘးၾကပ္နံၾကပ္အေျခအေနကို တြန္းပို႔ျခင္းခံရလိမ့္မယ္လို႔ ဘ႑ာေရးဝန္ႀကီးကလည္း သတိေပးလိုက္ပါတယ္။

“ကြၽန္မတို႔ရဲ႕ ဘ႑ာေရးစနစ္ကိုကာကြယ္ဖို႔ကိစၥမွာ ကြန္ဂရက္က သူ႔အလုပ္သူလုပ္ၿပီး အမ်ားဆုံးအေႂကြးယူ ႏိုင္တဲ့ ပမာဏကိုတိုးျမႇင့္ေပးဖို႔ကလြဲၿပီး တျခားနည္းလမ္းမွမရွိပါဘူး။ ဒါမွသာ က်မတို႔အစိုးရက ေပးစရာရွိတာ ေတြ ေပးဆပ္ႏိုင္မွာျဖစ္ပါတယ္။ သမၼတအေနနဲ႔ အေႂကြးေတြဆက္ယူႏိုင္မွာလား၊ မယူႏိုင္ဘူးလားဆိုတာ စဥ္းစား ခ်င့္ခ်ိန္ရတဲ့အေျခအေနထိေရာက္ဖို႔ မသင့္ပါဘူး။ ဒါဟာ ဖြဲ႕စည္းပုံအေျခခံဥပေဒဆိုင္ရာ အၾကပ္အတည္း ျဖစ္လာပါ လိမ့္မယ္”လို႔ ဂ်ဲနက္ယဲလင္က ေျပာသြားပါတယ္။

သမၼတဘိုင္ဒန္အတြက္ သတိေပးနာရီသံ တစ္ခ်က္ခ်က္မည္ေနပါၿပီ။ သူ႔အေနနဲ႔ အမ်ားဆုံးအေႂကြးယူႏိုင္ခြင့္ ပမာဏတိုးျမႇင့္ဖို႔ ရီပတ္ဘလီကင္ေတြကိုဖိအားေပးႏိုင္မလား ဒါမွမဟုတ္ သူတို႔နဲ႔ အေပးအယူလုပ္ၿပီး ေစ့စပ္ ညႇိႏႈိင္းႏိုင္မလား ေစာင့္ၾကည့္ၾကရပါလိမ့္မယ္။

Ref; US to Default on Its Debt? | Biden Faces an Economic Crisis | Vantage with Palki Sharma

Picture

ဘာသါမန် meĺ

02/06/2023 14:07

Related news

© 2021. All rights reserved.