ဆာလာအိတ်များအတွင်းမှ ငွေကျပ်သိန်း(၆၆ဝဝ)တန်ဖိုးရှိ ဘိန်းဖြူများ သိမ်းဆည်းရမိ

 2860

စော (NP News) - မေ ၁၄

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်တွင် ငွေကျပ်သိန်း (၆၆ဝဝ) တန်ဖိုးရှိ ဘိန်းဖြူ (၂၆ ဒသမ ၄)ကီလိုကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အထက်ပါကဲ့သို့ထုတ်ပြန်ထားခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ မေလ( ၇ )ရက်၊ နံနက်(၆)နာရီခွဲအချိန် အောင်မြေသာစံမြို့နယ်၊ ၆၂ လမ်း နှင့် ၆၁ လမ်းကြား၊ ၁ဝ လမ်းရှိ မန္တလေး-ကချင်ပြည်နယ် ပြေးဆွဲသည့် ဒေါနဘွားကားဝင်းတွင် စောင့်ဆိုင်းနေကြောင်း သိရသည်။

ထို့သို့ စောင့်ဆိုင်းနေစဉ် ကားဝင်းအတွင်းသို့ ရန်ပိန်းတာ(ခ)အားချိန် မောင်းနှင်ပြီး တွမ်ကွမ်းဆေ(ခ)အားဆေ လိုက်ပါလာသည့် LAND CRUISER မော်တော်ယာဉ်ရောက်ရှိလာကြောင်း သိရသည်။

ထို့နောက် ယန်ပိန်ဟောက်(ခ)ထွန်းစောအောင်၊ ခင်လေးမြိုင်(ခ)မနွယ် နှင့် မကြည်ဝင်းတို့ထံသို့ ယာဉ်ပေါ်တွင်ပါလာသည့် ဆာလာအိတ်များအား လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ လွှဲပြောင်းနေစဥ် ရဲတပ်ဖွဲ့မှ ၎င်းတို့အား ထိန်းသိမ်းရှာဖွေခဲ့ရာ ဆာလာအိတ်အတွင်းမှ ငွေကျပ်သိန်း (၆၆ဝဝ) တန်ဖိုးရှိ ဆပ်ပြာခွက်( ၂၆၄ဝ )ခွက်ဖြင့်ထည့်ထားသော ဘိန်းဖြူ (၂၆ ဒသမ ၄)ကီလို သိမ်း ဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ကြောင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှဆိုသည်။

zawgyi version
ဆာလာအိတ္မ်ားအတြင္းမွ ေငြက်ပ္သိန္း(၆၆ဝဝ)တန္ဖိုးရွိ ဘိန္းျဖဴမ်ား သိမ္းဆည္းရမိ

ေစာ (NP News) - ေမ ၁၄

မႏၲေလးတိုင္းေဒသႀကီး၊ ေအာင္ေျမသာစံၿမိဳ႕နယ္တြင္ ေငြက်ပ္သိန္း (၆၆ဝဝ) တန္ဖိုးရွိ ဘိန္းျဖဴ (၂၆ ဒသမ ၄)ကီလိုကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ ၿပီးခဲ့သည့္ ရက္ပိုင္းအတြင္း အထက္ပါကဲ့သို႔ထုတ္ျပန္ထားျခင္းျဖစ္သည္။

ရဲတပ္ဖြဲ႕ဝင္မ်ားသည္ သတင္းအရ ေမလ( ၇ )ရက္၊ နံနက္(၆)နာရီခြဲအခ်ိန္ ေအာင္ေျမသာစံၿမိဳ႕နယ္၊ ၆၂ လမ္း ႏွင့္ ၆၁ လမ္းၾကား၊ ၁ဝ လမ္းရွိ မႏၲေလး-ကခ်င္ျပည္နယ္ ေျပးဆြဲသည့္ ေဒါနဘြားကားဝင္းတြင္ ေစာင့္ဆိုင္းေနေၾကာင္း သိရသည္။

ထို႔သို႔ ေစာင့္ဆိုင္းေနစဥ္ ကားဝင္းအတြင္းသို႔ ရန္ပိန္းတာ(ခ)အားခ်ိန္ ေမာင္းႏွင္ၿပီး တြမ္ကြမ္းေဆ(ခ)အားေဆ လိုက္ပါလာသည့္ LAND CRUISER ေမာ္ေတာ္ယာဥ္ေရာက္ရွိလာေၾကာင္း သိရသည္။

ထို႔ေနာက္ ယန္ပိန္ေဟာက္(ခ)ထြန္းေစာေအာင္၊ ခင္ေလးၿမိဳင္(ခ)မႏြယ္ ႏွင့္ မၾကည္ဝင္းတို႔ထံသို႔ ယာဥ္ေပၚတြင္ပါလာသည့္ ဆာလာအိတ္မ်ားအား လႊဲေျပာင္းေပးခဲ့ေၾကာင္း သိရသည္။

ထိုသို႔ လႊဲေျပာင္းေနစဥ္ ရဲတပ္ဖြဲ႕မွ ၎တို႔အား ထိန္းသိမ္းရွာေဖြခဲ့ရာ ဆာလာအိတ္အတြင္းမွ ေငြက်ပ္သိန္း (၆၆ဝဝ) တန္ဖိုးရွိ ဆပ္ျပာခြက္( ၂၆၄ဝ )ခြက္ျဖင့္ထည့္ထားေသာ ဘိန္းျဖဴ (၂၆ ဒသမ ၄)ကီလို သိမ္း ဆည္းရမိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

ထို႔ေၾကာင့္ ၎တို႔အား ဥပေဒအရ အေရးယူထားရွိၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားအား ဆက္လက္စစ္ေဆး ေဖာ္ထုတ္လ်က္ရွိေၾကာင္း ရဲတပ္ဖြဲ႕မွဆိုသည္။

Related news

© 2021. All rights reserved.