ပုဂံညောင်ဦးတွင် နှစ်ပေါင်း(၆ဝ)အတွင်း မိုးရေချိန်စံချိန်သစ်ဖြင့် ရွာသွန်းမှုကြောင့် ပုဂံယဥ်ကျေးမှုနယ်မြေ၌ ရေကြီးရေလျှံမှုဖြစ်ပွား

1214

ယွန်း (NP News) - မေ ၁၅
မန္တလေးတိုင်း၊ ညောင်ဦးမြို့တွင် နှစ်ပေါင်း(၆ဝ)အတွင်း မိုးရေချိန်စံချိန်သစ်ဖြင့် ရွာသွန်းမှုကြောင့် ပုဂံယဥ်ကျေးမှုနယ်မြေတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ(၁၃)ရက် အစောပိုင်းတွင် ညောင်ဦးမြို့၌ ရွာသွန်းခဲ့သော မိုးရေချိန်သည် ယခင်စံချိန်ဟောင်းကို ကျော်လွန်ကာ နှစ်ပေါင်း(၅၈)နှစ်အတွင်း အမြင့်ဆုံးမိုးရေချိန်အဖြစ် စံချိန်သစ်တင်ခဲ့ကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။
အဆိုပါမိုးရွာသွန်းမှုကြောင့် ညောင်ဦးမြို့နယ်အတွင်းရှိ ပုဂံယဥ်ကျေးမှုနယ်မြေတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“မနှစ်ကလည်း ရေကြီးတာပါပဲ။ ကျန်တဲ့နေရာတွေမှာမရှိဘူး။ စူဠာမဏိဘုရားလောက်ပဲ ရေနည်းနည်းများတယ်။ ဒီနှစ်က ရေကြီးတာက ပိုများတာပေါ့။ အရင်နှစ်တွေက ဒီလောက်မရှိခဲ့ဘူး။ ဒီနှစ်ကတော့ အများဆုံးလို့ပြောလို့ရတယ်”ဟု ပုဂံယဥ်ကျေးမှုနယ်မြေ ရှေးဟောင်းသုတေသနညွှန်ကြားရေးမှူး ဦးမြင့်သန်းက NP News ကိုပြောသည်။
လက်ရှိတွင် ရေအမြန်ပြန်ကျရန် ဆောင်ရွက်လျက်ရှိပြီး မိုးရွာသွန်းမှုကြောင့် ဘုရားများအတွင်း ရေဝင်ရောက်မှုများနှင့် ထိခိုက်မှု အနည်းငယ်သာရှိခဲ့ကြောင်း ၎င်းမှ ဆက်လက်ပြောဆိုထားသည်။
“ဘုရားတွေထဲကို ရေဝင်တာရှိတယ်။ တချို့ဘုရားလေးတွေကတော့ ကွာကျတာတို့ နည်းနည်းလောက်ပဲရှိပါတယ်။ အများကြီးထိခိုက်ပျက်စီးတာမရှိပါဘူး။ အခုကတော့ ရေကကျတော့ကျတယ်။ အကုန်တော့မကျသေးဘူးလေ။ ဌာနကစက်တွေရော၊ ဂေါပကက စက်တွေရော၊ တခြားဌာနက စက်တွေနဲ့ ဝိုင်းပြီးတော့ရေတွေ စုပ်ထုတ်နေပါတယ်။ အနော်ရထာလမ်းမကြီးပေါ်မှာရေတင်နေတာကိုလည်း မြေကော်စက် (၂)ခုနဲ့ ရေလမ်းကြောင်းဖောက်ပြီး ရေကျအောင်လုပ်နေကြပါတယ်” ဟု ဦးမြင့်သန်းမှ ဆိုသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပုဂံယဥ်ကျေးမှုနယ်မြေအပြင် ညောင်ဦးမြို့နယ်အတွင်းရှိ ရွှေဘုံသာဘုရား၏ သပိတ်တော်မှော်ရစ်အထက်ပိုင်းပြိုကျကာ မြေခပျက်စီးခဲ့ကြောင်း ၎င်းမှ ဆက်လက်ပြောဆိုခဲ့သည်။

zawgyi version
ပုဂံေညာင္ဦးတြင္ ႏွစ္ေပါင္း(၆ဝ)အတြင္း မိုးေရခ်ိန္စံခ်ိန္သစ္ျဖင့္ ႐ြာသြန္းမႈေၾကာင့္ ပုဂံယဥ္ေက်းမႈနယ္ ေျမ၌ ေရႀကီးေရလွ်ံမႈျဖစ္ပြား
ယြန္း (NP News) - ေမ ၁၅
မႏၲေလးတိုင္း၊ ေညာင္ဦးၿမိဳ႕တြင္ ႏွစ္ေပါင္း(၆ဝ)အတြင္း မိုးေရခ်ိန္စံခ်ိန္သစ္ျဖင့္ ႐ြာသြန္းမႈေၾကာင့္ ပုဂံယဥ္ေက်းမႈနယ္ေျမတြင္ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ေမလ(၁၃)ရက္ အေစာပိုင္းတြင္ ေညာင္ဦးၿမိဳ႕၌ ႐ြာသြန္းခဲ့ေသာ မိုးေရခ်ိန္သည္ ယခင္စံခ်ိန္ေဟာင္းကို ေက်ာ္လြန္ကာ ႏွစ္ေပါင္း(၅၈)ႏွစ္အတြင္း အျမင့္ဆုံးမိုးေရခ်ိန္အျဖစ္ စံခ်ိန္သစ္တင္ခဲ့ေၾကာင္း မိုးဇလမွ ထုတ္ျပန္ထားသည္။
အဆိုပါမိုး႐ြာသြန္းမႈေၾကာင့္ ေညာင္ဦးၿမိဳ႕နယ္အတြင္းရွိ ပုဂံယဥ္ေက်းမႈနယ္ေျမတြင္ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
“မႏွစ္ကလည္း ေရႀကီးတာပါပဲ။ က်န္တဲ့ေနရာေတြမွာမရွိဘူး။ စူဠာမဏိဘုရားေလာက္ပဲ ေရနည္းနည္းမ်ားတယ္။ ဒီႏွစ္က ေရႀကီးတာက ပိုမ်ားတာေပါ့။ အရင္ႏွစ္ေတြက ဒီေလာက္မရွိခဲ့ဘူး။ ဒီႏွစ္ကေတာ့ အမ်ားဆုံးလို႔ေျပာလို႔ရတယ္”ဟု ပုဂံယဥ္ေက်းမႈနယ္ေျမ ေရွးေဟာင္းသုေတသနၫႊန္ၾကားေရးမႉး ဦးျမင့္သန္းက NP News ကိုေျပာသည္။
လက္ရွိတြင္ ေရအျမန္ျပန္က်ရန္ ေဆာင္႐ြက္လ်က္ရွိၿပီး မိုး႐ြာသြန္းမႈေၾကာင့္ ဘုရားမ်ားအတြင္း ေရဝင္ေရာက္မႈမ်ားႏွင့္ ထိခိုက္မႈ အနည္းငယ္သာရွိခဲ့ေၾကာင္း ၎မွ ဆက္လက္ေျပာဆိုထားသည္။
“ဘုရားေတြထဲကို ေရဝင္တာရွိတယ္။ တခ်ိဳ႕ဘုရားေလးေတြကေတာ့ ကြာက်တာတို႔ နည္းနည္းေလာက္ပဲရွိပါတယ္။ အမ်ားႀကီးထိခိုက္ပ်က္စီးတာမရွိပါဘူး။ အခုကေတာ့ ေရကက်ေတာ့က်တယ္။ အကုန္ေတာ့မက်ေသးဘူးေလ။ ဌာနကစက္ေတြေရာ၊ ေဂါပကက စက္ေတြေရာ၊ တျခားဌာနက စက္ေတြနဲ႔ ဝိုင္းၿပီးေတာ့ေရေတြ စုပ္ထုတ္ေနပါတယ္။ အေနာ္ရထာလမ္းမႀကီးေပၚမွာေရတင္ေနတာကိုလည္း ေျမေကာ္စက္ (၂)ခုနဲ႔ ေရလမ္းေၾကာင္းေဖာက္ၿပီး ေရက်ေအာင္လုပ္ေနၾကပါတယ္” ဟု ဦးျမင့္သန္းမွ ဆိုသည္။
မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ပုဂံယဥ္ေက်းမႈနယ္ေျမအျပင္ ေညာင္ဦးၿမိဳ႕နယ္အတြင္းရွိ ေ႐ႊဘုံသာဘုရား၏ သပိတ္ေတာ္ေမွာ္ရစ္အထက္ပိုင္းၿပိဳက်ကာ ေျမခပ်က္စီးခဲ့ေၾကာင္း ၎မွ ဆက္လက္ေျပာဆိုခဲ့သည္။