ရခိုင်ရှိ မုန်တိုင်းဘေးသင့် ပြည်သူများအတွက် တပ်မတော်မိသားစုများမှ ဆန်အိတ်ပေါင်း(၈၅ဝ)နှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်း

 611

ယွန်း (NP News) - မေ ၁၅

ရခိုင်ပြည်နယ်ရှိ မိုခါမုန်တိုင်းဘေးသင့် ပြည်သူများအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ရေးပစ္စည်းများကို လှူဒါန်းခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)၏ တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ ဘုရားစေတီပုထိုးများ၊ ဘုန်းကြီးကျောင်းများ၊ လူနေအိမ်များ၊ ဌာနဆိုင်ရာ အဆောက်အဦးများ ပြိုကျပျက်စီးခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

ထို့ပြင် သစ်ပင်သစ်ကိုင်းများ လဲကျပြီးလမ်းများ ပိတ်ဆို့ခြင်း၊ ကားလမ်းများ ရေကျော်ခြင်း၊ လမ်းမီးတိုင်များ ပျက်စီးခြင်း၊ တာဝါတိုင်များ ပျက်စီးခြင်းနှင့် မြေပြိုခြင်းများလည်း ဖြစ်ပေါ်ခဲ့သည်။

သို့ဖြစ်၍ ဒေသခံပြည်သူများအနေဖြင့် လက်ရှိအချိန်အထိ ဘေးလွတ်ရာ မုန်တိုင်းဒဏ်ခံနိုင်သော ကာကွယ်ရေးအဆောက်အဦး(Cyclone Shelter)များနှင့် ယာယီခိုလှုံရေးစခန်းများတွင် နေထိုင်လျက်ရှိကြောင်း သိရသည်။

အဆိုပါဒေသခံပြည်သူများအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက ယနေ့(မေလ ၁၅ ရက်) နံနက်ပိုင်းတွင် ဆန်အိတ် စုစုပေါင်း(၅ဝဝ)၊ ဘီစကတ်(၄၂၅)အိတ်နှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များကို နေပြည်တော်လေဆိပ်မှတဆင့် စစ်တွေမြို့သို့ တပ်မတော်လေယာဥ်ဖြင့် ပထမအကြိမ် ပေးပို့ခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

ထို့နောက် ဆန်အိတ်စုစုပေါင်း (၃၅ဝ)၊ ဘီစကတ်(၃၂၅)အိတ် အပါအဝင် တပ်မတော်ဆေးအဖွဲ့များနှင့် ဆေးပစ္စည်းများကိုလည်း ဒုတိယအကြိမ်အဖြစ်ထပ်မံ၍ ကူညီပို့ဆောင်ခဲ့ကြောင်း သိရသည်။

zawgyi version
ရခိုင္ရွိ မုန္တိုင္းေဘးသင့္ ျပည္သူမ်ားအတြက္ တပ္မေတာ္မိသားစုမ်ားမွ ဆန္အိတ္ေပါင္း(၈၅ဝ)ႏွင့္ ဆက္စပ္ပစၥည္းမ်ား လႉဒါန္း

ယြန္း (NP News) - ေမ ၁၅

ရခိုင္ျပည္နယ္ရွိ မိုခါမုန္တိုင္းေဘးသင့္ ျပည္သူမ်ားအတြက္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ)မိသားစုမ်ားက ကူညီကယ္ဆယ္ေရးပစၥည္းမ်ားႏွင့္ ေထာက္ပံ့ေရးပစၥည္းမ်ားကို လႉဒါန္းခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

အလြန႔္အလြန္အားေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္း(မိုခါ)၏ တိုက္ခိုက္မႈေၾကာင့္ ရခိုင္ျပည္နယ္အတြင္းရွိ ဘုရားေစတီပုထိုးမ်ား၊ ဘုန္းႀကီးေက်ာင္းမ်ား၊ လူေနအိမ္မ်ား၊ ဌာနဆိုင္ရာ အေဆာက္အဦးမ်ား ၿပိဳက်ပ်က္စီးခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

ထို႔ျပင္ သစ္ပင္သစ္ကိုင္းမ်ား လဲက်ၿပီးလမ္းမ်ား ပိတ္ဆို႔ျခင္း၊ ကားလမ္းမ်ား ေရေက်ာ္ျခင္း၊ လမ္းမီးတိုင္မ်ား ပ်က္စီးျခင္း၊ တာဝါတိုင္မ်ား ပ်က္စီးျခင္းႏွင့္ ေျမၿပိဳျခင္းမ်ားလည္း ျဖစ္ေပၚခဲ့သည္။

သို႔ျဖစ္၍ ေဒသခံျပည္သူမ်ားအေနျဖင့္ လက္ရွိအခ်ိန္အထိ ေဘးလြတ္ရာ မုန္တိုင္းဒဏ္ခံႏိုင္ေသာ ကာကြယ္ေရးအေဆာက္အဦး(Cyclone Shelter)မ်ားႏွင့္ ယာယီခိုလႈံေရးစခန္းမ်ားတြင္ ေနထိုင္လ်က္ရွိေၾကာင္း သိရသည္။

အဆိုပါေဒသခံျပည္သူမ်ားအတြက္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားက ယေန႔(ေမလ ၁၅ ရက္) နံနက္ပိုင္းတြင္ ဆန္အိတ္ စုစုေပါင္း(၅ဝဝ)၊ ဘီစကတ္(၄၂၅)အိတ္ႏွင့္ ကူညီကယ္ဆယ္ေရးအဖြဲ႕မ်ားကို ေနျပည္ေတာ္ေလဆိပ္မွတဆင့္ စစ္ေတြၿမိဳ႕သို႔ တပ္မေတာ္ေလယာဥ္ျဖင့္ ပထမအႀကိမ္ ေပးပို႔ခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

ထို႔ေနာက္ ဆန္အိတ္စုစုေပါင္း (၃၅ဝ)၊ ဘီစကတ္(၃၂၅)အိတ္ အပါအဝင္ တပ္မေတာ္ေဆးအဖြဲ႕မ်ားႏွင့္ ေဆးပစၥည္းမ်ားကိုလည္း ဒုတိယအႀကိမ္အျဖစ္ထပ္မံ၍ ကူညီပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.