ဆီးဂိမ်း Mobile Legend ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု falcon eSports အသင်းက ကြေးတံဆိပ်ဆုရရှိ

 927

NP News - မေ ၁၅

ဆီးဂိမ်း Mobile Legend eSports အားကစားနည်းပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု falcon eSports အသင်းက ကြေးတံဆိပ်ဆုရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဆီးဂိမ်းပြိုင်ပွဲ၏ eSports အားကစားနည်းတစ်ခုဖြစ်သည့် Mobile Legend eSports အားကစားနည်းပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု falcon eSports team က အိမ်ရှင် ကမ္ဘောဒီးယားအသင်းကို နှစ်ပွဲပြတ်ဖြင့်အနိုင်ယူကာ ဆုရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကမ္ဘောဒီးယားအသင်းနှင့် မြန်မာအသင်းတို့သည် အုပ်စုအဆင့်တွင် တွေ့ဆုံခဲ့ဖူးပြီး မြန်မာအသင်းက (၁-ဝ)ဆိုသည့် ရလဒ်ဖြင့်အနိုင်ရထားခဲ့ဖူးသည်။

မြန်မာအသင်းအနေဖြင့် ဆီးမီးဖိုင်နယ်ပွဲတွင် ဖိလစ်ပိုင်အသင်းနှင့်တွေ့ဆုံခဲ့ပြီး အသားစီးရယူကစားနိုင်ခဲ့သော်လည်း တစ်ပွဲနိုင်ကာ နှစ်ပွဲရှုံးနိမ့်ခဲ့ရပြီး ရွှေတံဆိပ်ဆုနှင့် လွဲချော်သွားရခြင်းဖြစ်သည်။

အကောင်းဆုံး ကြိုးစားခဲ့သည့် မြန်မာအသင်းအနေဖြင့် ရွှေတံဆိပ်ဆုကို ဝေးကွာခဲ့ရသော်လည်း ကြေးတံဆိပ်ဆုအား နိုင်ငံအတွက် အရယူပေးနိုင်ခဲ့သည်။

(၃၂) ကြိမ်မြောက် ကမ္ဘောဒီးယားဆီးဂိမ်း၏ MLBB Man ဖိုင်နယ်ပွဲစဉ်တွင် ဖိလစ်ပိုင်အသင်းက မလေးရှားအသင်းကို ၃ ပွဲပြတ်ဖြင့် အနိုင်ယူကာ ရွှေတံဆိပ်ဆုကို ရရှိခဲ့သည်။

မြန်မာအသင်း၏ MLBB ဂိမ်းပြိုင်ပွဲဝင် ကစားသမားအနေဖြင့် Kenn ၊ Naomi၊ RubyDD၊ Yellowflash၊Justin၊ Zippx တို့ဖြစ်ပြီး နည်းပြအနေဖြင့် ဆရာကြီးက တာဝန်ယူဆောင်ရွက်နေကာ မြန်မာနိုင်ငံတွင် Falcon Esports အဖြစ်ကစားနေသည့် အသင်းဖြစ်သည်။

zawgyi version
ဆီးဂိမ္း Mobile Legend ၿပိဳင္ပြဲတြင္ ျမန္မာကိုယ္စားျပဳ falcon eSports အသင္းက ေၾကးတံဆိပ္ဆုရရွိ

NP News - ေမ ၁၅

ဆီးဂိမ္း Mobile Legend eSports အားကစားနည္းၿပိဳင္ပြဲတြင္ ျမန္မာကိုယ္စားျပဳ falcon eSports အသင္းက ေၾကးတံဆိပ္ဆုရရွိခဲ့ေၾကာင္း သတင္းရရွိသည္။

ဆီးဂိမ္းၿပိဳင္ပြဲ၏ eSports အားကစားနည္းတစ္ခုျဖစ္သည့္ Mobile Legend eSports အားကစားနည္းၿပိဳင္ပြဲတြင္ ျမန္မာႏိုင္ငံကိုယ္စားျပဳ falcon eSports team က အိမ္ရွင္ ကေမာၻဒီးယားအသင္းကို ႏွစ္ပြဲျပတ္ျဖင့္အႏိုင္ယူကာ ဆုရရွိခဲ့ျခင္းျဖစ္သည္။

အဆိုပါ ကေမာၻဒီးယားအသင္းႏွင့္ ျမန္မာအသင္းတို႔သည္ အုပ္စုအဆင့္တြင္ ေတြ႕ဆုံခဲ့ဖူးၿပီး ျမန္မာအသင္းက (၁-ဝ)ဆိုသည့္ ရလဒ္ျဖင့္အႏိုင္ရထားခဲ့ဖူးသည္။

ျမန္မာအသင္းအေနျဖင့္ ဆီးမီးဖိုင္နယ္ပြဲတြင္ ဖိလစ္ပိုင္အသင္းႏွင့္ေတြ႕ဆုံခဲ့ၿပီး အသားစီးရယူကစားႏိုင္ခဲ့ေသာ္လည္း တစ္ပြဲႏိုင္ကာ ႏွစ္ပြဲရႈံးနိမ့္ခဲ့ရၿပီး ေ႐ႊတံဆိပ္ဆုႏွင့္ လြဲေခ်ာ္သြားရျခင္းျဖစ္သည္။

အေကာင္းဆုံး ႀကိဳးစားခဲ့သည့္ ျမန္မာအသင္းအေနျဖင့္ ေ႐ႊတံဆိပ္ဆုကို ေဝးကြာခဲ့ရေသာ္လည္း ေၾကးတံဆိပ္ဆုအား ႏိုင္ငံအတြက္ အရယူေပးႏိုင္ခဲ့သည္။

(၃၂) ႀကိမ္ေျမာက္ ကေမာၻဒီးယားဆီးဂိမ္း၏ MLBB Man ဖိုင္နယ္ပြဲစဥ္တြင္ ဖိလစ္ပိုင္အသင္းက မေလးရွားအသင္းကို ၃ ပြဲျပတ္ျဖင့္ အႏိုင္ယူကာ ေ႐ႊတံဆိပ္ဆုကို ရရွိခဲ့သည္။

ျမန္မာအသင္း၏ MLBB ဂိမ္းၿပိဳင္ပြဲဝင္ ကစားသမားအေနျဖင့္ Kenn ၊ Naomi၊ RubyDD၊ Yellowflash၊Justin၊ Zippx တို႔ျဖစ္ၿပီး နည္းျပအေနျဖင့္ ဆရာႀကီးက တာဝန္ယူေဆာင္႐ြက္ေနကာ ျမန္မာႏိုင္ငံတြင္ Falcon Esports အျဖစ္ကစားေနသည့္ အသင္းျဖစ္သည္။

Related news

© 2021. All rights reserved.