အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ (INLP) နှင့် ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ (KKDUP) တို့ကို UEC မှ မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း ကြေညာ

 884

ရဲပြည့် - (NP News) မေလ ၁၇

အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ (INLP) နှင့် ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ (KKDUP) တို့အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှ မှတ်ပုံတင်ခွင့်ပြုပေးခဲ့ကြောင်း မေလ ၁၆ ရက်က ထုတ်ပြန်ခဲ့သည်။

အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ (Inn National League Party) ၏ မှတ်ပုံတင်အမှတ်သည် (၁၅) ဖြစ်ပြီး ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့၊ ကံသာရပ်၊ တိတ်နန်းတံတားအနီး၊ ရုံးကြီးလမ်းတွင် ပါတီရုံးချုပ် ဖွင့်လှစ်ထားရှိသည့်ပါတီဖြစ်ကာ ၂ဝ၂၃ ခုနှစ်၊ မေလ ၁၆ ရက်မှစ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း UEC မှ ထုတ်ပြန်ထားသည်။

အလားတူ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ (KKDUP) ၏ မှတ်ပုံတင်အမှတ်သည် (၁၆) ဖြစ်ပြီး၊ ရှမ်းပြည် နယ်၊ လားရှိုးမြို့၊ ရပ်ကွက် (၁၂)၊ နယ်မြေ (၁၉)၊ မန်ဆူရှမ်းကျောင်းနောက်၊ ဟူးမွန်လမ်း၊ အမှတ် (ဌ/ ၁၉/ ၇၆၄)တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသည့် ပါတီဖြစ်ကာ ၂ဝ၂၃ ခုနှစ် မေလ ၁၆ ရက်မှစ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း UEC မှ ကြေညာထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) မှ ၂ဝ၂၃ ခုနှစ် ဧပြီလ ၂၁ ရက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို စတင်မှတ်ပုံတင်ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး ၂ဝ၂၃ ခုနှစ် မေလ ၉ ရက်အထိ UEC ဘက်မှ မှတ်ပုံတင်ခွင့်ပြုပေးခဲ့သည့်နိုင်ငံရေးပါတီ ၁၄ ပါတီ ရှိခဲ့သည်။

လက်ရှိတွင် မှတ်ပုံတင်ပြန်လည်လျှောက်ထားခဲ့သည့် နိုင်ငံရေးပါတီပေါင်း(၅ဝ)ကျော်အနက် မေလ ၁၆ ရက်က မှတ်ပုံတင်ခွင့်ပြုခဲ့သည့် အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ (INLP) နှင့် ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ (KKDUP) အပါအဝင် မှတ်ပုံတင်ခွင့်ပြုထားသည့် နိုင်ငံရေးပါတီ စုစုပေါင်းမှာ စုစုပေါင်း (၁၆) ခုရှိလာပြီဖြစ်သည်။

Zawgyi Version;
အင္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ပါတီ (INLP) ႏွင့္ ကိုးကန႔္ဒီမိုကေရစီႏွင့္ ညီၫြတ္ေရးပါတီ (KKDUP) တို႔ကို UEC မွ မွတ္ပုံတင္ခြင့္ျပဳလိုက္ေၾကာင္း ေၾကညာ
ရဲျပည့္ - (NP News) ေမလ ၁၇

အင္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ပါတီ (INLP) ႏွင့္ ကိုးကန႔္ဒီမိုကေရစီႏွင့္ ညီၫြတ္ေရးပါတီ (KKDUP) တို႔အား ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ UEC မွ မွတ္ပုံတင္ခြင့္ျပဳေပးခဲ့ေၾကာင္း ေမလ ၁၆ ရက္က ထုတ္ျပန္ခဲ့သည္။

အင္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ပါတီ (Inn National League Party) ၏ မွတ္ပုံတင္အမွတ္သည္ (၁၅) ျဖစ္ၿပီး ရွမ္းျပည္နယ္ (ေတာင္ပိုင္း)၊ ေညာင္ေ႐ႊၿမိဳ႕၊ ကံသာရပ္၊ တိတ္နန္းတံတားအနီး၊ ႐ုံးႀကီးလမ္းတြင္ ပါတီ႐ုံးခ်ဳပ္ ဖြင့္လွစ္ထားရွိသည့္ပါတီျဖစ္ကာ ၂ဝ၂၃ ခုႏွစ္၊ ေမလ ၁၆ ရက္မွစ၍ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒပုဒ္မ ၉ ႏွင့္အညီ မွတ္ပုံတင္ခြင့္ျပဳေပးခဲ့ျခင္းျဖစ္ေၾကာင္း UEC မွ ထုတ္ျပန္ထားသည္။

အလားတူ ကိုးကန႔္ဒီမိုကေရစီႏွင့္ ညီၫြတ္ေရးပါတီ (KKDUP) ၏ မွတ္ပုံတင္အမွတ္သည္ (၁၆) ျဖစ္ၿပီး၊ ရွမ္းျပည္ နယ္၊ လားရႈိးၿမိဳ႕၊ ရပ္ကြက္ (၁၂)၊ နယ္ေျမ (၁၉)၊ မန္ဆူရွမ္းေက်ာင္းေနာက္၊ ဟူးမြန္လမ္း၊ အမွတ္ (ဌ/ ၁၉/ ၇၆၄)တြင္ ပါတီ႐ုံးခ်ဳပ္ဖြင့္လွစ္ထားရွိသည့္ ပါတီျဖစ္ကာ ၂ဝ၂၃ ခုႏွစ္ ေမလ ၁၆ ရက္မွစ၍ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္း ဥပေဒ ပုဒ္မ ၉ ႏွင့္အညီ မွတ္ပုံတင္ခြင့္ျပဳေၾကာင္း UEC မွ ေၾကညာထားသည္။

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္(UEC) မွ ၂ဝ၂၃ ခုႏွစ္ ဧၿပီလ ၂၁ ရက္တြင္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီကို စတင္မွတ္ပုံတင္ခြင့္ျပဳေပးခဲ့ျခင္းျဖစ္ၿပီး ၂ဝ၂၃ ခုႏွစ္ ေမလ ၉ ရက္အထိ UEC ဘက္မွ မွတ္ပုံတင္ခြင့္ျပဳေပးခဲ့သည့္ႏိုင္ငံေရးပါတီ ၁၄ ပါတီ ရွိခဲ့သည္။

လက္ရွိတြင္ မွတ္ပုံတင္ျပန္လည္ေလွ်ာက္ထားခဲ့သည့္ ႏိုင္ငံေရးပါတီေပါင္း(၅ဝ)ေက်ာ္အနက္ ေမလ ၁၆ ရက္က မွတ္ပုံတင္ခြင့္ျပဳခဲ့သည့္ အင္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ပါတီ (INLP) ႏွင့္ ကိုးကန႔္ဒီမိုကေရစီႏွင့္ ညီၫြတ္ေရးပါတီ (KKDUP) အပါအဝင္ မွတ္ပုံတင္ခြင့္ျပဳထားသည့္ ႏိုင္ငံေရးပါတီ စုစုေပါင္းမွာ စုစုေပါင္း (၁၆) ခုရွိလာၿပီျဖစ္သည္။

Related news

© 2021. All rights reserved.