(၃၂)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာအားကစားအဖွဲ့ ရွှေတံဆိပ် ၂၁ ခုဖြင့် အဆင့်(၈)နေရာတွင် ရပ်တည်

 1831

NP News - မေ ၁၇

(၃၂) ကြိမ်မြောက် ကမ္ဘောဒီးယားဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာအားကစားအဖွဲ့အနေဖြင့် ရွှေတံဆိပ် ၂၁ ခု ရရှိခဲ့ပြီး အဆင့်(၈) နေရာတွင် ရပ်တည်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ကမ္ဘောဒီးယားနိုင်ငံက ပထမဆုံးအကြိမ်အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် (၃၂)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို ၂ဝ၂၃ ခုနှစ်၊ မေလ (၅) ရက်မှ (၁၇) ရက်အထိ လက်ခံကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း) မှာ စုစုပေါင်း အားကစားနည်း (၃၆)မျိုးကို ထည့်သွင်းကျင်းပခဲ့သော်လည်း မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း (၁၉)မျိုးတွင်သာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ သည်။

မြန်မာနိုင်ငံအတွက် ကမ္ဘောဒီးယား‌ဆီးဂိမ်းပြိုင်ပွဲကြီး၏ နောက်ဆုံးရွှေတံဆိပ်ဆုကို (အားနစ်) Traditional Open form အားကစားနည်းမှ ရယူပေးခဲ့ပြီး အဆိုပါပြိုင်ပွဲမှ ရွှေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ် သုံးခု တို့ကိုလည်းကောင်း ၊ ရိုးရာလှေအားကစားနည်းမှ ငွေတံဆိပ်သုံးခုကိုလည်းကောင်း ၊ အလေးမ အားကစားနည်းမှ ကြေးတံဆိပ်တစ်ခု တို့ကိုလည်းကောင်း မေလ ၁၆ ရက်တွင် ရရှိခဲ့ကြသည်။

ကမ္ဘောဒီးယား ဆီးဂိမ်းပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံမှ ရွှေ ( ၂၁ )ခု၊ ငွေ ( ၂၅ )ခု၊ ကြေး ( ၆၈ )ခု၊ စုစုပေါင်း ဆုတံဆိပ် (၁၁၄) ခုဖြင့် နိုင်ငံအလိုက်ရပ်တည်မှု အဆင့်(၈) နေရာတွင် ရပ်တည်နိုင်ခဲ့သည်။

အဆိုပါ အားကစားပြိုင်ပွဲကို ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ တီမော၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် စသည့် နိုင်ငံပေါင်း (၁၁) နိုင်ငံမှ PUBG၊ MLBB နှင့် Wild Rift ပြိုင်ပွဲများအပြင် ဘောလုံး၊ ဘတ်စ်ကတ်ဘော၊ ဘော်လီဘော၊ လက်ဝှေ့၊ ကာရာတေး၊ ရေကူးပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲ၊ ဂေါက်ရိုက်ပြိုင်ပွဲများ စသည့် အားကစားနည်း (၃၆) မျိုးကို ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။

ဆုတံဆိပ်ရပ်တည်မှုတွင် ဗီယက်နမ်နိုင်ငံက ရွှေ (၁၃၆)၊ ငွေ (၁ဝ၅)၊ ကြေး (၁၁၄)၊ စုစုပေါင်း ဆုတံဆိပ် (၃၅၅) ခု ဖြင့် အများဆုံးရရှိခဲ့ကာ ထိပ်ဆုံးမှရပ်တည်ခဲ့ပြီး အိမ်ရှင် ကမ္ဘောဒီးယားက ဆုတံဆိပ် စုစုပေါင်း (၂၈၂) ခုဖြင့် အဆင့် ၄ နေရာတွင် ရပ်တည်နိုင်ခဲ့ကြောင်း တွေ့ရသည်။

မြန်မာအားကစားအဖွဲ့သည် ပြီးခဲ့သည့် (၃၁) ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေတံဆိပ် ၉ ခု၊ ငွေတံဆိပ် ၁၈ ခုနှင့် ကြေးတံဆိပ် ၃၅ ခုတို့ကို ဆွတ်ခူးရရှိခဲ့သည်။

Zawgyi Version;
(၃၂)ႀကိမ္ေျမာက္ ဆီးဂိမ္းၿပိဳင္ပြဲမွာ ျမန္မာအားကစားအဖြဲ႕ ေ႐ႊတံဆိပ္ ၂၁ ခုျဖင့္ အဆင့္(၈)ေနရာတြင္ ရပ္တည္
NP News - ေမ ၁၇

(၃၂) ႀကိမ္ေျမာက္ ကေမာၻဒီးယားဆီးဂိမ္းၿပိဳင္ပြဲမွာ ျမန္မာအားကစားအဖြဲ႕အေနျဖင့္ ေ႐ႊတံဆိပ္ ၂၁ ခု ရရွိခဲ့ၿပီး အဆင့္(၈) ေနရာတြင္ ရပ္တည္ႏိုင္ခဲ့ေၾကာင္း သတင္းရရွိသည္။

ကေမာၻဒီးယားႏိုင္ငံက ပထမဆုံးအႀကိမ္အိမ္ရွင္အျဖစ္လက္ခံက်င္းပခဲ့သည့္ (၃၂)ႀကိမ္ေျမာက္ ဆီးဂိမ္းၿပိဳင္ပြဲကို ၂ဝ၂၃ ခုႏွစ္၊ ေမလ (၅) ရက္မွ (၁၇) ရက္အထိ လက္ခံက်င္းပခဲ့ျခင္းျဖစ္သည္။

အဆိုပါ (၃၂)ႀကိမ္ေျမာက္ အေရွ႕ေတာင္အာရွအားကစားၿပိဳင္ပြဲ(ဆီးဂိမ္း) မွာ စုစုေပါင္း အားကစားနည္း (၃၆)မ်ိဳးကို ထည့္သြင္းက်င္းပခဲ့ေသာ္လည္း ျမန္မာႏိုင္ငံအေနျဖင့္ အားကစားနည္း (၁၉)မ်ိဳးတြင္သာ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ သည္။

ျမန္မာႏိုင္ငံအတြက္ ကေမာၻဒီးယား‌ဆီးဂိမ္းၿပိဳင္ပြဲႀကီး၏ ေနာက္ဆုံးေ႐ႊတံဆိပ္ဆုကို (အားနစ္) Traditional Open form အားကစားနည္းမွ ရယူေပးခဲ့ၿပီး အဆိုပါၿပိဳင္ပြဲမွ ေ႐ႊတံဆိပ္တစ္ခုႏွင့္ ေၾကးတံဆိပ္ သုံးခု တို႔ကိုလည္းေကာင္း ၊ ႐ိုးရာေလွအားကစားနည္းမွ ေငြတံဆိပ္သုံးခုကိုလည္းေကာင္း ၊ အေလးမ အားကစားနည္းမွ ေၾကးတံဆိပ္တစ္ခု တို႔ကိုလည္းေကာင္း ေမလ ၁၆ ရက္တြင္ ရရွိခဲ့ၾကသည္။

ကေမာၻဒီးယား ဆီးဂိမ္းၿပိဳင္ပြဲႀကီးတြင္ ျမန္မာႏိုင္ငံမွ ေ႐ႊ ( ၂၁ )ခု၊ ေငြ ( ၂၅ )ခု၊ ေၾကး ( ၆၈ )ခု၊ စုစုေပါင္း ဆုတံဆိပ္ (၁၁၄) ခုျဖင့္ ႏိုင္ငံအလိုက္ရပ္တည္မႈ အဆင့္(၈) ေနရာတြင္ ရပ္တည္ႏိုင္ခဲ့သည္။

အဆိုပါ အားကစားၿပိဳင္ပြဲကို ကေမာၻဒီးယား၊ ဘ႐ူႏိုင္း၊ တီေမာ၊ အင္ဒိုနီးရွား၊ လာအို၊ မေလးရွား၊ ျမန္မာ၊ ဖိလစ္ပိုင္၊ စင္ကာပူ၊ ထိုင္းႏွင့္ ဗီယက္နမ္ စသည့္ ႏိုင္ငံေပါင္း (၁၁) ႏိုင္ငံမွ PUBG၊ MLBB ႏွင့္ Wild Rift ၿပိဳင္ပြဲမ်ားအျပင္ ေဘာလုံး၊ ဘတ္စ္ကတ္ေဘာ၊ ေဘာ္လီေဘာ၊ လက္ေဝွ႔၊ ကာရာေတး၊ ေရကူးၿပိဳင္ပြဲ၊ ၾကက္ေတာင္႐ိုက္ၿပိဳင္ပြဲ၊ ေဂါက္႐ိုက္ၿပိဳင္ပြဲမ်ား စသည့္ အားကစားနည္း (၃၆) မ်ိဳးကို ယွဥ္ၿပိဳင္ကစားခဲ့ၾကေၾကာင္း သိရသည္။

ဆုတံဆိပ္ရပ္တည္မႈတြင္ ဗီယက္နမ္ႏိုင္ငံက ေ႐ႊ (၁၃၆)၊ ေငြ (၁ဝ၅)၊ ေၾကး (၁၁၄)၊ စုစုေပါင္း ဆုတံဆိပ္ (၃၅၅) ခု ျဖင့္ အမ်ားဆုံးရရွိခဲ့ကာ ထိပ္ဆုံးမွရပ္တည္ခဲ့ၿပီး အိမ္ရွင္ ကေမာၻဒီးယားက ဆုတံဆိပ္ စုစုေပါင္း (၂၈၂) ခုျဖင့္ အဆင့္ ၄ ေနရာတြင္ ရပ္တည္ႏိုင္ခဲ့ေၾကာင္း ေတြ႕ရသည္။

ျမန္မာအားကစားအဖြဲ႕သည္ ၿပီးခဲ့သည့္ (၃၁) ႀကိမ္ေျမာက္ဆီးဂိမ္းၿပိဳင္ပြဲတြင္ ေ႐ႊတံဆိပ္ ၉ ခု၊ ေငြတံဆိပ္ ၁၈ ခုႏွင့္ ေၾကးတံဆိပ္ ၃၅ ခုတို႔ကို ဆြတ္ခူးရရွိခဲ့သည္။

Related news

© 2021. All rights reserved.