ရခိုင်ပြည်နယ်အတွင်း၌ အိမ်ဆောက်ပစ္စည်းများ ဈေးအဆမတန် မြင့်တက်နေမှုနှင့်အတူ ပစ္စည်းပြတ်လပ်မှုများ ဖြစ်ပေါ်နေ

862

ယွန်း (NP News) - မေ ၁၇
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်ပြီးနောက် ရခိုင်ပြည်နယ်အတွင်း၌ အိမ်ဆောက်ပစ္စည်များဈေ းအဆမတန်မြင့်တက်နေမှုနှင့်အတူ ပစ္စည်းပြတ်လပ်မှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)သည် ပြီးခဲ့သည့် မေလ(၁၄)ရက်တွင် ရခိုင်ပြည်နယ်သို့ ဝင်ရောက်တိုက်ခတ်ခဲ့ရာ လူနေအိမ် အပါအဝင် အဆောက်အဦးများစွာ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်။
ထို့သို့ ထိခိုက်ပျက်စီးခဲ့သော လူနေအိမ်နှင့် အဆောက်အဦးများကို ရခိုင်ပြည်သူလူထုမှ ပြန်လည်ပြုပြင်လျက်ရှိပြီး တစ်ချိန်ထဲ၌ အိမ်ဆောက်ပစ္စည်း ဈေးနှုန်းများမှာလည်း အဆမတန်မြင့်တက်လာနေကြောင်း ဒေသခံများက NP News ကိုပြောသည်။
“အိမ်ဆောက်ပစ္စည်းတွေက ဈေးတွေလည်းတက်နေပြီး ပစ္စည်းတွေကလည်းပြတ်နေတယ်။ သံတွေဘာတွေဆို ဈေးတွေအရမ်းတက်နေတာ။ အရင်ကဆို တစ်ပိဿာကို(၇ဝဝဝ)(၈ဝဝဝ)ပဲရှိတယ်။ အခုဆိုရင် (၃ဝဝဝဝ)နဲ့တောင် ရှာဝယ်လို့မရတော့ဘူး။ လောလောဆယ်မှာ လူတွေက သံတွေ၊ မိုးကာတွေကိုပဲ သုံးကြတာလေ။ တချို့မရှိတဲ့သူတွေဆို မိုးကာကိုပဲ လတ်တလောသုံးကြတာပေါ့” ဟု ရခိုင်ပြည်နယ်၊မြောက်ဦးမြို့တွင် နေထိုင်သည့် ဒေသခံတစ်ဦးက NP News ကိုပြောသည်။
ရခိုင်ပြည်နယ်ရှိ မြို့နယ်များ၌ သွပ်ရိုက်သံ တစ်ပိဿာလျှင် ငွေကျပ်(၃ဝဝဝဝ)အထိ ဈေးမြင့်တက်လျက်ရှိကြောင်း နှင့် သွပ်တစ်ပေလျှင် ငွေကျပ်(၇ဝဝဝ)ခန့်အထိ ဈေးမြင့်တက်နေကြောင်း ဒေသခံများထံမှ သိရသည်။
ထို့သို့ အိမ်ဆောက်ပစ္စည်းများ အပါအဝင် စားသောက်ကုန်ပစ္စည်းများ အဆမတန်ဈေးမြင့်တက်နေမှုကြောင့် ဒေသခံပြည်သူများအနေဖြင့် အခက်အခဲများစွာ ကြုံတွေ့နေရပြီး ပစ္စည်းပြတ်လပ်မှုများကြောင့် ပိုမိုဒုက္ခရောက်နေကြောင်း ၎င်းတို့ကပြောဆိုထားသည်။
“သွပ်တွေဆိုရင် အရင်က (၁)ပေကို (၂၁ဝဝ)ပဲရှိတယ်။ အခုဆိုရင် (၄ဝဝဝ)ကနေ (၇ဝဝဝ)အထိကို အမျိုးမျိုးဖြစ်နေတယ်။ သွပ်ကတော့ သူတို့က ကြိုလှောင်ထားတာဆိုတော့ ပစ္စည်းမပြတ်ဘူး။ အိမ်မိုးသွပ်သံတွေကတော့ ပစ္စည်းပြတ်တယ်။ သွပ်ပြားဝယ်ထားတဲ့သူတွေက သွပ်သံမရှိတော့ လိုက်ဝယ်ရင်းနဲ့ ဆိုင်တွေကဈေးတွေ တော်တော်မြင့်ကုန်တာ။ အခုဆိုရင် သံဈေးက (၆ဝဝဝဝ)နဲ့ (၇ဝဝဝဝ)ကြားထဲမှာ ပေါက်နေတယ်။ ဒါတောင်ဝယ်ချင်တိုင်းဝယ်လို့မရဘူး” ဟုလည်း ပုဏ္ဏားကျွန်းမြို့နယ်တွင်နေထိုင်သူ ကိုအောင်ကိုကိုက NP News ကို ပြောဆိုထားသည်။
လတ်တလောတွင် ရခိုင်ပြည်နယ်အတွင်း၌ အိမ်မိုးသွပ်များနှင့် တာပေါ်လင်များကို အဓိကဦးစားပေးအနေဖြင့် ဝယ်ယူလျက်ရှိပြီး ယခုအချိန်အထိပါ လျှပ်စစ်မီးမှာလည်း မရရှိသေးကြောင်း ဒေသခံများက ဆိုသည်။
“အခုကတော့ သွပ်တွေကို အဓိကထားဝယ်ကြတာလေ။ ကျွန်တော်ကတော့ ကိုယ်ချင်းစာပြီး ဈေးတွေကို လျှော့ရောင်းပေးဖို့ပြောချင်ပါတယ်။ အခုဆိုရင် ရန်ကုန်မှာရောက်နေတဲ့ ရခိုင်ပြည်က စီးပွားရေးလုပ်ငန်းရှင်တွေကလည်း ရန်ကုန်ဈေးအတိုင်းရောင်းနိုင်အောင် ကြိုးစားနေတယ်လို့ကြားတယ်။ ပစ္စည်းတွေလည်းတင်လာကြပြီလို့လည်း သတင်းတွေကြားတယ်” ဟု ကိုအောင်ကိုကိုမှ ထပ်မံပြောဆိုထားသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်ရှိ ပြည်သူများအနေဖြင့် မိုခါမုန်တိုင်းကြောင့် နေအိမ်ပျက်စီးဆုံးရှုံးမှု ပြဿနာကို အများဆုံးရင်ဆိုင်ခဲ့ရပြီး လတ်တလောနေထိုင်ရန်အတွက် အိမ်ဆောက်ပစ္စည်းများ ဝယ်ယူရာတွင် ဈေးနှုန်းမြင့်တက်မှုများကြောင့် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။
ရခိုင်ပြည်နယ်သို့ ဝင်ရောက်တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် နေအိမ်နှင့် အဆောက် အအုံအများအပြား ပျက်စီးမှုရှိခဲ့ပြီး အစိုးရအဖွဲ့၏ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုလည်း ဒေသအချို့၌ လက်ခံရရှိခြင်းမရှိသေးကြောင်း ကြားသိရသည်။

zawgyi version
ရခိုင္ျပည္နယ္အတြင္း၌ အိမ္ေဆာက္ပစၥည္းမ်ား ေဈးအဆမတန္ ျမင့္တက္ေနမႈႏွင့္အတူ ပစၥည္းျပတ္လပ္မႈမ်ား ျဖစ္ေပၚေန
ယြန္း (NP News) - ေမ ၁၇
ဆိုင္ကလုန္းမုန္တိုင္း(မိုခါ)တိုက္ခတ္ၿပီးေနာက္ ရခိုင္ျပည္နယ္အတြင္း၌ အိမ္ေဆာက္ပစၥည္မ်ားေဈ းအဆမတန္ျမင့္တက္ေနမႈႏွင့္အတူ ပစၥည္းျပတ္လပ္မႈမ်ား ျဖစ္ေပၚေနေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ဆိုင္ကလုန္းမုန္တိုင္း(မိုခါ)သည္ ၿပီးခဲ့သည့္ ေမလ(၁၄)ရက္တြင္ ရခိုင္ျပည္နယ္သို႔ ဝင္ေရာက္တိုက္ခတ္ခဲ့ရာ လူေနအိမ္ အပါအဝင္ အေဆာက္အဦးမ်ားစြာ ထိခိုက္ပ်က္စီးမႈမ်ားျဖစ္ေပၚခဲ့သည္။
ထို႔သို႔ ထိခိုက္ပ်က္စီးခဲ့ေသာ လူေနအိမ္ႏွင့္ အေဆာက္အဦးမ်ားကို ရခိုင္ျပည္သူလူထုမွ ျပန္လည္ျပဳျပင္လ်က္ရွိၿပီး တစ္ခ်ိန္ထဲ၌ အိမ္ေဆာက္ပစၥည္း ေဈးႏႈန္းမ်ားမွာလည္း အဆမတန္ျမင့္တက္လာေနေၾကာင္း ေဒသခံမ်ားက NP News ကိုေျပာသည္။
“အိမ္ေဆာက္ပစၥည္းေတြက ေဈးေတြလည္းတက္ေနၿပီး ပစၥည္းေတြကလည္းျပတ္ေနတယ္။ သံေတြဘာေတြဆို ေဈးေတြအရမ္းတက္ေနတာ။ အရင္ကဆို တစ္ပိႆာကို(၇ဝဝဝ)(၈ဝဝဝ)ပဲရွိတယ္။ အခုဆိုရင္ (၃ဝဝဝဝ)နဲ႔ေတာင္ ရွာဝယ္လို႔မရေတာ့ဘူး။ ေလာေလာဆယ္မွာ လူေတြက သံေတြ၊ မိုးကာေတြကိုပဲ သုံးၾကတာေလ။ တခ်ိဳ႕မရွိတဲ့သူေတြဆို မိုးကာကိုပဲ လတ္တေလာသုံးၾကတာေပါ့” ဟု ရခိုင္ျပည္နယ္၊ေျမာက္ဦးၿမိဳ႕တြင္ ေနထိုင္သည့္ ေဒသခံတစ္ဦးက NP News ကိုေျပာသည္။
ရခိုင္ျပည္နယ္ရွိ ၿမိဳ႕နယ္မ်ား၌ သြပ္႐ိုက္သံ တစ္ပိႆာလွ်င္ ေငြက်ပ္(၃ဝဝဝဝ)အထိ ေဈးျမင့္တက္လ်က္ရွိေၾကာင္း ႏွင့္ သြပ္တစ္ေပလွ်င္ ေငြက်ပ္(၇ဝဝဝ)ခန႔္အထိ ေဈးျမင့္တက္ေနေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ထို႔သို႔ အိမ္ေဆာက္ပစၥည္းမ်ား အပါအဝင္ စားေသာက္ကုန္ပစၥည္းမ်ား အဆမတန္ေဈးျမင့္တက္ေနမႈေၾကာင့္ ေဒသခံျပည္သူမ်ားအေနျဖင့္ အခက္အခဲမ်ားစြာ ႀကဳံေတြ႕ေနရၿပီး ပစၥည္းျပတ္လပ္မႈမ်ားေၾကာင့္ ပိုမိုဒုကၡေရာက္ေနေၾကာင္း ၎တို႔ကေျပာဆိုထားသည္။
“သြပ္ေတြဆိုရင္ အရင္က (၁)ေပကို (၂၁ဝဝ)ပဲရွိတယ္။ အခုဆိုရင္ (၄ဝဝဝ)ကေန (၇ဝဝဝ)အထိကို အမ်ိဳးမ်ိဳးျဖစ္ေနတယ္။ သြပ္ကေတာ့ သူတို႔က ႀကိဳေလွာင္ထားတာဆိုေတာ့ ပစၥည္းမျပတ္ဘူး။ အိမ္မိုးသြပ္သံေတြကေတာ့ ပစၥည္းျပတ္တယ္။ သြပ္ျပားဝယ္ထားတဲ့သူေတြက သြပ္သံမရွိေတာ့ လိုက္ဝယ္ရင္းနဲ႔ ဆိုင္ေတြကေဈးေတြ ေတာ္ေတာ္ျမင့္ကုန္တာ။ အခုဆိုရင္ သံေဈးက (၆ဝဝဝဝ)နဲ႔ (၇ဝဝဝဝ)ၾကားထဲမွာ ေပါက္ေနတယ္။ ဒါေတာင္ဝယ္ခ်င္တိုင္းဝယ္လို႔မရဘူး” ဟုလည္း ပုဏၰားကြၽန္းၿမိဳ႕နယ္တြင္ေနထိုင္သူ ကိုေအာင္ကိုကိုက NP News ကို ေျပာဆိုထားသည္။
လတ္တေလာတြင္ ရခိုင္ျပည္နယ္အတြင္း၌ အိမ္မိုးသြပ္မ်ားႏွင့္ တာေပၚလင္မ်ားကို အဓိကဦးစားေပးအေနျဖင့္ ဝယ္ယူလ်က္ရွိၿပီး ယခုအခ်ိန္အထိပါ လွ်ပ္စစ္မီးမွာလည္း မရရွိေသးေၾကာင္း ေဒသခံမ်ားက ဆိုသည္။
“အခုကေတာ့ သြပ္ေတြကို အဓိကထားဝယ္ၾကတာေလ။ ကြၽန္ေတာ္ကေတာ့ ကိုယ္ခ်င္းစာၿပီး ေဈးေတြကို ေလွ်ာ့ေရာင္းေပးဖို႔ေျပာခ်င္ပါတယ္။ အခုဆိုရင္ ရန္ကုန္မွာေရာက္ေနတဲ့ ရခိုင္ျပည္က စီးပြားေရးလုပ္ငန္းရွင္ေတြကလည္း ရန္ကုန္ေဈးအတိုင္းေရာင္းႏိုင္ေအာင္ ႀကိဳးစားေနတယ္လို႔ၾကားတယ္။ ပစၥည္းေတြလည္းတင္လာၾကၿပီလို႔လည္း သတင္းေတြၾကားတယ္” ဟု ကိုေအာင္ကိုကိုမွ ထပ္မံေျပာဆိုထားသည္။
လက္ရွိတြင္ ရခိုင္ျပည္နယ္ရွိ ျပည္သူမ်ားအေနျဖင့္ မိုခါမုန္တိုင္းေၾကာင့္ ေနအိမ္ပ်က္စီးဆုံးရႈံးမႈ ျပႆနာကို အမ်ားဆုံးရင္ဆိုင္ခဲ့ရၿပီး လတ္တေလာေနထိုင္ရန္အတြက္ အိမ္ေဆာက္ပစၥည္းမ်ား ဝယ္ယူရာတြင္ ေဈးႏႈန္းျမင့္တက္မႈမ်ားေၾကာင့္ အခက္အခဲမ်ားႏွင့္ ႀကဳံေတြ႕ေနရေၾကာင္း သိရသည္။
ရခိုင္ျပည္နယ္သို႔ ဝင္ေရာက္တိုက္ခတ္ခဲ့ေသာ ဆိုင္ကလုန္းမုန္တိုင္းမိုခါေၾကာင့္ ေနအိမ္ႏွင့္ အေဆာက္ အအုံအမ်ားအျပား ပ်က္စီးမႈရွိခဲ့ၿပီး အစိုးရအဖြဲ႕၏ ကူညီကယ္ဆယ္ေရးႏွင့္ ျပန္လည္ထူေထာင္ေရး လုပ္ငန္းမ်ားကိုလည္း ေဒသအခ်ိဳ႕၌ လက္ခံရရွိျခင္းမရွိေသးေၾကာင္း ၾကားသိရသည္။