ကမ္ဘောဒီးယားရုပ်ရှင်ဇာတ်ကား “Rent Boy” မှာ ပါဝင်သရုပ်ဆောင်ဖို့ ရိုက်ကူးမှုများ စတင်တော့မယ့် ပိုင်တံခွန်

1477

ဂျန်ဇက် (NP News) - မေ ၁၈
မြန်မာနာမည်ကျော် မော်ဒယ် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ပိုင်တံခွန်ဟာ “Rent Boy” အမည်ရှိ ကမ္ဘောဒီးယားရုပ်ရှင် ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် လာမယ့်သီတင်းပတ်မှာ ကမ္ဘောဒီးယားနိုင်ငံကို ရောက်ရှိလာမှာဖြစ် ကြောင်း ကမ္ဘောဒီးယားအခြေစိုက်မီဒီယာများက ဖော်ပြထားပါတယ်။
ပိုင်တံခွန်ဟာ အဆိုပါရုပ်ရှင်ကားကို စတင်ရိုက်ကူးဖို့အတွက် ကမ္ဘောဒီးယားနိုင်ငံကို လာမယ့် မေလ ၂၁ ရက်မှာ ရောက်ရှိလာမှာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ “Rent Boy” အမည်ရှိ ရုပ်ရှင်ဇာတ်ကားဟာ အချစ်ဇာတ်လမ်း အမျိုးအစား ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး၊ လက်ရှိအချိန်အထိ အဆိုပါရုပ်ရှင်ဇာတ်ကားမှာ ပါဝင်မယ့် ကမ္ဘောဒီးယား သရုပ်ဆောင်များကို သတင်းထုတ်ပြန်ခြင်းမရှိသေးကြောင်း LD Entertainment က ပြောပါတယ်။
ပိုင်တံခွန်ဟာ အမေရိကန်ဒေါ်လာ ၁ သန်းအကုန်ခံကာ ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်က ကမ္ဘောဒီးယားနိုင်ငံကို ပထမဆုံးအကြိမ်ရောက်ရှိခဲ့ဖူးကြောင်း သိရပါတယ်။ LD Entertainment ရဲ့ဒါရိုက်တာတစ်ဦးဖြစ်တဲ့ Leak Lida က ကမ္ဘောဒီးယားနိုင်ငံကို ပိုင်တံခွန် ရောက်ရှိလာခြင်းဟာ ကမ္ဘောဒီးယားရုပ်ရှင်ထုတ်လုပ်ရေးနဲ့ မြန်မာနိုင်ငံရှိ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီအတွက် ပူးပေါင်းရိုက်ကူးနိုင်မယ့် ရုပ်ရှင်ကားကို သုံးသပ်ဆွေးနွေးဖို့ဖြစ်ကြောင်း ပြီးခဲ့တဲ့ ဧပြီလတုန်းက ပြောခဲ့ဖူးပါတယ်။
ပိုင်တံခွန်ဟာ ကမ္ဘောဒီးယားနိုင်ငံကိုမလာခင် မေလ အစောပိုင်းက ထိုင်းနိုင်ငံကို ဒုတိယအကြိမ်မြောက် သွားရောက်ခဲ့ပြီး လက်ခံထားတဲ့အလုပ်များအတွက် ရိုက်ကူးများလည်း လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
ပိုင်တံခွန်ဟာ ကမ္ဘောဒီးယားရုပ်ရှင်ထုတ်လုပ်ရေးများအပြင် ထိုင်းရုပ်ရှင်ထုတ်လုပ်ရေး၊ တရုတ်ရုပ်ရှင်ထုတ်လုပ် ရေးကုမ္ပဏီများနဲ့ စာချုပ်များချုပ်ဆိုဖို့ အစီအစဉ်များရှိနေကြောင်း ထိုင်း မီဒီယာများနဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့ဖူး ကြောင်း သိရပါတယ်။

Zawgyi Version;
ကေမာၻဒီးယား႐ုပ္ရွင္ဇာတ္ကား “Rent Boy” မွာ ပါဝင္သ႐ုပ္ေဆာင္ဖို႔ ႐ိုက္ကူးမႈမ်ား စတင္ေတာ့မယ့္ ပိုင္တံခြန္
ဂ်န္ဇက္ (NP News) - ေမ ၁၈
ျမန္မာနာမည္ေက်ာ္ ေမာ္ဒယ္ သ႐ုပ္ေဆာင္တစ္ဦးျဖစ္တဲ့ ပိုင္တံခြန္ဟာ “Rent Boy” အမည္ရွိ ကေမာၻဒီးယား႐ုပ္ရွင္ ဇာတ္ကားမွာ ပါဝင္သ႐ုပ္ေဆာင္ဖို႔အတြက္ လာမယ့္သီတင္းပတ္မွာ ကေမာၻဒီးယားႏိုင္ငံကို ေရာက္ရွိလာမွာျဖစ္ ေၾကာင္း ကေမာၻဒီးယားအေျခစိုက္မီဒီယာမ်ားက ေဖာ္ျပထားပါတယ္။
ပိုင္တံခြန္ဟာ အဆိုပါ႐ုပ္ရွင္ကားကို စတင္႐ိုက္ကူးဖို႔အတြက္ ကေမာၻဒီးယားႏိုင္ငံကို လာမယ့္ ေမလ ၂၁ ရက္မွာ ေရာက္ရွိလာမွာျဖစ္ေၾကာင္း သိရပါတယ္။ အဆိုပါ “Rent Boy” အမည္ရွိ ႐ုပ္ရွင္ဇာတ္ကားဟာ အခ်စ္ဇာတ္လမ္း အမ်ိဳးအစား ႐ုပ္ရွင္ဇာတ္ကားျဖစ္ၿပီး၊ လက္ရွိအခ်ိန္အထိ အဆိုပါ႐ုပ္ရွင္ဇာတ္ကားမွာ ပါဝင္မယ့္ ကေမာၻဒီးယား သ႐ုပ္ေဆာင္မ်ားကို သတင္းထုတ္ျပန္ျခင္းမရွိေသးေၾကာင္း LD Entertainment က ေျပာပါတယ္။
ပိုင္တံခြန္ဟာ အေမရိကန္ေဒၚလာ ၁ သန္းအကုန္ခံကာ ႐ိုက္ကူးမယ့္ ႐ုပ္ရွင္ဇာတ္ကားနဲ႔ပတ္သက္ၿပီး ေဆြးေႏြးဖို႔ ၿပီးခဲ့တဲ့ ဧၿပီလ ၁၉ ရက္က ကေမာၻဒီးယားႏိုင္ငံကို ပထမဆုံးအႀကိမ္ေရာက္ရွိခဲ့ဖူးေၾကာင္း သိရပါတယ္။ LD Entertainment ရဲ႕ဒါ႐ိုက္တာတစ္ဦးျဖစ္တဲ့ Leak Lida က ကေမာၻဒီးယားႏိုင္ငံကို ပိုင္တံခြန္ ေရာက္ရွိလာျခင္းဟာ ကေမာၻဒီးယား႐ုပ္ရွင္ထုတ္လုပ္ေရးနဲ႔ ျမန္မာႏိုင္ငံရွိ ႐ုပ္ရွင္ထုတ္လုပ္ေရးကုမၸဏီအတြက္ ပူးေပါင္း႐ိုက္ကူးႏိုင္မယ့္ ႐ုပ္ရွင္ကားကို သုံးသပ္ေဆြးေႏြးဖို႔ျဖစ္ေၾကာင္း ၿပီးခဲ့တဲ့ ဧၿပီလတုန္းက ေျပာခဲ့ဖူးပါတယ္။
ပိုင္တံခြန္ဟာ ကေမာၻဒီးယားႏိုင္ငံကိုမလာခင္ ေမလ အေစာပိုင္းက ထိုင္းႏိုင္ငံကို ဒုတိယအႀကိမ္ေျမာက္ သြားေရာက္ခဲ့ၿပီး လက္ခံထားတဲ့အလုပ္မ်ားအတြက္ ႐ိုက္ကူးမ်ားလည္း လုပ္ေဆာင္ခဲ့ေၾကာင္း သိရပါတယ္။
ပိုင္တံခြန္ဟာ ကေမာၻဒီးယား႐ုပ္ရွင္ထုတ္လုပ္ေရးမ်ားအျပင္ ထိုင္း႐ုပ္ရွင္ထုတ္လုပ္ေရး၊ တ႐ုတ္႐ုပ္ရွင္ထုတ္လုပ္ ေရးကုမၸဏီမ်ားနဲ႔ စာခ်ဳပ္မ်ားခ်ဳပ္ဆိုဖို႔ အစီအစဥ္မ်ားရွိေနေၾကာင္း ထိုင္း မီဒီယာမ်ားနဲ႔ အင္တာဗ်ဴးမွာ ေျပာဆိုခဲ့ဖူး ေၾကာင္း သိရပါတယ္။