ယူကေရဲ့အချမ်းသာဆုံးမိသားစုထဲမှာ ပါဝင်တဲ့ အိန္ဒိယနွယ်ဖွား ဘီလျံနာသူဋ္ဌေး ဆရစ်ချက်ဒ်ဟင်ဒူဂျာ အသက် ၈၇ နှစ်မှာ ကွယ်လွန်

 551

ရောင်နီ (NP News) - မေ ၁၉

ဗြိတိန်နိုင်ငံရဲ့အချမ်းသာဆုံးမိသားစုထဲမှာ ပါဝင်ပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအင်ပါယာရဲ့အိန္ဒိယနွယ်ဖွား ဘီလျံနာခေါင်းဆောင် ဆရစ်ချက်ဒ်ဟင်ဒူဂျာဟာ အသက် ၈၇ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း ၎င်းရဲ့ သမီးများက ဗုဒ္ဓဟူးနေ့(မေလ ၁၇ ရက်) မှာ အတည်ပြုပြောကြားခဲ့ပါတယ်။

အတိုကောက် နာမည် SP လို့လည်း လူသိများတဲ့ ဟင်ဒူဂျာဟာ အယ်လ်ဇိုင်းမားရောဂါဝေဒနာခံစားခဲ့ရပြီး ဗုဒ္ဓဟူးနေ့ နံနက်မှာ ငြိမ်းချမ်းစွာကွယ်လွန်သွားကြောင်း ၎င်းရဲ့မိသားစုက ပြောပါတယ်။ ဟင်ဒူဂျာဟာ ဘဏ် လုပ်ငန်း၊ ဓာတုပစ္စည်းများ၊ ဆော့ဖ်ဝဲလ်နဲ့ လုပ်ငန်းသုံးကားများကို စိတ်ဝင်စားတဲ့ အိန္ဒိယနိုင်ငံရှိ အများပိုင်ကုမ္ပဏီ များကို ပိုင်ဆိုင်တဲ့ ထင်ရှားကျော်ကြားသော စီးပွားရေးအုပ်စုရဲ့ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။

ဟင်ဒူဂျာနဲ့ ၎င်းရဲ့ညီဖြစ်သူ အသက် ၈၃ နှစ်အရွယ် ဂိုပီချန်ဟာ ၂ဝ၂၂ ခုနှစ် Sunday Times Rich List မှာ နံပါတ် ၄ နေရာကို ရရှိထားပြီး ခန့်မှန်းခြေအသားတင်တန်ဖိုးပေါင် ၂၈.၅ ဘီလျံ (ဒေါ်လာ ၃၆ ဘီလျံ) ပိုင်ဆိုင်မှုရှိပါတယ်။ နိုင်ငံပေါင်း ၃ဝ ကျော်မှ လူပေါင်း ၂ဝဝဝဝဝ ကို အလုပ်ခန့်ထားတဲ့ Hinduja Group ကို ပါမာနန်ဒီချန်ဟင်ဒူဂျာ မှ ၁၉၁၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ၁၉၇ဝ ခုနှစ် နောက်ပိုင်းမှာမှ ၎င်းရဲ့သားဖြစ်တဲ့ ဆရီချက်ဒ် နဲ့ ဂိုပီချန်တို့က ဆက်လက်ဦးဆောင်ကာ စီးပွားရေးကွန်ရက်ကို ပိုမိုချဲ့ထွင်နိုင်ခဲ့ပါတယ်။

ဟင်ဒူဂျာဟာ ငွေကြေးချမ်းသာသလို ပရဟိတအတွက် ကြိုးပမ်းမှုတွေမှာလည်း တက်ကြွစွာ ပါဝင်ခဲ့တာကြောင့် သူ့ရဲ့ပံ့ပိုးကူညီမှုတွေကို အိန္ဒိယနဲ့ ကမ္ဘာ့စင်မြင့်က အမြဲအမှတ်ရနေမှာပဲဖြစ်ပါတယ်။

Zawgyi Version;
ယူေကရဲ႕အခ်မ္းသာဆုံးမိသားစုထဲမွာ ပါဝင္တဲ့ အိႏၵိယႏြယ္ဖြား ဘီလ်ံနာသူေ႒း ဆရစ္ခ်က္ဒ္ဟင္ဒူဂ်ာ အသက္ ၈၇ ႏွစ္မွာ ကြယ္လြန္
ေရာင္နီ (NP News) - ေမ ၁၉

ၿဗိတိန္ႏိုင္ငံရဲ႕အခ်မ္းသာဆုံးမိသားစုထဲမွာ ပါဝင္ၿပီး ကမာၻလုံးဆိုင္ရာ စီးပြားေရးအင္ပါယာရဲ႕အိႏၵိယႏြယ္ဖြား ဘီလ်ံနာေခါင္းေဆာင္ ဆရစ္ခ်က္ဒ္ဟင္ဒူဂ်ာဟာ အသက္ ၈၇ ႏွစ္အ႐ြယ္မွာ ကြယ္လြန္သြားၿပီျဖစ္ေၾကာင္း ၎ရဲ႕ သမီးမ်ားက ဗုဒၶဟူးေန႔(ေမလ ၁၇ ရက္) မွာ အတည္ျပဳေျပာၾကားခဲ့ပါတယ္။

အတိုေကာက္ နာမည္ SP လို႔လည္း လူသိမ်ားတဲ့ ဟင္ဒူဂ်ာဟာ အယ္လ္ဇိုင္းမားေရာဂါေဝဒနာခံစားခဲ့ရၿပီး ဗုဒၶဟူးေန႔ နံနက္မွာ ၿငိမ္းခ်မ္းစြာကြယ္လြန္သြားေၾကာင္း ၎ရဲ႕မိသားစုက ေျပာပါတယ္။ ဟင္ဒူဂ်ာဟာ ဘဏ္ လုပ္ငန္း၊ ဓာတုပစၥည္းမ်ား၊ ေဆာ့ဖ္ဝဲလ္နဲ႔ လုပ္ငန္းသုံးကားမ်ားကို စိတ္ဝင္စားတဲ့ အိႏၵိယႏိုင္ငံရွိ အမ်ားပိုင္ကုမၸဏီ မ်ားကို ပိုင္ဆိုင္တဲ့ ထင္ရွားေက်ာ္ၾကားေသာ စီးပြားေရးအုပ္စုရဲ႕ဥကၠ႒လည္း ျဖစ္ပါတယ္။

ဟင္ဒူဂ်ာနဲ႔ ၎ရဲ႕ညီျဖစ္သူ အသက္ ၈၃ ႏွစ္အ႐ြယ္ ဂိုပီခ်န္ဟာ ၂ဝ၂၂ ခုႏွစ္ Sunday Times Rich List မွာ နံပါတ္ ၄ ေနရာကို ရရွိထားၿပီး ခန႔္မွန္းေျခအသားတင္တန္ဖိုးေပါင္ ၂၈.၅ ဘီလ်ံ (ေဒၚလာ ၃၆ ဘီလ်ံ) ပိုင္ဆိုင္မႈရွိပါတယ္။ ႏိုင္ငံေပါင္း ၃ဝ ေက်ာ္မွ လူေပါင္း ၂ဝဝဝဝဝ ကို အလုပ္ခန႔္ထားတဲ့ Hinduja Group ကို ပါမာနန္ဒီခ်န္ဟင္ဒူဂ်ာ မွ ၁၉၁၄ ခုႏွစ္မွာ စတင္တည္ေထာင္ခဲ့ၿပီး ၁၉၇ဝ ခုႏွစ္ ေနာက္ပိုင္းမွာမွ ၎ရဲ႕သားျဖစ္တဲ့ ဆရီခ်က္ဒ္ နဲ႔ ဂိုပီခ်န္တို႔က ဆက္လက္ဦးေဆာင္ကာ စီးပြားေရးကြန္ရက္ကို ပိုမိုခ်ဲ႕ထြင္ႏိုင္ခဲ့ပါတယ္။

ဟင္ဒူဂ်ာဟာ ေငြေၾကးခ်မ္းသာသလို ပရဟိတအတြက္ ႀကိဳးပမ္းမႈေတြမွာလည္း တက္ႂကြစြာ ပါဝင္ခဲ့တာေၾကာင့္ သူ႔ရဲ႕ပံ့ပိုးကူညီမႈေတြကို အိႏၵိယနဲ႔ ကမာၻ႔စင္ျမင့္က အၿမဲအမွတ္ရေနမွာပဲျဖစ္ပါတယ္။

Related news

© 2021. All rights reserved.