ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းကြောင့် ပျက်စီးသွားသည့် တံတားများနေရာ၌ ယာယီဘေလီတံတားများထိုးပေးမည်

1079

ရဲပြည့် (NP News) - မေ ၂ဝ
မိုခါမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးမပြတ်တောက်စေရန် ပျက်စီးသွားသည့် တံတားများနေရာ၌ ယာယီဘေလီတံတားများထိုး၍ အမြန်ဆုံးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ပြောသည်။
ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် မေလ ၁၉ ရက်တွင် ရခိုင်ပြည်နယ်၌ ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) ကြောင့် ပျက်စီးမှုများ အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေး ဝန်ထမ်းများနှင့်တွေ့ဆုံချိန်တွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်ရှိ ရုံးများနှင့် လူနေအဆောက်အအုံများ၏ အမိုးအကာများကို အမြန်ဆုံးပြုပြင်ရန်နှင့် လမ်းမကြီးပေါ်တွင် သစ်ပင်များ လဲကျပိတ်ဆို့မှုအား ဖယ်ရှားရှင်းလင်းရာတွင် စက်ယာဉ်ယန္တရားများဖြင့် ပူးပေါင်းပါဝင်ရှင်းလင်းပေးရန်မှာ ၎င်းကမှာကြားခဲ့ကြောင်းသိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် လမ်းကြောင်းတစ်လျှောက် လမ်းပန်းဆက်သွယ်မှုမပြတ်တောက်စေရေးအတွက် ပျက်စီးသွားသည့် တံတားများအား ယာယီဘေလီတံတားထိုး၍သွားလာနိုင်ရေး အမြန်ဆုံးဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနအောက်ရှိ ဆေးရုံအဆောက်အအုံများ၊ တက္ကသိုလ်များနှင့် အခြေခံပညာအထက်တန်းကျောင်းများ၏ ပျက်စီးမှုအား အမြန်ဆုံးပြန်လည် ပြုပြင်နိုင်ရေးအတွက် ပျက်စီးမှု စာရင်းကောက်ယူခြင်း၊ ပစ္စည်းလိုအပ်ချက်စာရင်းပြုစုခြင်း၊ အမိုးသွပ်၊ သွပ်ရိုက်သံနှင့် သစ်လိုအပ်ချက်များအားပြုစု၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဆောက်လုပ်ရေးအဖွဲ့များ ပေါင်းစပ်ပြုပြင်နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် စစ်တွေ-ပလ္လင်ပြင်လမ်း မိုင်တိုင်အမှတ်(၂/၄)ရှိ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသော သဲချောင်းတံတားအား ယာယီဘေလီတံတား အရှည်ပေ ၁၄ဝ၊ အကျယ် ၁၈ ပေ တည်ဆောက်နေ ကြောင်း သိရသည်။

zawgyi version
ရခိုင္ျပည္နယ္အတြင္း မုန္တိုင္းေၾကာင့္ ပ်က္စီးသြားသည့္ တံတားမ်ားေနရာ၌ ယာယီေဘလီတံတားမ်ားထိုးေပးမည္
ရဲျပည့္ (NP News) - ေမ ၂ဝ
မိုခါမုန္တိုင္းဒဏ္ေၾကာင့္ ရခိုင္ျပည္နယ္အတြင္း လမ္းပန္းဆက္သြယ္ေရးမျပတ္ေတာက္ေစရန္ ပ်က္စီးသြားသည့္ တံတားမ်ားေနရာ၌ ယာယီေဘလီတံတားမ်ားထိုး၍ အျမန္ဆုံးေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးမ်ိဳးသန႔္က ေျပာသည္။
ျပည္ေထာင္စုဝန္ႀကီး ဦးမ်ိဳးသန႔္ ေမလ ၁၉ ရက္တြင္ ရခိုင္ျပည္နယ္၌ ဆိုင္ကလုန္းမုန္တိုင္း (မိုခါ) ေၾကာင့္ ပ်က္စီးမႈမ်ား အျမန္ဆုံးျပန္လည္ျပဳျပင္ႏိုင္ေရး ဝန္ထမ္းမ်ားႏွင့္ေတြ႕ဆုံခ်ိန္တြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ရခိုင္ျပည္နယ္ရွိ ႐ုံးမ်ားႏွင့္ လူေနအေဆာက္အအုံမ်ား၏ အမိုးအကာမ်ားကို အျမန္ဆုံးျပဳျပင္ရန္ႏွင့္ လမ္းမႀကီးေပၚတြင္ သစ္ပင္မ်ား လဲက်ပိတ္ဆို႔မႈအား ဖယ္ရွားရွင္းလင္းရာတြင္ စက္ယာဥ္ယႏၲရားမ်ားျဖင့္ ပူးေပါင္းပါဝင္ရွင္းလင္းေပးရန္မွာ ၎ကမွာၾကားခဲ့ေၾကာင္းသိရသည္။
ယင္းသို႔ေဆာင္႐ြက္ရာတြင္ လမ္းေၾကာင္းတစ္ေလွ်ာက္ လမ္းပန္းဆက္သြယ္မႈမျပတ္ေတာက္ေစေရးအတြက္ ပ်က္စီးသြားသည့္ တံတားမ်ားအား ယာယီေဘလီတံတားထိုး၍သြားလာႏိုင္ေရး အျမန္ဆုံးေဆာင္႐ြက္ရန္ ျပည္ေထာင္စုဝန္ႀကီး ဦးမ်ိဳးသန႔္က ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။
ထို႔ျပင္ က်န္းမာေရးဝန္ႀကီးဌာနႏွင့္ ပညာေရးဝန္ႀကီးဌာနေအာက္ရွိ ေဆး႐ုံအေဆာက္အအုံမ်ား၊ တကၠသိုလ္မ်ားႏွင့္ အေျခခံပညာအထက္တန္းေက်ာင္းမ်ား၏ ပ်က္စီးမႈအား အျမန္ဆုံးျပန္လည္ ျပဳျပင္ႏိုင္ေရးအတြက္ ပ်က္စီးမႈ စာရင္းေကာက္ယူျခင္း၊ ပစၥည္းလိုအပ္ခ်က္စာရင္းျပဳစုျခင္း၊ အမိုးသြပ္၊ သြပ္႐ိုက္သံႏွင့္ သစ္လိုအပ္ခ်က္မ်ားအားျပဳစု၍ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားႏွင့္ ေဆာက္လုပ္ေရးအဖြဲ႕မ်ား ေပါင္းစပ္ျပဳျပင္ႏိုင္ေရးေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ စစ္ေတြ-ပလႅင္ျပင္လမ္း မိုင္တိုင္အမွတ္(၂/၄)ရွိ မုန္တိုင္းဒဏ္ေၾကာင့္ ပ်က္စီးသြားေသာ သဲေခ်ာင္းတံတားအား ယာယီေဘလီတံတား အရွည္ေပ ၁၄ဝ၊ အက်ယ္ ၁၈ ေပ တည္ေဆာက္ေန ေၾကာင္း သိရသည္။