မြန်မာနိုင်ငံ ပဲ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းက မုန်တိုင်းဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်း(၅ဝဝ)အပါအဝင် သွပ်နှင့်သံများလှူဒါန်း

 937

ယွန်း (NP News) - မေ ၂ဝ

မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းက မိုခါမုန်တိုင်းဒဏ်သင့်ဒေသများအတွက် ငွေကျပ်သိန်း(၅ဝဝ) လှူဒါန်းခဲ့ကြောင်း သိရသည်။

ကုန်သည်စက်မှုအသင်းချုပ်မှ မေလ(၁၉)ရက်တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

မိုခါမုန်တိုင်းဘေးသင့် ဒေသများအတွက် မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းက ငွေကျပ်သိန်း(၅ဝဝ) အပါအဝင် အမိုးသွပ်ပြားအချပ်ရေ(၂၁ဝဝဝ)နှင့် သွပ်ရိုက်သံ(၇၇၅)ပိဿကို We Love Rakhine အဖွဲ့အစည်းသို့ လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ကုန်သည်စက်မှုအသင်းချုပ်အနေဖြင့် မိုခါမုန်တိုင်းကြောင့် ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ် ကျ‌ရောက်ခံစားခဲ့ရသည့် ဒေသများကို ထိရောက်စွာကူညီနိုင်ရန် UMFCCI Task Force ကိုဖွဲ့စည်းက ကူညီမှုများဆောင်ရွက်လျက်ရှိသည်။

zawgyi version

ယွန်း (NP News) - မေ ၂ဝ





Related news

© 2021. All rights reserved.