ကမ္ဘာ့အကြီးဆုံး ရေကန်၊ ရေလှောင်ကန်များ ထက်ဝက်ခန့် ရေခမ်းခြောက်လာ

 1710

ရောင်နီ (NP News) - မေ ၂၁

ကမ္ဘာ့ရေကန်ကြီးများနဲ့ ရေလှောင်ကန်ကြီးများ ထက်ဝက်ကျော်ဟာ ၁၉၉ဝ ပြည့်လွန်နှစ်များအစောပိုင်းကတည်းက တစ်ဖြည်းဖြည်းကျုံ့လာတာကြောင့် အဓိကအားဖြင့် ရာသီဥတုပြောင်းလဲမှု၊ စိုက်ပျိုး ရေး၊ ရေအားလျှပ်စစ်နဲ့ လူသားသုံးစွဲမှုအတွက် စိုးရိမ်မှုများ ပိုမိုပြင်းထန်လာကြောင်း လေ့လာမှုအသစ်တစ်ခုအရ တွေ့ရှိခဲ့ပါတယ်။

ဥရောပနဲ့ အာရှကြား ကက်စပီယံပင်လယ်မှ တောင်အမေရိကတိုက် တီတီကာကာရေကန်အထိ ကမ္ဘာ့အရေးအကြီးဆုံး ရေချိုရင်းမြစ်အချို့ဟာ ဆယ်စုနှစ်သုံးခုနီးပါး တစ်နှစ်လျှင် ၂၂ ဂစ်ဂါတန်ခန့် ရေဆုံးရှုံးသွားကြောင်း နိုင်ငံတကာ သုတေသီအဖွဲ့တစ်ဖွဲ့က ကြာသပတေးနေ့မှာ ဖော်ပြခဲ့ပါတယ်။ ၎င်းဟာ အမေရိကန်ပြည်ထောင်စုရှိ အကြီးဆုံးရေလှောင်ကန်ဖြစ်တဲ့ Lake Mead ရဲ့ ထုထည် ၁၇ ဆခန့်ရှိပါတယ်။ Science ဂျာနယ်မှာ ထုတ်ဝေတဲ့ လေ့လာမှုအရ အာရှအလယ်ပိုင်းရှိ Aral Sea နဲ့ အရှေ့အလယ်ပိုင်းရှိ Dead Sea ကဲ့သို့သော ရေကန်များ ခန်းခြောက်သွားတာကို တွေ့ရပြီး အာဖဂန်နစ္စတန်၊ အီဂျစ်နဲ့ မွန်ဂိုလီးယားရှိ ကန်များဟာ အပူချိန်မြင့်တက်မှုကြောင့် ရေဆုံးရှုံးမှု ပိုဖြစ်လာနိုင်ကြောင်း သိရပါတယ်။ အတွင်းတိဗက် ကုန်းပြင်မြင့် ကဲ့သို့သော ဝေးလံခေါင်သီသော ဒေသများမှာ ဆည်တည် ဆောက်မှုကြောင့် မကြာခဏဆိုသလို အင်းအိုင်တွေရဲ့ လေးပုံတစ်ပုံခန့် ရေခမ်းခြောက်လာခဲ့ပါတယ်။ သဘာဝရေကန်များနဲ့ ဆည်တွေဟာ ကမ္ဘာ့ရေချိုရဲ့ (၈၇) ရာခိုင်နှုန်းခန့်ကို သိုလှောင်ထားသော်လည်း ၎င်းတို့ဟာ ကမ္ဘာမြေမျက်နှာပြင်ရဲ့ (၃)ရာခိုင်နှုန်းခန့်ကိုသာ ဖုံးလွှမ်းထားနိုင်ကြောင်း ၁၉၉၂ ခုနှစ်မှ ၂ဝ၂ဝ ခုနှစ်အတွင်း ကောက်ယူရရှိတဲ့ ဂြိုလ်တုဓာတ်ပုံ အချက်အလက်များအပေါ်အခြေခံပြီး သိရပါတယ်။

ရာသီဥတု ဖောက်ပြန်မှုအောက် ကမ္ဘာ့မိုးနည်း ရေရှားဒေသများဟာ ပိုမိုခြောက်သွေ့လာပြီး စိုစွတ်သော ဒေသများ ပိုမိုစိုစွတ်လာမယ်လို့ ယေဘုယျအားဖြင့် ယူဆကြသော်လည်း လေ့လာမှုအရ စိုစွတ်သောဒေသများမှာလည်း ရေဓာတ်ဆုံးရှုံးမှုကို သိသိသာသာ တွေ့ရှိခဲ့ရပါတယ်။ သိပ္ပံပညာရှင်များက ရာသီဥတုနဲ့ ဇလဗေဒဆိုင်ရာ ဂြိုလ်တုတိုင်းတာမှုများကို အသုံးပြုပြီး ရေကန်ကြီး ၂ဝဝဝ နီးပါးကို အကဲဖြတ်ခဲ့ရာ မိုးရွာသွန်းမှုနဲ့ စီးဆင်းမှုပြောင်းလဲမှု၊ အနည်ကျခြင်းနဲ့ အပူချိန်များ မြင့်တက်လာခြင်းတို့ဟာ ကမ္ဘာတစ်ဝှမ်းရှိ ရေကန်များရဲ့ (၅၃) ရာခိုင်နှုန်းကို ကျဆင်းသွားစေပြီး ၁၉၉၂ ခုနှစ်မှ ၂ဝ၂ဝ ခုနှစ်အထိအတွင်း ကျဆင်းလာကြောင်း တွေ့ရှိခဲ့ပါတယ်။

ရာသီဥတုဖောက်ပြန်မှုရဲ့ ကပ်ဘေးဆိုးကျိုးအများစုကို ရှောင်ရှားရန်အတွက် ကမ္ဘာကြီးပူနွေးလာမှုကို ကာကွယ်ရန် လိုအပ်ကြောင်း သိပ္ပံပညာရှင်များနဲ့ တက်ကြွလှုပ်ရှားသူများက ကာလရှည်ကြာက တည်းက တိုက်တွန်းပြောကြားခဲ့ပါတယ်။

zawgyi version
ကမာၻ႔အႀကီးဆုံး ေရကန္၊ ေရေလွာင္ကန္မ်ား ထက္ဝက္ခန္႔ ေရခမ္းေျခာက္လာ
ေရာင္နီ (NP News) - ေမ ၂၁

ကမာၻ႔ေရကန္ႀကီးမ်ားနဲ႔ ေရေလွာင္ကန္ႀကီးမ်ား ထက္ဝက္ေက်ာ္ဟာ ၁၉၉ဝ ျပည့္လြန္ႏွစ္မ်ားအေစာပိုင္းကတည္းက တစ္ျဖည္းျဖည္းက်ဳံ႕လာတာေၾကာင့္ အဓိကအားျဖင့္ ရာသီဥတုေျပာင္းလဲမႈ၊ စိုက္ပ်ိဳး ေရး၊ ေရအားလွ်ပ္စစ္နဲ႔ လူသားသုံးစြဲမႈအတြက္ စိုးရိမ္မႈမ်ား ပိုမိုျပင္းထန္လာေၾကာင္း ေလ့လာမႈအသစ္တစ္ခုအရ ေတြ႕ရွိခဲ့ပါတယ္။

ဥေရာပနဲ႔ အာရွၾကား ကက္စပီယံပင္လယ္မွ ေတာင္အေမရိကတိုက္ တီတီကာကာေရကန္အထိ ကမာၻ႔အေရးအႀကီးဆုံး ေရခ်ိဳရင္းျမစ္အခ်ိဳ႕ဟာ ဆယ္စုႏွစ္သုံးခုနီးပါး တစ္ႏွစ္လွ်င္ ၂၂ ဂစ္ဂါတန္ခန႔္ ေရဆုံးရႈံးသြားေၾကာင္း ႏိုင္ငံတကာ သုေတသီအဖြဲ႕တစ္ဖြဲ႕က ၾကာသပေတးေန႔မွာ ေဖာ္ျပခဲ့ပါတယ္။ ၎ဟာ အေမရိကန္ျပည္ေထာင္စုရွိ အႀကီးဆုံးေရေလွာင္ကန္ျဖစ္တဲ့ Lake Mead ရဲ႕ ထုထည္ ၁၇ ဆခန႔္ရွိပါတယ္။ Science ဂ်ာနယ္မွာ ထုတ္ေဝတဲ့ ေလ့လာမႈအရ အာရွအလယ္ပိုင္းရွိ Aral Sea နဲ႔ အေရွ႕အလယ္ပိုင္းရွိ Dead Sea ကဲ့သို႔ေသာ ေရကန္မ်ား ခန္းေျခာက္သြားတာကို ေတြ႕ရၿပီး အာဖဂန္နစၥတန္၊ အီဂ်စ္နဲ႔ မြန္ဂိုလီးယားရွိ ကန္မ်ားဟာ အပူခ်ိန္ျမင့္တက္မႈေၾကာင့္ ေရဆုံးရႈံးမႈ ပိုျဖစ္လာႏိုင္ေၾကာင္း သိရပါတယ္။ အတြင္းတိဗက္ ကုန္းျပင္ျမင့္ ကဲ့သို႔ေသာ ေဝးလံေခါင္သီေသာ ေဒသမ်ားမွာ ဆည္တည္ ေဆာက္မႈေၾကာင့္ မၾကာခဏဆိုသလို အင္းအိုင္ေတြရဲ႕ ေလးပုံတစ္ပုံခန္႔ ေရခမ္းေျခာက္လာခဲ့ပါတယ္။ သဘာဝေရကန္မ်ားနဲ႔ ဆည္ေတြဟာ ကမာၻ႔ေရခ်ိဳရဲ႕ (၈၇) ရာခိုင္ႏႈန္းခန႔္ကို သိုေလွာင္ထားေသာ္လည္း ၎တို႔ဟာ ကမာၻေျမမ်က္ႏွာျပင္ရဲ႕ (၃)ရာခိုင္ႏႈန္းခန္႔ကိုသာ ဖုံးလႊမ္းထားႏိုင္ေၾကာင္း ၁၉၉၂ ခုႏွစ္မွ ၂ဝ၂ဝ ခုႏွစ္အတြင္း ေကာက္ယူရရွိတဲ့ ၿဂိဳလ္တုဓာတ္ပုံ အခ်က္အလက္မ်ားအေပၚအေျခခံၿပီး သိရပါတယ္။

ရာသီဥတု ေဖာက္ျပန္မႈေအာက္ ကမာၻ႔မိုးနည္း ေရရွားေဒသမ်ားဟာ ပိုမိုေျခာက္ေသြ႕လာၿပီး စိုစြတ္ေသာ ေဒသမ်ား ပိုမိုစိုစြတ္လာမယ္လို႔ ေယဘုယ်အားျဖင့္ ယူဆၾကေသာ္လည္း ေလ့လာမႈအရ စိုစြတ္ေသာေဒသမ်ားမွာလည္း ေရဓာတ္ဆုံးရႈံးမႈကို သိသိသာသာ ေတြ႕ရွိခဲ့ရပါတယ္။ သိပၸံပညာရွင္မ်ားက ရာသီဥတုနဲ႔ ဇလေဗဒဆိုင္ရာ ၿဂိဳလ္တုတိုင္းတာမႈမ်ားကို အသုံးျပဳၿပီး ေရကန္ႀကီး ၂ဝဝဝ နီးပါးကို အကဲျဖတ္ခဲ့ရာ မိုး႐ြာသြန္းမႈနဲ႔ စီးဆင္းမႈေျပာင္းလဲမႈ၊ အနည္က်ျခင္းနဲ႔ အပူခ်ိန္မ်ား ျမင့္တက္လာျခင္းတို႔ဟာ ကမာၻတစ္ဝွမ္းရွိ ေရကန္မ်ားရဲ႕ (၅၃) ရာခိုင္ႏႈန္းကို က်ဆင္းသြားေစၿပီး ၁၉၉၂ ခုႏွစ္မွ ၂ဝ၂ဝ ခုႏွစ္အထိအတြင္း က်ဆင္းလာေၾကာင္း ေတြ႕ရွိခဲ့ပါတယ္။

ရာသီဥတုေဖာက္ျပန္မႈရဲ႕ ကပ္ေဘးဆိုးက်ိဳးအမ်ားစုကို ေရွာင္ရွားရန္အတြက္ ကမာၻႀကီးပူေႏြးလာမႈကို ကာကြယ္ရန္ လိုအပ္ေၾကာင္း သိပၸံပညာရွင္မ်ားနဲ႔ တက္ႂကြလႈပ္ရွားသူမ်ားက ကာလရွည္ၾကာက တည္းက တိုက္တြန္းေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.