Thai Fight ပွဲစဉ်မှာ အိမ်ရှင်ထိုင်းအမျိုးသမီး လက်ဝှေ့သမားကို အလဲထိုးအနိုင်ယူပြီး နိုင်ပွဲဆက်ထိန်းနိုင်ခဲ့တဲ့ ဘရော်နီကာ

2879

ဂျန်ဇက် (NP News) - မေ ၂၂
နိုင်ပွဲများဆက်တိုက်ရယူထားနိုင်တဲ့ ကယန်းအမျိုးသမီး လက်ဝှေ့ သမား ဘရော်နီကာဟာ မေလ ၂၁ ရက်က ယှဉ်ပြိုင်ခဲ့တဲ့ Thai Fight ပွဲစဉ်မှာ ထိုင်းအမျိုးသမီးလက်ဝှေ့သမားကို အလဲထိုးအနိုင်ယူပြီး နိုင်ပွဲထပ်မံရယူနိုင်ခဲ့ကြောင်းသိရပါတယ်။ ဘရော်နီကာဟာ Thai Fight ပွဲစဉ်မှာ အိမ်ရှင်ထိုင်းအမျိုးသမီး လက်ဝှေ့သမား Aomsin ကို လက်ရည်အသာနဲ့ ယှဉ်ပြိုင်ထိုးသတ်နိုင်ခဲ့ပြီး ပထမအချီရဲ့ပွဲချိန် ၂ မိနစ်ကျော်အတွင်း အလဲထိုးအနိုင်ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။
ဘရော်နီကာဟာ (၁၂)ပွဲဆက်တိုက် အနိုင်ရယူနိုင်ခြင်းဖြစ်ပြီး ထိုင်းဘုရင့်ဖလားလက်ဝှေ့ပြိုင်ပွဲ ချန်ပီယံဆုကိုလည်း ရယူထားနိုင်သူဖြစ်ကြောင်းသိရပါတယ်။ မြန်မာနိုင်ငံသား ကယန်းအမျိုးသမီး လက်ဝှေ့သမား ဘရော်နီကာဟာ ပြီးခဲ့တဲ့ ဧပြီလက ယှဉ်ပြိုင်ခဲ့တဲ့ လက်ဝှေ့ ပွဲစဉ်မှာလည်း အီတလီအမျိုးသမီး လက်ဝှေ့သမား အက်စတာ ဗိုင်အိုလာကို အလဲထိုးအနိုင်ရယူနိုင်ခဲ့ကြောင်းသိရပါတယ်။ ဗိုင်အိုလာကို အနိုင်ယူနိုင်ခြင်းဟာ ဘရော်နီကာအတွက် ဥရောပမှာ ပထမဆုံး ယှဉ်ပြိုင်တဲ့ပွဲစဉ်မှာ နိုင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။
ဘရော်နီကာဟာ လက်ရှိအချိန်မှာ (၅၃)ကီလိုဝိတ်တန်း ကမ္ဘာ့မွေထိုင်းအမျိုးသမီးလက်ဝှေ့သမားတွေထဲ ကမ္ဘာအဆင့်(၁)နေရာမှာရှိနေသူဖြစ်ကြောင်း World Muay Thai Organization အဖွဲ့ကပြောပါတယ်။ ဒါ့ပြင် ဘရော်နီကာဟာ Thai Fight Kard Chuek Muaythai ရဲ့လက်ရှိချန်ပီယံတစ်ဦးဖြစ်ကြောင်းသိရပါတယ်။ အသက် (၂၆)နှစ်အရွယ်ရှိဘရော်နီကာဟာ မြန်မာနိုင်ငံမှာလည်း အမျိုးသမီးလက်ဝှေ့ချန်ပီယံဆုတွေကို ရယူနိုင်ခဲ့ပြီး ၂ဝ၂၁ ခုနှစ်နောက်ပိုင်းမှာ ထိုင်းမွေထိုင်းကလပ်နဲ့ စာချုပ်ချုပ်ဆိုကာ ပြိုင်ပွဲတွေကို ယှဉ်ပြိုင်ခဲ့ပြီး နိုင်ပွဲများ ရယူနိုင်ခဲ့ကြောင်းသိရပါတယ်။

zawgyi version
Thai Fight ပြဲစဥ္မွာ အိမ္ရွင္ထိုင္းအမ်ိဳးသမီး လက္ေဝွ႔သမားကို အလဲထိုးအႏိုင္ယူၿပီး ႏိုင္ပြဲဆက္ထိန္းႏိုင္ခဲ့တဲ့ ဘေရာ္နီကာ
ဂ်န္ဇက္ (NP News) - ေမ ၂၂
ႏိုင္ပြဲမ်ားဆက္တိုက္ရယူထားႏိုင္တဲ့ ကယန္းအမ်ိဳးသမီး လက္ေဝွ႔ သမား ဘေရာ္နီကာဟာ ေမလ ၂၁ ရက္က ယွဥ္ၿပိဳင္ခဲ့တဲ့ Thai Fight ပြဲစဥ္မွာ ထိုင္းအမ်ိဳးသမီးလက္ေဝွ႔သမားကို အလဲထိုးအႏိုင္ယူၿပီး ႏိုင္ပြဲထပ္မံရယူႏိုင္ခဲ့ေၾကာင္းသိရပါတယ္။ ဘေရာ္နီကာဟာ Thai Fight ပြဲစဥ္မွာ အိမ္ရွင္ထိုင္းအမ်ိဳးသမီး လက္ေဝွ႔သမား Aomsin ကို လက္ရည္အသာနဲ႔ ယွဥ္ၿပိဳင္ထိုးသတ္ႏိုင္ခဲ့ၿပီး ပထမအခ်ီရဲ႕ပြဲခ်ိန္ ၂ မိနစ္ေက်ာ္အတြင္း အလဲထိုးအႏိုင္ရယူႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရပါတယ္။
ဘေရာ္နီကာဟာ (၁၂)ပြဲဆက္တိုက္ အႏိုင္ရယူႏိုင္ျခင္းျဖစ္ၿပီး ထိုင္းဘုရင့္ဖလားလက္ေဝွ႔ၿပိဳင္ပြဲ ခ်န္ပီယံဆုကိုလည္း ရယူထားႏိုင္သူျဖစ္ေၾကာင္းသိရပါတယ္။ ျမန္မာႏိုင္ငံသား ကယန္းအမ်ိဳးသမီး လက္ေဝွ႔သမား ဘေရာ္နီကာဟာ ၿပီးခဲ့တဲ့ ဧၿပီလက ယွဥ္ၿပိဳင္ခဲ့တဲ့ လက္ေဝွ႔ ပြဲစဥ္မွာလည္း အီတလီအမ်ိဳးသမီး လက္ေဝွ႔သမား အက္စတာ ဗိုင္အိုလာကို အလဲထိုးအႏိုင္ရယူႏိုင္ခဲ့ေၾကာင္းသိရပါတယ္။ ဗိုင္အိုလာကို အႏိုင္ယူႏိုင္ျခင္းဟာ ဘေရာ္နီကာအတြက္ ဥေရာပမွာ ပထမဆုံး ယွဥ္ၿပိဳင္တဲ့ပြဲစဥ္မွာ ႏိုင္ပြဲရယူႏိုင္ခဲ့ျခင္းျဖစ္ပါတယ္။
ဘေရာ္နီကာဟာ လက္ရွိအခ်ိန္မွာ (၅၃)ကီလိုဝိတ္တန္း ကမာၻ႔ေမြထိုင္းအမ်ိဳးသမီးလက္ေဝွ႔သမားေတြထဲ ကမာၻအဆင့္(၁)ေနရာမွာရွိေနသူျဖစ္ေၾကာင္း World Muay Thai Organization အဖြဲ႕ကေျပာပါတယ္။ ဒါ့ျပင္ ဘေရာ္နီကာဟာ Thai Fight Kard Chuek Muaythai ရဲ႕လက္ရွိခ်န္ပီယံတစ္ဦးျဖစ္ေၾကာင္းသိရပါတယ္။ အသက္ (၂၆)ႏွစ္အ႐ြယ္ရွိဘေရာ္နီကာဟာ ျမန္မာႏိုင္ငံမွာလည္း အမ်ိဳးသမီးလက္ေဝွ႔ခ်န္ပီယံဆုေတြကို ရယူႏိုင္ခဲ့ၿပီး ၂ဝ၂၁ ခုႏွစ္ေနာက္ပိုင္းမွာ ထိုင္းေမြထိုင္းကလပ္နဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုကာ ၿပိဳင္ပြဲေတြကို ယွဥ္ၿပိဳင္ခဲ့ၿပီး ႏိုင္ပြဲမ်ား ရယူႏိုင္ခဲ့ေၾကာင္းသိရပါတယ္။