ဖျာပုံမြို့ရှိ ဂဠုန်မင်းရွှေဆိုင်အား ဓားပြဝင်တိုက်ခဲ့သူများကို ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးပေးမှုကြောင့် (၂)ဦးအား ဖမ်းဆီးရမိ

4225

ရဲပြည့် (NP News) - မေ ၂၂
ဖျာပုံမြို့ရှိ ဂဠုန်မင်းရွှေဆိုင်အား ဓားပြဝင်တိုက်ခဲ့သူများအား ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးပေးခဲ့ခြင်းကြောင့် (၂)ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ဂဠုန်မင်းရွှေဆိုင်၏ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
အဆိုပါဖြစ်ဉ်သည် ယမန်နေ့ (မေလ ၂၁ ရက်)၊ ညနေ (၃)နာရီ (၅) မိနှစ်အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းမှပြောသည်။
အဆိုပါ ဂဠုန်မင်းရွှေဆိုင်သည် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို၊ အမှတ် (၂)ရပ်ကွက်၊ ပထမလမ်းတွင် ရှိကြောင်းသိရသည်။
"ဖြစ်သွားတာကတော့ ညနေ ၃နာရီ ၅မိနှစ်လောက်ကပါ။ သူတို့က ဆိုင်ကယ်(၂)စီးကို လူ(၄)ယောက်စီးလာတာပါ။ ရှေ့ဆုံးက ခေါင်းဆောင်လာတဲ့တစ်ယောက်က သေနတ်နဲ့ အပြင်မှာ တစ်ချက်ပစ်ဖောက်တယ်။ ဆိုင်ထဲကို တစ်ချက်ပစ်ဖောက်တယ်။ ပြီးတော့ ရွှေထည့်ထားတဲ့ ပုံးကိုယူပြီးတော့ ထွက်ပြေးကြတာပါ။ ဆိုင်ထဲက ဝန်ထမ်းတွေရော၊ ဘေးဆိုင်ကလူတွေကတော့ သေနတ်သံကြောင့် အကုန်ကြောက်ပြီး ထွက်ပြေးခဲ့ကြတယ်"ဟု ဂဠုန်မင်းရွှေဆိုင်၏ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါဓားပြတိုက်သူ (၄)ဦးအနက် ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်းကျေးရွာတွင်နေသူ ဦးသောင်းလှိုင် နှင့် အခြားတစ်ဦးတို့အား သေနတ်အတုနှစ်လက်ဖြင့်ဖမ်းဆီးရမိထားပြီး ကျန်နှစ်ဦးသည် ရွှေပုံးတစ်ပုံးနှင့်အတူထွက်ပြေးလွတ်မြောက်သွားကြောင်း ၎င်းမှဆက်လက်ပြောသည်။
"လွတ်သွားတဲ့နှစ်ယောက်ဆီကိုတော့ ရွှေပုံးထဲက ရွှေတစ်ဝက်လောက်ပါသွားတယ်။ တန်ဖိုးကိုတော့ မတွက်ရသေးပါဘူး။ လေးယောက်ထဲက (၂)ယောက်ကိုတော့ ကျွန်တော်တို့ ဖမ်းဆီးထားပါပြီ။ ကျန်တဲ့ သူတို့နဲ့ဆက်စပ်တရားခံတွေကိုလဲ ထိန်းသိမ်းမေးမြန်းတာတွေလုပ်နေပါတယ်"ဟု ၎င်းမှဆက်လက်ပြောသည်။
လက်ရှိတွင် ဖမ်းဆီးရမိသူ(၂)ဦး၏ ထွက်ဆိုချက်အရ ဆက်စပ်တရားခံ(၈)ဦးခန့်ကိုလည်း ဖမ်ဆီးထိန်းသိမ်းထားကြောင်း သိရသည်။

zawgyi version
ဖ်ာပုံၿမိဳ႕ရွိ ဂဠဳန္မင္းေ႐ႊဆိုင္အား ဓားျပဝင္တိုက္ခဲ့သူမ်ားကို ျပည္သူမ်ားက ဝိုင္းဝန္းဖမ္းဆီးေပးမႈေၾကာင့္ (၂)ဦးအား ဖမ္းဆီးရမိ
ရဲျပည့္ (NP News) - ေမ ၂၂
ဖ်ာပုံၿမိဳ႕ရွိ ဂဠဳန္မင္းေ႐ႊဆိုင္အား ဓားျပဝင္တိုက္ခဲ့သူမ်ားအား ျပည္သူမ်ားက ဝိုင္းဝန္းဖမ္းဆီးေပးခဲ့ျခင္းေၾကာင့္ (၂)ဦးအား ဖမ္းဆီးရမိခဲ့ေၾကာင္း ဂဠဳန္မင္းေ႐ႊဆိုင္၏ တာဝန္ရွိသူတစ္ဦး၏ ေျပာျပခ်က္အရ သိရသည္။
အဆိုပါျဖစ္ဥ္သည္ ယမန္ေန႔ (ေမလ ၂၁ ရက္)၊ ညေန (၃)နာရီ (၅) မိႏွစ္အခ်ိန္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ၎မွေျပာသည္။
အဆိုပါ ဂဠဳန္မင္းေ႐ႊဆိုင္သည္ ဧရာဝတီတိုင္းေဒသႀကီး၊ ဖ်ာပုံၿမိဳ၊ အမွတ္ (၂)ရပ္ကြက္၊ ပထမလမ္းတြင္ ရွိေၾကာင္းသိရသည္။
"ျဖစ္သြားတာကေတာ့ ညေန ၃နာရီ ၅မိႏွစ္ေလာက္ကပါ။ သူတို႔က ဆိုင္ကယ္(၂)စီးကို လူ(၄)ေယာက္စီးလာတာပါ။ ေရွ႕ဆုံးက ေခါင္းေဆာင္လာတဲ့တစ္ေယာက္က ေသနတ္နဲ႔ အျပင္မွာ တစ္ခ်က္ပစ္ေဖာက္တယ္။ ဆိုင္ထဲကို တစ္ခ်က္ပစ္ေဖာက္တယ္။ ၿပီးေတာ့ ေ႐ႊထည့္ထားတဲ့ ပုံးကိုယူၿပီးေတာ့ ထြက္ေျပးၾကတာပါ။ ဆိုင္ထဲက ဝန္ထမ္းေတြေရာ၊ ေဘးဆိုင္ကလူေတြကေတာ့ ေသနတ္သံေၾကာင့္ အကုန္ေၾကာက္ၿပီး ထြက္ေျပးခဲ့ၾကတယ္"ဟု ဂဠဳန္မင္းေ႐ႊဆိုင္၏ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါဓားျပတိုက္သူ (၄)ဦးအနက္ ဖ်ာပုံၿမိဳ႕နယ္၊ ေဒၚညိမ္းေက်း႐ြာတြင္ေနသူ ဦးေသာင္းလႈိင္ ႏွင့္ အျခားတစ္ဦးတို႔အား ေသနတ္အတုႏွစ္လက္ျဖင့္ဖမ္းဆီးရမိထားၿပီး က်န္ႏွစ္ဦးသည္ ေ႐ႊပုံးတစ္ပုံးႏွင့္အတူထြက္ေျပးလြတ္ေျမာက္သြားေၾကာင္း ၎မွဆက္လက္ေျပာသည္။
"လြတ္သြားတဲ့ႏွစ္ေယာက္ဆီကိုေတာ့ ေ႐ႊပုံးထဲက ေ႐ႊတစ္ဝက္ေလာက္ပါသြားတယ္။ တန္ဖိုးကိုေတာ့ မတြက္ရေသးပါဘူး။ ေလးေယာက္ထဲက (၂)ေယာက္ကိုေတာ့ ကြၽန္ေတာ္တို႔ ဖမ္းဆီးထားပါၿပီ။ က်န္တဲ့ သူတို႔နဲ႔ဆက္စပ္တရားခံေတြကိုလဲ ထိန္းသိမ္းေမးျမန္းတာေတြလုပ္ေနပါတယ္"ဟု ၎မွဆက္လက္ေျပာသည္။
လက္ရွိတြင္ ဖမ္းဆီးရမိသူ(၂)ဦး၏ ထြက္ဆိုခ်က္အရ ဆက္စပ္တရားခံ(၈)ဦးခန႔္ကိုလည္း ဖမ္ဆီးထိန္းသိမ္းထားေၾကာင္း သိရသည္။