ထိုင်းနိုင်ငံတွင် ကားအက်ဆီးဒန့်ဖြစ်ပွားခဲ့ပြီးနောက် မြန်မာနိုင်ငံသားနှစ်ဦး ပွဲချင်းပြီးသေဆုံး

 643

ဂျန်ဇက် (NP News) - မေ ၂၂

ထိုင်းနိုင်ငံဆာမတ် ဆောင်ခရမ်ဒေသရှိအမှတ် ၂ ရာမလမ်းမကြီးပေါ်တွင် မေလ ၂၁ ရက်က ကားတိုက်မှုတစ်ဖြစ်ပွားခဲ့ရာ ထိုင်းနိုင်ငံသားတစ်ဦး နှင့် မြန်မာနိုင်ငံသား နှစ်ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြထားသည်။

အသက် ၃၃ နှစ်အရွယ် ထိုင်းနိုင်ငံသား မောင်းနှင်လာသောကားသည် ငါးဝယ်ပြီး ပြန်လာသော မြန်မာနိုင်ငံသားနှစ်ဦး၏ ဘေးတွဲဆိုင်ကယ်ကိုအရှိန်မထိန်းနိုင်ဘဲဝင်တိုက်ခဲ့ရာ မြန်မာနိုင်ငံသားနှစ်ဦး အပါအဝင်သုံးဦး ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း၊ ထိုင်းနိုင်ငံဆာမတ်ဆောင်ခရမ် ရဲတပ်ဖွဲ့ကပြောသည်။ သေဆုံးသူ မြန်မာနိုင်ငံသားနှစ်ဦးအနက် တစ်ဦးက အသက် ၅၁ နှစ်အရွယ်ရှိ မသီတာဆိုသူဖြစ်ပြီး နောက်တစ်ဦးက အသက် ၃၇ နှစ်အရွယ်ရှိ ချစ်ကို ဆိုသူဖြစ်ကြောင်း၊ ၎င်းတို့ နှစ်ဦး၏ ရုပ်အလောင်းကို ကားလမ်းပေါ်တွင် တွေ့ရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောသည်။

ထိုင်းနိုင်ငံသားသည် ကားမောင်းချိန်အတွင်း အိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်ဖြစ်ကာ သုံးဘီးဆိုင်ကယ်ကို နောက်မှဝင်တိုက်ခဲ့ခြင်းဖြစ်ပြီး ဆိုင်ကယ်ပေါ်တွင်တင်ထားသော ငါးများလမ်းပေါ်တွင် ပြန့်ကြဲနေခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောသည်။ ထိုင်းရဲတပ်ဖွဲ့၏အဆိုအရ ကားကိုမောင်းနှင်လာသော ထိုင်းနိုင်ငံသားသည်အိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်ငံဖြစ်ကာ ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း၊ ဆိုင်ကယ်ကို ဝင်တိုက်ပြီးနောက် လမ်းဘေးမီးတိုင်ကိုလည်း ထပ်မံဝင်တိုက်ခဲ့သေးကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောသည်။

သုံးဘီးဆိုင်ကယ်ကိုမောင်းနှင်လာသော မြန်မာနိုင်ငံသားနှစ်ဦးသည် Mae Klong ဈေးတွင်ငါးများလာဝယ်သူများဖြစ်ပြီး ငါးဝယ်ပြီးအပြန်တွင်ကားအတိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံတွင် ပြီးခဲ့သောနှစ်အတွင်း ယာဉ်မတော်တဆဖြစ်မှုပေါင်း (၉၃၉၇၁၃)မှုဖြစ်ပွားခဲ့ပြီး ၂ဝ၂၁ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် (၄ ဒသမ ၇)ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်းသိရသည်။ ပြီးခဲ့သောနှစ်အတွင်းဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုများကြောင့် အနည်းဆုံးလူပေါင်း (၁၄၇၃၇) ဦးသေဆုံးကာ (၉၂၄၇၉၉) ဦးဒဏ်ရာရခဲ့ကြောင်း ထိုင်းအာဏာပိုင်များကပြောသည်။

zawgyi version
ထိုင္းႏိုင္ငံတြင္ ကားအက္ဆီးဒန႔္ျဖစ္ပြားခဲ့ၿပီးေနာက္ ျမန္မာႏိုင္ငံသားႏွစ္ဦး ပြဲခ်င္းၿပီး ေသဆုံး
ဂ်န္ဇက္ (NP News) - ေမ ၂၂

ထိုင္းႏိုင္ငံဆာမတ္ ေဆာင္ခရမ္ေဒသရွိအမွတ္ ၂ ရာမလမ္းမႀကီးေပၚတြင္ ေမလ ၂၁ ရက္က ကားတိုက္မႈတစ္ျဖစ္ပြားခဲ့ရာ ထိုင္းႏိုင္ငံသားတစ္ဦး ႏွင့္ ျမန္မာႏိုင္ငံသား ႏွစ္ဦး ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း ထိုင္းသတင္းမ်ားတြင္ေဖာ္ျပထားသည္။

အသက္ ၃၃ ႏွစ္အ႐ြယ္ ထိုင္းႏိုင္ငံသား ေမာင္းႏွင္လာေသာကားသည္ ငါးဝယ္ၿပီး ျပန္လာေသာ ျမန္မာႏိုင္ငံသားႏွစ္ဦး၏ ေဘးတြဲဆိုင္ကယ္ကိုအရွိန္မထိန္းႏိုင္ဘဲဝင္တိုက္ခဲ့ရာ ျမန္မာႏိုင္ငံသားႏွစ္ဦး အပါအဝင္သုံးဦး ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း၊ ထိုင္းႏိုင္ငံဆာမတ္ေဆာင္ခရမ္ ရဲတပ္ဖြဲ႕ကေျပာသည္။ ေသဆုံးသူ ျမန္မာႏိုင္ငံသားႏွစ္ဦးအနက္ တစ္ဦးက အသက္ ၅၁ ႏွစ္အ႐ြယ္ရွိ မသီတာဆိုသူျဖစ္ၿပီး ေနာက္တစ္ဦးက အသက္ ၃၇ ႏွစ္အ႐ြယ္ရွိ ခ်စ္ကို ဆိုသူျဖစ္ေၾကာင္း၊ ၎တို႔ ႏွစ္ဦး၏ ႐ုပ္အေလာင္းကို ကားလမ္းေပၚတြင္ ေတြ႕ရွိခဲ့ေၾကာင္း ထိုင္းရဲတပ္ဖြဲ႕ကေျပာသည္။

ထိုင္းႏိုင္ငံသားသည္ ကားေမာင္းခ်ိန္အတြင္း အိပ္ငိုက္ၿပီး အရွိန္မထိန္းႏိုင္ျဖစ္ကာ သုံးဘီးဆိုင္ကယ္ကို ေနာက္မွဝင္တိုက္ခဲ့ျခင္းျဖစ္ၿပီး ဆိုင္ကယ္ေပၚတြင္တင္ထားေသာ ငါးမ်ားလမ္းေပၚတြင္ ျပန႔္ႀကဲေနခဲ့ေၾကာင္း ထိုင္းရဲတပ္ဖြဲ႕ကေျပာသည္။ ထိုင္းရဲတပ္ဖြဲ႕၏အဆိုအရ ကားကိုေမာင္းႏွင္လာေသာ ထိုင္းႏိုင္ငံသားသည္အိပ္ငိုက္ၿပီး အရွိန္မထိန္းႏိုင္ငံျဖစ္ကာ ဝင္တိုက္မိခဲ့ျခင္းျဖစ္ေၾကာင္း၊ ဆိုင္ကယ္ကို ဝင္တိုက္ၿပီးေနာက္ လမ္းေဘးမီးတိုင္ကိုလည္း ထပ္မံဝင္တိုက္ခဲ့ေသးေၾကာင္း ထိုင္းရဲတပ္ဖြဲ႕ကေျပာသည္။

သုံးဘီးဆိုင္ကယ္ကိုေမာင္းႏွင္လာေသာ ျမန္မာႏိုင္ငံသားႏွစ္ဦးသည္ Mae Klong ေဈးတြင္ငါးမ်ားလာဝယ္သူမ်ားျဖစ္ၿပီး ငါးဝယ္ၿပီးအျပန္တြင္ကားအတိုက္ခံရျခင္းျဖစ္ေၾကာင္း သိရသည္။ ထိုင္းႏိုင္ငံတြင္ ၿပီးခဲ့ေသာႏွစ္အတြင္း ယာဥ္မေတာ္တဆျဖစ္မႈေပါင္း (၉၃၉၇၁၃)မႈျဖစ္ပြားခဲ့ၿပီး ၂ဝ၂၁ ခုႏွစ္ႏွင့္ ႏႈိင္းယွဥ္လွ်င္ (၄ ဒသမ ၇)ရာခိုင္ႏႈန္းျမင့္တက္လာခဲ့ေၾကာင္းသိရသည္။ ၿပီးခဲ့ေသာႏွစ္အတြင္းျဖစ္ပြားခဲ့ေသာ ယာဥ္မေတာ္တဆမႈမ်ားေၾကာင့္ အနည္းဆုံးလူေပါင္း (၁၄၇၃၇) ဦးေသဆုံးကာ (၉၂၄၇၉၉) ဦးဒဏ္ရာရခဲ့ေၾကာင္း ထိုင္းအာဏာပိုင္မ်ားကေျပာသည္။

Related news

© 2021. All rights reserved.