စနစ်ဟောင်း(၁ဝ)တန်းစာမေးပွဲ၌ ကျရှုံးသူများကို ပြင်ပသင်တန်းတက်ရောက်၍ G-12 သင်ရိုးသစ်တက္ကသိုလ်ဝင်ခွင့်ကို ဖြေဆိုခွင့်ပြုမည်

 1332

ယွန်း (NP News) - မေ ၂၂

စနစ်ဟောင်းဖြင့် ဖြေဆိုခွင့်ပြုခဲ့သည့် (၁ဝ)တန်းစာမေးပွဲ၌ ကျရှုံးသူများနှင့် ‌မဖြေဆိုလိုက်ရသူများကို ယခုပညာသင်နှစ်တွင် ပြင်ပသင်တန်းတက်ရောက်၍ သင်ရိုးသစ်တက္ကသိုလ်ဝင်ခွင့်ကို ဖြေဆိုခွင့်ပြုမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ မီဒီယာများကို အသိပေးပြောဆိုထားသည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂ဝ၂၂- ၂ဝ၂၃ ပညာသင်နှစ်တွင် သင်ရိုးဟောင်းကျောင်းသားများအတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ပြီးခဲ့သည့် မတ်လတွင် နောက်ဆုံးစစ်ဆေးခဲ့သည်။

အဆိုပါစာမေးပွဲတွင် မဖြေဆိုခဲ့ရသူများနှင့် ကျရှုံးခဲ့သော ကျောင်းသား၊ ‌ကျောင်းသူများအနေဖြင့် ယခု(၂ဝ၂၃- ၂ဝ၂၄)ပညာသင်နှစ်တွင် ကျောင်းတက်ခွင့် မရှိတော့ကြောင်း ပညာရေးဝန်ကြီးဌာနမှ ဆိုထားသည်။

သို့သော် ကိုယ်တိုင်လေ့လာ၍ဖြစ်စေ၊ ပြင်ပသင်တန်းများတက်ရောက်၍ ဖြစ်စေ လေ့လာသင်ယူပြီး Grade-12 သင်ရိုးသစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ဝင်ရောက်ဖြေဆိုခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

အခြေခံပညာကျောင်းများ အပါအဝင် တက္ကသိုလ်များနှင့် ကောလိပ်များ၏ နေ့သင်တန်းများကို မနက်ဖြန်(မေလ ၂၃ ရက်)တွင် ကျောင်းအပ်လက်ခံသွားမည်ဖြစ်ပြီး လာမည့် ဇွန်လ (၁)ရက်တွင် ကျောင်းများကို ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ယခုပညာသင်နှစ်တွင် ကျောင်းအုပ်နှင့် ဆရာ၊ ဆရာမများအနေဖြင့် ‌ကျောင်းသားများထံမှ မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်းမပြုရန်နှင့် လက်ဆောင်ပစ္စည်းများကိုလည်း လက်ခံခြင်းမပြုရန် ပညာရေးဝန်ကြီးဌာနက ညွှန်ကြားထားသည်။

ထို့ပြင် အတန်းတံဆိပ်၊ ကျောင်းတံဆိပ် နှင့် အခြားပစ္စည်းများလည်း ရောင်းချခြင်းမပြုလုပ်ရန်လည်း ပညာရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။

ပြီးခဲ့သည့် စနစ်ဟောင်းတက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈)ရက်မှစတင်ကာ မတ်လ (၁၈) ရက်အထိ ကျင်းပခဲ့ပြီး မြန်မာစာ စတင်‌ဖြေဆိုခဲ့သည့်နေ့တွင် လာရောက်ဖြေဆိုသူဦးရေ စုစုပေါင်း (၁၆၁၈၅၁)ဦးရှိခဲ့ရာ ဖြေဆိုသည့် ရာခိုင်နှုန်း (၉ဝ)ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။

zawgyi version
စနစ္ေဟာင္း(၁ဝ)တန္းစာေမးပြဲ၌ က်ရႈံးသူမ်ားကို ျပင္ပသင္တန္းတက္ေရာက္၍ G-12 သင္႐ိုးသစ္တကၠသိုလ္ဝင္ခြင့္ကို ေျဖဆိုခြင့္ျပဳမည္

ယြန္း (NP News) - ေမ ၂၂

စနစ္ေဟာင္းျဖင့္ ေျဖဆိုခြင့္ျပဳခဲ့သည့္ (၁ဝ)တန္းစာေမးပြဲ၌ က်ရႈံးသူမ်ားႏွင့္ ‌မေျဖဆိုလိုက္ရသူမ်ားကို ယခုပညာသင္ႏွစ္တြင္ ျပင္ပသင္တန္းတက္ေရာက္၍ သင္႐ိုးသစ္တကၠသိုလ္ဝင္ခြင့္ကို ေျဖဆိုခြင့္ျပဳမည္ျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာနမွ မီဒီယာမ်ားကို အသိေပးေျပာဆိုထားသည္။

ပညာေရးဝန္ႀကီးဌာနအေနျဖင့္ ၂ဝ၂၂- ၂ဝ၂၃ ပညာသင္ႏွစ္တြင္ သင္႐ိုးေဟာင္းေက်ာင္းသားမ်ားအတြက္ တကၠသိုလ္ဝင္တန္းစာေမးပြဲကို ၿပီးခဲ့သည့္ မတ္လတြင္ ေနာက္ဆုံးစစ္ေဆးခဲ့သည္။

အဆိုပါစာေမးပြဲတြင္ မေျဖဆိုခဲ့ရသူမ်ားႏွင့္ က်ရႈံးခဲ့ေသာ ေက်ာင္းသား၊ ‌ေက်ာင္းသူမ်ားအေနျဖင့္ ယခု(၂ဝ၂၃- ၂ဝ၂၄)ပညာသင္ႏွစ္တြင္ ေက်ာင္းတက္ခြင့္ မရွိေတာ့ေၾကာင္း ပညာေရးဝန္ႀကီးဌာနမွ ဆိုထားသည္။

သို႔ေသာ္ ကိုယ္တိုင္ေလ့လာ၍ျဖစ္ေစ၊ ျပင္ပသင္တန္းမ်ားတက္ေရာက္၍ ျဖစ္ေစ ေလ့လာသင္ယူၿပီး Grade-12 သင္႐ိုးသစ္ တကၠသိုလ္ဝင္ခြင့္ စာေမးပြဲကို ဝင္ေရာက္ေျဖဆိုခြင့္ျပဳမည္ျဖစ္ေၾကာင္း သိရသည္။

အေျခခံပညာေက်ာင္းမ်ား အပါအဝင္ တကၠသိုလ္မ်ားႏွင့္ ေကာလိပ္မ်ား၏ ေန႔သင္တန္းမ်ားကို မနက္ျဖန္(ေမလ ၂၃ ရက္)တြင္ ေက်ာင္းအပ္လက္ခံသြားမည္ျဖစ္ၿပီး လာမည့္ ဇြန္လ (၁)ရက္တြင္ ေက်ာင္းမ်ားကို ျပန္လည္ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း ဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည္။

ယခုပညာသင္ႏွစ္တြင္ ေက်ာင္းအုပ္ႏွင့္ ဆရာ၊ ဆရာမမ်ားအေနျဖင့္ ‌ေက်ာင္းသားမ်ားထံမွ မည္သည့္အခေၾကးေငြမွ် ေကာက္ခံျခင္းမျပဳရန္ႏွင့္ လက္ေဆာင္ပစၥည္းမ်ားကိုလည္း လက္ခံျခင္းမျပဳရန္ ပညာေရးဝန္ႀကီးဌာနက ၫႊန္ၾကားထားသည္။

ထို႔ျပင္ အတန္းတံဆိပ္၊ ေက်ာင္းတံဆိပ္ ႏွင့္ အျခားပစၥည္းမ်ားလည္း ေရာင္းခ်ျခင္းမျပဳလုပ္ရန္လည္း ပညာေရးဝန္ႀကီးဌာနက တိုက္တြန္းထားသည္။

ၿပီးခဲ့သည့္ စနစ္ေဟာင္းတကၠသိုလ္ဝင္စာေမးပြဲကို မတ္လ(၈)ရက္မွစတင္ကာ မတ္လ (၁၈) ရက္အထိ က်င္းပခဲ့ၿပီး ျမန္မာစာ စတင္‌ေျဖဆိုခဲ့သည့္ေန႔တြင္ လာေရာက္ေျဖဆိုသူဦးေရ စုစုေပါင္း (၁၆၁၈၅၁)ဦးရွိခဲ့ရာ ေျဖဆိုသည့္ ရာခိုင္ႏႈန္း (၉ဝ)ရာခိုင္ႏႈန္းရွိခဲ့ေၾကာင္း သိရသည္။

Picture

U Win Bo

22/05/2023 17:56

စစ်ကိုင်း တိုင်းမ ကွေးတိုင်းမြောက်ပိုင်း မှာ ဖြေဆိုသူအားလုံးကိုအအောင်ပေးသင့်ပါတယ် အဲဒီနယ်တွေက တခြားနယ်တွေထက်ဖိအားများတယ် အသက်စွန့်ပြိး ဖြေကြရတာမိုပါ

Related news

© 2021. All rights reserved.