ကော့မှူးမြို့နယ်တွင်ဆွမ်းခံကြွလာသည့် သံဃာများအား တက္ကစီမှ ဝင်တိုက်ခဲ့ရာ သံဃာ(၅)ပါးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး (၁)ပါးစိုးရိမ်ရ

 973

NP News - မေ ၂၂

ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်တွင် ဆွမ်းခံကြွလာသည့် သံဃာများအား တက္ကစီမှ ဝင်တိုက်ခဲ့ရာ သံဃာ‌တော်(၅)ပါးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ယနေ့(မေလ ၂၂ရက်)၊ နံနက် ၉ နာရီအချိန်ခန့်တွင် ကော့မှူးမြို့နယ်၊ တရုတ်ကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း မုဒိတာလူမှုပရဟိတအသင်းထံမှ သိရသည်။

“ဒီနေ့မနက်မှာဖြစ်တာပါ။ သံဃာတော်တွေ ဆွမ်းခံပုံမှန်ကြွနေတဲ့အချိန်မှာ ကားကတည့်ဝင်တိုက်တာပေါ့။ ရှေ့က ကိုရင်လေး(၂)ပါးကို အရင်တိုက်တယ်။ ပြီးတော့ ကိုရင်(၃)ပါးကို ထပ်တိုက်တာပါ။ ဘယ်လိုဖြစ်ပြီးတိုက်တာလဲတော့ သေချာမသိရသေးပါဘူး” ဟု မုဒိတာလူမှုပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

၎င်း သံဃာဆွမ်းတန်းတွင် သံဃာတော်စုစုပေါင်း(၈)ပါး လိုက်ပါလာပြီး ယာဥ်တိုက်မှုကြောင့် သံဃာ တော်(၅)ပါး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဥ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော သံဃာတော်(၅)ပါးအနက် သက်တော်(၅ဝ)ခန့်ရှိသော ကိုရင်ကြီးသည် လက်ရှိအချိန်အထိ သတိမေ့နေပြီး စိုးရိမ်ရအခြေအနေတွင် ရှိနေကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။

“တိုက်သွားတဲ့အထဲမှာ အသက်(၅ဝ)အရွယ်လောက် ကိုရင်ကြီးတစ်ပါး ပါတယ်။ သူကတော့ စိုးရိမ်ရတယ် ခုချိန်ထိသတိမေ့နေတုန်းပဲ။ ကျန်တဲ့(၃)ပါးကတော့ အသက်(၄ဝ)လောက်ရှိမယ်။ အရမ်းကြီးမစိုးရိမ်ရဘူး။ ကိုရင်လေးတစ်ပါးကတော့ (၁ဝ)နှစ်လောက်ပဲရှိမယ်။ ကိုရင်လေးကိုတော့ ကျွန်တော်တို့ကားနဲ့ပဲ ပြန်ခေါ်လာခဲ့တယ်”ဟု အထက်ပါပရဟိတအသင်းမှ ဆိုသည်။

အဆိုပါ ယာဥ်တိုက်ခံခဲ့ရသော သံဃာတော်များအား ကော့မှူးဆေးရုံမှ ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်ပေးထားကြောင်း သိရသည်။

လက်ရှိတွင် ဖြစ်စဥ်အား ကျူးလွန်ခဲ့သည့် တက္ကစီယာဥ်မောင်းသမားအား သက်ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

zawgyi version
ေကာ့မႉးၿမိဳ႕နယ္တြင္ဆြမ္းခံႂကြလာသည့္ သံဃာမ်ားအား တကၠစီမွ ဝင္တိုက္ခဲ့ရာ သံဃာ(၅)ပါးထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး (၁)ပါးစိုးရိမ္ရ

NP News - ေမ ၂၂

ရန္ကုန္တိုင္း၊ ေကာ့မႉးၿမိဳ႕နယ္တြင္ ဆြမ္းခံႂကြလာသည့္ သံဃာမ်ားအား တကၠစီမွ ဝင္တိုက္ခဲ့ရာ သံဃာ‌ေတာ္(၅)ပါးထိခိုက္ဒဏ္ရာ ရရွိခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔(ေမလ ၂၂ရက္)၊ နံနက္ ၉ နာရီအခ်ိန္ခန႔္တြင္ ေကာ့မႉးၿမိဳ႕နယ္၊ တ႐ုတ္ကုန္းေက်း႐ြာတြင္ ျဖစ္ပြားခဲ့ေၾကာင္း မုဒိတာလူမႈပရဟိတအသင္းထံမွ သိရသည္။

“ဒီေန႔မနက္မွာျဖစ္တာပါ။ သံဃာေတာ္ေတြ ဆြမ္းခံပုံမွန္ႂကြေနတဲ့အခ်ိန္မွာ ကားကတည့္ဝင္တိုက္တာေပါ့။ ေရွ႕က ကိုရင္ေလး(၂)ပါးကို အရင္တိုက္တယ္။ ၿပီးေတာ့ ကိုရင္(၃)ပါးကို ထပ္တိုက္တာပါ။ ဘယ္လိုျဖစ္ၿပီးတိုက္တာလဲေတာ့ ေသခ်ာမသိရေသးပါဘူး” ဟု မုဒိတာလူမႈပရဟိတအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

၎ သံဃာဆြမ္းတန္းတြင္ သံဃာေတာ္စုစုေပါင္း(၈)ပါး လိုက္ပါလာၿပီး ယာဥ္တိုက္မႈေၾကာင့္ သံဃာ ေတာ္(၅)ပါး ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါ ယာဥ္တိုက္မႈေၾကာင့္ ထိခိုက္ဒဏ္ရာရရွိခဲ့ေသာ သံဃာေတာ္(၅)ပါးအနက္ သက္ေတာ္(၅ဝ)ခန႔္ရွိေသာ ကိုရင္ႀကီးသည္ လက္ရွိအခ်ိန္အထိ သတိေမ့ေနၿပီး စိုးရိမ္ရအေျခအေနတြင္ ရွိေနေၾကာင္း ၎က ဆက္လက္ေျပာဆိုထားသည္။

“တိုက္သြားတဲ့အထဲမွာ အသက္(၅ဝ)အ႐ြယ္ေလာက္ ကိုရင္ႀကီးတစ္ပါး ပါတယ္။ သူကေတာ့ စိုးရိမ္ရတယ္ ခုခ်ိန္ထိသတိေမ့ေနတုန္းပဲ။ က်န္တဲ့(၃)ပါးကေတာ့ အသက္(၄ဝ)ေလာက္ရွိမယ္။ အရမ္းႀကီးမစိုးရိမ္ရဘူး။ ကိုရင္ေလးတစ္ပါးကေတာ့ (၁ဝ)ႏွစ္ေလာက္ပဲရွိမယ္။ ကိုရင္ေလးကိုေတာ့ ကြၽန္ေတာ္တို႔ကားနဲ႔ပဲ ျပန္ေခၚလာခဲ့တယ္”ဟု အထက္ပါပရဟိတအသင္းမွ ဆိုသည္။

အဆိုပါ ယာဥ္တိုက္ခံခဲ့ရေသာ သံဃာေတာ္မ်ားအား ေကာ့မႉးေဆး႐ုံမွ ရန္ကုန္ေဆး႐ုံႀကီးသို႔ လႊဲေျပာင္းပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

လက္ရွိတြင္ ျဖစ္စဥ္အား က်ဴးလြန္ခဲ့သည့္ တကၠစီယာဥ္ေမာင္းသမားအား သက္ဆိုင္ရာတာဝန္ရွိသူမ်ားက စစ္ေဆးမႈမ်ား ဆက္လက္ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.