စီးပွားကူးသန်းဝန်ကြီးဌာန၏ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တွင် လစ်လပ်နေသော ရာထူးနေရာများအတွက် လျှောက်လွှာများ ခေါ်ယူ

1305

စော (NP News) - မေ ၂၂
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ရှိ လစ်လပ်နေသော ရာထူးနေရာ (၁၃)နေရာအတွက် အငယ်တန်းစာရေးနှင့် ရုံးအကူများခေါ်ယူနေကြောင်း သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ယနေ့(မေလ ၂၂ ရက်)ထုတ် နိုင်ငံပိုင်သတင်းစာများတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
အဆိုပါရာထူး (၁၃)နေရာအနက် အငယ်တန်းစာရေး (၈)နေရာအတွက် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိရန်လိုအပ်ပြီး ရုံးအကူ (၅)နေရာအတွက် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအောင်မြင်သူများ လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
အငယ်တန်းစာရေးလျှောက်ထားသူများအနေဖြင့် မေလ(၃၁)ရက်တွင် အသက်(၁၈)နှစ်ပြည့်ရန် လိုအပ်ပြီး အသက်(၂၈)နှစ်ထက် မကျော်လွန်သူဖြစ်ရန်လိုကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အလားတူ ရုံးစာရေးလျှောက်ထားသူများအနေဖြင့် မေလ(၃၁)ရက်တွင် အသက်(၁၈)နှစ်ပြည့်ရန် လိုအပ်ပြီး အသက် (၃၅)နှစ်ထက်မကျော်လွန်သူဖြစ်ရန်လိုကြောင်း သိရသည်။
အဆိုပါလျှောက်လွှာများကို မေလ(၃ဝ)ရက်နောက်ဆုံးထား၍ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ရုံးချုပ်တွင် လူကိုယ်တိုင်လာရောက်ထုတ်ယူရန် ထုတ်ပြန်ထားသည်။
အငယ်တန်းရာထူးနေရာအတွက် ရေးဖြေစာမေးပွဲကို ဇွန်လ(၁ဝ)ရက်တွင် စစ်ဆေးမည်ဖြစ်ပြီး ရုံးအကူရာထူးအတွက်လည်း ဇွန်လ(၁၁)ရက်တွင် လူတွေ့စစ်ဆေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

zawgyi version
စီးပြားကူးသန္းဝန္ႀကီးဌာန၏ ျမန္မာကုန္သြယ္မႈျမႇင့္တင္ေရးအဖြဲ႕တြင္ လစ္လပ္ေနေသာ ရာထူးေနရာမ်ားအတြက္ ေလွ်ာက္လႊာမ်ား ေခၚယူ
ေစာ (NP News) - ေမ ၂၂
စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ ျမန္မာကုန္သြယ္မႈျမႇင့္တင္ေရးအဖြဲ႕ရွိ လစ္လပ္ေနေသာ ရာထူးေနရာ (၁၃)ေနရာအတြက္ အငယ္တန္းစာေရးႏွင့္ ႐ုံးအကူမ်ားေခၚယူေနေၾကာင္း သိရသည္။
စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ ယေန႔(ေမလ ၂၂ ရက္)ထုတ္ ႏိုင္ငံပိုင္သတင္းစာမ်ားတြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။
အဆိုပါရာထူး (၁၃)ေနရာအနက္ အငယ္တန္းစာေရး (၈)ေနရာအတြက္ တကၠသိုလ္တစ္ခုခုမွ ဘြဲ႕ရရွိရန္လိုအပ္ၿပီး ႐ုံးအကူ (၅)ေနရာအတြက္ အေျခခံပညာမူလတန္းႏွင့္ အလယ္တန္းေအာင္ျမင္သူမ်ား ေလွ်ာက္ထားႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။
အငယ္တန္းစာေရးေလွ်ာက္ထားသူမ်ားအေနျဖင့္ ေမလ(၃၁)ရက္တြင္ အသက္(၁၈)ႏွစ္ျပည့္ရန္ လိုအပ္ၿပီး အသက္(၂၈)ႏွစ္ထက္ မေက်ာ္လြန္သူျဖစ္ရန္လိုေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
အလားတူ ႐ုံးစာေရးေလွ်ာက္ထားသူမ်ားအေနျဖင့္ ေမလ(၃၁)ရက္တြင္ အသက္(၁၈)ႏွစ္ျပည့္ရန္ လိုအပ္ၿပီး အသက္ (၃၅)ႏွစ္ထက္မေက်ာ္လြန္သူျဖစ္ရန္လိုေၾကာင္း သိရသည္။
အဆိုပါေလွ်ာက္လႊာမ်ားကို ေမလ(၃ဝ)ရက္ေနာက္ဆုံးထား၍ ျမန္မာကုန္သြယ္မႈျမႇင့္တင္ေရးအဖြဲ႕၊ ႐ုံးခ်ဳပ္တြင္ လူကိုယ္တိုင္လာေရာက္ထုတ္ယူရန္ ထုတ္ျပန္ထားသည္။
အငယ္တန္းရာထူးေနရာအတြက္ ေရးေျဖစာေမးပြဲကို ဇြန္လ(၁ဝ)ရက္တြင္ စစ္ေဆးမည္ျဖစ္ၿပီး ႐ုံးအကူရာထူးအတြက္လည္း ဇြန္လ(၁၁)ရက္တြင္ လူေတြ႕စစ္ေဆးမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။